ခပ်မိုက်မိုက် ကောင်မလေး …(ငါသိပ်ချစ်မိသူ)

ငါသိပ်ချစ်မိသူ…..

ငါအမြဲတွေ့ချင်တဲ့သူက
နင်ဖြစ်သလို………….
နင်အမြဲဥပေက္ခာပြုတဲ့သူက
ငါဖြစ်တယ်…။။။။။။။။။။
ငါသတိရတဲ့သူထဲမှာ
ထိပ်ဆုံးကနင်ပါသလို
နင်မေ့နေတဲ့သူထဲမှာလည်း
ငါထိပ်ဆုံးကပါတယ်…။။။။။

Online ပေါ်ရောက်တိုင်း
ငါစကားပြောချင်တဲ့သူက
နင်ဖြစ်သလို…………….
Online ပေါ်ရောက်တိုင်း
အကြောင်းအမျိုးမျိုးပြပြီး
နင်ရှောင်တဲ့သူကငါဖြစ်တယ်။

ငါက ပုစ္ဆာတစ်ပုဒ်ဆို
နင်ကအဖြေမရှိတဲ့မသိကိန်း
ပြောင်းပြန်အချိုးကျမှတော့
ညီမျှခြင်းတွေအလှမ်းဝေးတာ
မဆန်းပါဘူးးးးဒါပေမယ့်……
နင်သိထားဖို့ကကမ္ဘာပေါ်မှာ
အဖြေမရှိတဲ့ပုစ္ဆာဆိုတာ……
မရှိဘူးနော်…။။။။။။။။။။။။။။။။။။။။။။

⎝⏠⏝⏠⎠်˙·٠•●♥ Be Happy ♥●•٠·˙
ခင်မင်လျှက်…မိုက်လေး

15 comments

  • may flowers

    June 28, 2012 at 11:20 am

    သေချာတာပေါ့မိုက်မိုက်ရယ် ကမ္ဘာပေါ်မှာ အဖြေမရှိတဲ့ပုစ္ဆာဆိုတာတကယ်မရှိပါဘူး…

    ကဗျာလေးကို အားပေးဖတ်ရှုသွားတယ်နော်။

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    June 28, 2012 at 11:31 am

    ကျေးဇူးတင်ပါတယ်နော်….
    ခင်တဲ့………မိုက်လေး..။

    Reply

  • မမ အညာသူ

    June 28, 2012 at 1:07 pm

    ကဗျာလေးကကောင်းပါတယ်
    အားပေးနေပါတယ်နော်

    Reply

  • mamanoyar

    June 28, 2012 at 1:18 pm

    အားပေးသွားပါတယ်
    ဒါပေမယ့် တကယ့်ခံစားချက်ဆိုရင်တော့
    တကယ်စိတ်မကောင်းပါဘူး

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    June 28, 2012 at 1:43 pm

    အင်းးးးးးးးး……
    တစ်ချိန်တုန်းကပေါ့နော်….
    ခုတော့…ဒီလိုပါပဲ…။။။။။။။။။
    ကျေးကျေးပါ….။။။။။။။။။

    Reply

  • snow white

    June 28, 2012 at 2:37 pm

    မိုက်တယ်ကူးပါကူတယ် စနိုးကူးသွားတယ်နော် အရမ်းမိုက်တယ်စာသားက”Online ပေါ်ရောက်တိုင်း
    ငါစကားပြောချင်တဲ့သူက
    နင်ဖြစ်သလို…………….
    Online ပေါ်ရောက်တိုင်း
    အကြောင်းအမျိုးမျိုးပြပြီး
    နင်ရှောင်တဲ့သူကငါဖြစ်တယ်။”အဲ့စာသားကိုပိုကြိုက်တယ် ။

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    June 28, 2012 at 3:30 pm

    အင်း ဟုတ်တယ်…
    အွန်လိုင်းပေါ်ရောက်တိုင်း…
    ရှိနေရက်နဲ့ အသိချင်ယောင်ဆောင်…
    မျက်နှာလွှဲ ခဲပစ်…..
    ဆိုတာမျိုးလား……..
    အမြဲရှောင်နေတတ်တာ………
    အထာကျနေပါပြီ……
    မခေါ်ချင် မပြောချင် မနှုတ်ဆက်ချင်နေပါ…
    သိသိကြီးနဲ့ မရွဲ့နဲ့ပေါ့နော်….။

    Reply

  • အလင်းဆက်

    June 28, 2012 at 7:32 pm

    ကိုယ် မအားလို ့ပါ….မိုက်လေးရယ်…။
    ကိုယ် ့ကို နားလည် ပေးပါ..။
    အခုလိုတော့….တစ်ကမ္ဘာလုံးသိသွားအာင်…

    မပြောသင့်သေးဘူး ထင်တာပါပဲ.။.

    အဟိ ။

    စ…တာာ.။

    Reply

  • ညလေး

    June 28, 2012 at 9:32 pm

    အဟက်……အဟက်..
    ကိုအလင်းဆက်ရဲ့…တစ်ယောက်သောသူများလားနော်…
    မိုက်လေးရယ်..အရေးအသားကတော့…….တိုးတိုးလို.တက်လာတယ်နော်…..
    စောင့်မျှော်အားပေးနေမယ်နော်…..

    Reply

  • koko thant

    June 29, 2012 at 8:05 am

    ခပ်မိုက်မိုက်ကောင်မလေ း က ဒီလိုစားတွေရေးနေမှ တော့ ခပ်မိုက်မိုက်ကောင်မလေး မှာ ဒီလိုဖြစ်ခဲ့ဖူး လို့ပေါ့နော်
    “ငါက ပုစ္ဆာတစ်ပုဒ်ဆို
    နင်ကအဖြေမရှိတဲ့မသိကိန်း
    ပြောင်းပြန်အချိုးကျမှတော့
    ညီမျှခြင်းတွေအလှမ်းဝေးတာ
    မဆန်းပါဘူးးးးဒါပေမယ့်……
    နင်သိထားဖို့ကကမ္ဘာပေါ်မှာ
    အဖြေမရှိတဲ့ပုစ္ဆာဆိုတာ……
    မရှိဘူးနော်” ဆိုတဲ့စာလေးကိုရှင်းပြဦးနော် ကိုကိုသန့်နားမလည်လို့ပါခပ်မိုက်မိုက်ကောင်မလေးရယ်
    ငယ်သူမို့ မသိပါ ဆိုသလိုပေါ့ဗျာဟဲဟဲ

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    June 29, 2012 at 10:19 am

    မိုက်လေးက ပုစ္ဆာတစ်ပုဒ်ဆို….
    သူကအဖြေမရှိသေးတဲ့ မသိကိန်းလေ…
    ပုစ္ဆာတစ်ပုဒ်ဆိုတာ..တွက်ချက်ပြီးမှ အဖြေဆိုတာ ရတယ်မလား…
    အဲ့ဒီတော့ တစ်ဦးတစ်ယောက် ဆီကချစ်တယ်ဆိုတာ…
    အဖြေမရှိတဲ့ မသိကိန်းတစ်ခုပဲလေ…
    မိုက်လေး…. ဘယ်လိုယုံရမလဲ……
    မသိကိန်းတွေ ပြောင်းပြန်အချိုးကျမှတော့…
    ညီမျှခြင်းတွေ အလှမ်းဝေးပြီပေါ့…ကိုကိုသန့်ရယ်
    အဖြေမရှိတဲ့ ပုစ္ဆာဆိုတာလည်း ရှိတာမှမဟုတ်တာ…
    မသိသေးတာပဲရှိတယ်လေ…..
    ဟုတ်လား..မိုက်လေးပြောတာ..။။။။။။
    ကြံဖန်တွေးဆလို့………
    အကြံဉာဏ်လေးလည်း ပေးပါဦးလို့…..
    မိုက်လေး …မန်းဂေဇက်ကသူငယ်ချင်းများကို….
    တောင်းဆိုချင်ပါတယ်……….
    ခင်မင်လျှက်….မိုက်လေး..။

    Reply

  • ဇောက် ထိုး

    June 29, 2012 at 11:53 am

    သက်သက်ညာညာ ပြောလိုက်မယ်…….သူ့မှာ..ချစ်သူရှိတယ်…နင်ငရဲကြီးလိမ့်မယ်။ ဟယ်ဟယ် …ဟယ်ဟယ်..

    Reply

  • King of Secrets (Bo Min)

    June 29, 2012 at 12:01 pm

    ကောင်းလိုက်တဲ့ အရေးအသားဘဲ၊ ကူးထားဦးမှ..

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    June 29, 2012 at 12:36 pm

    အန်ကယ်ဇောက်ရယ်…………..
    ချစ်သူရှိတဲ့သူကို…………..
    မိုက်လေး..ကစိတ်ဝင်စားမယ်ထင်လို့လား…….
    ဟင့်အင်း…စိတ်မဝင်စားပါဘူး….
    အချစ်ကဗျာ…အလွမ်းကဗျာတွေဆိုတာ…..
    ခံစားချက် နည်းနည်းလေး ထည့်ရေးမှလည်း…
    အဆင်ပြေမယ်မလား……….
    ချစ်တတ်လို့ …ချစ်ကြည့်ရမယ်ဆိုရင်….
    ချစ်ဖူးကြည့်ချင်ပါရဲ့………
    ဒါပေမယ့်လည်း……….
    မလွမ်းရဲသေးသမျှတော့………..
    ဒီတိုင်းလေးပဲ ကောင်းပါ၏………။

    Reply

Leave a Reply

Your email address will not be published.