၁၈၈၈ က Theisendammen ဆောက်လုပ်ရေးအလုပ်သမား တူပျော်ပျော် – Norway XI

KyaemonJuly 19, 20125min01

 

ဟုတ်ကဲ့၊ ၁၈၈၈ ခုနှစ် ကိုမှားပြီးရိုက်တာ မဟုတ်ပါ၊ 

၁၂၄ နှစ်တုန်းကဖြစ်ရပ်မှန်တွေပါ၊  

 


နော်ဝေနိုင်ငံ    Theisendammen, Trondheim ရပ် မြူနီစီပါယ် ရုံးရဲ့ မှတ်တမ်းဟောင်းများသိုလှောင်ခန်း  က 

ရှာရှာဖွေဖွေ ရယူတင်ဆက်လာတဲ့ မှတ်တမ်းဝင် ရှားပါးဓာတ်ပုံတွေပါ၊

 

သူများနိုင်ငံကသင်ခန်းစာတွေရယူနိုင်တာလဲ ရှိကောင်းရှိမှာပါ၊

 

ဟိုအချိန်က စက်ကရိယာပစ်စည်း ချို့တဲ့တာ ကို မညည်းမညူရဘဲ၊

ရှိတာလေး သံတူကြီးတွေကိုင်ဆောင်ကာ ကျောက်တုံးကြီးတွေကို

ပင်ပန်းကြီးစွာ ထုခွဲခဲ့ကြတာကိုမြင်ယောင်မိတာ၊

 

 

 ရေကာတာ တခုဖြစ်မြောက်လာအောင် ဝါယာမ စိုက်ထုတ်ပြီး   

ဇွဲနဘဲနဲ့လုပ်နိုင်ခဲ့တာ ကို ချီးကျူးတာပါ

 

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရမှာပါ

 

 

 

Workers building the Dam at Theisendammen (1888)

http://www.flickr.com/photos/trondheim_byarkiv/4773880876/

 

 

 

Theisendammen 1888 – a set on Flickr

http://www.flickr.com/photos/trondheim_byarkiv/sets/72157624323590419/detail/

စလိုက်ရှိုးကိုကြည့်ဘို့ link လင့်ခ ကိုနှိပ်ပါ

Slideshow

Theisendammen 1888

http://www.flickr.com/photos/trondheim_byarkiv/sets/72157624323590419/show/

 


 

 

One comment

  • ကြောင်ကြီး

    July 20, 2012 at 9:35 am

    ကြေးမုံဂျီး..အဲမှားလို့ တရုတ်ကြီးမွှေချက် သို့မဟုတ် တရုတ်ဖိအားကြောင့် အာဆီယံစိတ်ဝမ်းကွဲ
    ဒေသတွင်း တရုတ် အစိုးရ ဩဇာ ကြီးထွား လာနေတာကြောင့် တောင်တရုတ် ပင်လယ် အငြင်းပွားမှုမှာ အာဆီယံကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာစေပါတယ်။
    ဒေသတွင်းမှာ တရုတ်အစိုးရရဲ့ ဩဇာပိုပြီးကြီး ထွားလာနေ တာကြောင့် တောင်တရုတ် ပင်လယ်အတွင်း နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အရှေ့တောင် အာရှနိုင်ငံတွေက တစုတစည်း တည်းဖြေရှင်းဖို့ လုပ်ဆောင်နေ တာဟာ ပိုပြီးတော့ ရှုပ်ထွေးလာခဲ့တယ်လို့ အကဲခတ်တွေက ပြောလိုက်ပါတယ်။
    အရှေ့တောင်အာရှနိုင်ငံ ၁ဝ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ဟာ ပြီးခဲ့တဲ့တပတ်က ကမော္ဘဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒေသတွင်း အစည်း အဝေးမှာ ပူးတွဲကြေငြာချက်ထုတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါဟာ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပူးတွဲကြေငြာချက်ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပြီး နယ်မြေ အငြင်း ပွားမှုပြဿနာနဲ့ ပတ်သက်ပြီးတော့ သဘောထားတွေကွဲပြားနေတယ် ဆိုတာကို ပြသလိုက်ပါတယ်။
    အခုလို အဖွဲ့အတွင်းမှာ မညီမညွတ်ဖြစ်နေတာဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးဖိအားတွေနဲ့ အများစု သက်ဆိုင်နေပါတယ်။ တရုတ်နိုင်ငံဟာ သူတို့နဲ့ ပင်လယ်ရေပိုင်နက် နယ်နိမိတ်အငြင်းပွားနေတဲ့ နိုင်ငံ ၅ နိုင်ငံနဲ့ သာ သီးခြားဆွေးနွေးလိုပြီး အာဆီယံအဖွဲ့တခုလုံးနဲ့ ဆွေးနွေးလိုခြင်းမရှိပါဘူး။
    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီ ဂါဝါဟာ အရှေ့တောင်အာရှနိုင်ငံတွေကို အရေးပေါ် ခရီးထွက်နေပြီး သူ့အဆိုအရတော့ ဒီခရီးစဉ်ဟာ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး အာဆီ ယံနိုင်ငံတွေရဲ့ ညီညွတ်မှုကို ပြန်ပြီးတော့ ရရှိဖို့ဖြစ်တယ်လို့ ပြောပါတယ်။ ကမော္ဘဒီးယားနိုင်ငံမှာတော့ သူက တိုးတက်မှုတချို့ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။
    ဗွီအိုအေ (မြန်မာဌာန)

    Reply

Leave a Reply

Your email address will not be published.