အမေစု အား ယနေ့ ပြည်သူများသာမက လုံထိန်းများပါ စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက်ကြိုဆို

ယနေ့ နံနက် ၈ နာရီခန့် ….

အလုပ်သွားရန် လိုင်းကားစီးအလာ ….

၁ဝ မိုင်ကုန်းကျော်တော့ စတွေ့ရတာ လုံထိန်းတွေ …. ပထမတုန်းကတော့ ဘာမှန်းမသိ … နောက်တော့ သတိရသွားသည် …. ဒီနေ့ အမေစု ရန်ကုန်ကို ပြန်လာမယ့်နေ့ပဲ …. ၉ မိုင်ခွဲရောက်တော့ ခေါင်းစည်းတွေ … အလံငယ်လေးတွေ … အလံကြီးတွေ… ဓါတ်ပုံကြီးတွေ …. ကြိုဆိုရေးစာတန်းတွေ …. တီရှပ်အနီတွေနဲ့ တွေ့လိုက်ရသော ကြိုဆိုရေး အဖွဲ့ ၁ ဖွဲ့…

သူတို့  မျက်နှာလေးတွေ ကြည့်ရတာ တစ်ခုခုကို စိုးရိမ်စိတ် ဝင်နေသလိုပဲ … ပျော်ချင်သလောက် မပျော်နိုင်ကြ … သူတို့ အလွန် လုံထိန်းကား ၈ စီးခန့် ….. Ocean နားရောက်ခါနီးကျတော့ နောက်တစ်ဖွဲ့ … ဒီ တစ်ဖွဲ့ကျတော့ ပိုစည်သည် …. ပင်နီတိုက်ပုံများ ပါ …. ကြိုဆိုရေး တန်ဆာပလာ အစုံ နှင့် …. လမ်းတစ်လျှောက် ဟိုတစ်စု …. ဒီတစ်စု ….

အဲဒီ အနီးအနားမှာ ထပ်ကြပ်မကွာ ရှိနေတာက လုံထိန်းအဖွဲ့များ …. ဒီမြင်ကွင်းကို တွေ့လိုက်ရတော့ ဘဝင်မကျပါ …. လူကြီးလူကောင်းများလာချိန် လုံခြုံရေးချထားသည်ကို ကျွန်တော်တွေ့ဘူးပါသည် …. လမ်းတစ်လျှောက် ၂ ယောက်တွဲ … သို့သော် .. ယနေ့ … အဖွဲ့လိုက် …. မည်သို့ မည်ပုံကွားခြားသည်မသိပါ ….

သို့သော်လည်း … ကောင်းသည့်ဘက်ကတွေးကြည့်ရင် … သူတို့လဲ အမေစုကို လာကြိုတာများလားလို့ ….

9 comments

  • ဟိန်း ဝင်း (ထားဝယ်သား)

    June 30, 2012 at 9:41 am

    ဒါနဲ့ စကားမစပ် ဒီနေ့ အင်တာနက် လိုင်းတော်တော် နှေးတယ်နော် ….

    Reply

  • surmi

    June 30, 2012 at 10:03 am

    နှစ်မျိုးလုံးဖြစ်နိုင်ပါတယ်
    လမ်းတွေတော ့ကျပ်သွားမှာပဲ

    Reply

  • တေလေငှက်

    June 30, 2012 at 10:07 am

    လုံထိန်းတွေဘာမှအနှောက်အရှက်မပေးပါစေနဲ့လို့ဆုတောင်းရင်းထပ်တက်လာမည့်သတင်းတွေကိုမျှော်လင့်လျက်။

    Reply

  • ဘဲဥ

    June 30, 2012 at 10:12 am

    ပုံလေးတွေ ကြည့်ချင်လိုက်တာဗျာ

    Reply

    • ဟိန်း ဝင်း (ထားဝယ်သား)

      June 30, 2012 at 10:22 am

      ဓါတ်ပုံတော့ ရိုက်ခဲ့ချင်ရဲ့ဗျာ … ကားကလဲကျပ် … ရုံးချိန်လဲ နောက်ကျမှာစိုးတာနဲ့ မရိုက်တော့တာ

      Reply

  • AKKO

    June 30, 2012 at 10:40 am

    ဖေ့စ်ဘွခ်မှာ ပုံတွေတက်နေတာ အများကြီးပဲ ။
    မြင်ရတဲ့ လူပါကြည်နူးမိပါတယ် ။ တချို့သော ပြည်သူတွေ သူတို့စိတ်ဆန္ဒအရ လမ်းမှာစောင့်ပြီးကြိုဆိုနှုတ်ဆက်နေကြခြင်းပါ ။

    လုံထိန်းတွေကလည်း လူများလာတဲ့အတွက် မလိုလားအပ်တာတွေဖြစ်မှာစိုးလို့ တာဝန်အရစောင့်နေကြတာမျိုးလည်း ဖြစ်နိုင်တယ် ။ လူတွေကိုတော့ ဖိအားပေး နှင်ထုတ်တာတွေ လုပ်မှာ မဟုတ်လောက်ဘူးလို့ ယုံကြည်မိပါတယ် ။

    Reply

  • ma haw

    June 30, 2012 at 11:05 am

    အင်း
    ဖေးဘုတ်ကိုပြေးကြည့်လိုက်မယ်ဗျို့ ကျေးဇူး အောင်ကိုကိုဦး( AKKO) ဆိူလိူ့နာမည်ကိုမှန်းတီးလိုက်တာ
    ဆောတီးပြေးပြီ

    Reply

  • ahnyartamar

    June 30, 2012 at 9:08 pm

    အမိမြေမှ နွေးထွေးစွာကြိုဆိုပါတယ်။

    Reply

Leave a Reply

Your email address will not be published.