MYIA အဖွဲ့မှ သုဝဏ္ဏ ကွင်းအတွင်း အမှိုက်ပုံးများ ထားရှိကာ သန့်ရှင်းရေး အတွက် ကူညီဆောင်ရွက်

we R oneJune 26, 20121min07

လူငယ်များဖြင့် စုဖွဲ့ထားသည့် Myanmar Youths In Action (MYIA) အဖွဲ့သည် သုဝဏ္ဏဘောလုံးကွင်း အတွင်း အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရန် အတွက် အမှိုက်ပုံးများ ထားရှိခဲ့ကာ ကွင်းအတွင်း သန့်ရှင်းရေး အတွက် ကူညီ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

“ကျွန်မတို့ အဖွဲ့ကို ဘောလုံး ဝါသနာရှင် နှစ်ဦးက အလှူငွေတွေ ပေးအပ်ခဲ့တဲ့ အတွက် အခုလို ဘောလုံး ကွင်းထဲမှာ အမှိုက်ပုံး အတွဲပေါင်း ၁၅တွဲချထား နိုင်ခဲ့ပါတယ်။ အခုပြိုင်ပွဲမှာမှ စတင် ချထားတာ ဖြစ်တဲ့အတွက် အပြည့်အဝ ထိရောက်မယ် လို့တော့ တပ်အပ် မပြောနိုင် သေးပါဘူး။ ဒါပေမဲ့ ပရိသတ်တွေ အနေနဲ့ အမှိုက်ပုံးတွေ ထဲကို စနစ်တကျ အမှိုက်တွေ စွန့်ပစ် လာကြဖို့တော့ မျှော်လင့်ပါတယ်” ဟု အဖွဲ့ဝင် တစ်ဦးက ဖွင့်ဟ ပြောကြားခဲ့သည်။

သုဝဏ္ဏကွင်းအတွင်းရှိ အမှိုက်ပုံးများ

၎င်းတို့ MYIA မှ လူငယ်လေး များသည် အာရှ ယူ-၂၂ ခြေစစ်ပွဲတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အား Volunteer များအဖြစ် အားဖြည့် ကူညီလျက်ရှိကာ ဘောလုံး ပွဲစဉ်များ အပြီးတွင် အထူးတန်း ပွဲကြည့်စင်မှ အမှိုက်များအား သေချာရှင်းလင်း ပေးခဲ့ကြောင်းလည်း သိရသည်။ အမှိုက်အမျိုးအစားအလိုက် သီးခြားစီစွန့်ပစ်နိုင်သည့် ၃လုံးတစ်တွဲ အရောင်ကွဲ အမှိုက်ပုံးများအား အထူးတန်း ပွဲကြည့်စင်များ၌ စမ်းသပ် ချထားခဲ့ခြင်း ဖြစ်သည်။

credit

http://soccermyanmar.com/

7 comments

  • သားဦး၊မြေးဦး

    June 26, 2012 at 7:16 pm

    ကြားရတာ ဝမ်းသာစရာပါဘဲဗျို ့။အဓိကပြဿနာက
    ဘေလုံးကွင်းထဲက ကွမ်းစားသူတွေရဲ့ ကွမ်းတံထွေး
    ကိစ္စပါ။တဗျိဗျိနဲ ့ထွေးနေကြတာလေး။

    Reply

  • may flowers

    June 26, 2012 at 7:27 pm

    သတင်းကောင်းပဲ လုပ်သင့်တာကြာပေါ့။

    Reply

  • မောင်ပေ

    June 26, 2012 at 8:03 pm

    စရှိနောက်နောင် ဆိုသလိုဘဲ ၊ ကောင်းတဲ့လုပ်ရပ်ဖြစ်ကြောင်း ၊ လုပ်သင့်ကြောင်း ၊ လုပ်ပြပေးလိုက်တဲ့အခါ ၊ အားလုံး စည်းကမ်းရှိလာမယ် လို ့မျှော်လင့်မိပါတယ် ။

    Reply

  • ster

    June 26, 2012 at 8:17 pm

    လျှှုတဲ.သူတွေ အကျိုးရှိအောင် ရိုရိုသေသေ၊ မပျောက်မပျက်အောင် အသုံးပြုသင်.ပါတယ်။

    Reply

  • the best

    June 26, 2012 at 9:56 pm

    အစီအစဉ်က အရမ်း ကောင်းပါတယ်။
    နောက်ပိုင်း စဉ်ဆက်မပျက် ထိန်းသိမ်းသွားဖို ့ အစီအစဉ်ကလည်း အရေးကြီးပါတယ်။

    အမှိုက်ပုံးများနဲ ့ အမှိုက်ပုံးအဖုံးလက်ကိုင်တွေ အမြဲသန် ့နေဖို ့ကလည်း သိပ်အရေးကြီးပါတယ်။
    အမှိုက်ပုံးအဖုံး၊ အဖုံးလက်ကိုင်တွေ ညစ်ပေနေတာတွေ၊ ဖုန်အရမ်းထူနေတာတွေ၊
    ကွမ်းတံတွေး ထွေးထားတာတွေမရှိအောင် ဆောင်ရွက်ဖို ့လည်းလိုပါတယ်။

    ဘယ်လိုစီမံကြမလဲ။ ဘယ်လိုပညာပေးကြရင်ကောင်းမလဲ။

    ဘယ်သူကမှ ကိုယ့်လက်ကို အပေခံပြီး အမှိုက်ပုံးအဖုံးကို ဖွင့်ပြီး အမှိုက်ပစ်ကြမှာ မဟုတ်ဘူး။
    အမှိုက်ပုံးကို အမှိုက်ပစ်ချင်စဖွယ်ဖြစ်အောင် စဉ်ဆက်မပျက် ထိန်းသိမ်းသွားဖို ့ အကြံပြုပါရစေ။

    လိုအပ်ချက်တွေစုစည်းပြီး ထိရောက်အောင်မြင်အောင် ဆက်လုပ်ဖို ့ အားပေးပါတယ်။
    အခုလုပ်ဆောင်ချက်ကိုလည်း ဂုဏ်ပြုပါတယ်။လေးစားပါတယ်။

    Reply

  • we R one

    June 27, 2012 at 9:03 am

    အဆိုးဆုံးကတော့ ကွမ်းတံတွေးနဲ့ နေကြာစေ့ ခွံတွေပါပဲ။ အမှိုက်ပစ်ဖို့ ပျင်းတယ်ဆိုရင်တောင် ကိုယ်စားခဲ့တဲ့ အခွံတွေကို ကြွပ်ကြွပ်အိတ်ထဲမှာပဲ ဖြစ်ဖြစ် ၊ နေကြာစေ့အိတ်ခွံမှာပဲ ဖြစ်ဖြစ် သေသေသပ်သပ်လေး ထည့်ထားခဲ့ရင် လိုက်သိမ်းရတာလည်း မပင်ပန်းတော့ဘူးပေါ့။ အခုတော အဲလို မဟုတ်ပေါင်.. ရေသန်ဗူးတွေ ယူလို့မရဘူးသာပြောတယ် အရက်ပုလင်းအခွံတွေ ဘီယာဘူး အခွံတွေ အများကြီးပဲ..။ မနက်ဖြန်လည်း ကျွန်မ တို့အဖွဲတွေ အမှိုက်သွားကောင်ပေးအုံးမှာ..။ ရွာသူရွာသားတွေလည်း ဘောလုံးပွဲ အပြီး အမှိုက်ကောင်နေတဲ့ လူတွေရင် အဲဒါ ကျွန်မ တို့ အဖွဲပါပဲ..။ အဲဒီထဲမှာ အချောဆုံး တစ်ယောက်က ကျွန်မ ပါ.. ဟဲဟဲ.. တွေ့ရင်ခေါ်အုံးနော်..။ အမှိုက်တွေ ကူကောက်လို့ရတာပေါ့..:D

    Reply

  • mamanoyar

    June 27, 2012 at 1:00 pm

    အရမ်းကောင်းတဲ့ လုပ်ရပ်လေးပါပဲရှင်

    Reply

Leave a Reply

Your email address will not be published.