Hot ride နဲ့ ကျွန်မရဲ့ အတွေး

မနေ့က Channel 7 က Hot Ride ဆိုတဲ့ အစီအစဉ်တစ်ခုကို ကြည့်လိုက်ရတယ်။ ဘာအဓိပ္ပာယ်နဲ့ ပေးထားတာလည်း မသိပေမယ့် ကား showroom တစ်ခုက ကားတွေကို ရိုက်ပြထားတာပါ။

 

ထုံးစံအတိုင်း မော်ဒယ်တွေက sexy ပုံတွေပါပဲ။ တော်တော်လည်း စိတ်ပျက်မိသွားတယ်။ ကားကြော်ငြာတာနဲ့ sexy post နဲ့ ဘာဆိုင်သလဲပေါ့။ နိုင်ငံခြားက Car Show တွေကို တုပြီး လုပ်တာလား။ ယဉ်ကျေးမှုက တစ်ခြားစီပဲလေ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့နိုင်ငံမှာ ဒီလိုမျိုးကြီးတော့ မလုပ်သင့်ဘူးထင်ပါတယ်။ ကားနဲ့ sexy post နဲ့ လားလားမျှမသက်ဆိုင်ပါ။ ကားဝယ်တဲ့သူတွေကလည်း ကားကောင်းတာမကောင်းတာကို ကြည့်မှာလား။ ဒီမော်ဒယ်တွေကို ကြည့်မှာလား။ ကားဝယ်အောင်ဆွဲဆောင်တဲ့ နည်းလမ်းလား။ ကျွန်မ ဉာဏ်မမီဘူး ထင်ပါတယ်။ ဘယ်လိုမှ စဉ်းစားလို့ မရဘူး။

 

ကားကို မော်ဒယ်မိန်းကလေးတွေနဲ့ တွဲပြတာ လက်ခံပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံတွေကတော့ တော်တော်လေးကို လွန်လွန်းပါတယ်။ မြန်မာမိန်းကလေးတွေဖြစ်တာကြောင့် သူတို့ဝတ်ထားတဲ့ ကိုယ်လုံးအတိဆွဲသားအကျီတွေ၊ ပေါင်တိုစကပ်တွေ၊ လည်ဟိုက်အကျီတွေဟာ ဘယ်လိုမှ မဆင်မပြေပါဘူး။ ပိုဆိုးတာက သူတို့ရဲ့ မျက်နှာပေးတွေပါ။ အားလုံးခြုံကြည့်လိုက်ရင် သူတို့ရဲ့ အဆင့်အတန်းကို နှိမ့်ချထားသလိုပါပဲ။ ခပ်ရိုင်းရိုင်းပြောရရင် ကားဝယ်မယ့်သူကို မြူဆွယ်နေတာနဲ့ တူပါတယ်။

 

ကျွန်မအမြင်ပြောရရင် သူတို့ရဲ့ performance တွေကို အဆင့်အတန်းရှိစေချင်ပါတယ်။ မြန်မာဆန်ဆန်မဟုတ်တောင်မှ လုံလုံခြုံခြုံအဝတ်အစားနဲ့ ကိုယ်ပိုင်ကားကိုစီးမယ့် ဝင့်ဝင့်ထည်ထည်ပို့စ်လေးတွေနဲ့ ဖြစ်စေချင်ပါတယ်။ ဘယ်သူ့အိုင်ဒီယာကြောင့် ဒီလိုမျိုးတွေ လုပ်နေလဲ မသိပေမယ့် အဆင့်အတန်းရှိရှိမိန်းကလေးတွေအဖြစ် car show တွေမှာ မြင်ချင်ပါတယ်။

 

ဒါ ကျွန်မရဲ့ မမီတမီဉာဏ်လေးနဲ့ တွေးမိတာလေးပါ။ အားလုံးက ဝေဖန်ဆွေးနွေးပေးစေချင်ပါတယ်။

 

ခင်မင်လျက်…

မွန်မွန်

10 comments

  • နေဝန်းနီ

    July 14, 2012 at 6:42 pm

    ဘာပြောရမှန်းမသိလို့ လက်မ ထောင်သွားခဲ့တယ်… ညီမလေးရေ…………

    Reply

    • မောင်ပေ

      July 14, 2012 at 8:31 pm

      ကြည့်လို ့တော့ ကောင်းမှာပါ ဘိုးဘိုးလူပျို နီ ရေ
      မွန်လေးရေ
      ဖရဲသီး ပြောဒလိုပါဘဲ
      ခေတ်ရေစီးကြောင်း
      ခေတ်ရေစီးကြောင်းတဲ့

      Reply

  • နွေဦး

    July 14, 2012 at 8:13 pm

    အဲဒီchannel 7 ကလူတွေကို ယဉ်ကျေးလိမ္မာ သင်တန်းပို့ပါဗျို့

    Reply

  • TTNU

    July 14, 2012 at 11:43 pm

    မွန်မွန်ရေ…
    တီချာလည်းဒီအတိုင်းတွေးဖူးတယ်။
    ကားကြော်ငြာတာမှာဒီကလေးမတွေနဲ့ ။
    မျက်လုံးထဲ အဆင်မပြေလိုက်တာလို့။
    ခေတ်ရေစီးကြောင်းဆိုတဲ့ ကလေးတွေအမြင်မှာတော့
    တီချာတို့က ခေတ်နောက်ပြန်ဆွဲဖြစ်နေမလားပဲ။

    Reply

  • ahnyartamar

    July 14, 2012 at 11:47 pm

    တော်သေးတာပေါ့ horse ride မဟုတ်လို့။

    Reply

  • surmi

    July 15, 2012 at 9:24 am

    သဂျီးသင်ပေးထားတဲ ့အတိုင်း ဘယ်သူနဲ ့မှမတူအောင် ပွားကြည် ့မယ်
    မော်ဒယ်အေဂျင်စီက သူတို ့မော်ဒယ်တွေကို ပြချင်တာလဲ ဖြစ်နိ်ုင်ပါတယ်
    ငါတို ့ဆီမှာ ဒါလေးတွေရှိတယ်ပေါ ့ စိတ်ဝင်စားရင်ဘာညာပေါ ့

    Reply

  • ကြောင်ကြီး

    July 16, 2012 at 6:17 am

    ကားမော်လ်ဒယ် သဘာဝကိုက sexyဖြစ်အောင် လုပ်ပြ ဝတ်ပြရတယ်။ အဲဒီမှာ ကိုယ်ဟန်ပြမယ်များရဲ့ အချိုးအစား၊ အဝတ်အစား၊ ကိုယ်ဟန်အနေအထား အရေးအကြီးဆုံးက ပါစင်နယ်လီတီဆိုတဲ့ ကိုယ်ရည်ကိုယ်သွေး..အဲဒီနောက်ဆုံးအချက်က တော်ရုံလူ လုပ်နိုင်ခဲတယ်။ လေ့ကျင့်ပျိုးထောင်ပေးရတယ်၊ အလားအလာရှိသူများ ရှာဖွေဖော်ထုတ်ထားမှ ရတယ်။ အခုတော့ များသောအားဖြင့် ကိုယ်လုံးပြစားနေတာများတယ်။ sexy outlook ဖြစ်ပေမဲ့ တွဲဖက်ပြထားတဲ့ မော်တော်ကားလို တန်ဖိုးကြီးအရာအဖြစ် ကြည့်သူအမြင် ခံစားမှုဖြစ်ရမယ်။ နို့မို့ရင် ကားလည်းသိက္ခာကျ လူလည်းတန်ဖိုးမဲ့ မော်ဒယ်လ်အေဂျင်စီလည်း နာမည်ပျက်တယ်။ အဲဒါတွေဖြစ် ဆက်တွေးဗျံတော့ ကားကုမ္မဏီဖက်ကလည်း တန်ရာတန်ဂျေး ပေးတတ်အုံးမှ၊ မော်လ်ဒယ်တွေရဲ့ သရုပ်ဆောင်မှုအပေါ် တန်ဖိုးထားတတ်အုံးမှ၊ အဲလိုဆက်ပြန်တော့ စီးပွားရေးစနစ်ပုံစံကိုက သူ့ဟာနဲ့သူ ဟန်ပန်တကျ ရှိမှဖြစ်မယ်။

    Reply

  • မွန်မွန်

    July 17, 2012 at 1:23 pm

    ကွန်မန့်ပေးကြတဲ့ ဖရဲ၊ ဦးနီ၊ ကပေ၊ သားဦး…၊ ကိုနွေဦး၊ တီချာနု၊ အညာတမာ၊ ကိုဆာမိနဲ့ ကြောင်ကြီးတို့ကို ကျေးဇူးတင်ပါတယ်။

    မွန်မွန်လည်း ခေတ်လူငယ်တစ်ယောက်အနေနဲ့ ခေတ်ကို လက်ခံနိုင်ပါတယ်။ နိုင်ငံခြားက အရပ်ရှည်ရှည်၊ အချိုးအစားကျကျနဲ့ မော်ဒယ်တွေရဲ့ ပို့စ်တွေက တကယ်ကိုလှပါတယ်။ ပေါင်တံသွယ်သွယ်၊ ဗိုက်ချပ်ချပ်နဲ့ သူတို့ရဲ့ ဝတ်စားပုံတွေကိုလည်း သဘောကျပါတယ်။

    ဒါပေမယ့် မြန်မာမိန်းကလေးတွေအနေနဲ့၊ မြန်မာ့ယဉ်ကျေးမှုအနေနဲ့ ဒါတွေကို လိုက်တုလို်က်တဲ့အခါမှာတော့ ရှက်စရာကောင်းတဲ့ ပုံစံတွေ ဖြစ်လာကြပါတယ်။ မြန်မာတွေက တီထွင်နိုင်စွမ်းရှိကြပါတယ်။ နိုင်ငံခြားလိုမျိုး ကားကို မော်ဒယ်နဲ့တွဲပြတာ လုပ်သင့်ပါတယ်။ ဒါပေမယ့် အဲဒါကို မြန်မာ့ယဉ်ကျေးမှု မထိခိုက်အောင် မလုပ်နိုင်တာကတော့ ညံ့တယ်လို့ ပြောချင်ပါတယ်။

    မွန်မွန်သာ ကားကုမ္ပဏီထောင်နိုင်ရင် အကုန်လုံးကို မြန်မာအကျီပဲ ဝတ်ခိုင်းမယ်… 😛

    Reply

Leave a Reply

Your email address will not be published.