ရုရှား သူလျှိုအဖြစ် ပြည်ပတွင် ဖမ်းဆီးထားသူ တစ်ဦး ပျောက်ဆုံးနေ

chitkayJuly 2, 20101min01

အမေရိကန် နိုင်ငံမှ အချက်အလက်များ ရယူပြီး ရုရှားသို့ ပို့ပေးရန် အတွက် ရုရှား သူလျှို အဖြစ် ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲ ဖမ်းဆီး ခံထားရသူ ဆယ့်တစ်ဦး အနက် ဆိုက်ပရပ်စ် နိုင်ငံတွင် ဖမ်းဆီး ရမိပြီး အာမခံဖြင့် ပြန်လွှတ်ထားသူ တစ်ဦး သည် ရဲစခန်းသို့ ပြန်လည် သတင်း ပို့ရမည့် အချိန်တွင် ရောက်မလာတော့ပဲ ပျောက်ခြင်း မလှ ပျောက်သွားခဲ့ သည်ဟု သိရသည်။ ယင်းမှာ အမေရိကန် ပြည်တွင်းတွင် ဖမ်းမိသူ ဆယ်ဦးနှင့် ပတ်သက် ဆက်နွယ်သော ကနေဒါ နိုင်ငံသား ခရစ် တိုဖာ ရောဘတ် မက်ဆို့စ် ဆိုသူ ဖြစ်သည်။ ယင်းကို အင်္ဂါနေ့က ဘူဒါပက် မြို့သို့ သွားမည့် လေယာဉ်ပေါ်သို့ အတက်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ သူသည်လန်နာကာမြို့တွင် လွန်ခဲ့သော နှစ်ပတ်ကတည်းက ဟော်တယ် တစ်ခု တွင် တစ်ဦးတည်း တည်းခိုလျက် ရှိပြီး ဖမ်းဆီး ရမိပြီးနောက် သူ့အား အမေရိကန်သို့ လွှဲပြောင်း ပေးအပ်ရန် အစီအစဉ် ရှိခဲ့သည်။ အသက် ၅၄-၅၅ ခန့် ရှိသော သူ့အား ဟော်တယ် ဝန်ထမ်းတို့က ဧည့်ကြို ကောင်တာတွင် နောက်ဆုံး တွေ့မြင် ခဲ့ပြီး ယင်းတွင် သူက ခရက်ဒစ်ကတ် သုံးလျက် နောက်ထပ် နှစ်ပတ်စာ ဟော်တယ်ခ ကြိုပေးခဲ့သည်။ သူသည် ကျန် ဆယ်ဦး နည်းတူ နှစ်ပေါင်းများစွာ သူလျှို လုပ်ခဲ့မှုဖြင့် စွပ်စွဲခံထားရသည်။ အာဏာပိုင်တို့ အဆိုအရ အမေရိကန် ပတ်စ်ပို့ ကိုင်ဆောင် ထားသည်ဟု ယူဆရသော မက်ဆို့စ်သည် နယူးယော့ခ်နှင့် အမေရိကန် မြောက်ပိုင်းရှိ ဗားမောင့် မြို့တို့ကို ဆက်သွယ်ပြီး သူလျှိုဂိုဏ်း အတွက် ရုရှား ထောက်လှမ်းရေးမှ ပေးသောငွေ အမြောက်အများကို လက်ခံပြီး အဖွဲ့ပိုင် ငွေအဖြစ် တာဝန်ယူ လုပ်ဆောင်ပေးခဲ့သူဟု ယူဆရသည်။ သူသည် အိမ်ထောင်ရှင် တစ်ဦးဖြစ်ပြီး သားဖြစ်သူမှာ ပဲရစ်စ်မြို့တွင် အခြေချ နေထိုင်နေသည်ဟု ယူဆရပါသည်။ ယခုအခါ မက်ဆို့စ်ကို ဖမ်းဝရမ်း ထုတ်ထားပြီ ဖြစ်ကြောင်း သိရှိရပါသည်။
Sources by: huffingtonpost.com

One comment

  • etone

    July 2, 2010 at 9:27 am

    အကြံကတော့ပိုင်တယ်ကွာ ။ မိထားတာလွတ်အောင်ပြေးနိုင်တယ် ။

    Reply

Leave a Reply

Your email address will not be published.