ချစ်သူရယ်….
အချစ်မှာဂတိတွေမလိုဘူး..
သဘောတူညီချက်တွေမလိုဘူး..
တောင်းဆိုမှုတွေမလိုဘူး..
အချစ်မှာ..
လူနှစ်ယောက်ပဲလိုတယ်..
နားလည်မှုပေးနိုင်သူတစ်ယောက်နဲ့
ယုံကြည့်မှုပေးနိုင်သူတစ်ယောက်ပါ...
တို့အနေနဲ့ ချစ်သူကို နားလည်မှုပေးနိုင်ပါတယ်..
ချစ်သူကသာ တို့ကို ယုံကြည်မှုပြန်ပေးပါ..
တို့နှစ်ဦးမဆုံနိုင်စရာမရှိပါဘူး......
ရဲရဲသာလှမ်းလာခဲ့ပါ..
မင်းအတွက်နွေးထွေးတဲ့ ရင်ခွင်တစ်စုံက
ခိုနားဖို့အသင့်ပါ......ချစ်သူရယ်...။
ချစ်သူ...
မုန်းလို့ဝေးကွာသွားတာမဟုတ်ပါဘူး..
ကံကြမ္မာကတို့နှစ်ဦးကို
ပေါင်းစည်းခွင့်အပေးခဲ့တာပါ...
ရက်စက်တက်တဲ့ကံကြမ္မာကြောင့်
မင်းနဲ့ဝေးရပေမဲ့
ကိုယ်ရင်ထဲ့က နေရာလေးတစ်ခုကိုတော့
မင်းကစိုးမိုးထားဆဲပါချစ်သူရယ်..
မင်းရောပြောင်းလဲသွားပြီလား.?
မင်းပြောင်းလဲသွားရင်တော့
ကိုယ်ဘာလုပ်လို့ရမှာလဲ...ဖြစ်လာသမျှကို
ခံနိုင်ရည်ရှိအောင်တော့ နေနိုင်ရတော့မှာပေါ့.......
ဒါပေမဲ့.........
ရင်ထဲမှာတော့
ဒဏ်ရာတွေပြည့်နေတယ်ဆိုတာ
မင်းသိရင်ကျေနပ်ပါတယ်....
ချစ်ရသူရယ်............။..။
တကယ်လို့သာ
တောင်းဆုတစ်ခုပြည့်ခဲ့မယ်ဆိုရင်
ချစ်သူနဲ့တူတူ ဟန်ဆောင်ခြင်းကင်းတဲ့
ချစ်ခြင်းတွေကိုတူတူမျှဝေခံစားချင်တယ်......။
Post Views: 0
8 comments
mamanoyar
July 2, 2012 at 4:19 pm
အားပေးသွားပါတယ်ရှင်
ပန်း ချစ်သူ
July 2, 2012 at 4:38 pm
နောက်တာလား
ဝမ်းတွင်းရူး
July 2, 2012 at 5:51 pm
ချစ်ရသူရယ်…………။..။
တကယ်လို့သာ
တောင်းဆုတစ်ခုပြည့်ခဲ့မယ်ဆိုရင်
ချစ်သူနဲ့တူတူ ဟန်ဆောင်ခြင်းကင်းတဲ့
ချစ်ခြင်းတွေကိုတူတူမျှဝေခံစားချင်တယ်……။
မွန်မွန်
July 2, 2012 at 5:57 pm
ချစ်သူ…
နေရာဆိုတာ ပေးမှ ရတဲ့အရာပါ…
နင်က နေရာမပေးခဲ့မှတော့
ရှောင်ထွက်သွားတဲ့ ငါက အရှုံးသမားပေါ့…
lin naing
July 2, 2012 at 7:23 pm
အရမ်းကောင်းတယ်ဗျာ
နောက်လဲ များများတင်အုံးနော်
အရမ်းထိတယ်………….ဟဲဟဲ
ခင်မင်လေးစားလျှက်
ရဲစည်
July 2, 2012 at 8:37 pm
အော် အချစ်စစ် အချစ်မှန် အကြောင်းကို ချစ်သူချင်း ချစ်သင်္ကေတတွေနဲ့ ပြောကြတာ
ငါ့လို နလပိန်းတုံးက ဘယ်လိုမှ မမြင်ရဘူး သနားထှာ.. 🙂
မောင်ပေ
July 2, 2012 at 9:03 pm
ချစ်သူရယ်
အာဘွားလေးပေးပါကွယ်
နမ်းမယ်
နမ်းမယ် ။
ခပ်မိုက်မိုက် ကောင်မလေး
July 3, 2012 at 12:51 pm
မင်းရောပြောင်းလဲသွားပြီလား.?
မင်းပြောင်းလဲသွားရင်တော့
ကိုယ်ဘာလုပ်လို့ရမှာလဲ…ဖြစ်လာသမျှကို
ခံနိုင်ရည်ရှိအောင်တော့ နေနိုင်ရတော့မှာပေါ့…….
ဒါပေမဲ့………
ရင်ထဲမှာတော့
ဒဏ်ရာတွေပြည့်နေတယ်ဆိုတာ
မင်းသိရင်ကျေနပ်ပါတယ်….
————————————-
ကဗျာလေး အရမ်းကောင်းပါတယ်ဗျာ..
အားပေးသွားပါတယ်နော်……….။