***ငါ ကိုမှတ်ကျောက်တင်ကြည့်ခြင်း***

maung khinminJuly 26, 20121min06

***”ငါ ” ကိုမှတ်ကျောက်တင်ကြည့်ခြင်း***

ငါ မရှိ ခဏ

ငါ ငြိမ်းမြ ၏

ငါ၏ ခန္ဓာ

ငါ့ ဟာမဟုတ်

ငါ့ ရုပ် ငါ့နာမ်

ငါ့ သဏ္ဍန် ၌

ငါ လိုက် ရှာကြည့်

ငါ မရှိ ပေ …..၊

ငါ မြင် ငါ ကြည့်

ငါသိ ငါစား

ငါသွား ငါရပ်

ငါမှတ် ငါသိ

ငါ့သတိ ၌

ငါ ၏အတ္တ

ငါခွာ ချစဉ်

ငါ ၊သူ ၊ ဖို ၊ မ

ငါ မှ ငါထင်

ငါ့အမြင် ကို

ငါ ထင် ဉာဏ်၌

ငါ ပင် ငါမဟုတ်

ငါလှုပ် ငါရှု

ငါ ခန္ဓာစု

ငါခု သိပြီ

ငါမရှိ ခိုက်

ငြိမ်းချမ်း လိုက်တာ …၊

ငါ မိုက် ငါမှား

ငါ တရား၌

ငါ့ အားလမ်းညွှန်

ငါ့ သွန်သင်လတ်

ငါ့  မြတ်ဆရာ

ငါ ကိုသတ်နည်း

ငါ မီးငြိမ်းအောင်

ငါ့ ဥသျှောင်ကို

ငါမွန် ရိုကျိုး

ငါ့ ဦးချိုးနှိမ်

ငါ ကြိမ်ကြိမ်သာ

ငါ ဦးချ၏

ငါ မရှိ ခဏ

ငါ ငြိမ်းလှ ၏

ငါ၏ ကိုယ်တွေ ့

တရားတည်းး ။။။

6 comments

  • Gipsy

    July 26, 2012 at 11:56 am

    ငါသည်
    ငါ့အဖို့
    ငါ့အတွက်
    ငါ့ဟာ
    ငါ့ဥစ္စာ
    ငါ့ကိုယ်
    ငါချစ်
    ငါ့ဘဝ သာတည်း …။

    Reply

  • Khaing Khaing

    July 26, 2012 at 12:41 pm

    ငါဆိုတာ ဘာမှမရှိပါ ….. သံဝေဂလင်္ကာလေးကို ဖတ်သွားပါတယ် …………

    Reply

  • မောင်ပေ

    July 26, 2012 at 1:34 pm

    မှတ်ကျောက်
    ချက်အောက်
    ထွက်ပေါက်
    လက်နောက်
    ရှက်သောက်
    ဆက်လျှောက်

    Reply

  • မိုးချမ်းမြေ့

    July 26, 2012 at 1:36 pm

    ” ငါ့ကို…ငါပဲရှုံ့ချ…
    ငါ့ကို….ငါပဲ..အားကျ..
    ငါနဲ့..ငါကြား….ဗျာများနေဆဲ…ငါ…..” ဆိုတဲ့
    ကိုထူးအိမ်သင်တစ်ယောက်…..” ငါ “အကြောင်းတွေကို
    တစ်စိုက်မတ်မတ်ရှာဖွေရင်း….
    ငါကို…စွန့်လွှတ်သွားပါကြောင်း….

    Reply

  • အလင်းဆက်

    July 27, 2012 at 12:42 pm

    ကဗျာကောင်းလေး….အတွက်..ကျေးကျေးဘာ…

    Reply

  • snow white

    July 27, 2012 at 1:38 pm

    အားပေးတယ်နော် ဆက်လက်ရေးသားနိုင်ပါစေ ကဗျာလေးကအရမ်းဖတ်လို့ကောင်းပါတယ် ဆက်လက်ရေးသားထင်ပြနိုင်ပါစေနော်။။

    Reply

Leave a Reply

Your email address will not be published.