အမယ်ဘုတ်ရဲ့သူ့ချည်ခင်

Knowledge SeekerJuly 27, 20121min05

မုန်တိုင်းထဲကဖတ်ရတာပါ

CREDIT TO – မုန်တိုင်း – go to read http://www.monetine.net/2009/07/141.html

အရက်ဆိုင်ထဲမှာ လူနှစ်ယောက် စကားလက်ဆုံကျနေကြ၏။ တစ်ယောက်က…
“ခင်ဗျားမှာ မိသားစုပြဿနာရှိတယ်လို့ထင်သလား။ ကျုပ်မှာတော့ ရှိတယ်ဗျ။ ရှိပုံက ဟောဒီလို ဟောဒီလို။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကပေါ့ဗျာ။ မုဆိုးမငယ်ငယ်လေးတစ်ယောက်ကို ကျုပ်တွေ့တယ်။ သူ့မှာ အရွယ် မရောက်တရောက် သမီးလေးတစ်ယောက်ရှိသဗျ။ အေးဗျာ… အဲဒီမုဆိုးမလေးကို ကျုပ်ယူလိုက်တယ်ပေါ့ဗျာ။ အဲ နောက်ပိုင်းမှာတော့ ကျုပ်အဖေက ကျုပ်ရဲ့မယားပါသမီးငယ်ငယ်လေးကို ယူလိုက်ပါရော။ ဒီတော့ ကျုပ်မယားပါ သမီးလေးက ကျုပ်ရဲ့မိထွေး ဖြစ်သွားတာပေါ့။ နောက်ပြီး ကျုပ်အဖေဟာလည်း ကျုပ်ရဲ့ မယားပါသားဖြစ်သွားရော။ တစ်ချိန်တည်းမှာ ကျုပ်မိန်းမဟာလည်း သူ့ယောက္ခမရဲ့ယောက္ခမဖြစ်သွားတာပေါ့။ အဲနောက်တော့ ကျုပ်မိန်းမရဲ့ သမီး တနည်းအားဖြင့် ကျုပ်ယောက္ခမက သားကလေး မွေးပါရောဗျို့။ ဒီမှာတင် ဒီသားဟာကျုပ်နဲ့ ဖအေတူ မအေကွဲ ညီအစ်ကို ဖြစ်လာပြန်တာပေါ့။ သူက ကျုပ်အဖေသားကိုး။ တစ်ချိန်တည်းမှာ ဒီသားဟာ ကျုပ်မိန်းမသမီးရဲ့သားဆိုတော့ ကျုပ်မိန်းမရဲ့မြေးပေါ့။ ကျုပ်ကျတော့ မအေကွဲအဘိုးဖြစ်နေပြန်ရော။ ဒါပေမယ့် ကျုပ်တို့လင်မယား ကလေးမရခင်မှာတော့ ဘာမှမဟုတ်သေးပါဘူး။ အဲ… သိပ်မကြာဘူး။ ကျုပ်မိန်းကလဲ သားကလေးမွေးပါရော။ ကဲ ဒီတော့ ကျုပ်သားရဲ့အမေ တနည်းအားဖြင့် ကျုပ်ယောက္ခမပေါ့။ အဲ သူကအဘွားဖြစ်သွားပြန်ရော။ ဒီတော့ ကျုပ်အဖေဟာ ကျုပ်သားရဲ့ယောက်ဖဖြစ်ရပြန်တာပေါ့။ သူ့မအေတူ ဖအေကွဲအမေက ကျုပ်အဖေ့မိန်းမကိုးဗျ။ အဲ ကျုပ်ကျတော့ ကျုပ်မိထွေးရဲ့ခဲအိုဖြစ်နေပြန်တာပေါ့ဗျာ။ ကျုပ်မိန်းမခမျာလည်း သူ့သမီးအရင်းခေါက်ခေါက် ကြီးရဲ့ အဒေါ်ဘဝ ရောက်သွားရရှာတာပေါ့။ အဲ ကျုပ်သားက ကျုပ်အဖေရဲ့တူ ဖြစ်နေပြန်ရော။ ကျုပ်လည်း အဘိုးဖြစ်သွားရော။ ကဲ ခင်ဗျားမှာရော အဲဒီလို မိသားစုပြဿနာမျိုး ရှိတယ်လို့ ထင်သလားဗျ´´

5 comments

  • ကိုရင်မောင်

    July 28, 2012 at 4:49 am

    အော်…ဒါကြောင့်လဲ ခွေးမျိုး ဆိုတဲ့စကားတရပ်
    ပေါ်လာရတာကို…….

    Reply

    • ဆူး

      July 28, 2012 at 4:04 pm

      ကိုရင်မောင် ပြောတာ အမှန်ပဲ. ဖတ်ရင်းနဲ့ မူးပြီး ရှုပ်သွားတာပဲ..

      Reply

  • mamanoyar

    July 28, 2012 at 9:21 am

    အမလေးးးးးးးးးး ဖတ်လိုက်ရတာ တိုတိုနဲ့ ရှုပ်ထွေးအောင်လုပ်နိုင်တဲ့သူ
    မှန်တော့လဲမှန်တာပဲ

    Reply

  • ကြောင်ကြီး

    July 28, 2012 at 10:05 am

    အဲဒီပြသနာ သမဒဂျီးဖွဲ့ထားတဲ့ လူမှုစီးဗွား အကျန်ပေးကောင်စီကို တင်မှရမယ်ဗျို့… သာမာန်အရေး မဟုတ်ပေဗူး ကိုနောလစ်စိကာရဲ့…

    Reply

  • မောင်ပေ

    July 28, 2012 at 2:44 pm

    ကျုပ်ငယ်တုန်းက ရည်းစားငါးယောက် တစ်ချိန်ထဲမှာ ထားမိသလို
    ရှုပ်တာကြီးပါကလား
    ဟီဟိ

    Reply

Leave a Reply

Your email address will not be published.