“အကြင်နာသို့”

ည…..

တိတ်ဆိတ်နေသည်

ကြယ်စုံ၍ လသာသည်

ထိုကြောင့် ကျွန်တော်အကြင်နာကို

အရမ်းလွမ်းမိသည်။

နံရံပေါ်မှ အိမ်မြောင်တစ်ကောင်၏

စုပ်သပ်သံကြားရသည်။

ကျွန်တော် ဝေဒနာကို သနား၍ဖြစ်မည်။

အဝေးမှ သူ့ရယ်သံကိုကြားရသည်

ဓါတ်ပုံထဲမှ အကြင်နာက

ကျွန်တော်ကို ပြုံးပြသည်။

ကျွန်တော် နှလုံးသွေးများ လျင်မြန်စွာလည်ပတ်၍

ရင်ခုန်နှုန်းများ မြင့်တက်လာသည်။

စားပွဲပေါ်မှ စက္ကူဘူးကိုဖွင့်လိုက်သည်

ကျွန်တော်ရူးသွပ်မြတ်နိုးစွာ သိမ်းဆည်းထားသော

သူသုံးပြီးသား Tissue များထွက်လာသည်။

ထိုအခါ သူ၏ကိုယ်သင်းနံအချို့ကိုရလိုက်၏

ဤအချိန်တွင် အကြင်နာကို

ပို၍လွမ်းမိပြန်သည်။

ကံကြမ္မာက

အကြင်နာနှင့် ကျွန်တော်ကို

ဝေးကွာစေခဲ့သည်။

ကျွန်တော်တို့ချစ်လျက်နှင့် ဝေးခဲ့ရ၏။

သို့သော် ဝေးလျက်နှင့်ပင်

ကျွန်တော် အကြင်နာကို ချစ်နေသေးသည်။

မြားနတ်မောင်သည်

ဘယ်ဆီတွင် နေမှန်းကျွန်တော်မသိ၍

မဆက်သွယ်ခဲ့ပါ။

အပိုလို၏ အချစ်ကို

ဒါဖနိကရှောင်ပယ်ခဲ့၍

ဩဂုတ်လမွေးဖွားသူ(သိဟ်ရာသီဖွား)တို့

အချစ်ကံခေကြသည်တဲ့။

မည်သို့ပင်ဖြစ်စေ

ကျွန်တော်အကြင်နာကို အရမ်းချစ်၏။

အကြင်နာသည်  ဒါဖနိလို

ရက်စက်လိမ့်မည်ဟု

လုံးဝမထင်မိပါ

ထို့ကြောင့်

ကျွန်တော် မြတ်နိုးစွာချစ်မိခဲ့ပါသည်။

ထို့ကြောင့် ……………………………………..

ထို့ကြောင့် ……………………………………..

ထို့ကြောင့် ……………………………………..

……………………………………………………

…………………………………………..

………………………………………

………………………………..

……………………………..

………………………..

……………………..။

 

12 comments

  • mamanoyar

    July 6, 2012 at 1:37 pm

    ထို့ကြောင့် …………………
    ထို့ကြောင့်…………………..
    ကဗျာလေးကို ဖတ်ကြည့်ပြီး အကြင်နာကို သနားလို့
    တစ်ဆယ်ယူသွားပါကြောင်းးးးးးးးးး

    Reply

  • ခေတ် လုလင်

    July 6, 2012 at 2:05 pm

    ကျေးဇူးပါ မမ

    Reply

  • ဇောက် ထိုး

    July 6, 2012 at 3:05 pm

    မြားနတ်မောင် လျှောက်လည်နေလို့ ဒီလိုဖြစ်ရတာ.. မြျားနတ်မောင်ကို ဆန္ဒပြမယ်..
    သူသုံးပြီးသားတွေတော့ မသုံးပါနဲ့တော့ဗျာ… သူ့ကိုယ်သင်းနံ့က ဘာနံ့ဖြစ်မလဲ…မှန်း……

    ဒါပြောတာဗျ… ပုထုဇဉ်ဆိုတာ..

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    July 6, 2012 at 3:32 pm

    ချစ်လျက်နဲ့လည်း…
    ဝေးခဲ့ ပြီးပြီ……..
    ရက်စက်သော်လည်း…
    မြတ်နိုးစွာ ချစ်ခဲ့ဖူးပြီ…
    ထို့ကြောင့်……
    ထို့ကြောင့်……
    ဆက်ရန်မရှိပြီ……။။။။

    Reply

  • maung khinmin

    July 6, 2012 at 5:29 pm

    အချစ်ကြောင့်ပါလားနော်…ထို ့ကြောင့်တွေဖြစ်ဖြစ်သွားတာ

    Reply

  • aye.kk

    July 6, 2012 at 8:00 pm

    အကြင်နာ…
    ရင်မှာ…
    ချစ်တာ…
    နှစ်တရာ…
    မေတ္တာ…
    သစ္စာ…
    ထိုကြောင့်…သာ။

    Reply

  • မောင်ပေ

    July 6, 2012 at 9:08 pm

    ကိုခေတ်လုလင်ရေ
    ဩဂုတ်လ ရဲ ့လဝက်ကျော်နောက်ပိုင်းမွေးတဲ့လူတွေဟာ ကန်ရာသီvirgo ၊ အချစ်နဲ ့ပတ်သက်ရင် တော်တော်ကံကောင်းတဲ့လူ တွေလဲ ပါတယ်နော
    အားပေးသွားပါတယ်။

    Reply

  • snow white

    July 7, 2012 at 10:51 am

    ခံစားသွားပါတယ် ဖတ်လို့လည်းကောင်းပါတယ် တကယ့်ကိုခံစားလို့ရပါတယ် မြားနတ်မောင်လည်း အလည်လွန်နေတာနေလိမ့်မယ် လုလင်လှည့်မရောက်သေးလို့နေပါလိမ့်မယ် …..

    Reply

  • si tone

    August 11, 2012 at 4:47 pm

    wowwwwwwwwwwwwwwwwwwwww ! ကဗျာက တကယ်ကို ခံစားချက်ပါတယ်နဲ့ တူတယ်….
    တကယ်ကို ဖတ်လိုကောင်းပါတယ်….. တကယ်ကိုကောင်းပါတယ်

    Reply

  • metallic

    August 11, 2012 at 8:30 pm

    အကြင်နာ ရီဝေတဲ့အပြုံးလေးများကြားမှာ
    ယစ်မူးရင်းနဲ့သာ
    အကြင်နာတယောက်ထဲရင်မှာချစ်နေမယ်
    မပိုင်ဆိုင်ရမှန်းသိထားလည်း
    အို…. ချစ်တယ်။

    Reply

  • maung khinmin

    August 11, 2012 at 9:25 pm

    ထို ့ကြောင့် ……
    ကျွန်တော်သည် ….
    ကျွန်တော် သာဖြစ်ခဲ့သည်

    Reply

Leave a Reply

Your email address will not be published.