မှတ်တိုင်မှာ မရပ်တဲ့ လိုင်းကား………..မှတ်ပြီလား…………

snow whiteJuly 24, 20121min015

 

စနိုး မနက်ကလိုင်းကားစီးလာရင်းလိုင်းကားပေါ်မှာ အဖြစ်အပျက်လေးတစ်ခုကို်ပြောပြချင်ပါတယ်  ။

လိုင်းကားနံပတ် ၃၅ မီနီဘတ်(စ်) ပါ ကားနံပါတ်က ၅ခ/၇၉၈၂   ပါ နောက်ဆိုကားနံပတ် မှတ်ထားလိုက်မိမှာမဟုတ်ပါဘူး။

  ဘာကြောင့်လည်းဆိုတော့ ကားပေါ်ကအဖြစ်ပျက်လေးကိုတင်ပြချင်တာနဲ့  ကားပေါ်ကဆင်းဆင်းချင်း ကားနံပတ် ကို မှတ်ထားလိုက်တာပါ    ။

  တကယ်ဆိုရင်ဒီပို့စ်လေးကိုမတင်ဖြစ်ပါဘူး    ပြည်သူအများလည်းသိခွင့်ရမယ်လို့  ထင်ပါတယ်။

စနိုးရဲ့ပို့စ်လေးကိုဖတ်ပြီးတော့  ဘာကြောင့်ပဲဖြစ်ဖြစ် ကားပေါ်တက်တာ နဲ့ကျေနပ်မှုမရှိက ဖုန်းနံပတ်လေးတွေရေးထားပါတယ်။

အဲ့ဒီဖုန်းနံပတ်တွေကို တကယ်တိုင်ကြားရင် တကယ်ကိုထိရောက်စွာအရေးယူနေပါတယ။်   ပြည်သူတွေအတွက် တကယ့် သတင်းကောင်းပါ။

အချို့အချို့သောယာဉ်မောင်းတွေ ရော စပယ်ယာတွေရောကတစ်ခါတစ်လေ စကားပြောအရမ်းရိုင်းတယ်  

ခရီးသွားပြည်သူတွေကသူတို့တွေနဲ့  ရန်မဖြစ်ချင်တော့ ပြည်သူတွေကဘဲ အလျော့ပေးပေါင်း မနည်းတော့ပါဘူး  ။

အကြွေ ရှားတုန်းကလည်း  အကြွေပြသနာ လူတော်တော်များများခံစားလိုက်ရပါတယ်။

  ၁၀ဝအကြွေ မရှိလို့ဆိုပြီး စပယ်ယာတွေဆီပါသွားပေါင်းလည်းမနည်းပါဘူး ။   ကားတစ်စီးနဲ့တစ်စီး 

  ပြိုင်မောင်းမယ်  တစ်မှတ်တိုင်မှာလူကလည်းအလွန်အကျွံရတော့ တစ်ယောက် နှစ်ယောက်ပေါ့ အဲ့ဒါလည်း ပြိုင်မောင်းနေကျတာပါဘဲ ။။

ကားမောင်းသမားကောစပယ်ယာကော ဘယ်လောက်ထိဦးနှောက်မရှိကျလည်းဆိုရင် ကိုယ့်ဘာသာ

ဖြေးဖြေးနဲ့မှတ်တိုင် တစ်ခုစီမှာ  ရပ်မယ်ဆိုရင်တောင်  ကားထဲမှာစီးမယ့်သူက အလိုလိုနေရင်းပြည့်သွားမှာပဲ

အဲ့လိုမဟုတ်ဘူးမှတ်တိုင်တစ်ခုရောက်ပြီဆိုရင်ကျောက်ချလိုက်တာ အေးဆေး  စပယ်ယာတွေဆို သီးချင်းလေးတအေးအေး နဲ့

ရေခဲရေဝယ်သောက်လိုက်    ကွမ်းဝယ်စားလိုက်  ကွမ်းယာသည်ကောင်မလေးတွေကို နောက်လိုက် 

သူတို့ဘာသာတော့သာယာနေလိုက်ကျတာ   ကားပေါ်လိုက်စီးတဲ့ပြည်သူတွေကတော့  အလုပ်နောက်ကျမှာစိုးလို့

မောင်းပါတော့လို့လည်းမပြောရဲ………. သူတို့ကိုကြောက်နေရတယ်လေ။  စပယ်ယာပါးစပ်ကသိတဲ့တိုင်း အပေါက်ကကြမ်းပါ့  ဆိုတော့   

ကိုယ်ပိုင်ကားဝယ်မစီးနိုင်သေးတော့လည်းလိုင်းကားရဲ့ဒုက္ခတွေကို ခံစားကျရတာပေါ့ ။။

 ကဲအဲ့ဒါနဲ့စပယ်ယာက နောက်ကားကိုကြည့်လိုက်သေးတယ်  မောင်းတော့ ဆိုပြီးအော်ရော

ဒရိုင်ဘာကလည်းမောင်းတာမှ  အရမ်းဘဲ ဘာဖြစ်လို့လည်းနောက်ကိုလည်းကြည့်လိုက်ရော  ဗန္ဓုလလိုင်းကားတစ်စီးလာလို့ လေ

ပြိုင်မောင်းကျတော့တာဘဲ တကယ်ဆို စောစောက အားလူးဖုတ်စကားပြောနေမယ့်အစား

ကိုယ့်ဘာသာအေးဆေးလေးမောင်းသွားရင်   ခရီးသွားပြည်သူ  သွားလိုရာကိုလည်းစိတ်ချမ်းသာစွာ  နဲ့ အေးအေးလူလူရောက်မယ်။

  ခုတော့မဟုတ်ဘူးစောစောကတော့ ရေသောက်ကွမ်းစား အရေမရအဖက်မရတာတွေလုပ်ပြီး နောက်ကားလည်းလာရော

အသည်းအသန်တွေမောင်း    ဒါကြောင့်လည်း ကားမှောက်  ကားတိုက်တွေ ဖြစ်ပျက်နေကျတာလေ ။။။

 စနိုးဒီနေ့မနက်စီးလာတဲ့လိုင်းကကျတော့ လည်းအဲ့တိုင်းဘဲ ကားမှတ်တိုင် တစ်တိုင် ရောက်လိုက်

နောက်ကလိုင်းကားကိုကြည့်လိုက် လိုသေးတယ် ဆို တစ်မှတ်တိုင် မှာ ၃မိနစ်လောက်ရပ်လိုက်

နောက်ကလိုင်းကားလည်းနီးရော အရမ်းမောင်းတော့တာဘဲ  ဗန္ဓု တံတားအဆင်းလည်းကျရောတကယ်ဆို 

ဒီကားလိုင်း က  ဂန္ဓီ မှတ်တိုင်ဆိုရင် ဂန္ဓီမှတ်တိုင်မှာပဲ  ရပ်ပေးရမှာ ခုတော့မဟုတ်ဘူး

ကားကနောက်ကားနဲ့ရော ရှေ့ကားကိုလည်းကျော်တက်ချင်တော့ လမ်းချိုးလေးထဲကနေကွေ့လိုက်ပြီး  ဂန္ဓီမှတ်တိုင်မှာမရပ်ပေးဘဲ     

လမ်းချိုးလေးထဲ ကွေ့သွားပြီးအဲ့လမ်းချိုးလေးနားကနေဆင်းခိုင်းပြီး ဂန္ဓီမှတ်တိုင် ဆင်းကျဆင်းကျလို့ပြောတော့ တော်တော်များများဆင်းသွားကျတယ်။

   အဲ့ဒီမှာ   တကယ့်ပြသနာကစတက်ပြီ    ဦးလေးကြီးတစ်ယောက်ကလုံးဝမဆင်းဘူး။ ဒါ…..ဂန္ဓီမှတ်တိုင်မှ မဟုတ်တာကွလို့ပြောတော့ 

စပယ်ယာက မဆင်းချင်လည်းနေဗျာ ……..

လမ်း၅ဝရောက်မှ ဆင်းတော့ အဲ့ဒီဦးလေးကြီးကဟမ်းဖုန်းထုတ်လိုက်ပြီး အပိုမပြောဘူးမင်းတို့သိပ်လူပါးဝတယ် ။

ဖုန်းဆက်မယ် တကယ်လည်းလုပ်ရော   အဲ့ဒီဦးလေးကြီးကို စပယ်ယာက  ဂန္ဓီမှတ်တိုင်ကို ပြန်မောင်းပေးမယ် လုပ်ပေမယ့်…….  ဒရိုင်ဘာက မမောင်းပေးနိုင်ဘူး

လမ်းပြောင်းပြန်ဖြစ်နေတယ်  ကားခပြန်ပေးလိုက်လို့ ပြောတော့……..

  ဟိုဦးလေးကြီးကအသေပေါက်ကွဲသွားပြီ မင်းတို့ဆီက ကားခပြန်လိုချင်လို့ပြောနေတာမဟုတ်ဘူး။

  ငါ့တို့သွားမယ့်မှတ်တိုင်ကိုမရပ်ပေးလို့ ရတယ် ဆိုပြီးဖုန်းဆက်မယ်ပဲ လုပ်နေတော့     မီးပွိုင့်လည်းမိရော  

  စပယ်ယာကိုအဲ့ဦးလေးကြီးကပြောလိုက်တယ်။ မနေ့ကလည်းမင်းတို့လိုင်းကားထဲကဘဲ

ကားနံပတ်တစ်ခုကိုငါတိုင်လိုက်လို့ ကားမဆွဲရတော့ဘူးဆိုတာ မင်းတို့ကြားမှာပါ   လို့အဲ့လိုပြောလိုက်တယ် ခြိ်မ်းခြောက်တဲ့  စကားမဟုတ်ဘူးနော်……….

တကယ်အမှန်ကန်ထင်တယ်  အဲ့မှာ စပယ်ယာကအတင်းလိုက်တောင်းပန်တော့တာပဲ။

  ကျွန်တော် ဒီမှတ်တိုင်ကနေ ဆိုက်ကားငှားပေးလိုက်ပါမယ်ဆိုပြီး    ဆိုက်ကားငှားပေးလိုက်လေရဲ့  

  ဟိုဦးလေးကြီးက    ဆိုက်ကားလည်းမစီးဘူး မင်းတို့ကိုမှတ်လောက်သားလောက်အောင်တော့ တိုင်အုံးမယ်လို့ ပြောသွားတယ် ။။

  စပယ်ယာက ဆိုက်ကားသမားကိုပိုက်ဆံ (၅၀၀)တော့ပေးလိုက်တယ်  ခရီးသွားဦးလေးကြီးလည်း  စီးသွားလား မစီးသွားလားတော့မသိတော့ဘူး။

  ကားကမောင်းထွက်လာတယ်    စပယ်ယာကိုဒရိုင်ဘာကမေးတယ်  အဲ့ကောင်တမင်တကာရစ်နေတာလို့ပြောတယ်။       

အဲကောင်ဘာမှမဟုတ်တာကိုလာရစ်နေတယ်လို့    ပြောပါသေးတယ် ပွစိပွစိနဲ့ပြောနေတော့တာဘဲ ။

စနိုး ဆင်းရမယ့်မှတ်တိုင်လည်းရောက်နေပြီမို့ စနိုး ကားပေါ်ကဆင်းဆင်းချင်း  ကားနံပတ်လေးကိုမှတ်ထားလိုက်မိပါတယ်။။

ဘာပြောပြော နောက်ဆိုကျေနပ်မှုမရှိပါက  ဖုန်းလေးတစ်ချက်ဆက်လိုက်တာ နဲ့ပြည်သူများတိုင်လို့ရနေပါပြီ ။။

တကယ်ထိရောက်စွာအရေးယူနေပါတယ် လို့ သတင်းကောင်းပေးလိုက်တာပါ။

နဂိုကလို အမှုပျောက်နေတာတွေ သိပ်မရှိတော့ပါဘူး  ။

အားလုံးကိုခင်မင်လျှက်

                                  စနိုးလေး

15 comments

  • Gipsy

    July 24, 2012 at 11:42 am

    ထိထိရောက်ရောက် အရေးယူနေပြီဆိုတော့ မင်္ဂလာသတင်းပဲပေါ့….၊
    ဟုတ်လဲ ဟုတ်ပါတယ် ကားတွေမောင်းနေတဲ့ပုံစံက သရဲပဲနောက်ကလိုက်နေသလို ..
    ကားမောင်းတာ သရမ်းလွန်းပါတယ် …
    ပြဿနာတခုလဲ ဖြစ်ကရော ဒရိုင်ဘာက လက်သာကိုယ်ကျွတ် ပြေးပါလေရော….
    ကားစီးတဲ့ ပြည်သူတွေပဲ ဒုက္ခကြရတာ …

    Reply

  • Ma Ei

    July 24, 2012 at 11:51 am

    စနိုးရေ…
    အဲ့လို ကားနံပါတ်နှင့်တကွ
    အဖြစ်ကိုရေးတင်တာ
    သိပ်ကောင်းပါတယ်…
    ဖုန်းဆက်တိုင်လိုက်ရင်
    ပိုကောင်းသေး..ဒါမှသူတို့တွေ
    ပြည်သူတွေကို မစော်ကားရဲမှာ…

    Reply

  • မောင်ပေ

    July 24, 2012 at 12:01 pm

    အရမ်းတော်တဲ့ စနိုးလေး
    လိုင်းကားစီးပြည်သူားများအတွက် ရပ်တည်ပေးတဲ့ စနိုးလေး
    မောင်ပေ့ကို ဂျစ်မရား ဟင်င်င်…..
    🙂

    Reply

    • htoosan

      July 24, 2012 at 12:45 pm

      အရမ်းတော်တဲ့ စနိုးလေး
      ပုဒ်မ တွေလည်း ချလာပြီ။
      ဖတ်လို့လည်း ပိုကောင်း ပိုရှင်းလာပြီ။
      ှုဦးပေကိုတော့ ပြောင်နေတဲ့ထိပ် ဂျပင်ပေါက်မွှ ဂျစ်မယ်လို့ ပြောလိုက်… 😀

      Reply

      • snow white

        July 24, 2012 at 1:02 pm

        အစ်ကို အရင့်ရောင် ဆုံးမမှု လည်းပါပါတယ် ကိုအရင့်ရောင်လည်း သင်ပေးတယ် စာတင်နည်းတွေ စာရေးသားနည်းတွေ သင်ပေးပါတယ် ဒီနေရာကနေ အစ်ကို အရင့်ရောင်ကိုလည်းကျေးဇူးတင်ပါတယ် စနိုးပို့စ်လေးကိုဖတ်ပြီးသွန်သင်ဆုံးမပေးကျလို့
        အားလုံးကိုကျေးဇူးတင်ပါတယ် ။။ရွာသူရွာသားအပေါင်းကိုအမြဲလေးစားခင်မင်လျှက် စနိုး။။

        Reply

    • Khaing Khaing

      July 24, 2012 at 2:26 pm

      တော့် ကပေ(ပြောင်ကြီး) …… ဘာမှလည်းမဆိုင်ဘူး တော်တာနဲ့ခြစ်တာ တစ်ခြားစီ ….. အဲဒါပေ့ါ ပွဲလန့်တုန်း ဖျားခင်းချင်တယ်ဆိုတာလေ …….

      Reply

  • အရင့်ရောင်

    July 24, 2012 at 12:06 pm

    အဲ့ဒီ ဦးလေးကြီး ဆိုက်ကားစီးရတော့
    လမ်းမလျှောက်ရဘူးပေါ့နော်…………
    ကောင်းတယ်…….ဟေ့……….
    ဖုန်း…………ဆက်လိုက်ရမလား………
    ဟိဟိ
    ဆိုက်ကားစီးရတယ်နော်…………ဟဲဟဲ

    Reply

  • etone

    July 24, 2012 at 1:18 pm

    စနိုးရေ…
    ဟိုလူကြီး ရစ်ပေးမှပဲတော်ကာ ကျမယ့် အဖြစ်ပါ … ။
    မှတ်တိုင်ကို မှန်မှန်မမောင်းပဲ .. လူစောင့်တင်ချင်တင် ၊ ကွမ်းဝယ်စားချင်စားနဲ့ … ကျောက်ချနေပြီး .. လမ်းကြောတူတဲ့ကားတွေ့မှ … အတင်းကို ရှေ့က စွတ်မောင်းတာ ခဏခဏ ကြုံရဖူးပါတယ် … ။
    ကားစီးရင်း ရိုလာကိုစတာ စီးရသလိုပါပဲ … မှတ်တိုင်မှာရပ်တော့လည်း ခြေထောက်တောင် မချရသေးဘူး အတင်းကို တွန်းချတော့တာပါပဲ … ။
    မှတ်တိုင်မရပ်ပေးလို့ ….. တစ်ခါက ငြိဖူးတယ် … တိုင်တာတော့ မလုပ်ဖြစ်ခဲ့ပေမယ့် ….နောက်မှတ်တိုင်ရောက်တော့ … ကားပေါ်ကမဆင်းသေးပဲ … ကောင်းကောင်းရန်တွေ့ခဲ့တယ် ။
    အရင်ကတော့ ဘယ်ကို တိုင်ပါ ဘာညာဆိုလျှင် ဖုန်းနံပါတ်တွေနဲ့စာသားတွေပဲရှိတာ … တကယ်အရေးမယူဘူး …ဒါကြောင့်လည်း မတိုင်ဖြစ်တာများတယ် …. ။

    Reply

  • mamanoyar

    July 24, 2012 at 1:25 pm

    သတင်းကောင်းလေးပါပဲနော်
    လိုင်းကားမစီးရပေမယ့် ကြုံလာတဲ့အခါ သိရတာပေါ့
    ကျေးကျေးပါနော်

    Reply

  • Khaing Khaing

    July 24, 2012 at 2:28 pm

    စနိုးရေ ……. အမကတော့ လိုင်းကားမစီးတာကြာတော့ ဒီလိုအဖြစ်တွေဒွတ်ခတွေက ကင်းဝေးနေတာ ကြာပေ့ါ …. တစ်ခါတစ်လေ ဖယ်ရီမကြိုလို့ လိုင်းကားစီးရင်တောင် ခံနီပါရမီလေးမွေးထားရတယ် အော် .. ငါတစ်ရက်တစ်လေ လိုင်းကားစီးတာ စိတ်လျှော့ထားဦးမှ ဆိုတဲ့အသိလေးပေ့ါ …….

    Reply

  • pan pan chit

    July 24, 2012 at 2:30 pm

    အင်း….
    ကျမလည်း အဲ့လိုပဲတော်တော်စိတ်ပေါက်စရာကိစ္စတွေ ခဏခဏ ကြုံတယ်
    နောက်တော့ ဆင်ခြင်ကြပါစေရဲ့ဆိုပြီး တိုင်ကြည့်တောကြည့်မယ်စိတ်ကူးတယ်
    တော်တော်လေးဒေါသဖြစ်စရာကိစ္စလေးတစ်ခုနဲ့ကြုံတော့ တိုင်မယ်စိတ်ကူးလိုက်သေးတယ်
    ဖုန်းနံပါတ်တွေ၊ ယာဉ်နံပါတ်တွေရောမှတ်ပြီးပြီ
    အဲ့ဒါ ကားပေါ်ကဆင်းတော့ ဖုန်းဆက်တိုင်မယ်ဆိုပြီး အိတ်ထဲကဖုန်းတောင်ထုတ်လိုက်သေးတယ်
    ဒါပေမဲ့ မဆက်ဖြစ်ပါဘူး၊ သူများထမင်းအိုး မထိချင်ဘူးပါဘူးလေဆိုပြီး စိတ်လျှော့လိုက်တယ်
    အဲ့ဒါတွေကြောင့် ပိုပိုဆိုးလာတယ်ထင်ပ့ါ
    စနိုးပြောတဲ့လူကြီးကတော့ တကယ်ဆက်ဆက် မဆက်ဆက် ရစ်ပစ်လိုက်တော့ အေးရော
    အဲ့ဒီတော့ ကားသမားတွေ သိသွားတာပေ့ါ (တိုင်မယ့်လူရှိတယ်၊ တိုင်လို့ရတယ်ဆိုတာ)
    ကျမသာတကယ်ဆက်ဖြစ်ရင်တော့ ဘာမှပြောမနေဘူး၊ ဆက်ဖြစ်သွားမှာ :mrgreen:

    Reply

  • Wow

    July 24, 2012 at 4:12 pm

    တကယ်ကြီးလားဟင်င်င်… အရေးယူဒယ်ဆိုဒါ.. 😛

    Reply

  • ko khin kha

    July 24, 2012 at 5:00 pm

    မစနိုးလေးပြောတာနော် အရေးယူတယ်လို့။ ရန်ကုန်ရောက်ရင် လိုင်ကားစီးလို့ မကျေနပ်စရာတွေ့ရင်တော့ တိုင်ကိုပစ်လိုက်အုံးမယ်။

    Reply

  • cobra

    July 24, 2012 at 8:31 pm

    အဲ့လိုတွေသာအရေးယူနေရင်တော့စီးစရာလိုင်းကားမရှိမှာတောင်စိုးရိမ်ရတယ်။
    ဘာလို့ဆို စည်းကမ်းမရှိတဲ့ကားတွေကများနေတာကို….။

    Reply

  • သန်းထွဋ်ဦး

    July 24, 2012 at 10:28 pm

    အရေးယူမှာပါ ပြည်သူအများဆုံးစီးနေတဲ့ ဒီကားတွေ စည်းကမ်းမဲ့လို.့အပြစ်မဲ့
    ပြည်သူတွေ မနစ်နာစေသင့်ဘူး

    Reply

Leave a Reply

Your email address will not be published.