one candle စေတနာရှင်လူငယ်များ အဖွဲ့၏ ခရီးစဉ်(၄)

kotun winlattJune 24, 20124min022

မူလခေါင်တုန့်စည်ရွာလေးသို့ မသွားမှီ လမ်းမှာ  ပါလာတဲ့ ထမင်းထုပ်ကို ဝိုင်းဖွဲ့စားသောက်နေကြစဉ်…

ထမင်းတူတူလာစားကြပါဦးလား…..

ခရီးဆက်ခါနီး ဆင်တွေရောက်လာလို့ အမှတ်တရရိုက်ထားလိုက်တာ..

တွန်းထား ကိုယ့်လူရေ..တွန်းထား ကိုယ့်လူရေ….

ရေကကြည်ကြည် စီးတာကမြန်မြန်မို့ အသာထိန်းကာ ကူးကြပေတော့…

အားနွဲ့တဲ့ မိန်းကလေးလို့ ဘယ်သူတွေကပြောမလဲ…

ရွာအဝင်မှာ တွေ့ခဲ့ရတဲ့ ဆိုင်းဘုတ်…..

ရွာအဝင် ငှက်တိုင်ရှေ့မှာ ဂိုက်ပေးကြမ်းမိတာ ဘယ်သူကလက်ဆော့ပီး ရိုက်လိုက်လဲ မသိဘူးဗျို့…

မပြီးသေးတဲ့ စာသင်ဆောင်လေး (၁၅.၆.၂၀၁၂ထိကလေးတွေ စာသင်စရာ နေရာမရှိသေးလို့ ကျောင်းမဖွင့်နိုင်သေးပါ..)

အလှူပစ္စည်းလေးတွေကို မှတ်တမ်းတင်နေစဉ်…..

ဆရာမလေးသို့ စာရေးကိရိယာများ ပေးအပ်လှူဒါန်းနေစဉ်( အကျီင်္အနီဝတ်ထားတာ ဆရာမလေးပါ..)

ခေါင်တုန့်စည် ဘုန်းတော်ကြီးကျောင်းထဲမှာ တွေ့ရတဲ့ ကျောင်းသူားလေးများနဲ့ အမှတ်တရ…။

22 comments

  • မောင်ပေ

    June 24, 2012 at 9:34 pm

    ဆြာထွန်း ရေ ၊ သည်ပို ့စ်မှဘဲ ဝင်ကြည့်ဖြစ်တော့တယ် ။
    အဲဒီခရီးစဉ်မှာ ဆြာကတော်လောင်းလျာ ကော ခေါ်သွားသေးလား ဗျို ့။
    လမ်းကတော့ တော်တော်ကြမ်းမှာဘဲနော

    Reply

  • ကိုလတ်ရေ
    စောစောက ပြောသလိုပါဘဲ မလိုတဲ့နေရာမှာရေလောင်းမယ့်အစား
    လိုတဲ့နေရာမှာရေဖျန်းပေးနိုင်မယ်ဆိုရင်ကို အတော်အဆင်ပြေမှာပါ။

    Reply

  • kotun winlatt

    June 24, 2012 at 9:44 pm

    ကိုပေနော်..ကိုပေ…
    အတင်းကို ပေးစားနေတော့တာပဲ….
    ကျနော် မန်းလေးရောက်တော့ ကိုပေပဲ ရှာပေးမယ်ပြောထားပီးးးး
    လမ်းက မိုးရွာတော့ မကောင်းတော့ဘူးဗျ…ဗွက်ထပြီး ချောနေတာ..
    တောင်တက် တောင်ဆင်း ချောင်းတွေဖြတ်နဲ့ သွားရတာပါ..
    အခုရွာလေးက ကျနော်နေတဲ့နေရာနဲ့ဆို မိုင်၂ဝကျော်၃ဝတော့ဝေးလိမ့်မယ်ဗျ…
    15.6.2012 ရက်နေ့က ကျနော်တို့ အဖွဲ့ မနက် ခြောက်နာရီကနေထွက်လိုက်တာ
    ညနေ (၇)နာရီကျော်မှ အိမ်ပြန်ရောက်ကြတာလေ..
    ရွာငါးရွာက ကျောင်းငါးကျောင်းကို သွားကြတာပါ…
    လမ်းကကြမ်း လူကပန်းပေမယ့် ကြည်နူးဝမ်းသာမှုကြောင့်
    မောရပန်းရမှန်း မသိ ဖြစ်ရပါတယ်…ကိုပေရေ…။
    @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
    ဟုတ်ပါတယ်…လေးပေါက်ရေ ..
    ကျနော်တို့ရွာတွေဘက်က လူတွေက ဘုရားတွေ ဘုန်းကြီးတွေကိုလှူမှ
    ကုသိုလ်ရတယ်လို့ ထင်နေကြတာလေ…
    ဒီလိုကျောင်းလေးတွေကို လှူရင်လည်း ကုသိုလ်ရတယ်ဆိုတာသိအောင်ရယ်..
    ကလေးတွေဟာ နိုင်ငံအတွက် အရေးကြီးတယ်ဆိုတာ သိစေချင်လို့ပါ…
    ကလေးတွေဆိုတာ နိုင်ငံအတွက် အနာဂတ်ခေါင်းဆောင်တွေ မဟုတ်လားဗျ..
    ဒီလို အနာဂတ်ကိုခေါင်းဆောင်မဲ့ ကလေးတွေဟာ ပညာရေးကို မသင်ကြားနိုင်ဘူးဆိုရင်..
    ကျနော်တို့နိုင်ငံရဲ့ အနာဂတ် လှပနိုင်ပါ့မလားဗျာ..
    ဒါကြောင့် တတ်နိုင်သလောက် လုပ်နေရတာပါ..

    Reply

  • Wunna Aung

    June 24, 2012 at 9:47 pm

    တော်တော်ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ သွားကြရတယ်နော်…. ဒါပေမယ့် စေတနာရှင်တွေရဲ့ မျက်နှာတွေကတော့ ပြုံးလို့…….

    Reply

    • kotun winlatt

      June 24, 2012 at 9:53 pm

      ပင်ပန်းပေမယ့်လည်း ပျော်ပါတယ်ခင်ဗျာ…
      လိုအပ်နေတဲ့ ကလေးတွေကို လှူဒါန်းပေးရတာမို့လေ…
      ဒါကြောင့် ကျနော်တို့အဖွဲ့သားတွေရဲ့မျက်နှာမှာ အပြုံးလေးတွေရှိနေကြတာပါ..
      တစ်လမ်းလုံး ဆိုင်ကယ်တွေ ကူတွန်းကြ..စကြ နောက်ကြနဲ့ပေါ့..
      လမ်းဘေးမှာ အင်ဖက်နဲ့ထုပ်လာတဲ့ ထမင်းတွေ ဝိုင်းဖွဲ့စားကြနဲ့လေ..
      တကယ်အမှတ်တရ နေ့ရက်လေးတစ်ရက်ဖြစ်ခဲ့ပါတယ်ခင်ဗျာ…။

      Reply

  • ရွာစားကျော်

    June 24, 2012 at 10:04 pm

    အားကျ သာဓုခေါ်ပါတယ် ကိုထွန်းဝင်းလတ်ရေ
    တကယ်လိုအပ်နေတဲ့နေရာ၊ လက်ထဲအရောက် ခက်ခဲပင်ပန်းခံပြီး သွားလှူတဲ့ စေတနာကိုမြင်ရတာ မင်္ဂလာရှိလိုက်တာဗျာ

    Reply

  • ညလေး

    June 24, 2012 at 10:06 pm

    လိုအပ်ချက်လေးတွေကို…..တစ်ဖက်တစ်လမ်းကနေ….ကူညီကြလို..
    ကျေးဇူးတင်မိပါတယ်ရှင်…..ခရီးကြမ်းပေမယ်…မညည်းတမ်းအရောက်သွားခဲ.ကြတဲ.
    စေသနာရှင်တွေကို…..ဂုဏ်ယူပါတယ်….ဒီ.ထက်မကလှူနိုင်ကြပါစေလို……
    ဆုတောင်းပေးလိုက်ပါတယ်ရှင်….

    Reply

  • kotun winlatt

    June 24, 2012 at 10:21 pm

    ဟုတ်ကဲ့ပါ..ကိုရွာစားကျော်ရေ…
    လိုအပ်နေကြတာတော့ တကယ်ပါ..
    ဒီမူလခေါင်တုန့်စည်ရွာဟာ မိုးတွင်းဆိုရင် ကျနော်တို့ဘက်ကို
    ခြေကျင်လာမှသာရနိုင်ပါတယ်…
    ဒီရွာမှာ အိမ်ခြေက ၃ဝခန့်သာရှိပြီး ကျောင်းသားဦးရေက
    ၃၅ဦးရှိနေတယ်ခင်ဗျ… မိုးကုန် သီတင်းကျွတ်လောက်ကို
    နောက်တစ်ခေါက်လောက်သွားလှူဦးမယ်လို့တော့ မှန်းထားတာပါပဲ…။
    @@@@@@@@@@@@@@@@@@@@@@@
    ဟုတ်ကဲ့ပါ…ညလေးရေ…
    တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက်လေး လုပ်ပေးနေတာပါ..
    ပေးတဲ့ဆုနဲ့ပြည့်ပါရစေခင်ဗျာ….။

    Reply

  • water-melon

    June 24, 2012 at 10:23 pm

    ကိုထွန်းရေ
    အင်ဖတ်လေးနဲ့ထမင်းစားချင်လိုက်တာဗျာ
    ဆင်လည်းစီးချင်တယ်
    အရမ်းလည်း ဝမ်းသာပြီး အားကျမိပါတယ်
    သာဓုပါဗျာ

    Reply

  • kotun winlatt

    June 24, 2012 at 10:49 pm

    မန်းလေးလာရင် ထမင်းကို အင်ဖက်လေးနဲ့ထုပ်ပီးယူခဲ့ပေးမယ်လေ..
    အသက်ကြီးရင်တော့ ဆင်စီးရမှာပေါ့..(ဘယ်ကြော်ငြာထဲမှာလည်းတိဝူးကြားဘူးတာ..)
    အမျှ..အမျှ..အမျှပေးဝေပါတယ်ခင်ဗျာ…။

    Reply

  • တညင်သား

    June 24, 2012 at 10:58 pm

    သာဓုခေါ်ပါတယ်ဗျာ…
    အဲဒီလို လက်တွေ့ဆန်ပြီး ကိုယ်တို်င်ကိုယ်ကျ အလှူမျိုးလဲ ကြုံချင်ပါသေးတယ်…

    Reply

  • kotun winlatt

    June 24, 2012 at 11:23 pm

    ကျေးဇူးပါ..ကိုတညင်သားရေ..
    အားလုံးကောင်းဘို့ရာ…အားလုံး တတ်နိုင်တဲ့ဘက်က လုပ်ဆောင်ကြဖို့လိုအပ်ပါတယ်..
    ဆရာမဂျူးရဲ့ စာအုပ်ထဲက စာသားလေးတစ်ခုလိုပေါ့..
    ပိုကောင်းတဲ့ အနာဂတ်ကို ဖန်တီးဘို့ရာ မျိုးဆက်တိုင်းမှာ တာဝန်ရှိတယ်….

    Reply

  • Mလုလင်

    June 24, 2012 at 11:29 pm

    ရှိတဲ့ တာဝန် ကိုကျေအောင် ထမ်း နေတဲ့ အစ်ကို့အတွက် ဂုဏ်ယူရင်း ….. နဲ့

    Mလုလင်

    Reply

  • ရဲစည်

    June 25, 2012 at 8:36 am

    ကောင်းပါတယ် ကိုထွန်းဝင်းလတ်
    ဒီလို မဖွံ့ဖြိုးတိုးတက်သေးတဲ့ ဒေသတွေမှာ အခုလိုအကူအညီ ပေးနိူင်တာဟာ သိပ်ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ စေတနာပါဗျာ..။
    ကျနော်လဲ အဲဒါမျိုးကို လှူရတာ သဘောကျတယ်ဗျို့ တနှစ်ကို တခါနှစ်ခါတော့ လှူဖြစ်တယ်ဗျို့ မနှစ်ကတော့ ချင်းတောင်တန်းကို အလှူပစ္စည်းတွေ ပို့ပေးဖြစ်တယ် ဒီနှစ်တော့ လှူစရာ တနေရာတိုးလာလို့ ဝမ်းသာရမလို ဝမ်းနည်းရမလို… 🙁
    မပြည်တဲ့အိုးတွေ တတ်နိူင်သမျှ နည်းပါးလာပါစေဗျာ..
    ဟိုလူကြီးဒွေ အောက်ခြေထိမြင်နိူင်ပါစေ……………..

    Reply

    • kotun winlatt

      June 25, 2012 at 9:43 am

      ကိုလုလင်ရေ…
      အများကြီးမဟုတ်ပေမယ့် တတ်နိုင်သလောက် တတ်နိုင်တဲ့ဘက်ကနေ
      တာဝန်ယူကြည့်နေတာပါခင်ဗျာ…
      ကျနော်ကလည်း လာရောက်အားပေးမှုအတွက် ဝမ်းသာရပါကြောင်း…။

      @@@@@@@@@@@@@@@@@@@@@@@@@@@@@

      ကိုရဲစည်ရေ…
      မပြည့်တဲ့အိုးတွေ ပြည့်လာရင် ဘောင်ဘင်မခတ်တော့ဘူးပေါ့..
      ဒီတော့ တည်ငြိမ်အေးချမ်းပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို
      ရောက်ရမည်မှာ မလွဲပါ….
      အောက်ခြေထိမြင်နိုင်ရင်တော့ အကောင်းဆုံးပေါ့…
      အခုတော့ အောက်ခြေမှာ ပြောင်းလဲမှု သိပ်ကြီးကြီးမားမား
      မတွေ့ရသေးတာတော့ အမှန်ပါခင်ဗျာ…
      ကျေးဇူးတင်ပါတယ်…ကိုရဲစည်ခင်ဗျားးးး။

      Reply

  • MaMa

    June 25, 2012 at 9:01 am

    ကင်မရာကိုင်ပြီး ထမင်းထုပ်နှိုက်နေတာ ရွာရဲ့ စီဂျေ ဖြစ်ရမယ်။ 😀
    အခုလို ကိုယ်နိုင်တဲ့ဘက်က လောကကြီးကို တထောင့်တနေရာကနေ အလှဆင်ပေးလိုက်နိုင်လို့ ဝမ်းသာဂုဏ်ယူပါတယ်။
    ဆရာသစ်စကားနဲ့ ပြောရရင် ကြယ်ငါးလေးတွေ ပင်လယ်ထဲ ကောက်လွှတ်ပေးလိုက်နိုင်ပြီပေ့ါ။
    ဆရာထွန်း စကားနဲ့ ပြောရရင် ဖယောင်းတိုင်လေးတစ်တိုင် မီးညှိပေးလိုက်နိုင်ပြီပေ့ါ။ 🙂

    Reply

  • ကြောင်ဝတုတ်

    June 25, 2012 at 9:30 am

    ကြုံရင်လာလည်ချင်ပါတယ်ဗျာ…
    ကြိုးစားပါဦးမယ်…
    အများအကျိုးလုပ်နိုင်တဲ့သူတွေအတွက် ဂုဏ်ယူလျှက်ပါ…

    ခင်တဲ့-
    ကြောင်ဝတုတ်

    Reply

  • kotun winlatt

    June 25, 2012 at 9:52 am

    ဟုတ်ပါ့…မမရေ…ကင်မရာကိုင်ပီး ထမင်းထုပ်နှိုက်နေတာ ကျနော်ပါပဲခင်ဗျာ..
    လောကကြီးကို အလှဆင်နေသူလို့ဆိုတော့ နည်းနည်းမြင့်သွားသလားလို့…
    ဟဲ… ကျနော်တို့အဖွဲ့နာမည်လေးက ဖယောင်းတိုင်ပါ..ဘာကြောင့်ဒီလိုပေးရလဲဆိုတော့
    ဆရာတော် ဦးဇဝန (မေတ္တာရှင်) ရွှေပြည်သာရဲ့ စာအုပ်လေးတစ်အုပ်မှာ
    ဒီလိုရေးထားတာလေးကို ကြိုက်မိလို့ ကျနော်တို့ အဖွဲ့နာမည်လေးကို one candle လို့
    ပေးလိုက်ရခြင်းဖြစ်ပါကြောင်း…
    ဘယ်လိုရေးထားလဲ ဆိုတော့..
    “မှောင်မိုက်လိုက်တာလို့ ညာဉ်းညူနေမယ့် အစား သင်ကိုယ်တိုင် ဖယောင်းတိုင်လေး
    တစ်တိုင် ထပြီး ထွန်းညှိလိုက်ပါလားတဲ့” ခင်ဗျာ..
    @@@@@@@@@@@@@@@@@@@@@@@@@@@@
    ဟုတ်..ကိုဖက်ရေ..
    လာလည်ပါခင်ဗျာ… အမြဲတမ်းကြိုဆိုလျှက်ပါ…
    ရွာဆိုတော့ မြင်ကွင်းလှလှလေးတွေပဲရှိပါတယ်..
    အစားအသောက် အနေအထိုင်တွေကတော့
    နည်းနည်းခက်ပါလိမ့်မယ်…
    လာလည်မယ်ဆိုရင်တော့ တကယ်ကို ကြိုဆိုနေကြောင်းပါခင်ဗျာ..။

    Reply

  • Khaing Khaing

    June 25, 2012 at 10:07 am

    ကိုထွန်းဝင်းလတ်ရေ ……. အစ်ကို့ရဲ့ အလှူနဲ့ပတ်သက်ပြီး အပင်ပန်းခံလုပ်နိုင်တဲ့စိတ်ဓာတ်လေးကို လေး စားမိပါတယ် …… နောင်လည်း ဒီဖက်မက လူမှုရေးအလုပ်တွေကို ကျန်းမာစွာဆက်လက်လုပ်နိုင်ပါစေလို့ ..

    Reply

  • kotun winlatt

    June 25, 2012 at 10:18 am

    ကျေးဇူးးးပါ ..မခိုင်ခိုင်ရေ….
    နောင်ဒီထက်မက လူမှုရေးအလုပ်တွေကို လုပ်နိုင်ချင်ပါတယ်…
    လောလောဆယ်ဆယ်တော့ အိမ်ကအလုပ်တွေကို ပစ်ထားရတာကြာလို့
    အိမ်ပေါ်ကနေ မောင်းချခံရမဲ့ အခြေအနေဖြစ်နေရပါတယ်…
    ဘူဒွေကများ လာနေဖို့ ခေါ်ကြပါ့မလဲနော်…အဟဲ…
    လာရောက်အားပေးပြီး ကွန်မန့်ချီးမြှင့်ပေးတဲ့ သယ်ရင်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ…
    ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း….။

    Reply

  • htoosan

    June 27, 2012 at 10:29 pm

    ကိုထွန်းဝင်းလတ်ရေ .ကျွန်တော်လက်မလေးတွေဘဲထောင်ထောင်ပြီးအားပေးနေတာပါ ။ ၉ ကျောင်းဆိုလို့အားလုံးစုံမှဘဲ မေးမလို့စောင့်နေရင်းက မစောင့်နိုင်တော့လို့ သိချင်လို့ မေးပါရစေ။ ဒီ ပုံထဲက ကျောင်းက မပြီးသေးလို့ ဆိုတာ ဘာဖြစ်လို့လဲ သိပါလား ။ ပုံထဲမှာ ရှင်းနေတော့ ဆောက်စရာ ပစ္စည်း မရှိတော့လို့လား ။ ဘယ်လိုကြောင့်လည်း သိချင်လို့ပါ။

    Reply

  • kotun winlatt

    June 27, 2012 at 11:41 pm

    ကိုထူးဆန်းရေ…
    မပြီးသေးဘူးဆိုတာက ကျောင်းကိုဆက်လက်ပြီး ဆောက်လုပ်စရာ
    ငွေကြေးမရှိလို့ပါခင်ဗျာ.. ဒီကျောင်းလေးကို ရွာသူားတွေရဲ့ အားနဲ့ ဆောက်လုပ်နေတာပါ..
    ကျောင်းသားဦးရေ ၃၅ဦးတည်းသာရှိတဲ့ရွာဆိုတော့ အိမ်ခြေကရော ဘယ်လောက်ပဲရှိမယ်ဆိုတာ
    တွေးကြည့်ပါ…ဒီကျောင်းမပြီးနိုင်သေးလို့ ..ရွာဘုန်းတော်ကြီးကျောင်းရဲ့ ဇရပ်မှာ
    ကလေးတွေကို စာသင်ကြားဖို့ စီစဉ်နေကြပါတယ်ခင်ဗျာ…
    အိမ်ခြေကနည်း တခြားရွာတွေနဲ့လည်း ဝေးတဲ့ ရွာလေးပါ…
    သူနဲ့ အနီးဆုံးရွာကကို သူနဲ့ ငါးမိုင်လောက်ဝေးပါတယ်ခင်ဗျာ…

    Reply

Leave a Reply

Your email address will not be published.