♥♥♥♥♥ချစ်သူ အစစ် တကယ်ဖြစ်လို ့ ဘာတွေဖြစ်ပါစေ ချစ်နေကြမယ်♥♥♥♥♥

စိတ်တူ ကိုယ်တူ

ခံစားချက်တွေ ဝေမျှ

ရင်ခုန်သံခြင်း ထပ်တူညီကြလို ့

သံယောဇဉ်တွေ  ဖြစ်ခဲ ့ကြဖူးတယ်…….။

 နှလုံးသားအသိညီမျှ

ကြည်မြတဲ ့သံယောဇဉ်

အမှန်ပြောရင်သစ္စာ

ဟန်သဘောပင်  အပြစ်မပါ

ရှစ်ကမ္ဘာမှာ သစ္စာတွေစူးနင့်

ချစ်တာတွေ  ရူးရင့်ခဲ ့ဖူးတယ်………..။

ဘဝအမောတွေကြား

ခဏ  ဇော တွေ ဘေးဖယ်

အတွေးဖလှယ်ကာ  ဖြေသိမ့်

ချစ်တတ်တဲ ့စိတ်နဲ ့

ချွေးသိပ်လို့ ခိုနား

နှစ်ကိုယ်ကြားမှာ…

ဆိုစကားတွေ  ချိုခဲ ့ကြဖူးတယ်….။

 ဒုက္ခကိုထမ်း

ခရောင်းလမ်းမှာ

မပျော့ပြောင်းလှ သူ ့ ဘဝအတွက်

စာနာသနား ဂရုဏာထားလို ့

အစ္ဈတ္တ ကို  ထွေးယှက်

မေတ္တာတွေ   ပေးအပ်ခဲ ့ဖူးတယ်…..။

 တစ်ယောက် သဘော
တစ်ယောက်မနောစိတ်မှာ
ပွင့်လင်းစွာ ရိုးသား
ကြိုးစားကာ  မယိုင်မလဲ
ယုံကြည်မှုတွေ ခိုင်မြဲခဲ ့ဖူးတယ်…..။
 
တစ်ခါတလေ
တစ်ယောက်လိုအင်တွေ
မငြိုငြင် ဖြည့်ပေး
နှလုံးသွေးတွေ နွေးထွေး
ရင်ခုန်သံတွေ မဝေးပဲ
စိတ်အတွေးမှာ အရေးထား
အသွေးအသားမှာ မြတ်နိုး
ဖြူစင်မှုတွေ  ထပ်တိုးခဲ့ဖူးတယ်….။
 
တခါတလေ
သူသိပ်ပင်ပန်း
စိတ်မရွှင်လန်းစေတဲ ့ အခါ
ညစ်တာတွေ ဖယ်ညှိ
အပြစ်အနာဆာတွေ  တကယ်မရှိ
ပကတိ မေတ္တာကို လှစ်ခါပြ
ဟန်ပကာသနတွေ အရိပ်မကျ
အမှန်သဘာဝ စိတ်အလှနဲ ့
မာန်မာနတွေ  နှိမ့်ချခဲ ့ဖူးတယ်…..။

တခါတရံ

သူ့စကားသံတွေက

ကဗျာမဆန်

မာထန်လာတဲ့အခါ

ကိုယ့်ရင်မှာ ကြေကွဲလို့နာကျင်
သူမမြင် သူမသိ
သူမကြည့်လေတော့
တစိမ့်စိမ့်တွေးကာ  စိတ်တို
တိတ်တိတ်လေးသာ  ကြိတ်ငို ခဲ ့ဖူးတယ်…။
 
 တခါတခါ
အလှတရားတွေ အလီလီအတွက်
အတ္တ အမှားတွေကိုယ်စီ
ရှိခဲ ့ကြပေမယ့်
အထင်လွဲကာ တိတ်တိတ်နေခဲ့
ရင်ထဲမှာသာ  တိတ်ဆိတ်ကြေကွဲ
လွမ်းသည့် စိတ်တွေ 
ကြိတ်၍ ဖြေ ခဲ ့ဖူးတယ်…..။
 
တခါတလေ
သဘာဝရဲ ့ဆန္ဒတွေ
မျှော်လင့်နေ ကိုယ့်အတွက်
တန်ဖိုးထားကာ သိုသိပ်
မျိုသိပ်ကာလေ နှုတ်ဆိတ်နေရဲ့
သို့ပေမယ့် သူ့ရဲ့ မျက်နှာ
အပြုံးရိပ် တွေ ဝေစေကာ
ဆန္ဒကို ပိတ် သူ့ရဲ ့စိတ်ကို
အသွေးအသားမှာ   ခိုကိုး
လေး စားကာ  ရိုကျိုးခဲ ့ဖူးတယ်…..။
 ဒီလိုနဲ ့
တစ်ဦးနဲ့တစ်ဦး

ရွှင်မြူးကာ ပျော်ရွှင်လှမ်း

ဘဝခရီးလမ်းမှာ..

ကိုယ့်ဘက်သူ့ဘက် 

အားနည်း ချက်တွေ ပြုပြင်

ရှုမြင်ကာ သုံးသပ်

အပြုံး မပျက်တဲ ့အတွေးကိုယ်စီဖလှယ်ကြရင်း

အလုပ်တစ်ဖက်နဲ ့ အရေးကိုယ်စီ သယ်ကြရင်း

အမှောင်နဲ ့အလင်း ဖြစ်စဉ်မှာ

ဖောင်ဖွဲ ့ရင်း ချစ်ခင်စွာဖြင့်

အမှားအမှန်တွေ ခွဲခြား

အားမန်တွေ  တွဲ ထားခဲ ့ဖူးတယ်…..။

အဲဒီလို

အတိုင်း မသိအောင် နက်ရှိုင်း
မဆုံးနိုင်အောင်ကျယ်ပြန့်
ဘယ်လိုပင် ခရီးဆန့်ခဲ့ပေမယ့်
ခရီးရှည်ရှည်၊မိုင်တွေ များများ
မဟာသမုဒ္ဒရာ
ဘယ်လို ပင် ခြားစေ ဦးတော့
ထားရှိကြတဲ  ့ဖြူစင်မြင့်မြတ်မှုတွေ
ထပ်တူလေ….လောကဓံတရားကို
သဘောမှန်စွာထားခဲ ့ကြတာ
တို ့နှစ်ဦး ရဲ ့ သစ္စာ ….။

အဲဒီလို  ..အဲဒီလိုနဲ့…

ရင်နင့်အောင်တကယ် ချစ်ကြ သူတွေမို ့

ထာဝစဉ် အတွေးမှာ ဘယ်ခါမခွဲ

အစဉ်သာတွဲလို ့

အကြင်နာမြဲကာ မေတ္တာ ပေး

ချစ်တာတွေ မဝေးစေရအောင်

နားလည်မှု  အသင်္ချေ

ချစ်ခြင်း အလင်္ကာတွေနဲ့

တစ်ဘဝမှာ တစ်ယောက်

ဘယ်တော့မှ မဖောက်လွဲခြင်းအစစ်နဲ့

အပြစ်မယူ .ညစ်အပူတွေ ပြစ်ခွါ

ချစ်သူအစစ်သာ တကယ် ဖြစ်လို ့

အဘယ်အဖြစ်တွေ ရှိနေပါစေ

ချစ်နေကြမယ်လေ…….။

 

မေတ္တာဖြင့် ….

မှတ်ချက်။ ။( ဒီကဗျာလေး ခံစားရေးဖွဲ ့လိုက်တဲ ့ရည်ရွယ်ချက်ကတော့

စစ်မှန်သောချစ်ခြင်းမေတ္တာ တို ့ဖြင့် ချစ်သူတိုင်း  နားလည်စွာ  သစ္စာရှိရှိ  ထာဝရချစ်နိုင်ကြပါစေ ဖို ့အတွက်ရယ်ပါ)

11 comments

  • mamanoyar

    July 29, 2012 at 2:18 pm

    ကိုအရင့်ရောင်တို့ကတော့
    ချစ်သူကို အရမ်းချစ်တယ်ထင်တယ်နော်

    Reply

    • snow white

      July 29, 2012 at 7:09 pm

      အပိုတွေ နိုရာ သူက အပြင်မှာ ချစ်တက်တဲ့နှလုံးသားကော အကြင်နာလည်းရှိတဲ့သူမဟုတ်ဘူးစနိုးသိတယ် သူကောင်မလေး ခဏခဏ မျက်ရည်ကျနေရတာ ကဗျာထဲမှာသာ ရေးပြနေတာ စနိုးကိုအကုန်မေးသူတို့ နှစ်ယောက်ချစ်ရေးကိုစနိုးအကုန်သိတယ် မှတ်ပြီလားကိုအရင့်ရောင်။။

      Reply

  • အရင့်ရောင်

    July 29, 2012 at 2:32 pm

    ဟုတ်ကဲ့……….
    အရမ်းချစ်ပါ၏ ဆိုတာတာထက်
    ချစ်တယ် ဆိုတဲ့ စကားလုံးထက်ပိုပြီးလေးနက်တဲ့
    စကားလုံး ပေါ်ထွက်လာလျှင် သူ့ကို ထက်ဟြေပြပါဦးမယ်………….
    ချစ်တယ်……….
    ဟိဟိ

    Reply

  • မမ အညာသူ

    July 29, 2012 at 2:39 pm

    ရှိပါတယ် တစ်သက်လုံးမင်းအနားမှ အရင့်ရောင်ရှိနေမှာပါ
    အဲ့စကားလုံးက ချစ်တာထက် ပိုလေးနက်တယ်ထင်ပါတယ်

    Reply

  • YUM YUM

    July 29, 2012 at 3:46 pm

    ကဗျာတပုဒ်လုံး ခံစားချက်နင့် ထပ်တူကျလို့ ကူးသွားပရစေနော်။

    Reply

  • Gipsy

    July 29, 2012 at 8:56 pm

    အရမ်းချစ်ရင် အရမ်းခံစားရမယ်…
    နည်းနည်းလေးချစ်ရင် နည်းနည်းလေး ခံစားရမယ်…
    ဘဝလုံးပုံချစ်ရင် ဘဝလုံးပုံခံစားရမယ် ကြေကွဲရမယ်…
    ဒါပဲမဟုတ်လား ကိုယ့်ဆရာ …။

    Reply

  • မောင်ပေ

    July 29, 2012 at 9:34 pm

    အော် ချစ်နိုင်သူတွေ များ ချစ်တတ်လိုက်ကြတာနော်
    အားကျပါအိ

    Reply

  • မမ အညာသူ

    July 30, 2012 at 11:07 am

    ဦးဦးပေကလဲအားကျမခံ
    သူများတွေလိုပဲပြန်ချစ်လိုက်ပေါ့
    ဟုတ်ဘူးလား

    Reply

    • ဥဥ

      July 30, 2012 at 5:41 pm

      ဟယ် ညာညာလေးက အူးအူးပေကို ချစ်ခိုင်းနေဒယ် ဟိဟိ
      နေရာချင်းသာလဲလိုက်ချင်ဒယ် အူးပေရာ 😀

      Reply

  • snow white

    July 30, 2012 at 8:24 pm

    ဥဥလည်းအားကျလို့လား စနိုးချိတယ်လေ ဟွန်းသူများကိုနော် ဟိဟိ ပြေးတော့မယ် ။။

    Reply

Leave a Reply

Your email address will not be published.