ထူးထူးခြားခြား ပင့်ကူများ

ငှက်ချီးနဲ့တူတဲ့ ပင့်ကူ
ငှက်ချီးနဲ့တူတဲ့ ပင့်ကူ

တိရစ္ဆာန်တွေထဲမှာတော့ ပုံအပျက်ဆုံး ပင့်ကူလို့ ဆိုနိုင်ပါတယ်။ သူ့တစ်ကိုယ်လုံးကို အရည်စက်တွေ၊ ကြွက်နို့ပုံစံတွေနဲ့ ဖုံးအုပ်ထားပါတယ်။ ဒါကြောင့် သူ့ပုံစံဟာ ကြည့်လိုက်ရင် ငှက်ချီးနဲ့ တူနေပါတယ်။ ပင့်ကူတစ်ကောင်လို့ ထင်စရာတောင် မရှိပါဘူး။ ဒီပင့်ကူတွေက တစ်ခါတစ်ရံမှာ အဖြူရောင် ပိုးမျည်တွေကို ထုတ်လုပ်ပြီး အဲ့ဒီ အဖြူရောင် ပိုးမျည်ပေါ်မှာ နေထိုင်လေ့ ရှိပါတယ်။ အဖြူရောင်ပေါ်မှာ မည်းမည်းလေးဆိုတော့ ငှက်တွေ သစ်ရွက်ပေါ်ကို ပါသွားတဲ့ ချီးတုုံးလေးနဲ့ ပိုတူသွားပါတယ်။ ဒီလို ပင့်ကူမျိုးတွေကို အာရှနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီရှားကနေ ဂျပန်အထိ တွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။

တုတ်ချောင်းနဲ့တူတဲ့ ပင့်ကူ
တုတ်ချောင်းနဲ့တူတဲ့ ပင့်ကူ

တုတ်ချောင်းနဲ့တူတဲ့ ပင့်ကူဆိုတာက ကျနော် ပေးထားတဲ့ နာမည်ပါ။ ကြည့်ပါလား။ ပင့်ကူက ပင့်ကူလိုမှ မဟုတ်ဘဲနဲ့။ ဒီပင့်ကူတွေကိုတော့ Australia နိုင်ငံမှာ တွေ့ရလေ့ ရှိပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ပိန်ရှည်ရှည်ကြီး ဖြစ်နေပြီး မြွေရဲ့ ခန္ဓာကိုယ်နဲ့ တူတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ဒီပင့်ကူမျိုးတွေကို Colubrinus လို့ အမည်ပေးထားကြပါတယ်။ Colubrinus ရဲ့ အဓိပ္ပါယ်က “Snake-Like” ကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

ကင်းမြီးကောက် အမြီးနဲ့ ပင့်ကူ
ကင်းမြီးကောက် အမြီးနဲ့ ပင့်ကူ

ဒီနာမည် ဘာကြောင့် ပေးထားရသလဲဆိုတော့ ပင့်ကူအမတွေရဲ့ ထူးခြားတဲ့ ဝမ်းဗိုက်ကြောင့်ပဲ ဖြစ်ပါတယ်။ ပင့်ကူအမ ဆိုတော့ အထီး မဟုတ်လို့ပေါ့။ ဟုတ်ကဲ့ .. အထီးတွေမှာ အဲ့ဒီလို ပုံစံမျိုး မပါပါဘူး။ ပင့်ကူအထီးတွေရဲ့ ပုံစံဟာ သာမန်ပုံစံမျိုး ဖြစ်ပြီး သေးငယ်တယ်လို့လည်း ဆိုပါတယ်။ ဒီလို ပင့်ကူမျိုးတွေကို Australia နိုင်ငံမှာ တွေ့ရလေ့ရှိပါတယ်။ မယုံရင် သွားကြည့်ကြပါ။

ပြူးကြောင်ကြောင် ပင့်ကူ
ပြူးကြောင်ကြောင် ပင့်ကူ

ပုံမှာ တွေ့တော်မူကြတဲ့ အတိုင်းပါပဲ။ မျက်လုံးက ပြူးကြောင်ကြောင်ရှိသမို့။ ပြူးကြောင်ကြောင် ပင့်ကူဟူ၍ အမည်ပေးလိုက်ပါတယ်။ ဒီပင့်ကူတွေဟာ ခုန်ပျံကျော်လွှား ပင့်ကူအမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ အသားစား ပင့်ကူမျိုးတွေမဟုတ်ဘဲ အသီးအရွက်စား ပင့်ကူမျိုးတွေလို့ ဆိုပါတယ်။ သူတိုရဲ့ ခုန်ပျံခြင်း စွမ်းအင်ကို သူတို့ကို ရန်မူလာတဲ့ ပုရွတ်ဆိတ်တွေနဲ့ တွေ့တဲ့အခါမျိုးမှာ အသုံးချကြတယ်လို့လည်း သိရပါတယ်။

ပုရွက်ဆိတ်နဲ့တူတဲ့ ပင့်ကူ
ပုရွက်ဆိတ်နဲ့တူတဲ့ ပင့်ကူ

ဒီပင့်ကူမျိုးတွေကို Madagascar နဲ့ အာဖရိက၊ ဩစတြေးလျ ရဲ့ အချို့သော နေရာတွေမှာ တွေ့ရလေ့ရှိပါတယ်။ သူတို့ရဲ့ လည်ပင်းတွေဟာ ရှည်လျားလွန်းတဲ့အတွက် မေးရိုးကြီးတယ်လို့ ထင်ရလေ့ရှိပါတယ်။ ဒီပင့်ကူတွေက အခြားပင့်ကူတွေကို ဖမ်းဆီး စားသောက်တတ်ပါတယ်။ ဒါကြောင့်မို့ မျိုးဖျက်တဲ့ ပင့်ကူလို့ သူတို့ကို အမည်ပေးထားကြပါတယ်။

ရေနေ ပင့်ကူ
ရေနေ ပင့်ကူ

ဒီပင့်ကူမျိုးတွေကိုတော့ ရေနေပင့်ကူတွေအဖြစ် လူသိများကြပါတယ်။ သူတို့ကို ဥရောပနဲ့ အာရှတစ်ခွင်မှာ တွေ့ရလေ့ရှိပါတယ်။ UK ကနေ Siberia အထိ တွေ့ရတယ်လို့ ဆိုပါတယ်။ သူတို့ဟာ ရေကန်ငယ်လေးတွေ၊ ရေစီးနှေးတဲ့ စမ်းချောင်းတွေထဲမှာ နေထိုင်လေ့ရှိကြပါတယ်။

ပြုံးနေတဲ့ ပင့်ကူ
ပြုံးနေတဲ့ ပင့်ကူ

ဟုတ်ကဲ့။ ဒါဟာ အမှန်တကယ် ပင့်ကူတစ်ကောင်သာ ဖြစ်ပါတယ်။ သူတို့ကို ဟာဝိုင်ရီရဲ့ RainForest တွေထဲမှာ တွေ့ရလေ့ရှိပါတယ်။ သူတို့ရဲ့ အဝါရောင် ကိုယ်ထည်ဟာ ထူးခြားလှပြီး တစ်ခါတစ်လေမှာ ပြုံးနေတဲ့ မျက်နှာရဲ့ ပုံပန်းသဏ္ဍာန်နဲ့ တူနေတတ်ပါတယ်။

အထက်ပါ ထူးခြားတဲ့ ပင့်ကူတွေကို ဒီနေရာ (http://listverse.com/) ကနေ ယူပြီး တင်ပြထားခြင်း ဖြစ်ပါတယ်။ အပြည့်အစုံ ဖတ်ချင်သူများ မူရင်းလင့်ကို သွားကြည့်ကြပါ။ ကျနော်ကတော့ တတ်သလောက် မှတ်သလောက် ကိုယ်နားလည်မိသလောက်ကို ဘာသာပြန်ပြီး ကျော်၍တစ်ဖုံ ခွ၍တစ်နည်း အနည်းအပါး ဗဟုသုတ ရစေခြင်းအကျိုးငှာလည်းကောင်း၊ မသိသေးသူများ သိစေခြင်း အကျိုးငှာလည်းကောင်း တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။

အားလုံးသော သူအပေါင်းတို့
ကိုယ်စိတ်နှစ်ဖြာ ဝမ်းသာ၊ လန်းဖြာကြစေကုန် ………..

မေတ္တာဖြင့် …
မဟာရာဇာ မောင်အံစာ

30 comments

  • mocho

    June 26, 2012 at 2:09 pm

    ရခိုင် ဘက်မှာနေ တုန်း က အကိုက် ခံရင် ၊ အခန့် မသင့် ရင် သေ နိုင်တဲ့ ၊ မသေတောင် အကိုက် ခံရတဲ့ နေရာ က အသားတွေ ပဲ့ ကျ သွားအောင် အဆိပ်ပြင်းတဲ့ ကြွေ ပင့် ကူ လို့ ခေါ်တဲ့ တောကြီး ပင့် ကူ တွေ တွေ့ ဖူးသလို၊အကိုက် ခံရတဲ့ လူနာတွေ လည်း တွေ့ ဖူးတယ်။ တချို့ဆို အချို ပန်းကန် ပြား အရွယ် လာက် ရှိတယ်။ အခု အကောင်လေးတွေ က ကြည့် ရတာ ကြောက် စရာမကောင်း ဘူး၊ အဆိပ်တော့ ရှိ မှာပဲ ထင်တယ်။

    Reply

  • မောင်ပေ

    June 26, 2012 at 2:10 pm

    အသဲယားတာဗျာ ။
    ဘာဘဲဖြစ်ဖြစ် မမြင်ဖူးတာလေးတွေ ကြည့်ရလို ့ရှဲရှဲ

    Reply

  • water-melon

    June 26, 2012 at 2:18 pm

    Spiderman ဖြစ်စေတဲ့ ပင့်ကူမရှိဘူးလားဟင်
    အကိုက်ခံချင်လို့ပါ
    နာ့ဟဲ့ စဗတ်တာမန်း ဖရဲကွ
    ရှီး ရှီး……

    Reply

    • မဟာရာဇာ အံစာတုံး

      June 26, 2012 at 2:25 pm

      ရှိဒယ် …
      ရှိဒယ် ….
      အရောင်လေးက အနက်ရောင်လေး ..
      အဲ့ပင့်ကူ ကိုက်ရင်
      တစ်ခါတည်း သေ .. အဲလေ ..
      တစ်ခါတည်း စဗက်တာမန်း ဖစ်တွားရောဒဲ့ …

      Reply

  • mayjuly

    June 26, 2012 at 2:37 pm

    ဟမလေးးး
    အတဲယားလိုက်ဒါနော်…
    အပေါ်ဆုံးအကောင်ကို ကြည့်ဘူးနော်…
    ကြောက်ဒယ် .. 😛

    Reply

  • cum min

    June 26, 2012 at 2:45 pm

    ပြုံးနေတာ…နာလားလို…လန့်သွားတာ…ဂဲ….

    Reply

  • ဘဲဥ

    June 26, 2012 at 3:29 pm

    အိမ်း အိမ်း ကောင်းပေစွ ကောင်းပေစွ
    ဗဟုသုတ ရပေတာပေါ့ကွယ် 😀

    Reply

  • manawphyulay

    June 26, 2012 at 3:51 pm

    ယူထားတဲ့ မေဂျာကတော့ ဇူးမေဂျာပါပဲ။ ကျောင်းပြီးထဲက ဘာမှမသိတော့တာ။ ခုမှပဲ သေချာသိတော့တယ်။ ပင့်ကူတွေက ကျိုက်ထီးရိုးမှာဆိုရင် ဆေးမြစ်တွေနဲ့ ဒဏ်ကြေလိမ်းဆေးတောင် ထုတ်တယ်နော်။ ဒီကောင်တွေလည်း လိမ်းဆေးဖော်လို့ရတယ်မလား။

    Reply

  • mamanoyar

    June 26, 2012 at 4:23 pm

    မမြင်ဖူးတာတွေ မြင်ရတာ ကျေးဇူးတင်ပါတယ်ရှင်

    Reply

  • may flowers

    June 26, 2012 at 4:38 pm

    ထူးထူးခြားခြားပင့်ကူများမို့ ဗဟုသုတအဖြစ်လေ့လာကြည့်ရှုသွားပါတယ်………ကိုအံဇာတုံးရေ။

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 4:52 pm

    ထူးဆန်းပါတယ်နော်…
    နောက်ပြီး…
    ကြောက်စရာကြီး….
    ကျေးဇူးပါ…
    ခုလိုတင်ပြထားတော့…
    မြင်ဖူးသွားပြီပေါ့နော်..။

    Reply

  • Ma Ei

    June 26, 2012 at 5:37 pm

    အပင်မှာသစ်ကိုင်းခြောက်လေး မှတ်လို့ချိုးမလို့ ကိုင်မိတော့မှ
    အကောင်လေးဖြစ်နေတဲ့ တုတ်ချောင်းကောင်လေး တွေ့ဖူးတယ်…
    ပင့်ကူနဲ့တော့ မတူဘူး…

    Reply

  • မိုး မင်းသား

    June 26, 2012 at 6:19 pm

    မဟာရာဇာရေ…….ပြူးကြောင်ကြောင်ပင် ့ကူနဲ ့ပြုးံနေတဲ ့ပင် ့ကူကို

    အကြိုက်ဆုံးပဲဗျာ……

    မမြင်ဘူးတာတွေမြင်ရတော ့…..မဟာရာဇာကို….

    ကျေးဇူးတင်မဆုံးပဲဗိူ ့ ့…….ကျေးကျေးပါခင်ဗျာ

    Reply

  • စိန်ဗိုက်ဗိုက်

    June 26, 2012 at 6:32 pm

    ဟဲ့
    နာ့လို နမူး ပင့်ကူတွေ ့ရင် သတင်းပို ့ပါ
    ဒါဗျဲ

    Reply

  • ဇောက် ထိုး

    June 26, 2012 at 7:30 pm

    ဘယ်လိုပဲဖြစ်ဖြစ် ကြည့်ရတဲ့သူအတွက် အကျိုးမယုတ်ပါဘူး။
    အားပေးရမှာပါပဲ။ ကျေးဇူးပါ ကိုရာဇာ။

    Reply

  • ရဲစည်

    June 26, 2012 at 8:49 pm

    ပနားမားမှာ ပင့်ကူဂဏာန်းနဲ့ ဂဏန်းပင့်ကူ မတူဘူးတဲ့
    (က) ပင့်ကူ_ဂဏန်းက ဂဏန်းပုံစံ အကောင်က ၈” လက်မပတ်လည်လောက် ရှိတယ်
    ( ခ) ဂဏန်း_ပင့်ကူက ပင့်ကူပုံစံ ခြေချောင်း ၁ချောင်းစီကို ၂မီတာကနေ ၃မီတာလောက်ရှိတယ်တဲ့ တကောင်လုံး ပတ်လည်ဆို
    ၄.၅မီတာ ၁၃ပေကျော်လောက် ရှိတယ်ဆိုဘဲ ….
    ပင့်ကူဂဏန်းကတော့ မြင်ဖူးတယ် ချစ်စရာလေး လူကိုလဲ အန္တရာယ်မပေးတတ်ဘူး စစကိုင်ခြင်း ညှပ်မှာကြောက်နေရသေးတယ်

    Reply

  • marblecommet

    June 26, 2012 at 10:52 pm

    အဲပင့်ကူတွေကို
    အရက်နဲ့စိမ်ပြီး ကစ်လို့ကတော့
    နှစ်ခြောက်ဆယ် အတွင်းတောင်
    ရသွားမယ် ခြောက်ဖက်
    ဘယ်လိုလဲစမ်းရဲလား …..

    Reply

  • kyeemite

    June 27, 2012 at 11:46 am

    မောင်အံဇာတုံး ပုံလေးတွေ
    ကြည့်သွားသဗျု့ိ…

    Reply

    • မဟာရာဇာ အံစာတုံး

      June 27, 2012 at 11:54 am

      ကြည့်ရအောင် ပြထားတာကို
      ခင်ဗျားဂျီးက မကြည့်တော့
      ဘာလုပ်ချင်လို့တုံး .. 😀
      (နောက်ဒါ …)

      Reply

  • ဒိုးစနစ်

    June 27, 2012 at 6:29 pm

    ပင့်ကူတွေကို စိတ်ဝင်စားတယ်..
    ဒါပေမယ့် အသည်းယားပြီး ကြောက်တယ်..
    ကြည့်ရှုအားပေးသွားပါတယ်

    Reply

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 27, 2012 at 6:34 pm

    ဦးလေးပင့်ကူတွေတော်တော်ဘောတော်ခွေ့ပုံပေါ်တယ်……
    အေဗာတာထဲကမျက်နှာကြီးတောင်ပင်ကူနဲ့တော်တော်တူလာပြီ…
    မိုက်ပါတယ်ဗျို့…..တော်တော်တော့အစုအဆောင်းကောင်းတာပဲနော်…..

    Reply

  • သားဦး၊မြေးဦး

    June 27, 2012 at 10:11 pm

    ကိုအံစာတုံးရေ ငှက်ချီးနဲ ့တူတဲ့ကောင်က ကြောက်စရာဗျာ။

    Reply

  • Khaing Khaing

    June 28, 2012 at 1:54 pm

    ကိုတောက်တဲ့ ဟိုနေ့ကပို့စ်ကိုတွေ့တယ် မအားတော့မမန့်ဖြစ်ဘူး ……. အခုတော့ ကိုတောက်တဲ့ပို့စ်ကို မနည်းရှာပီး မန့်လိုက်တယ် ဒါက ကိုတောက်တဲ့ကိုသတိရနေသေးတယ်ဆိုတဲ့အထိန်းအမှတ်ပေ့ါ ……… ပင့်ကူတွေ မွေတွေဆိုစိတ်မဝင်စားဘူး …… ဗဟုအနေနဲ့တော့ကြည့်သွားပါတယ် ……

    Reply

    • မစ္စတာ တောက်တဲ့

      June 28, 2012 at 3:22 pm

      သတိရသေးတယ်ဆိုလို့
      သန်းနဲခရုပါနော့ ..
      ကျုပ်ကလည်း သတိရမိကြောင်းရယ်ပါလို့
      ပြန်လည် ပြောပါရစေ ..

      ခင်မင်စွာဖြင့် ..
      မစ္စတာ တောက်တဲ့

      Reply

  • ရွာစားကျော်

    June 28, 2012 at 3:14 pm

    ထူးဆန်းပါပေ့ ဆရာတောက်ရေ
    ဗဟုသုတအဖြစ်လေ့လာကြည့်ရှုသွားပါတယ်…

    Reply

  • Phaung Phaung

    June 28, 2012 at 4:25 pm

    ပင့်ကူတွေကိုစုံနေတာပဲ။ တခါမှမမြင်ဘူးဖူး။ အောက်ဆုံးက ပြုံးနေတဲ့ပင့်ကူလေးကို အကြိုက်ဆုံးပဲ…။ ဂျယ်လီ လေးကြနေတာပဲ။ စားတောင်စားချင်တယ်…. အဟိ။

    Reply

  • char too lan

    June 28, 2012 at 5:09 pm

    ပင့်ကူထက်တောက်တဲ့ကပိုစိတ်ဝင်စားဖို့ကောင်းတယ်
    ပြီတီတီပြူးတူးတူးမျက်လုံးဂျီးတွေနဲ့အပေါ်ကိုမော့ကြည့်နေတာများ…
    ဘေးမှာဝိုင်းစုခိုင်သိန်းများရပ်နေသလားတောင်ထင်ရတယ် 😀

    Reply

  • မဂွတ် ထော်

    June 29, 2012 at 3:19 pm

    မမြင်ဘူးတာမြင် ရတာပေါ့ဗျာ
    ခုလိုတင်ပေးတာ

    Reply

Leave a Reply

Your email address will not be published.