အမေ ရိကန် က အဘ သားသမီး တွေ အလှည့် လာဦး မှာ လား?

ဩစတြေးလျ ပညာတော်သင် စစ်ဗိုလ် သမီး အိမ်ပြန်ရမည်
စိုင်းဇွမ်ဆိုင်း Wednesday, June 30, 2010
E-mail Print
Share/Save/Bookmark ဩစတြေးလျ နိုင်ငံ၌ စာရင်းကိုင် ပညာသင်ကြား နေသည့် မဇင်မွန်အေး သည် စီးပွားရေးအရ အရေးယူ ဒဏ်ခတ် ထားသော စာရင်းဝင် တဦး ဖြစ်နေသည့် အတွက် မကြာမီ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံသို့ ပြန်ရမည်ဖြစ်ကြောင်း ဩစတြေးလျ ပြည်ထောင်စု တရားရုံးက အမိန့်ချမှတ်လိုက်သည်ဟု သိရှိရသည်။

မဇင်မွန်အေးသည် ဖခင် ဗိုလ်မှူးချုပ် ဇင်ယော်၊ မိခင် ဒေါ်ခင်သီရိ၊ မောင်ဖြစ်သူ မောင်ထက်အောင် တို့နှင့်အတူ ဩစတြေး လျအစိုးရမှ ထုတ်ပြန်ခဲ့သော စီးပွားရေး ပိတ်ဆို့အရေးယူခံရသူများ စာရင်းတွင် အမှတ် 2007BUR0310, 2007BUR0311, 2008BUR0434, 2008BUR0435 စသည့် အမှတ်စဉ်များနှင့် ၎င်းတို့၏ မိသားစုတစုလုံး ပါဝင်နေခဲ့သည်။

ဗိုလ်မှူးချုပ် ဇင်ယော်သည် ပုသိမ် လေတပ်စခန်းတွင်လည်းကောင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ဘုတ်အဖွဲ့ဝင် အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း ဩစတြေးလျနိုင်ငံမှ ထုတ်ပြန်သော စီးပွားရေး ပိတ်ဆို့ အရေးယူခံရသူများ စာရင်းတွင် ဖော်ပြထားသည်။

၂၀၀ဝ ပြည့်နှစ် မေလ ၂၄ ရက်နေ့က အနောက်နိုင်ငံများမှ ထုတ်ပြန်ခဲ့သော စီးပွားရေး ပိတ်ဆို့အရေးယူခံရသူများ စာရင်း တွင်လည်း ဗိုလ်မှူးချုပ် ဇင်ယော်နှင့် ဒေါ်ခင်သီရိ တို့ ပါဝင်နေခဲ့ပြန်သည်။

University of Western Sydney တွင် စာရင်းကိုင် ပညာဖြင့် မဟာတန်း တက်ရောက်နေသူ အသက် ၂၅ နှစ် အရွယ်ရှိ မဇင်မွန်အေး ၏ ရှေ့နေဖြစ်သူ တိုနီ ဆေးလ်ဗား က“သူ့မှာ အပြစ်မရှိဘူး ဆိုပေမယ့် အပြစ်ပေးခံရတော့မှာဖြစ်တဲ့ အတွက် ဝမ်းနည်း မိပါတယ်”ဟု The Australian သတင်းစာသို့ ပြောကြားထားသည်။

မဇင်မွန်အေးသည် ဩစတြေးလျ နိုင်ငံသို့ ၂၀၀၈ ခုနှစ်က ရောက်ရှိနေခြင်းဖြစ်ပြီး ၎င်းကို နေထိုင်ခွင့်ပေးခဲ့သော ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ စတီဖင် စမစ် ကို ပြည်ထောင်စု တရားရုံးက မေးခွန်းထုတ်ခဲ့သေးသည်။

ပြည်ထောင်စု တရားရုံး၏ တရားခွင်အတွင်း၌ မဇင်မွန်အေးက“သူမ၏ ဖခင်သည် မြန်မာ စစ်အစိုးရအုပ်စုအတွင်းတွင် ပါဝင်နေသဖြင့် သူမက မိဘဖြစ်သူများနှင့် ကင်းကင်းရှင်းရှင်းနေခဲ့ကြောင်း”တရားရုံးသို့ ထွက်ဆိုခဲ့သည်ဟု ယနေ့ထုတ် The Australian သတင်းစာတွင် ဖော်ပြထားသည်။

ဆက်လက်၍“သူမသည် မိဘများကို ငွေကြေးအရပင် ပတ်သက်မှု မရှိကြောင်း၊ ကိုယ်ပိုင်အလုပ်လည်း ရှိ ကြောင်း” တရားရုံးတွင် ထွက်ဆိုထားခဲ့သည်ဟုလည်း ဆိုသည်။

ယင်းအမှုနှင့် ပတ်သက်၍ မဇင်မွန်အေး က အယူခံဝင်ခဲ့သော်လည်း အယူခံ ပယ်ချခံခဲ့ရကြောင်း သိရသည်။

မဇင်မွန်အေး က“စစ်ဗိုလ်ချုပ် သားသမီးများ ဖြစ်နေသော်လည်း စစ်အာဏာရှင် စနစ်ကို မထောက်ခံသည့်အတွက် ဩစတြေးလျ နိုင်ငံ အနေဖြင့် အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှု မပြုသင့်ကြောင်း”လျှောက်လဲချက် ပေးခဲ့ကြောင်းလည်း The Australian သတင်းစာကဖော်ပြသည်။

ထို မဇင်မွန်အေး တဦးတည်းသာ မဟုတ်ဘဲ ပြည်ပတွင် ပညာသင်ကြားနေသော မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီး များစွာ ကျန်ရှိနေသေးကြောင်း စစ်တပ်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောဆိုသည်။ ဧရာဝတီ ဆိုက် မှ ဖေါ် ပြသည်။

4 comments

  • snow

    July 3, 2010 at 2:55 am

    မိဘမကောင်း သားသမီးခေါင်းဆိုတာဒါကိုး
    တော်တော်ဆိူးတာပဲ

    Reply

  • etone

    July 3, 2010 at 3:25 am

    ကောင်းတယ် အဲ့ဒီလိုပဲဖြစ်သင့်တယ် ။ တခြားစစ်ဗိုလ်ချုပ်တွေရဲ့သားသမီးတွေလည်းကျန်သေးတယ်ဆိုရင် အရေးယူဦးလေ ။
    ဘာဖြစ်ဖြစ်မိဘအကူညီမယူခဲ့ဘူးဆိုတာကတော့ညာတာပါ ။ သူတို့ သားသမီးတွေကောင်းစားနေတာ ဘာကိုမှီပြီးနေတာလဲလို့ လူတိုင်းသိတယ် ။

    Reply

  • aung ba

    July 3, 2010 at 6:48 am

    ဒီပုတ်ထဲကဒီပဲတွေပဲ…ရန်ကုန်မှာနေတုန်းကမိဘအရှိန်အဝါနဲ့ထောင်လွှားခဲ့ကြပြီးခုမှဘာအကူညီမှမယူခဲ့ဘူး စစ်အာဏာရှင်စနစ်ကိုမထောက်ခံဘူးတဲ့..ဟီးဟီး
    ကဲကဲ…ဗိုလ်မှူးချူပ်ဇင်ယော်ရေခင်ဗျားသမီးဖြေလိုက်တဲ့အဖြေအတွက်ပုခုံးပေါ်ကအပွင့်တွေပျောက်ဘို့သာပြင်ထားပါတော့
    (သားသမီးမကောင်းမိဘခေါင်းတဲ့)(ဇနီးမကောင်းလဲလင်ခေါင်းတဲ့)စစ်တပ်မှာစကားပုံရှိတယ်
    ဒီလိုမျိူးများများလုပ်ပေးမှစစ်ခွေးတွေရဲ့မျိူးဆက်လူရာမဝင်မှာ

    Reply

  • shwemoenyo

    July 28, 2010 at 7:11 am

    သူများဒုက္ခရောက်တာကို ဝမ်းသာတာမျိုးတော့မဟုတ်ပေမယ့်.
    ဒါကိစ္စက ထိထိရောက်ရောက်လုပ်သင့်တဲ့ကိစ္စပါ
    နိုင်ငံနဲ့အဝှမ်း စာမသင်နိုင်တဲ့ကလေးတွေမှ မနည်းမနောဖြစ်နေတာ ………..ပညာမသင်ရတော့ စဉ်းစားတွေးခေါ်မှုမရှိဘဲ လူရယ်လို့မှမဖြစ်ရသေးဘူး ကိုယ့်ဝမ်းစာကိုယ်ရှာစားရင်း အရွယ်က နို့နံ့မစင်သေးဘူး ပါးစပ်နဲ့ အပြုအမှုက ရိုင်းစိုင်းမှုကမ်းကုန်အောင်ပညာကုန်တက်ကုန်တဲ့ကလေးတွေကိုယ်စား ဒီကိစ္စမျိုးက ထိထိရောက်ရောက်လုပ်ပါလို့တောင်းဆိုချင်ပါတယ်။
    စာသင်မှထမင်းစားရတဲ့ဘဝမျိုးကိုပိုင်ဆိုင်နေတဲ့သူဆိုတော့ ပညာမသင်ရတဲ့ကလေးတွေကိုမြင်တိုင်း ဒင်းတို့ကို အမှုန့်ချေပစ်ချင်တယ်…………….
    သူတို့လိုလူမျိုးတွေပညာတက်တော့ကော နိုင်ငံကိုပြန်ကြည့်လား ဝေးသေး……….
    သူတို့ပညာသင်နေတာ မိဘ ပိုက်ဆံကင်းပါတယ်ဆိုတာ ချီးစားပြမယ် ကျိန်ပြောရင်တောင်မယုံဘူး ချီးစားချင်လို့လို့မှတ်လိုက်မယ်
    အေးသတိ္တရှိရင် ဗမာသတိ္တရှိရင် မိဘပိုက်ဆံမပါဘဲ အဲဒီကိုရောက်ပါတယ်လို့ သွေးအန်ပါစေလို့ ကျမ်းသာကျိန်ခိုင်းလိုက်
    ဘာလို့ဆို ဘဝနဲ့ရင်းပြီး နေ့စဉ်နေ့တိုင်းမမြင်ချင်အဆုံးသူတို့ အကြောင်းသိနေတာကိုးဟ

    Reply

Leave a Reply

Your email address will not be published.