ယုံရမှာလား……… ဟင့်……….အင်း……..

လူငယ် တစ်ဦး အန်ခြင်းနှင့် ဝမ်းသွား ခြင်းတို့မှ ရှစ်ရက် အတွင်း သံချောင်း ၁၂ဝ ခန့် ထွက်ကျ လာဟုဆို

လူငယ် တစ်ဦး၏ အန်ခြင်းနှင့် မစင်စွန့် ခြင်းတို့မှ သံချောင်းများ ထွက်လာသည့် ထူးခြားဖြစ်စဉ် တစ်ခု ရွှေပြည်သာ မြို့နယ်တွင် ဖြစ်ပွားနေ ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်မှာ ဇွန်လ ၁ရ ရက်မှ စတင်ကာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇွန် ၂၅ ရက် နံနက်ပိုင်းအ ထိ အန်ထွက်ရာနှင့် မစင်စွန့်ရာမှ သံချောင်း ၁၂ဝ ချောင်းခန့် ထွက်လာကြောင်း သိရသည်။ “စပြီးသတိထားမိ တုန်းက ဇွန်လ ၁၆ ရက်လောက်ကပါ။ စပြီးအန်တာတော့ ၁ရ ရက်ကစပြီး အန်တာ ဆေးခန်းမှာသွားပြတော့ Ultrasond ရိုက်တာ အထဲမှာဘာမှမတွေ့ရဘဲနဲ့ ကျွန်တော်က အောင့်တာမခံနိုင်အောင်ဖြစ်နေပြီ” ဟု အသက် ၂၅ နှစ်အရွယ် ယင်းဖြစ်စဉ်ကို ခံစားနေရသူ ကိုအောင်ချိုချိုကပြောကြားသည်။ “ရပ်ကွက်ထဲမှာတော့ ဒီကိစ္စကို တော်တော်ပြောကြပါတယ်။ ကျွန်မတို့လည်း ကိုယ်တိုင်တွေ့ရတယ်.. ”ဟု ၁၀/၃၄ ရပ်ကွက်၊ ရေကြည်လမ်း၊ ရွှေ ပြည်သာမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက အဆိုပါဖြစ်စဉ်ကို စုံစမ်းစဉ်ပြောကြားသည်။ ကိုအောင် ချိုချိုတွင် မွေးချင်းခုနစ်ယောက်ရှိပြီး ၎င်းနှင့် ၁ဝ မိနစ်သာခြားသည့် အမြွှာညီအစ်ကို တစ်ဦးရှိကြောင်းလည်း သိရသည်။ “တစ်ရက်ကဆိုရင် သူ(ကိုအောင်ချိုချို) ထမင်းထစားတာ ကြက်သားဟင်းကို အရိုးပါမကျန်အောင် စားပစ်ပြီးတော့ ထမင်းဝလို့အပြင်ကို ထွက်သွားတယ်လို့ထင်နေတာ။ ကျွန်မတို့တောင် ခလုတ်တိုက်သါားလို့ နောက်လှည့်ကြည့်တော့ သူကထမင်းဝိုင်းမှာ ငိုင်ငိုင်ကြီးနဲ့ ထမင်းမစားဘဲရပ်နေတာ တွေ့ရတယ်။ တစ်ခုခုဖြစ် နေသလိုပဲ” ဟုမိခင်ဖြစ်သူ ဒေါ်ခင်အေးကပြောကြားသည်။ “ဒီနေ့(၂ရ ရက်) မနက်ပဲ ပယောဂဆရာ(ရွှေရင် မျှော်ဆရာ)တွေနဲ့ ကုသမှုတွေလုပ်ခဲ့တယ်။ ဒီနေ့အထိကို အန်တာနဲ့ မစင်စွန့်တာ ရေတွက်မိသမျှ ၁၀၆ ချောင်း ရှိသွားပြီ သေချာတယ်။ မစင်စွန့်တဲ့အချိန်မှာ ခွက်နဲ့မခံခားမိတာတွေလည်း ရှိတယ်။ စုစုပေါင်း ၁၂ဝ လောက် တော့ ရှိတယ်။ ဆရာတွေကလည်း ဒီမနက်ပဲ အဲဒီသံချောင်းတွေကို သိမ်းသွားတယ်။ သံရှိရာ သံထပ်လာမှာစိုး လို့တဲ့” ကိုအောင်ချိုချို“ ဖခင်ဖြစ်သူ ဦးညွှန့်တင်က ပြောကြားသည်။ “မအန်ခင်တုန်းက ကျောတွေရင်တွေ အောင့်တာ ၁ဝ ရက်လောက်ရှိနေတာ။ အန်တော့လည်း တစ်ခါတစ်လေ နှစ်ချောင်းပူးအန်တာတွေ ဖြစ်ခဲ့တယ်။ ရင်ဘက်တစ်ခုလုံးလည်း အောင့်ပြီးတော့နာတယ်။ မစင်စွန့်တော့လည်း သံချောင်းတွေထွက်ကျလာပြီးတော့ ဆံပင်ချည်တွေတောင်ပါတယ်” ကိုအောင်ချိုချိုက ပြောကြားသည်။ ရွှေပြည်သာရှိ နဝရတ်ဆေးခန်းမှ ဓာတ်မှန် စာရွက်နှင့် ဆေးမှတ်တမ်းစာရွက်များအရ မည်သည့်ထူးခြားမှုမှမရှိဘဲ ဆရာဝန်များက ယခုထက်အခြေအနေ ဆိုးလာလျှင် ဆေးရုံသို့သွားရန်သာ ညွှန်ကြားထားကြောင်း သိရသည်။

“ကျွန်တော်စဖြစ်ခါစက တော်တော်ကြောက်သွားတယ်။ဒါမျိုးဖြစ်စဉ်ကို အရင်က ကျောက်ခဲ တွေအန်တဲ့ မိန်းကလေးတစ်ယောက်အကြောင်းကြားဖူးတော့ သူလိုမျိုးကျွန်တော်ခံစားရပြီလားဆိုပြီး ကြောက် မိတာ။ ၁၆ ရက်ညက အိပ်မက်မက်တယ်။ ဖိုးသူတော်လိုမျိုးပုဂ္ဂိုလ်ကြီးတစ်ပါးက “မင်း.. ဆေးရုံနဲ့အသက်လုရ လိမ့်မယ်။ရှင်လမ်းသိပ်မမြင်ဘူး” လို့ပြောသွားတာ။ ခုဆိုညတိုင်းနီးပါးလည်း အိပ်မက်နေပါတယ်..” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ “ကျွန်တော်က စုန်းတွေ၊ နတ်တွေသိပ်ပြီး မယုံကြည်တက်ပါဘူး။ ခုလိုဖြစ်တော့မှ တော်တော် လန့်သွားတာ။ ဒီလိုမဖြစ်ခင်က ကျွန်တော်ပြဿနာလေးတစ်ခုတော့ ဖြစ်ထားတယ်။ လူမှုရေးကိစ္စ လေးတစ်ခုပါ။ ကျွန်တော်ဒီလိုဖြစ်နေတော့ တစ်ချို့က ပြောကြပါတယ်။ ပါးစပ်ထဲကို သံချောင်းထည့်ပြီး အန်ပြ နေတာလားမှမသိတာလို့ပြောချင်ပြောကြမှာပါ။ ပါးစပ်ထဲကို သံချောင်းထည့်တာလွယ်တာမှမဟုတ်တာ။ ကိုယ် တိုင်ခံစားရမှ သိမှာလေ.. ဗျာ” ဟု ၎င်းကဆက်လက်ရှင်းပြသည်။ ၎င်းအန်ထားသော သံချောင်းများမှာ နှစ် လက်မခွဲအမျိုးအစား သံချောင်းများဖြစ်နေကြောင်း သိရကာ ပြည်တွင်းဂျာနယ်တစ်စောင်ဖြစ်သော မြန်မာပို့စ် မှ သတင်းအယ်ဒီတာတစ်ဦးကလည်း ၎င်းနှင့်စကားပြောနေစဉ်မှာပင် သံချောင်းတစ်ချောင်းအန်ထွက်လာသည်ကို မျက်မြင်တွေ့ခဲ့ရသည်ဟုဆိုသည်။

“ဒီမနက် ပယောဂဆရာတွေက မန်းမှုတ်ပြီး နှောင့်ယှက်သူကို ခေါ်စစ်တာတွေလုပ်ပါတယ်” ဟု ဖခင်ဖြစ်သူ ဦးညွှန့်တင်က ပြောကြားသည်။ “ကျွန်တော်ခန့်မှန်းမိတာတော့ ထမင်းစားပြီးကာစ အချိန်လေး တွေမှာ အန်တာတွေ၊ မစင်သွားဖြစ်တာတွေများတယ်။ ဖြစ်ကာစနေ့ကဆိုရင် ရင်ဘတ်တွေအောင့်ပြီး အန်လို့ မရဘူး။ ရွှေပြည်သာထဲက ဘုန်းကြီးတစ်ပါးပေးတဲ့ ရေမန်းကို သောက်တော့မှ ဝပြီးအန်လို့ရသွားတာ။ အခုဆို ရင် ကျွန်တော်အိပ်ဆေးတွေ သောက်ပြီးအိပ်နေမိတယ်” ဟု ကိုအောင်ချိုချိုက ပြောကြားခဲ့သည်။ ပယောဂ ဆရာများက သံချောင်းများဆက်အန်ခြင်း မအန်ခြင်းကို မပြောပြသေးသော်လည်း မကြာမီသက်သာလာလိမ့် မည်ဟု ပြောကြားသွားကြောင်း သိရပြီး ၎င်းတို့နေထိုင်ရာ အမှတ် ၈၀၃ ၊ ရေကြည်လမ်း၊ ၁၀/ ၃၄ ရပ်ကွက် ရွှေပြည်သာအိမ်သို့ ရပ်ကွက်အနီးအနားမှ လူများက သွားရောက်သတင်း မေးမြန်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ပြည်မြန်မာသတင်းဂျာနယ်

တကယ်လားနှစ်ကယ်လားတော့မသိပါဘူး………
super natural ဆိုတာတွေရှိချင်ရှိနိုင်ပါတယ်……
ဒါပေသိ……ဟုတ်သည်ရှိမဟုတ်သည်ရှိပျင်းစရာကောင်းတဲ့ဂမီ ္ဘရဝတ္ထုလိုမျိုးတွေရွာသူားတွေလည်းဖတ်ချင်မယ်ထင်လို့တင်ပေးလိုက်တယ်ဗျို့……..
ကျွန်တော့်အမြင်မှာတော့…………ဤသည်မှာအမှန်မဟုတ်တဲ့လန်ကြုတ်လိုမြင်ချင်သလိုလိုရှိပါကြောင်း………

သစ်ထူးလွင်မှာတွေ့တာပါ…..သူကလဲပြည်မြန်မာကပြန်ကူးတာပါတဲ့……

18 comments

  • မောင်ပေ

    June 27, 2012 at 10:01 am

    ဒီသတင်းသာအမှန်ဖြစ်မယ်ဆိုရင်
    သဂျီး ရွှေပြည်သာကို ပြေးလာမှာသေချာတယ်
    ရုံသွင်းပြစားဖို့ ကုန်ကြမ်းလိုချင်နေတာကလား။

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    June 27, 2012 at 10:15 am

    ဟင့်အင်း….
    မိုက်လေး..တော့ယုံဘူးးးးးးးးးးး
    အဲ့လိုပဲ ဝက်ဆိုဒ်တစ်ချို့က….
    လန်ကြုတ်ဇာတ်လမ်းတွေ…
    သိပ်များတာပဲ……။။။။။

    Reply

  • ဇောက် ထိုး

    June 27, 2012 at 11:23 am

    ကျုပ်လဲ တွေ့တယ်။ ကျွန်တော်ကတော့ သံတွေများများဆိုရင် စက်ရုံလိုတည်ရရင် ကောင်းမှာလို့။ဟီးးးးးးးးးး
    ဒါပေမယ့် ဟုတ်ချင်လဲဟုတ်မှာပါ။ ဟုတ်ခဲ့ရင်တော့လဲ အကြောင်းတစ်ခုတော့ရှိမှာပေါ့
    အကြောင်းကင်းတဲ့ အကျိုးဆိုတာ ရှိလို့မှ မရတာ။
    အလကားနေရင်း မကျပါဘူး။

    Reply

  • Ma Ei

    June 27, 2012 at 11:37 am

    စက်ရုံမတည်ရဘဲ
    သံချောင်းတွေ ထုတ်နိုင်တယ်ဆိုတော့
    လူမှာ အန္တရာယ်သာမရှိရင်
    စီးပွားဖြစ်နိုင်လောက်တယ်နော်…

    Reply

    • myanmarcitizen

      June 27, 2012 at 2:37 pm

      ဟုတ်ပါ့ ဟုတ်ပါ့

      Reply

  • mamanoyar

    June 27, 2012 at 11:44 am

    မသိတော့ဝူးးးးးးးးးးးးးးးးးးးးးးးး

    Reply

  • ko khin kha

    June 27, 2012 at 2:28 pm

    ပယောဂဆိုတာ တကယ်ရှိတာလား၊ အဲဒါကဘယ်လိုလဲ။
    စဉ်းစားမတတ်တော့ဘူး။

    Reply

  • ဘဲဥ

    June 27, 2012 at 2:57 pm

    ဟောဒီဂ သံဂျောင်းဒွေရမယ် ကျောက်ဂဲဒွေရမယ်

    Reply

  • ဦးဦးပါလေရာ

    June 27, 2012 at 3:22 pm

    နာဂစ်တုန်းကသာဆို တော်တော်အဖိုးတန်မယ့် ပယောဂ ပါပဲ..။

    Reply

  • TNA

    June 27, 2012 at 3:34 pm

    ပြည်မြန်မာကတော့ကျကျနန အင်တာဗျူး ဓာတ်ပုံရိုက်ထားတာပဲ။ ဘယ်လိုနားလည်ရမလဲတောင်မသိဘူး။ ကာယကံရှက်ကတော့ ကြောက်နေပုံရတယ်။ သူတကယ်ဖြစ်နေတာလို့လဲပြောတယ်။ သံတွေငုံပြီးအန်ပြ ဖို့ကလွယ်တာမဟုတ်ဘူးလို့ပြောတယ်ဆိုတော့ ယုံရတော့မလိုလိုပဲ။

    Reply

  • ရွာစားကျော်

    June 27, 2012 at 3:41 pm

    ဓာတ်မှန်ရိုက်ထားတဲ့ပုံနဲ့တကွ တင်ပေးရင်တော့ ယုံလိုက်မယ်
    ဒါတောင် ဆရာဝန်မှတ်ချက်ပါ ပါမှ 😉

    Reply

  • we R one

    June 27, 2012 at 3:50 pm

    ပယောဂ ဆိုတာ မျိုးကလည်း ယုံရခက် မယုံရ ခက်ပဲ..။ ကျွန်မ တို့နယ်ဖက်မှာလည်း ဖြစ်ဘူး တယ်.။ သော့ အန်တာတော့ ဆံပင်တွေ အန်တာတော့..။ ကျွန်မ ကိုယ်တိုင်မြင်ဖူးတာတော့ မဟုတ်ဘူးပေါ့လေ..။

    Reply

  • ကိုရင်မောင်

    June 27, 2012 at 5:04 pm

    ဒီလိုဇာတ်လမ်းမျိုးတွေက ပယောဂဆရာတွေရဲ့ အကြံအဖန်တွေ
    ဖြစ်ဘို့များပါတယ်…
    လူတယောက်ဗိုက်ထဲ သံတွေရှိရောက်နေတယ်ဆိုတာလုံးဝမဖြစ်နိုင်ဆုံးပါ…..
    အသေအချာလေ့လာကြည့်ယင် အညာခံနေရတာကိုတွေ့ရမှာပါ….

    Reply

  • mocho

    June 27, 2012 at 5:21 pm

    မိုချိုတို့ လည်း သံတွေ အံ ဖူးပါတယ်။ အထွေးလိုက်ပဲ၊…… ငယ်ငယ် တုန်း က သံချ ဆေး သောက် ပြီးရင်…… ပြောပါတယ်။

    Reply

  • Zune Phyu

    June 27, 2012 at 5:38 pm

    ပြောမပြတတ်တော့ပါ…

    Reply

  • တေလေငှက်

    June 27, 2012 at 5:42 pm

    ယုံဘူး။

    Reply

  • သားဦး၊မြေးဦး

    June 27, 2012 at 10:26 pm

    စဉ်းစားကြည့်ရင် ယုံဖို ့ရာမလွယ်ပါ။မဖြစ်နိုင်ပါခင်မျ။။

    Reply

  • nature

    June 28, 2012 at 8:15 am

    ကျွန်တော့်အထင်ဖြစ်နိုင်တာကတော့သံချောင်းတွေ အန်တာ သရဲမွေးပြီးမျက်လှည့်ပြသလိုများဖြစ်နေမလားမသိဘူး။ မျက်လှည့်ဆရာတွေမျက်လှည့်ဝိုင်းမှာ ခေါက်ဆွဲကြော်တွေ ကို ဟပ်ချလောင်းလုပ်ပြသလိုများဖြစ်နေမလားလို့။ ဒီလိုနာမည်ကြီးသွားရင်ဒီဆရာတွေလည်းစီးပွားဖြစ်နိုင်တယ်။

    Reply

Leave a Reply

Your email address will not be published.