အမြင်မတူ

snow whiteJuly 13, 20121min011

မိုးရွာလည်း   လွမ်းတယ်
နေပူလည်း    လွမ်းတယ်
သစ်ရွက် လှုပ်တာ တောင်   လွမ်းတယ်
အလွမ်းတွေ  ရင်မှာပြည့်
နင့်ကို ငါ အရမ်းလွမ်းနေတယ် ချစ်သူ
မတွေ့တာကြာပေမယ့်
နင်မျက်နှာကိုငါသေသည်ထိ  မှတ်မိနေတယ် ချစ်သူ
နင့်အသံ မကြားရပေမယ့်လည်း
င့ါနားထဲမှာ နင်ဆုံးမသံ  အမြဲကြားနေတယ်  ချစ်သူ
ငါ့တို့ အချစ်ရပ်ဆဲ  သွားပေမယ့်လည်း
နင့်ရဲ့မျက်နှာ  နင့်ရဲ့အသံ
နင်နဲ့ ပတ်သက်ခဲ့သမျှ အရာအားလုံး   မှတ်မိနေတယ်  ချစ်သူ။။

မသိစိတ်က    ချစ်မိသွားတာ
ငါ့ရင်ထဲမှာ    နင်ဆိုတဲ့နာမည်တောင်
မကြားချင်လောက်အောင်မုန်းတယ်
နင်ကိုချစ်မိတာ      ငါ့ကိုငါမှားတယ်လို့ထင်မိတယ်   ချစ်သူ
လွမ်းဖို့နေနေသာသာ    ငါအလုပ်နဲ့ငါတောင် မအားဘူး
နင့်မျက်နှာမှတ်မိဖို့နေနေသာသာ     နောက်ကောင်မလေး
မျက်နှာတောင်မနည်းမှတ်မိအောင်လုပ်နေရတယ်    ချစ်သူ
နင်ရဲ့အသံဆို မကြားချင်လို့     နင်နားတောင်လာလို့လားချစ်သူ
နင်နဲ့ပတ်သက်သမျှ တစ်ခုတစ်လေ တောင်မကျန်အောင်
ဆက်မပြောတော့ဘူး    နင် ကိုသနားလို        ချစ်လို့တော့မထင်နဲ့နော် ချစ်သူ

11 comments

  • may flowers

    July 13, 2012 at 9:43 pm

    “ ချစ်လို့တော့မထင်နဲ့နော် ချစ်သူ” မချစ်ပဲနဲ့ ဘာလို့ချစ်သူလို့ခေါ်တာလည်းဟင်။

    ဟိ…စတာနော် ကိုယ့်ညီမလေးမို့ ခင်လို့စတာ စိတ်မဆိုးနဲ့။

    Reply

    • snow white

      July 14, 2012 at 9:33 am

      မိန်းကလေးဘက် ကနေရေးချင်တာ မိန်းကလေးဘက်ကို သာအားပေး ယောကျင်္ားလေးဘက် ကအဲ့လိုတွေးနေလိမ့်မယ်လို့ထင်လို့ ချစ်သူဆိုတာ က စကြိုက်ထဲကနာမည်မခေါ်ကျဘူးလေ ချစ်သူလို့ဘဲခေါ်နေတာ ဆိုတော့ ဟီးးမပြောပြတက်တော့ဘူး မမမေ အားပေးတာကျေးဇူးတင်တယ်ရှင့် ရွာသူရွာသားအပေါင်းကိုခင်မင်လျှက်စနိုး။။

      Reply

  • ဇောက် ထိုး

    July 13, 2012 at 9:52 pm

    အတော်စိတ်နာနေတာပါလားကွယ်…လူနာတာကို ကုတဲ့ဆရာတွေပေါပေမယ့် စိတ်နာတာကိုကုတဲ့ဆရာဝန်ရှားတယ်နော်..
    လူနာချင်နာပါစေ..စိတ်တော့ မနာပါနဲ့ကွယ်…

    Reply

  • mamanoyar

    July 14, 2012 at 10:13 am

    အချစ်ကြီးလို့ အမုန်းကြီးမုန်းသွားတာလား စနိုးရယ်

    Reply

  • မမ အညာသူ

    July 14, 2012 at 10:20 am

    အချစ်ကြီးရင် အမုန်းကြီးတက်တယ်
    ဘာပဲဖြစ်ဖြစ်လွမ်းတာရှိရင်နာတာလေးနှင့်ဖြေသိမ့်ရမယ်လေ
    အရမ်းကောင်းပါတယ်

    Reply

  • Khaing Khaing

    July 14, 2012 at 10:56 am

    ချစ်ပြီးမှ အဲလိုမလုပ်ရဘူးလေ …… ဒါဆိုလည်း နောက်တစ်ယောက်ပြောင်းချစ်တော့ စနိုးလေးရေ …….

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 14, 2012 at 11:57 am

    မသိစိတ်က ချစ်မိသွားတာ
    ငါ့ရင်ထဲမှာ နင်ဆိုတဲ့နာမည်တောင်
    မကြားချင်လောက်အောင်မုန်းတယ်..
    ဆက်မပြောတော့ဘူး…
    နင် ကိုသနားလို….
    ချစ်လို့တော့မထင်နဲ့နော်….
    —————————-
    သူတို့ပြောခဲ့ဖူးတဲ့ ချစ်တယ်ဆိုတာ..
    ပါးစပ်ဖျားမှာပဲ ရှိခဲ့တာ…
    တာဝန်တစ်ခုအနေနဲ့ထမ်းပိုးပြီး…
    ချစ်တယ်ဆိုတာ လွယ်နေခဲ့တာ…
    သူပြောခဲ့ဖူးတဲ့ ချစ်တယ်ဆိုတာ…
    ပေါ့ပေါ့ပျက်ပျက် နားဆင်ခဲ့တာ…
    နောက်ဆုံးကျတော့ ငါပဲမှားတာ…
    ——————————-
    စနိုးလေး အရမ်းကောင်းပါတယ်…
    အားပေးနေမယ်နော်….
    ခင်တဲ့…မိုက်လေး….။။။။။။။။။။။

    Reply

  • တေလေ

    July 14, 2012 at 7:31 pm

    သနားတာလဲ ချစ်ခြင်းတမျိုးပါ
    အားပါး
    အချစ်အကြောင်းပြောနေကြတော့
    ချစ်စိတ်က တဖန် နိုးကြားလာသလိုလိုဗြဲ ။

    Reply

Leave a Reply

Your email address will not be published.