***အမေ့ရုပ်လွှာ***

maung khinminJuly 15, 20121min04

အမေ့ နှုတ်ခမ်း နှစ်လွှာ…..မဲ့နေလိုက် ပုံက
ကျွန်တော့်…အနာဂတ် ကို
အားအင် တွေသစ်စေခဲ့….

အမေ့ အရေပြားတွေ…တွန် ့ထပ်နေလိုက် ပုံက
ကျွန်တော့်….သံဝေဂဉာဏ် ကို
ရင့်သန်စေခဲ့…

အမေ့ နှလုံးခုန်နှုန်းတွေ….မြန်လွန်းလာတဲ့အခါ
ကျွန်တော့်…စိုးရိမ်ရေမှတ်ကို
ဒီရေတတ်စေခဲ့…

အမေ့ ဘုရားဝတ်ပြုသံ….ငြိမ်းချမ်းနေလိုက်ပုံက
ကျွန်တော့်…မိုက်မဲမှု ကို
အရေခွံ…ကွာကျစေခဲ့တယ်…အမေ

အမေ…ရယ်
ကျွန်တော်…ရယ်
အမေ့ …ခြံဝိုင်း လေးရယ်လေ..
ဘယ်တုန်းကမှ…
သူစိမ်းတွေ….မဟုတ်ခဲ့ကြပါဘူး…အမေရယ်..။။။

4 comments

  • မောင်ပေ

    July 16, 2012 at 12:46 am

    လူငယ်ဘဝရဲ့ နောက်ဆုံး
    အမေရှိရင် ငွေရှိတယ်

    Reply

  • ဘဲဥ

    July 16, 2012 at 9:19 am

    အမေချစ်သော သားဆိုးများသို့ ၊ ထို့ထက်ပို၍ အဝေးရောက်သားဆိုးများသို့ ၊ ထို့ထက်ပို၍ အမေချစ်သော အဝေးရောက်သားဆိုးများသို့ (အဟီးးး ကိုငှက်လေသံ နှင့်ပြောသည်)

    Reply

  • မမ အညာသူ

    July 16, 2012 at 9:20 am

    တကယ်ကောင်းတဲ့ကဗျာလေးပါ
    အမေရှိစဉ်ကအမေ့ကျေးဇူးကိုသိနားလည်နိုင်ကျပါစေ

    Reply

Leave a Reply

Your email address will not be published.