သေချာတယ်…. ချစ်မိသွားပြီ…

lu ta loneJune 29, 20101min03

တစ်စုံတစ်ယောက်ကို စိတ်ဝင်စားမိတာကို/ ချစ်မိတာကို
ဒီအချက်ကလေးတွေကြည့်ပြီးသိနိုင်ပါတယ်

၁။ ဘယ်လောက်ပဲအိပ်ချင်နေပါစေ၊ အိပ်ခါနီးလေးမှာ
သူ့အကြောင်းကိုစဉ်းစားမိတယ်ဆိုရင် သေချာပါတယ်… သူ့ကိုချစ်မိသွားလို့ပါပဲ။
၂။ အားနေတဲ့အချိန်လေးတွေမှာ တောင်
သူကြိုက်တာလေးတွေလုပ်ပေးမယ်ဆိုတဲ့အတွေးဝင်လာတယ်ဆိုရင် လည်းသေချာပါတယ်….
သူ့ကိုချစ်မိသွားလို့ပါပဲ။
၃။ သူနဲ့ပါတ်သတ်သမျှ အကြောင်းအရာ လေးတွေကို နေ့စဉ်နဲ့အမျှ ဂရုတစိုက်
အလေးထားပေးတယ်ဆိုရင်လဲ သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။
၄။ ဘယ်လောက်ပဲအလုပ် ရှုပ်ရှုပ် ဖုန်းကိုဖွင့်ထားပြီး သူပို့လာမယ့် message
သို့မဟုတ် သူဆက်လာမယ့် ဖုန်းသံလေးကို စောင့်မျှော်နေမိတယ်ဆိုရင်
သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။
၅။ သူနဲ့ နှစ်ယောက်တည်း စကားပြောရတာကြိုက်တယ်ဆိုရင်
သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။
၆။ အတူတူရှိတဲ့အချိန် (ဥပမာ။ ။ bus carပေါ်မှာပဲဖြစ်ဖြစ် ၊
canteenထဲမှာပဲဖြစ်ဖြစ် ) သူ့ကို ဂရုမစိုက်ချင်ယောင်ဆောင်နေပေ မယ့်
မြင်ကွင်းထဲက သူပျောက်သွားရင်အပူတပြင်းလိုက်ရှာနေရတာ ပဲဖြစ်ဖြစ်၊
မကြာမကြာခို်းခိုးကြည့်နေတာရင်ပဲ ဖြစ်ဖြစ်
သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။
၇။ သူဖျားနာနေရင် ထိခိုက်ဒဏ်ရာရလာရင် လိုအပ်တာထက်ပိုုပြီး စိုးရိမ်မိရင်

သေချာပါတယ်…သူ့ကိုချစ်မိသွား လို့ပါပဲ။

၈။ တစ်ခြား လူအပေါ် သူက စေတနာပိုသွားရင်၊ လိုအပ်တာထက်ပိုပြီး စကားပြောမိရင်၊
ကို့စိတ်ထဲကနေ မနာလို သဝန်တို ပြီး ဒေါသထွက်လာရင်
သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။

၉။ သူနဲ့မျက်နှာချင်းဆိုင်ပြီး စကားပြောနေရင် သူ့အပြုံးလေးကို ငေးကြည့်ပြီး
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ပြီး အထစ်အထစ်ဖြစ်သွားရင်
သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။

၁၀။ သူ့အကြောင်းတွေ၊ သူ့သတင်းတွေ ကို အမြဲနားစွင့်တတ်၊ စုံစမ်းနေမိတတ် ရင်လဲ
သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။

၁၁။ သူနဲ့ပါတ်သတ်တဲ့ ပစ္စည်းလေးတွေကို အမှတ်တရ သိမ်းထားမိတတ်တယ်ဆိုရင်
သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။

၁၂။ online တက်နေရင်းသူ online တက်လာမဲ့အချိန်ကို စောင့်မျှော်နေမိတာမျိုး၊
သူနဲ့ချက်နေရင်း သူ offline ဖြစ်သွားမှာကိုကြောက်နေတာမျိုး၊ သူရေးထားတင်ထားတဲ့
custom message နဲ့ picture ကိုကြည့်ပြီး စိတ်ထဲမှာ စိုးရိမ်နေတာမျိုးဖြစ်
နေရင် သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။

၁၃။ အဆုံးပိတ် … ဒီစာဖတ်နေတဲ့အချိန်မှာ သူ့ကိုသတိရသွားရင် လည်း… သေချာပါတယ်…
သူ့ကိုချစ်မိသွားလို့ပါပဲ။

(ဟုတ်ရဲ့လား၊ ခေါင်းကို တစ်ဖက်လှည့်ပြီး ရှက်ရမ်း ရမ်းပြီး ရယ်မနေပါနဲ့ ဟဲဟဲ)

3 comments

  • moehein87

    July 28, 2010 at 6:30 am

    မှန်လိုက်လေ…ဒီပို့စ်တင်ထားတဲ့သူက နတ်မျက်စိများရှိနေသလားတောင် မပြောတတ်တော့ဘူး….

    Reply

  • thidakywewa1

    September 16, 2010 at 9:09 am

    တကယ်ပါနော်…..လုံးဝကိုပဲ ထိတယ်နော်…

    Reply

  • unclegyi1974

    October 12, 2010 at 4:31 pm

    ချစ်တာတော့ချစ်ပေါ့လေ
    တသက်တာလက်တွဲဖို့တော့သေချာစဉ်းစားကြနော်

    Reply

Leave a Reply

Your email address will not be published.