သံတွဲသား များသို ့အိတ်ဖွင့်ပေးစာ

 

http://myanmargazette.net/137962/creative-writing

ရေးသူ than shwe mg
““သံတွဲမြို့တွင်လူမျိုးရေးဘာသာရေးမုန်းတီးမှုဖြစ်စေရန်လှုံဆော်သူ ဗုဒ္ဓဘာသာဝင်(၄)ဦးဖမ်းမိခဲ့ပါသည်””ဟူသော ခေါင်းစဉ်ဖြင့်
ဒီသတင်း စတက်လာတဲ့အခါ တိတိကျ နာမည်တွေပါ ပါလာတာ ဖေ့စ်ဘွခ်စာမျက်နှာ
က“သံတွဲ group”မှာပါ။တင်တဲ့သူက Pyae Zaw Phyoပါ။

https://www.facebook.com/groups/thantwe.budda.service

မှာပြန်ဖတ်နိုင်ပါတယ်။
ဒီဖေ့စ်ဘွခ်စာမျက်နှာက Pyae Zaw Phyo ဆိုတဲ့ရေးသားသူဟာ ဒီလူငယ်လေး
တွေရဲ  ့မိဘတွေ၊အမျိုးသားမှတ်ပုံတင်တွေကိုပါ ထည့်သွင်းဖော်ပြထားတာ တိတိကျ
ကျပါဘဲ။ခုလောက်ထိ တိကျအောင်သိနိုင်သူ ဘယ်သူဖြစ်မလဲ။နောက်ပြီးတော့ ဖေ့စ်
ဘွခ်စာမျက်နှာကနေ သတင်းတက်နေတာကို ကူးယူပြီး MGမှာလာရောက်ဖော်ပြသူ
ကိုလဲ တွေ ့ရပါတယ်။
ဖေ့စ်ဘွခ်မှာ
           Pyae Zaw Phyo တင်ထားတဲ့အချက်အလက်အချို. ့ဟာ မှန်သလား၊မှားသ
လား ကျနော်ကိုယ်တိုင် အဖြေမပေးနိုင်ပါ။သူရေးထားတာကို အတိအကျပြန်ဖတ်ချင်
တဲ့ သံတွဲသားတွေ လင့်ခ်အတိုင်းသွားဖတ်စေချင်ပါတယ်။ကျနော့်ပို ့စ်မှာ မဖော်ပြနိုင်
ပါ။အဘယ့်ကြောင့်ဆိုသော် ယခုကဲ့သို ့တဖက်နှင့်တဖက် အခြေအနေတင်းမာနေချိန်
မျိုး၊အမှားမရှိရလေအောင် သတိကြီးစွာနေထိုင်နေရသော အခြေအနေမျိုးတွင်မဖော်
ပြသင့်ဟု ယူဆပါသောကြောင့်ြ

18 comments

  • သန်းထွဋ်ဦး

    July 26, 2012 at 8:49 pm

         ဘုရင်ကို မိဘနေရာ၊သက်ဦးဆံပိုင်အရှင်သခင်နေရာမှာထားပြီး “မှန်လှပါအရှင်ဘုရား”“မှန်နီးကီးနီးပါ”ထူးပြီး ဦးခိုက်ပြောဆိုခဲ့ရတဲ့
    အသုံးအနှုန်းတွေက ယနေ ့သမ္မတခေတ်ထိကို မပြီးပြတ်သေး ဘဲဆက်သုံးနေတုန်းပါဘဲ။
          ယနေ ့ခေတ် သမ္မတနိုင်ငံ. ဒီမိုကရေစီခေတ်မှာ အာဏာကိုပိုင်တာ ပြည်သူတွေပါ၊ဝန်ထမ်းတွေ မဟုတ်ပါဘူး။တိုင်းပြည်ရဲ  ့
    ငွေ(သို ့မဟုတ်)ပြည်သူ ့ငွေတွေကို စားနေရသူတွေမို ့ဝန်ထမ်းတွေရဲ ့အရှင်သခင်ဟာ ကျွန်တော်တို ့ပြည်သူတွေပါ။
          ဒါကြောင့် ဌာနဆိုင်ရာ အဖွဲ ့အစည်းတွေကို အာဏာပိုင်အဖွဲ ့အစည်းလို ့မခေါ်သင့်တော့ပါဘူး။အာဏာပိုင်ဆိုတဲ့စကားကြောင့်
    သူတို ့ကို သူတို ့အရှင်သခင်ပမာ မှတ်ယူ၍ မောက်မာ၊ရိုင်းပြတတ်ကြလို ့ပါ။များသောအားဖြင့် ရှေးရိုးစွဲ ဌာနဆိုင်ရာ များ၏ဝန်ထမ်း
    များတွင် ပညာတတ်သူမရှိသလောက်ကိုရှားလို ့ပါဘဲ။
         ယခုကဲ့သို ့ဖြစ်ရသည်မှာ မျက်နှာဖြူအရှင်ကြီးများ၊ဂျပန်မာစတာကြီးများအပေါ် ဒူးတုပ်ခစားစေခဲ့ရာမှ ပါလာခဲ့သောအကျင့်ကြောင့်ပင်ဖြစ်ပါသည်။“ပညတ်သွားရာဓာတ်သက်ပါ”သွားလို ့နေမှာပါ။
         ကျွန်တော်ပြောချင်တာက ယနေ ့ခေတ်လို ဒီမိုကရေစီခေတ်မှာ အားလုံးသောသူ ဟာရေးဆွဲပြဌာန်းထားတဲ့ ဖွဲ ့စည်းပုံအောက်က
    လူသားတွေမို ့  လွှတ်တော်ကို နာခံရသူတွေဖြစ်နေပါပီ။ဒါကြောင့် ဒီမိုကရေစီ ကျင့်စဉ်ဖွံ ့ဖြိုးတဲ့ နိုင်ငံတွေမှာ ပြည်သူသာလျှင်အာဏာ
    ပိုင်ဖြစ်ပါတယ်။အဲဒါမို ့လို ့ သမ္မတ၊အစိုးရအဖွဲ ့ရော လွှတ်တော်ပါ ပြည်သူက တာဝန်ပေးစေခိုင်းတာကို လိုက်နာဆောင်ရွက်ရမှာပါ။
         ပြည်သူ ့အသံကို နားမထောင်ဘူး၊ပြည်သူတွေရဲ ့ဘက်တော်သားမဟုတ်ဘူး၊ကိုယ်ကျိုးစီးပွားသာသိသော မျက်စိနှစ်ဘက်ချို ့တဲသူအဖြစ်ဘဲဆက်လုပ်နေမယ်ဆိုရင် မျှော်တိုင်းတော့ဝေးနေရဦးမှာဘဲ ကိုဒီမိုကရေစီ ရေ………………………….

    Reply

  • အဂျစ်

    July 26, 2012 at 10:35 pm

    အခုလိုပြဿနာတွေကြားမှာ ဘာပဲဖြစ်ဖြစ် အကို သတိနဲ့နေပါဗျာ ၊

    Reply

  • may flowers

    July 26, 2012 at 10:38 pm

    ဖတ်သွားပါတယ် ကိုသန်းထွဋ်ဦးရေ။

    Reply

  • နေ ့သစ်/ ဘဝသစ်

    July 26, 2012 at 11:48 pm

    လူတိုင်း လူတိုင်း ကိုယ့်သမို်င်း ကိုရေးကြတာပါဘဲ။
    အမှန်တရားတစ်ခုကတော့ တစ်ချိန်ချိန်မှာ သိလာကြမှာပါ။

    Reply

  • etone

    July 27, 2012 at 10:21 am

    လတ်တလော ရခိုင်မှာ အခြေနေတင်းမာမှုတွေတကယ်ပဲ အေးချမ်းသွားပြီလား သိချင်စိတ်ပြင်းပြမိပါတယ် ။
    အပြစ်မဲ့တဲ့ ပြည်သူတွေကို ကျီးလန့်စာစား ဘဝကနေ အေးချမ်းစွာ နေထိုင်စေချင်ပါတယ် ။

    Reply

    • etone

      July 27, 2012 at 10:26 am

      sorry ပါတော် …. tag လုပ်ထားတဲ့ စာကို မမြင်လိုက်လို့ … လက်ရှောင်ဖို့ မေ့သွားတယ် …. ။
      ခွိခွိ 😛

      Reply

  • tharbaw

    July 27, 2012 at 12:22 pm

    မောင်ရင် သိအောင်ပြောလိုက်မယ်။ကျုပ်တို ့က ကမ်းနားမှာ အေးဆေးဆေးနေ နေကြတယ်။
    သံတွဲသားတော့ ယေဘူယျပြောနိုင်တယ်။သံတွဲသား အဆိုးတွေထဲ ကျုပ်တို ့မပါဘူး။မနှစ်က
    တစ်နှစ်လုံး အင်တာနက်ထဲမှာ ကျော်နဲ ့မောင် ဇတ်လမ်းတွေ မပြီးနိုင်၊မဆုံးနိုင် ပုဂ္ဂိုလ်ရေးတွေ
    တင်ကြ၊ရှင်းကြ၊ရန်ဖြစ်ကြ အဲ့ဒါ ဘယ်လောက်ထိရှက်ဖို ့ကောင်းသလဲ မောင်ရင်သိတယ်။ကျုပ်
    ကိုယ်တိုင်လဲ ဖတ်လိုက်၊ဝင်ရေးလိုက် အမြဲတမ်းမရေးနိုင်ဘေမယ့် တွေ ့နေတာက နာမည်အမျိုး
    အထွေထွေနဲ ့လှည့်ကွက်တွေဘဲ။
    ဒီမယ် ကောင်လေး မင်းကို ဆရာ့သားမို ့ရယ်၊မြို. ့က စာတော်တဲ့ကလေးတစ်ယောက်ရယ်ဖြစ်လို ့
    ဘာမှ အပြစ်မပြောတော့ဘူး။နောက်ဆို ဆင်ခြင်ပြီးရေးပါ။
    မင်းပြောနေတဲ့ Pyae Zaw Phyo ဆိုတာ ပြည့်ဇော်ဖြိုးကို ပြောတာ။သူက ရဲသတင်းတပ်ဖွဲ ့က
    ဝန်ထမ်းတစ်ယောက်ဘဲ။မင်းမသိသေးဘူးလား။

    Reply

  • Lwin Aung

    July 27, 2012 at 1:48 pm

    Table discussion only can solve the problem.

    Reply

  • shwe pont

    July 27, 2012 at 4:14 pm

    ရခိုင်ပြည်ရဲ ့ဂုဏ်ဆောင်ရော မြန်မာပြည်ရဲ ့ဂုဏ်ဆောင်တဲ့ လှပတဲ့ငပလီကမ်းခြေရှိရာ သံတွဲမြို ့ကလူတွေကို တနိုင်ငံလုံးနဲ ့နိုင်ငံရပ်ခြားမှာနေတဲ့လူတွေရဲ ့အမြင်မှာ ဒီဒေသကလူတွေဟာ ပြဿနာများစွာနဲ့လူတွေလို ့ မမြင်စေချင်ပါဘူး။ မန်လေးဂေဇက်မှာမဟုတ်ဘဲ ကိုယ့်ရပ်ဒေသဖြစ်တဲ့ သံတွဲ မြို ့ရဲ ့ တနေရာမှာဘဲ အေးအေးချမ်းချမ်းနဲ ့နားလည်မှုလွဲနေတာတွေကို ဖြေရှင်းကြစေလိုပါတယ်။ ဂေဇက်ပေါ်မှာ ဒီလိုစာတွေမြင်နေရတာ ရခိုင်တစ်ယောက်အနေနဲ ့ စိတ်မကောင်းဖြစ်မိလို ့ပါ။

    Reply

  • သန်းထွဋ်ဦး

    July 27, 2012 at 5:49 pm

    မှန်ပါတယ် မမရွှေပုံရေ။အမက ခုလို ဝမ်းနည်းသလို ကျနော်လဲ အမထက်တော့ ဝမ်းနည်းမှု
    မလျော့ပါ။သို ့သော် ယခုပို ့စ်ကို တင်ရတဲ့ ရည်ရွယ်ချက်မှာ အင်တာနက်ပေါ်သို ့သံတွဲမှ
    သတင်းတက်လျှင် print ထုတ် မိတ္တူပွားပြီး သွားပုပ်လေလွင့် ပြောဆိုနေသော သဘောက်
    သားများ၊မန္တလေးဂေဇက်၏ သိက္ခာနှင့် မြို ့ဂုဏ်သိက္ခာကိုချနေသော အမျိုးယုတ်များကို
    သာ ရည်ရွယ်ပါသည်။

    Reply

  • ပိုး သတ်ဆေး

    July 28, 2012 at 8:09 pm

    “မင်းပြောနေတဲ့ Pyae Zaw Phyo ဆိုတာ ပြည့်ဇော်ဖြိုးကို ပြောတာ။သူက ရဲသတင်းတပ်ဖွဲ ့က
    ဝန်ထမ်းတစ်ယောက်ဘဲ။မင်းမသိသေးဘူးလား။´´ အဲဒီစကားကြီးကဖြဲခြောက်တာလားဟင်။ မသိလို့မေးတာနော် ။ ကြောက်လိုက်ရတော့မလား ။ စိတ်ချမ်းသာအောင်လုပ်ပေးပါ့မယ် … ။ အမလေး ကြောက်လိုက်တာနော် ဘုရား … ဘုရား မြန်မာနိုင်ငံရဲ့ ဒုတိယမြောက်ထောက်လှမ်းရေးတွေပါလား ။ ကြောက်တယ် ကြောက်တယ် ။။ အဲဒီရဲသတင်းတပ်ဖွဲ့ဝင်ကရော ဘာလို့များ ပြည်ထဲရေးဝန်ထမ်းအချင်းချင်း ပစ်တင်ဝေဖန်ရတာပါလဲ ။ အဝေမတည့်လို့ စားခွက်လုတာများလား ။ စကားရိုင်းသွားရင်ခွင့်လွှတ်နော် ။ ခက်တာက ရွာထဲမှာ ဝင်ပြီးသတင်းဖတ်နေတဲ့သူတွေ၊ ဝင်ရေးနေတဲ့သူတွေထဲမှာ ဗိုလ်မှူးးချုပ်အဆင့်တွေတောင်မှရှိတယ်ဗျ ။ ဒါပေမယ့် ဝန်ထမ်းကောင်းပီပီ သိုသိုသိပ်သိပ်ပါပဲ။ ဘယ်သူမှ ငါဘာကောင်ဆိုပြီး အသံကောင်မဟစ်ပါဘူး။ အဲဒီလိုပြောလိုက်ရင်လဲ ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်သလိုဖြစ်သွားမှာပေါ့နော ။ ဘာပဲဖြစ်ဖြစ်ကြောက်ပါတယ်ဗျာ ။ မြန်မာနိုင်ငံရဲ့ လိုတစ်မျိုး မလိုတစ်မျိုးဆိုတဲ့ ဥပဒေနှစ်မျိုးကိုလဲ အရမ်းကြောက်ပါတယ်ဗျာ ။ ကြောက်လွန်းလို့ရူးသွားပြီ ဝါးးးးးးးဟားဟားဟားဟား ဝါးးးးးးးးးးးးးးဟားဟား

    poechitthuko.love@gmail.com အနေဖြင့် tharbaw သို ့ရည်ရွယ်ပြောဆိုစေလိုပါသည်။ထိုသူ မည်သူဖြစ်သည်ကို
    ကျနော် စိတ်မဝင်စားပါဗျ။

    Reply

  • Nadi Mg

    July 28, 2012 at 8:14 pm

    အလကားပါ သူခိုး ခိုးတာ လူမိသွားလို့ ငါသူခိုးမဟုတ်ကြောင်း အကွက်ဆင် တဲ့
    ဇတ်လမ်းက အသိသာကြီး ။

    lupyaw1980@gmail.com အကောင့်သည် အလိမ်ကြီးပါလား။ရှာလို ့မတွေ ့အောင်
    လုပ်ထားတာ တော်သားဗျ။

    Reply

  • သန်းထွဋ်ဦး

    July 28, 2012 at 9:34 pm

    Nadi Mg ကိုသိအောင်ပြောလိုက်ရအုံးမယ်။ကျနော်က ခင်များတို ့လို
    သွေးကြောင်တဲ့လူတော့မဟုတ်ဘူး။ရှင်းရ၊လင်းရလွယ်အောင်ကိုယ့်နာမည်အရင်း
    နဲ ့ရေးနေတာပိုစ်ပေါင်း(၁၂၉)ခုရှိနေပြီဗျာ။ခင်များတို ့လိုသံတွဲက ပိုင်းလုံးတွေ
    ဝင်ပြောပါစေ ဆုတောင်းနေတာ။တခုတော့ ပြောလိုက်မယ် ဘယ်သူတွေ၊ဘယ်ဝါ
    တွေပေါ့နော် ဘယ်လို အကောင်ပလောင်တွေ ဖြစ်နေပါစေ သိပ်တော့ဂရုမစိုက်ဘူး။
    ရှင်းရှင်း ပြောမယ်ဗျာ။ကြိုက်တဲ့နေရာမယ် စမ်းချင်သပ စမ်းသပ်နိုင်တယ်။
    ကြောက်တတ်တဲ့ သွေးပါရင် အွန်လိုင်းဆိုတဲ့နေရာ ခြေမချဘူးဗျာ။
    ရယ် ရပါ၏—ဗြဲ

    Reply

  • သန်းထွဋ်ဦး

    July 29, 2012 at 12:37 pm

    ပို ့စ်တစ်ခုလုံး မွစာကျဲအောင် ထိုသဘောက်သားတို ့သောင်းကျန်းကြ
    လေပြီ။သူကြီးတို ့၊ကိုထူးဆန်းတို ့ရေ အကောင့်တွေဆီ စစ်ကြည့်တော့
    အလိမ်တွေဖြစ်နေတယ်နော်။အဲ့လို စည်းကမ်းမဲ့ ဖြစ်နေတာတွေကိုသူကြီး
    အနေဖြင့် moderation လုပ်သင့်ပါတယ်လို ့ယူဆမိပါတယ်။

    Reply

  • ပိုး သတ်ဆေး

    July 29, 2012 at 9:02 pm

    poechitthuko.love@gmail.com အနေဖြင့် tharbaw သို ့ရည်ရွယ်ပြောဆိုစေလိုပါသည်။ထိုသူ မည်သူဖြစ်သည်ကို
    ကျနော် စိတ်မဝင်စားပါဗျ။

    ဒီလိုလုပ်တာက ဘယ်သူလုပ်တယ်ဆိုတာတော့မသိပါဘူး ။ ဒါပေမယ့် မန်းဂေဇက်ထဲမှာ သူတစ်ပါရဲ့မေးလ်ကို ကြည့်ရုံမဟုတ်ပဲ အများရှေ့မှာ ဖေါ်ထုတ်ပြခွင့်ရှိတယ်ဆိုတာကိုမသိတဲ့အတွက် ဒီထဲကိုဝင်ခဲ့မိတာပါ။ မန်းဂေဇက် မန်ဘာအဖြစ်မှ နုတ်ထွက်ပါတယ် ။ သဂျီးမှချက်ချင်း ထုတ်ပယ်ပေးပါ။

    Reply

    • သန်းထွဋ်ဦး

      July 29, 2012 at 9:54 pm

      ကိုပိုးသတ်ဆေးရေ နှ ုတ်ထွက်စရာတော့မလိုပါဘူး။ကျနော်ကိုယ်တိုင်ရေးတာပါ။
      edit လုပ်လို လျှင် မြင်နေရတာတော့ ကျနော်လဲ မတတ်နိုင်ပါ။တောင်းပန်ပါတယ်။

      Reply

  • Nadi Mg

    July 29, 2012 at 9:21 pm

    ဒီမယ် ဖျာမ ဖျာသည်မ နင့်အတန်းအစားက ဒီလောက်ပဲလား ဟဲ့
    အမှတ် (၄၀၀၀) ကျော်နဲ့ မေးအကောင့် ဖေါ်ရသလား အတန်းနိမ့်လိုက်လေ
    ဖျာသည်မ အကျင့် ကျင့်တာ မကောင်းဘူး ဖျာသည်မရဲ့
    ဒါဟာ နင့် ဥ ကို နင် ဖေါ်လိုက်တာနဲ့ အတူတူဘဲ ဖျာသည်မရေ ဟဲ့
    အောက်တန်းကျလွန်း ြြြြြြြြြြြြြြြြြြြြြြြြြြြြြ

    အင်လို ့ပြောတော့ အဲ့လိုဆဲသည်
    ဖျက်ထားတာ ကောင်းပါသည် နော့်

    Reply

  • အော် ကျနော့်ပို ့စ် အောက်မှာ လာရောက်ဖြေရှင်းစေလို တဲ့ Pyae Zaw Phyoက သူ ့ဖေ့စ်ဘွခ်မှာ
    ခုလို ရေးထားသဗျ။

    Pyae Zaw Phyo
    3 hours ago near Rangoon
    http://myanmargazette.net/140455/creative-writing

    ဒီအဖြစ်အပျက်ဟာ. ကျွန်တော်တစ်ကယ်မသိပါဘုူး တစ်ယောက်ယောက်ကလုပ်ကြံတာပါ။
    ကျွန်တော်လိုင်းပေါ်မတတ်ဖြစ်တာတောကြာပါပီ စာမေးပွဲ ့နဲ ့ကြောင်းပါ။တစ်ယောက်ကိုတစ်ယောက် တစ်မျိုးမထင်စေချင်ပါဘူး။ ဒီနေ့မှ အကိုတစ်ယောက်က ညီသတင်းရလို့ပြောခါမှ ဖတ်ရပါတယ်။ ကျွန်တော်တစ်ကယ်မတင်ပါကြောင်း အဲ ့ ကေဇက် တင်တဲ ့ကောင်ကဘယ်လိုကြောင့်လုူတစ်ယောက်ကိုနာမည်ပုံမှားရိုက်ပီးတော့ဂျောက်ချုရတာလဲ။ဘာကြောင့်လဲ ကေဇတ်တင်တဲ ့သူကိုကျွန်တော် စုံစမ်းပီးတင်ပေးပါမယ်။ ဒီပို့ တင်တာကျွန်တော်မဟုတ်ပါဘုူး.။သံတွဲသားတစ်ယောက်ဘဲဖြစ်ရမယ်။ သတင်းကိုတိကျ စွာဖတ်ပီးမှယုံပါလို့ ကျန်တော်ပြောချင်ပါတယ်။ အမြန်ဆုံး တင်ပြပါမယ်။။
    Share
    2 people like this.

    Pyae Zaw Phyo ဒါသံတွဲသားတွေကို စော်ကားတာ ဘဲ။။။သံတွဲမှာ သတင်းထောက်လိုလိုဘာလိုလိုနဲ ့တစ်ကောင်ရှီတယ်
    ပုံလာရိုက်ရတာနဲ ့..တင်ရတာနဲ ့…………first answ
    3 hours ago

    Pyae Zaw Phyo ရခိုင်တွေစည်းလုုူံးမူရှီပါ

    Reply

Leave a Reply

Your email address will not be published.