ကိုယ်တိုင်ရေး သူများခံစားချက် ကဗျာတစ်ပုဒ်(ကျွန်တော့်မှာ ခံစားချက်မရှိသေးသဖြင့်)

King of Secrets (Bo Min)July 30, 20121min05

များခဲ့ပါပြီ

ကျေးဇူးဘဲဆိုတဲ့ အပြုံးလေးတစ်ခုနဲ. ကျေနပ်ခဲ့ရပေါင်းလည်း များခဲ့ပါပြီ…

ကူညီပါဆိုတဲ့ စကားလေးတစ်ခွန်းနဲ. ညာခိုင်းခံခဲ့ရပေါင်းလည်း များခဲ့ပါပြီ…

ခဏလေးပါဆိုတဲ့ ငှားရမ်းမှုတွေကြောင့် ဆုံးရှုံးခဲ့ရပေါင်းလည်း များခဲ့ပါပြီ…

နက်ဖြန်ခါဆိုတဲ့ ချိန်းဆိုမှုတွေကို စောင့်ခဲ့ရပေါင်းလည်း များခဲ့ပါပြီ…

ပြန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေပေးပြီး ဝေးခဲ့ရပေါင်းလည်း များခဲ့ပါပြီ…

စိတ်ချပါဆိုတဲ့ ကတိတွေပေးပြီး ရူးချင်ယောင်ဆောင်နေတာကို ခံခဲ့ရပေါင်းလည်း များခဲ့ပါပြီ…

သည်းခံပါဆိုတဲ့ တောင်းပန်မှုတွေကို ခွင့်လွှတ်ခဲ့ရပေါင်းလည်း များခဲ့ပါပြီ။

အချစ်ဆိုတာ ပေးဆပ်ခြင်းလား??

5 comments

  • Khaing Khaing

    July 30, 2012 at 4:23 pm

    အချစ်ဆိုတာ ပေးဆပ်ခြင်းလား ???
    ပေးဆပ်လိုက်ရတာများပါတယ် …… ဘဝတွေ အချိန်တွေ အားလုံးနီးပါပေ့ါ ……..

    Reply

    • မဟာရာဇာ အံစာတုံး

      July 30, 2012 at 8:08 pm

      မာမီရဲ့ …
      ကိုယ်ဒွေ့ ပေါ့နော် .. 😀
      ______ :->_______

      Reply

  • snow white

    July 30, 2012 at 4:48 pm

    အချစ်ကပေးဆပ်ချင်းလားကွယ် ပျော်သလိုနေလိုက် တော့ ။။

    Reply

  • မောင်ပေ

    July 30, 2012 at 8:22 pm

    အချစ်က အကြွေးဆပ်ပေးပါတယ်
    တစ်ကယ်ပါ
    ကျုပ်အကြွေးထူနေတော့
    ကျုပ်မိန်းမ က ဆပ်ပေးပါတယ်

    Reply

  • သန်းထွဋ်ဦး

    July 30, 2012 at 9:09 pm

    သေချာတာတော့ ကိုဘိုမင်းရေ—-အချစ်ကြောင့်တော့ လွမ်းကြရအုံးမှာပါ။

    Reply

Leave a Reply

Your email address will not be published.