ဖခင်ဟူသည် ပြစ်ပယ်၍ရလို့လား

ခင္ခJuly 20, 20121min06

ဇူလိုင်လ ၁၉ ရက်နေ့  မနေ့ကမနက် ၈ နာရီလောက် မြန်မာ့ရုပ်မြင်သံကြားဖွင့်ကြည့်တော့ ၆၅နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ရန်ကုန်မြီု့ အာဇာနည်ဗိမ္မာန်ကနေ တိုက်ရိုက်ထုတ်လွင့်တာကို ကျွန်တော့်သက်တမ်းတလျောက်မှာ ပထမဆုံးတွေ့မြင်ခဲ့လိုက်ရပါတယ်။ မြန်မာနိုင်ငံခေတ်အဆက်ဆက် ညပိုင်းသတင်းကျမှသာ အာဇာနည်နေ့ကျင်းပပုံကိုစောင့်ကြည့်ခဲ့ရတာ အခုတော့ မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်တွေ့ရပြီပေါ့၊ နောက်နှစ်တွေလည်း အခုလိုမျိုးအဓွန့်ရှည်စေကြောင်းဆန္ဒဖြစ်မိပါတယ်။

လောကမှာ ဖခင်ဆိုတာ အဆင်မပြေတဲ့အကြောင်းတစ်စုံတစ်ကြောင့် မေ့ထားချင်တယ်၊ စကားထဲ ထဲ့မပြောချင်ပေမယ့် အရွယ်ရောက်လို့ကျောင်းစတက်ရင် ကျောင်းပုံစံမှာ အဖအမည် ဘယ်သူလဲမေးခံရမယ် ဖြည့်ရမယ်၊ ဒီလိုဘဲ နိုင်ငံသားဖြစ်ကြောင်းမှတ်ပုံတင်လုပ်မယ် အဖအမည် ဘယ်သူလဲ မေးကြပြန်ရော၊ ကိစ္စရပ်တစ်ကြောင့် အမှု့အခင်းဖြစ်တယ် အဖ ဦး————၏သား/သမီး အမည် ဦး/ဒေါ်/ကို/မောင်/မ——–လို့ခေါ်ဝေါ်ဆိုကြပြန်ရော၊ အရပ်ထဲ မင်းဘယ့်သူ့သားလဲလို့ မေးရင် ဖခင်ဘယ်သူလည်းလို့ရည်ရွယ်မေးကြတာများပါတယ်၊ ဆိုလိုတာက ဖခင်ဟူသည် ပြစ်ပယ်၍ရကောင်းတာမဟုတ်ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီးလို့ ကဗျည်းတင် မော်ကွန်းထိုးအသိအမှတ်ပြုခဲ့ကြတာ မဟုတ်လားဗျာ။ ဒါဆို လွတ်လပ်ရေး၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်းကို အရင်ခေတ်တွေတုံးက ပြစ်ပယ်သလို စာနယ်ဇင်းတွေမှာ ရေးခဲ့ရင်တောင်ခေါ်စစ်ခံရခဲ့လောက်အောင် ဘယ်လိုဘဲဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံအတွက်လွပ်လပ်ရေး ဖခင်ဟာ ဖခင်နေရာမှာအမြဲရှိနေစဲမို့ ပျောက်ပျက်ကွယ်ပျောက်မသွားပါဘူးဗျာ။ သမိုင်းတပတ်လည်တဲ့ မနေ့ကလိုမျိုးနေ့မှာတော့ ဖခင်ဗိုလ်ချုပ်ကျဆုံးခြင်းနေ့ အလေးပြုအခမ်းအနားကျင်းပနေတာကိုကြည့်ရင်း တွေးမိပါတယ် မြန်မာပြည်လွတ်လပ်ရေးအတွက်တော့ ဖခင်ဟာ ဖခင်ပါဘဲ ဗိုလ်ချုပ်အောင်ဆန်းရယ်။

ဖတ်ရှု့ခြင်းအတွက်ကျေးဇူးပါ။

6 comments

  • မောင်ပေ

    July 20, 2012 at 10:30 am

    ဗိုလ်ချုပ် ကျေးဇူးတွေကြောင့်မို့ အခုလို ဂေဇက်မှာ စာရေးနိုင်တာပါ။

    Reply

  • ဇောက် ထိုး

    July 20, 2012 at 11:28 am

    ပါလေတီတိ ပိတာ… သားသမီးတွေကို စောက်ရှောက်တတ်လို့ အဖေတဲ့။
    တိုင်သူပြည်သားတွေကို သားသမီးတွေလို စောက်ရှောက်ခဲ့တာ….
    သူသာ အဖေမဟုတ်ရင်…….

    Reply

  • snow white

    July 20, 2012 at 12:33 pm

    အဖဗိုလ်ချုပ်ကောင်းရာသုဂတိလားပါစေ .. ….အမှန်ပါဘဲ အဖေကလည်းအဓိကနေရာမှာပါတာပါဘဲ အဖေ နာမည်ကအဓိကပါဘဲ သားသမီးတစ်ဦးတစ်ယောက် အမှားလုပ်လို့ မကောင်းတာပြောခံရလည်း သူဖေကဘယ်သူ…လေ သူဖေကတော်သလောက်သူသားသမီးတွေကပျက်စီးနေတာလေ အဲ့လိုပြောခံရတာ အမှန်ပါဘဲ အဖေ ကောင်းရမှလည်းသားသင်္မီးတွေ အေးဆေးစွာ ကျောင်းပညာအစစအရာရာ အကုန် အေးဆေးစွာနေနိုင်မှာပါ အဖေသာအရက်သမားဖဲသမားဖြစ်ကြည့်ပါလား တော်စမ်းပါ အရက်သမားသမီး ဖဲသမားသမီးဆိုပြီး ပြောခံရမှာအမှန်ပါဘဲ တိုင်းပြည်အတွက် အေးချမ်းအောင်လုပ်ပေးခဲ့တဲ့အဖေ ဗိုလ်ချုပ်ကိုလည်းကျေးဇူးတင်သလို ။။။။စနိုးအဖေကိုလည်းဒီနေရာကနေကျေးဇူးတင်လျှက်ပါ စနိုးအဖေ ရှာဖွေ ကောင်းလို့ စနိုးတို့ ခုလိုအေးဆေးစွာနေနိုင်နေတာပါ ။။

    Reply

  • ko khin kha

    July 20, 2012 at 1:37 pm

    ကျေးဇူးဘဲစနိုးရေ။
    ကျွန်တော်နောက်ပိုစ့်ရေးဖို့ အတွေးလေးရလို့ပါ။

    Reply

  • Uncle Myo

    July 20, 2012 at 5:13 pm

    ကျွန်တော်ပြောခြင်တာကလဲ အဖေ့အကြောင်း။တချို့များအဖေမရှိတာကျနေတာဘဲ၊လောကမှာအမေ
    အကြောင်းကိုဘဲအမွှန်းတင်၊ဂုဏ်တင်ပြောနေကြတယ်၊အမေကိုဂုဏ်တင်လို့ပြောနေတာမဟုတ်ပါ။ကိုးလ
    လွယ်၊ဆယ်လဖွါး ခဲ့ရတာတွေ၊နို့ချိုတိုက်ကျွေးခဲ့ရတာတွေ၊ပြုစုစောင့်ရှောက်ခဲ့ရတာတွေ၊ထားခဲ့တဲ့စေတနာ
    မေတာတွေ မြင့်မိုရ်တောင်မကကျေးဇူးကြီးမား လှကြောင်းလူတိုင်းလက်ခံကြပါတယ်။သိပါတယ်။
    အမေ ကိုသာတစ်ဖက်သတ် ဂုဏ်တင် အဖေကိုမေ့နေကြသူတွေကို ပြောခြင်ပါတယ်၊ အဖေ့ကျေးဇူးတွေ
    ကိုလဲ မေ့ မနေကြပါနဲ့။အထူးသဖြင့် သားတစ်ရာ မြေးတစ်ထောင်ရနေပြီ ဖြစ်တဲ့ယောက်ကျားသားများ
    ဖခင်ဘဝ၊ အဖိုးဘဝ၊(ဖခင်တာဝန်၊အဖိုးတာဝန်၊အိမ်ထောင်ဦးစီးတာဝန်)ကိုသာနားလည်ခဲ့မယ်ဆိုရင်။
    ဖခင်များနေ့ ဆိုတာလဲကြီးကြီးကျယ်ကျယ် ခန်းခန်းနားနား ဖြစ်လာဦးမယ်ထင်ပါတယ်။မျှော်လဲ
    မျှော်လင့်ပါတယ်။ ဒီတော့ မျက်မမြင်ပုဏားတွေလို၊မျက်စေ့တဖက်ကန်းနေသူတွေလိုမဖြစ်ရအောင်
    ကျား၊ကျား၊မ၊မ၊ ကြီးငယ်မဟူ မျက်စေ့ စုံဖွင့်ကြည့်ကြပါတော့၊
    အားလုံးအားလုံး ဖခင်၊မိခင် နှစ်ပါးစလုံးရဲ့ဂုဏ်ကျေးဇူးကို နှလုံးသွင်းပူဇော်နိုင်ကြပါစေ

    Reply

Leave a Reply

Your email address will not be published.