***…စိတ်မှောက်ခြင်း…***

maung khinminJuly 4, 20121min05

ခဏ ခဏ  ကျပျောက်တတ်တဲ့….ကိုယ်ကျင့်

အသိခေါက်ခက်…အဝင်နက်လို ့…

မချစ်မှစ်သက်တော့တဲ့…အတိတ်ခါးကို

စဉ်းစားမိတိုင်း…

စိတ်သွားတိုင်း….ကိုယ်မပါတော့….၊

 

အဲလိုနဲ ့….

ခြစားနေတဲ့..အိမ်ထဲ

လိမ်ဖယ် လိမ်ဖယ်နဲ ့…

ငါ့မျက်လုံးတွေ…တိမ်ကွယ်ခဲ့တာ  ပ….၊

 

စိန်မခေါ် ရဲဘူး..

အလိမ်  ပေါ်မှာ စိုးတယ်

ရှေ့ဆက်ပြီး…အစာအိမ် ကို

ရွှေရည်စိမ်…အတုတွေနဲ ့လည်း…

မထုံ မွှမ်းချင်တော့….

ကိုယ့်အညစ်အကြေး  ကိုယ်ပြန်စစ်ဆေးပြီး..

ငါ……သူတို ့နဲ ့

တဖြည်းဖြည်း…..ဝေးပစ်လိုက်တယ်…..၊

 

တွေးလိုက်တိုင်း…..

ရင့်မှည့်လွယ်လွန်းစွာနဲ ့…ကိုယ့်နောင်တ ကိုယ်

ပြန်ပြန် မြိုချ နေမိတယ်…

ထာဝရ မဟုတ်တဲ့….ဈာပန ပွဲတွေကနေ

သံဝေဂ ကို….ထမ်းခေါ်ခဲ့ဘူးတယ်….

လမ်းပေါ်က ဘဝဆက်ထုံး တွေကို

ပလက်ဖောင်း…ခေါင်းအုံးရင်း

ရိုးသားခြင်းကို ထောင်ဖမ်း ရဦးမယ်လေ…၊

 

မှောင်နေ ခဲ့ဘူးတယ်….

သန်းခေါင် ထက်နက်တဲ့…ညတွေထဲ

ယောင်နေခဲ ့ ဘူးတယ်…

စုတ်ပြတ် နေတဲ့..ဒဏ်ရာများစွာ နဲ ့….

သူမတူအောင်  ချျွန်ထွက်မလာဘဲ…

နွံ မှာနစ်မြဲ…

တစ်ကယ်ဆို…..ငါ ဟာ

ငါအစစ် မှ….ဟုတ်ပါရဲ့လားလို ့…

သံသယ ထောင်ထဲ…ငါ့ကိုယ် ငါ

စွဲချက်တင် ပြီး….

ငါ့ ကိုယ် ငါ   ဘဲ..

အမိန် ့ချ လိုက် တယ်..။။။

5 comments

  • mamanoyar

    July 4, 2012 at 12:02 pm

    ဘာအမိန့်ချလိုက်တာလဲဟင်………………

    Reply

    • maung khinmin

      July 4, 2012 at 12:23 pm

      မပြောပြဘူး

      Reply

  • မောင်ပေ

    July 4, 2012 at 1:30 pm

    ဆြာခင်ရဲ ့ကဗျာကို ဖတ်အပြီးမှာ…
    ကိုငှက်ရဲ ့သီချင်းစာသားလေးကို ဆိုခဲ့ပါတယ်ဗျား
    “ ဒါဟာ..ငါ မဟုတ်ဘူး… ဒါဟာ..ငါ့အရိပ်တွေ ”
    (အမှန်က တစ်ပုဒ်လုံးမရလို ့…. ဟီဟိ)

    Reply

  • ဝမ်းတွင်းရူး

    July 4, 2012 at 3:00 pm

    စိန်မခေါ် ရဲဘူး..
    အလိမ်  ပေါ်မှာ စိုးတယ်
    ရှေ့ဆက်ပြီး…အစာအိမ် ကို
    ရွှေရည်စိမ်…အတုတွေနဲ ့လည်း…
    မထုံ မွှမ်းချင်တော့….
    ကိုယ့်အညစ်အကြေး  ကိုယ်ပြန်စစ်ဆေးပြီး..
    ငါ……သူတို ့နဲ ့
    တဖြည်းဖြည်း…..ဝေးပစ်လိုက်တယ်…..၊
    ——-
    ရွှေရည်စိမ် အတုဆိုတာက အရက်ကိုပြောတာလားဗျာ။
    ဝီစကီပေါ့နော်။

    Reply

  • Wow

    July 4, 2012 at 3:35 pm

    ကိုယ့်ကိုကိုယ် သေစားသေစေ အမိန့်မချခင် တစ်ဝကြီး ရိုးသားလိုက်စမ်းဘာာာာာ……
    ရိုးသားလို့သေတဲ့မသာ မကြားဘူးဘူး….
    ဟီဟိ… ထင်ရာမြင်ရာ ဝင်ပြောသွားပါသီ…

    Reply

Leave a Reply

Your email address will not be published.