***…မေးခွန်းများ…***

maung khinminJuly 10, 20124min06

ကိုယ့်စိတ် ကိုယ် စစ်

ဘာဖြစ် သင့်လဲ…

ဖြစ်နေ တာကော

သဘော ပေါက် သလား…

ကမ္ဘာ ကရော…လေးစားရဲ့လား

ဗမာ ကိုရော…

အသိအမှတ် ပြု သလားးးးး

ဘာသာ ကိုရော…..

လေးစား ဘူးရဲ့ လားးးး

လားးးးလားးးးးလားးးးလားးးး

လားပေါင်း များစွာ….

အမှား ပေါင်းများစွာ

ရှင်သန် ခြင်း ဟာ…

ဘယ်လို ပါလိမ့်….၊

 

စင်္ကြာဝဠာ ဆီ…မောင်းနှင် နေကြပြီ

ခေါင်းမော့ ပါးစပ် မှင်သက် …

နေလိုက် ကြယုံ ပါ့

ပါစက အရေးနဲ ့…နပမ်းသတ်

ခေတ်ကို နောက်ပြန်ဆွဲ..

တစ်ယောက် လည်ပင်း

တစ်ယောက်ညှစ် ရင်း…

အရိုးတွေ ဘဲ…ရင့်လာခဲ့ ကြတယ်….၊

 

ဖယောင်းတိုင် မီးတွေ ထွန်းညှိရင်း..

ချောင်းကြို မြောင်းကြား..

ဖားရိုက်…ငါးနှိုက်

အမေ ရယ်…သားတို ့ခုအရွယ် ထိ….အရိုက်ခံ နေရတုန်းပါ…၊

 

ကြိုးတန်းလန်း နဲ ့…

ငှက်တွေ လည်း…လှောင်ချိုင့် နံ ့နဲ ့..

မကင်းသေးးးးး

ဘဝ ဆိုတာ…လုံခြုံစိတ်ချ မှု

မရှိ တဲ့  ဌါ နေလား….အမေရယ်…၊

 

ရေခြားမြေ ခြား က….

ငှက်တွေ ရေ….

အဝေးကနေဘဲ…လွမ်းနေ လိုက်ကြပါ

မုန်တိုင်း စဲရင်….

လေညှင်း က ဖိတ်စာ ကမ်းပါလိမ့် မယ်…..၊

 

ဂ ငယ် ကွေ ့ ကွေ ့လိုက်တာ နဲ ့..

နှစ်ထောင့်ရှစ် ဆိုတဲ့  ရွာ…

အဲဒီမှာ….ကဗျာ ရေးလို ့မရဘူးးးး

စီတန်း လို ့မရဘူးးးး

ရင်ဖွင့် လို ့မရဘူးးးး

သားစား ကြူးတဲ့..ဘီလူးတွေ

တည်ခဲ့ တဲ့ ..ရွာလေ….

အိပ်မက် ပန်း တွေလန်းဖို ့

နေရာ မရှိဘူး…

ရူးသွား နိုင် လောက်တယ်…၊

 

ကိုယ့်စိတ် ကိုယ်..

ပြန်စစ် ဖို ့တော့  လိုပြီ

ညီညာမှ…ပြည်သာတယ်တဲ့..

ကဲ……………

ဘယ့်နှယ့် သဘော ရသလဲ…?/။။

 


6 comments

  • mamanoyar

    July 10, 2012 at 10:42 am

    အားပေးသွားပြန်ပါပြီရှင်

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 10, 2012 at 11:22 am

    လားးးးးးးးးပေါင်းများစွာနဲ့..
    လိုက်လို့မမှီနိုင်ပါဘူးတဲ့…
    ဖတ်ရုံပဲဖတ်လို့…
    အားပေးသွားပါတယ်….။

    Reply

  • မောင်ပေ

    July 10, 2012 at 12:24 pm

    လောလောဆယ်တော့
    ဆြာခင်မင် ရဲ ့ကဗျာကိုဖတ်ပြီး
    ဘယ်လိုမှ သဘောမရသေးကြောင်း
    ကွန်မင့်ခဲ့ပါတယ်ဗျား

    Reply

    • maung khinmin

      July 10, 2012 at 4:42 pm

      ဟုတ်တယ်ဆြာပေရေ….
      ကျုပ်လည်း..ဘယ်လိုမှသဘောမရသေးလို ့ဒီကဗျာ
      ရေးမိတာပါပဲ…
      ရင်ဘတ်ချင်း ထပ်တူကျသွားတယ်ဗျာ

      Reply

  • တောသားလေး

    July 10, 2012 at 12:43 pm

    ကျွန်တော်လည်းဖက်သွားပါတယ်နော်
    ကောင်းတော့လည်းကောင်းပါတယ်ဒါပေမဲ့ကြိုက်တယ်ဗျား……
    နောက်ထပ်များတင်ပေးပါနော်

    Reply

  • သံယောဇဉ်ညီညီ

    July 10, 2012 at 3:32 pm

    ကျွန်တော်လဲကြိုက်တယ်ဗျာ
    များများတင်ပေးပါနော်

    Reply

Leave a Reply

Your email address will not be published.