လေယာဉ်ပေါ်ကအိမ်သာထဲမှဆေးလိပ်ပြာခွက်များ

Pye Kun ZawJuly 29, 20121min05

ယနေ့ခေတ်လေယာဉ်တွေအားလုံးမှာ ဆေးလိပ်သောက်ခွင့်ကို တားမြစ်ထားပါတယ်။ လေယာဉ်တစ်ခုလုံး ဘယ်နေရာမှသောက်ခွင့်မပြုပါဘူး။ ဒါပေမယ့် အိမ်သာထဲမှာတော့ ဆေးလိပ်ပြာခွက်တွေ တွေ့နေရပါတယ်။ ဟိုးအရင်တုံးက ဆေးလိပ်သောက်ခွင့်ပြုခဲ့စဉ်အခါက ထားခဲ့တဲ့ ဆေးလိပ်ပြာခွက်တွေကို မလွင့်ပြစ်မိဘဲ ဒီအတိုင်းကျန်နေခဲ့တာလား။ ဒါလည်းမဖြစ်နိုင်ပါဘူး။

ဆောင်းပါးတစ်ခုကရေးထားပါတယ်။ အကယ်၍များ ဆေးလိပ်ပြာခွက်တွေကို အိမ်သာထဲမှမထားဘဲ လေယာဉ်ထွက်ဖို့မဖြစ်နိုင်ပါဘူးတဲ့။ တော်တော်တော့ထူးဆန်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဆေးလိပ်သောက်တာကိုဘယ်လောက်ဘဲ တားမြစ်ထားပေမယ့် ဆေးလိပ်စွဲနေသူတွေကတော့ ဘာဖြစ်ဖြစ်သောက်မှာပါဘဲ။ အထူးသဖြင့်ခရီးရှည်သွားရတဲ့ လေယာဉ်တွေပေါ်မှာ တနေ့ဆေးလိပ်တစ်ဗူးနှစ်ဗူး သောက်နေကျလူက မသောက်ဘဲဘယ်နေနိုင်ပါလိမ်မလဲ။ တကယ်လို့သာ ပြာခွက်တွေ ထားမပေးထားဘူးဆိုရင် ဆေးလိပ်အကြွင်းအကျန်တွေက ဖြစ်တဲ့အန္တရယ်ကိုလှလှကြီးခံရတော့မှာပါ။ ဒါကိုဆိုလိုခြင်းဖြစ်ပါတယ်။

၁၉၇၃မှာလူပေါင်း ၁၂၃ယောက်ကိုသေစေခဲ့တဲ့ လေယာဉ်ပျက်ကျမှုတစ်ခုရဲ့ တရားခံဟာ ဆေးလိပ်အကြွင်းအကျန်ကြောင့်ဖြစ်ပါတယ်။ ပြာခွက်မရှိတော့ ဒီအတိုင်းလွင့်ပစ်လိုက်ရင်း အန္တရယ်ဖြစ်စေခဲ့တာပါ။ ဥပဒေတွေဟာ လူကဖြစ်လာတာကြောင့် နောက်ဆုံးလူအများဆန္ဒကိုဘဲ လိုက်ခဲ့ရတာပေါ့။ သိသာသိစေမမြင်စေနှင့်ဆိုတဲ့သဘောပေါ့။

5 comments

  • P chogyi

    July 29, 2012 at 4:56 pm

    ကျေးဇူးတောင်တင်ရဦးမှာ

    Reply

  • သန်းထွဋ်ဦး

    July 29, 2012 at 5:31 pm

    အင်းးးးထူးထူးဆန်းဆန်းဗျာ။ကျေးဇူးပါဗျို ့။
    ဆေးလိပ် ဖြတ်လာတာ တစ်နှစ်ကျော်လာ
    တာ သွားသတိရသဗျ။

    Reply

    • Pye Kun Zaw

      July 29, 2012 at 11:56 pm

      ဆေးလိပ်ဖြတ်တာ တစ်နှစ်ကျော်သွားပြီဆိုတော့ ဝမ်းသာပါတယ်။ သတိရရုံဘဲသတိရပေါ့နော် 🙂

      Reply

  • MaMa

    July 29, 2012 at 6:03 pm

    ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာကို အဆင်ပြေအောင် ဒွန်တွဲပေးလိုက်တာလေးပေ့ါ။ [:)]

    Reply

  • ကြောင်ဝတုတ်

    July 30, 2012 at 10:26 am

    ဆေးလိပ်ကြိုက်သောသူကလဲ ဆေးလိပ်မသောက်ဘဲနေဖို့ တော်တော်လေးခက်ခဲတဲ့အနေအထားကိုး…
    ကိုယ်တိုင်ခံစားဖူးမှသိတာကိုး… လေယာဉ်ပျံပေါ်မှာ အချိန်အကြာကြီးနေရတဲ့အနေအထားက လူတစ်ယောက်ကို Stress ကို တိုးပွားစေတယ်လို့ကြားဖူပါတယ်…
    Stress တိုးလာတာနဲ့ ဆေးလိပ်သောက်လေ့သောက်ထရှိသူကို သောက်ချင်စိတ်ဖြစ်လာအောင်… ဆွပေးလိုက်သလိုပါပဲ…
    အဲဒီအချိန်မှာ ဆေးလိပ်မသောက်ရရင် စိတ်တိုတတ်၊ စိတ်အလိုမကျတတ်တာဖြစ်တတ်လို့… လေယာဉ်ပျော်မှာဆေးလိပ်သောက်ခွင့် ပေးထားခြင်းဖြစ်တယ်လို့ထင်ပါတယ်…

    ဆေးလိပ်သောက်ခြင်းကြောင့် လေယာဉ်ပျက်ကျမှုဖြစ်စဉ်ဖြစ်နိုင်သလို… ဆေးလိပ်သောက်မှုကြောင့်လဲ လေယာဉ်ပျက်ကျမှုဖြစ်စဉ်ဖြစ်နိုင်ပါတယ်…
    အဲဒါကြောင့် ဆေးလိပ်သောက်ခွင့်ပေးထားခြင်းဖြစ်ကြောင်း၊ အန်တီမမပြောသလို အကောင်းအဆိုးဒွန်တွဲနေခြင်းဖြစ်ကြောင်းထင်မိပါတယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    Reply

Leave a Reply

Your email address will not be published.