သစ်မွှေး ကဏ္ဍ အမေးအဖြေ (၄)

Wai Aung Chan MyoJune 20, 20121min04

အကိုရေ မင်္ဂလာပါခင်ဗျာ
ကျွန်တော်မရှင်းတာလေး သိချင်လို.အချိန်ရရင်ဖြေပေးပါအုံး ၊အကြံပြုပေးပါအုံး
ကျွန်တော် အခုမိုးရာသီမှာ ကျွန်တော်တို.ဒေသ တောင်ပေါ်ကသစ်မွှေးပင်အလေ့ကြပေါက်တဲ့အပင်ပေါက်လေး
တွေကိုတူးယူပြီးစိုက်ဖို.စိတ်ကူးထားပါတယ် ၊ ကျင်းတွေလဲတူးထားပြီးပါပြီ ၊ ကျွှန်တော်သိချင်တာက ကျင်းတွေထဲကို ကျွန်တော်အခု လွှစာမှုန်. ( သစ်မှုန်. ) တွေနဲ. ဝက်ချေးအဆွေးတွေနဲ.တူးထားတဲ့မြေဆီကို ဆတူရောထားပါတယ် ၊ အရင်တကြိမ်စိုက်တုန်းကတော့ ကျွန်တော့်ကို ပျိုးပင်ရောင်းတဲ့သူက ကျင်းထဲကိုအပင်မစိုက်ခင်မှာ ( ဖျူရာတန် )စာလုံးပေါင်းမမှတ်မိတော့ပါဘူး မြေတွင်းအောင်းပိုးသတ်ဆေးလို.ပြောပါတယ် ခြ ၊ ပုရစ် ၊ ဖိုးလမင်းကောင်တွေမစားအောင်လို.ပြောတာပါပဲ ။
သစ်မွှေးပင်ကိုဒီပိုးတွေ စားတတ်ပါသလားခင်ဗျာ ၊ ကျွန်တော့စိုက်ခင်းအကွက်ထဲမှာကလဲ ခြ တွေ ပုရစ်တွေတော့ပေါပါတယ် ၊ တကယ်လို. အဲဒီ့ပိုးသတ်ဆေးကို အခုအချိန်မှာကျင်းထဲကိုသုံးလိုက်ရင် ကျွန်တော်အသုံးပြုထားတဲ့ ဝက်ချေးတွေ ၊ လွှစာမူန်.တွေကဖြစ်လာမယ့်အကျိုးပြုမယ့်ဂုဏ်သတ္တိတွေကိုထိခိုက်နှိင်မလား နားမလည်ပဲဝေခွဲမရဖြစ်နေလို.ပါ
အကိုအချိန်ရတယ်ဆိုကျေးဇူးပြုပြီးရှင်းပြပေးပါအုံး။

မင်္ဂလာပါ ကိုxxx
အလေ့ကျအပင်ပေါက်တွေက အခုဒီနှစ်ဇွန်မှ ပေါက်တာလား၊ ဒါမှမဟုတ် ပြီးခဲ့တဲ့နှစ်ကပေါက်တာလား
တကယ်လို့ မနှစ်ကပေါက်တဲ့ဟာဆိုရင် ၁နှစ်သားဖြစ်ပြီဖြစ်တဲ့အတွက် မြေချစိုက်လို့ရပါပြီ။
ဒီနှစ်မှ ပေါက်တာဆိုရင်တော့ ပျိုးထုပ်နဲ့ ၁နှစ်ထပ်ပျိုးဖို့လိုပါတယ်။
တစ်နှစ်သားဆိုရင် ၁ပေအထက်မှ ၃ပေအထိရှိနေတတ်ပါတယ်။
ဒါကို ပထမအချက်အနေနဲ့ သတိပြုစေချင်ပါတယ်။
ကောင်းပြီ လောလောဆယ် ၁နှစ်သားရှိပြီလို့ ယူဆပြီး ရှင်းပြပေးပါ့မယ်။
ကျင်းထဲကို အကိုပြောသလို မြေဆီတွေထည့်တာကိုတော့ လက်ခံနိုင်ခြေရှိပါတယ်။
ပြောင်းရွှေ့စိုက်တဲ့အခါ အရေးကြီးဆုံးက အမြစ်မနာစေဖို့ပါ။ ပြီးတော့ အမြစ်ကို လေမထိစေဖို့လည်းလိုပါတယ်။
အကိုပျိုးပင်ဝယ်လိုက်တဲ့သူက သဘာဝစိုက်ပျိုးရေးနာမလည်လို့လား ဘာလားတော့ ကျနော်မပြောလိုတော့ပါ။
ဒီ Furaton က ပိုးသတ်ဆေးတမျိုးပါ။ ခြဆေးတမျိုးပါ။ တကယ်တော့ ဒီဟာကို အပင်စိုက်တဲ့ကျင်းထဲကို ထည့်လိုက်ရင် အပင်ကို ဓာတုအဆိပ်သင့်စေပါတယ်။ ဒီတော့ အပင်ဆေးထိုးအဆီထုတ်ရင် ဒီ ဓာတုအဆိပ်က ပါနေတဲ့အတွက် သစ်မွှေးဆီအရည်အသွေးကျစေပါတယ်။
ဒါကို အထူးသတိပြုစေချင်ပါတယ်။
ဒီတော့ ခြ၊ ပုရစ်တွေက အကို စိုက်မယ့်နေရာမှာအရမ်းပေါနေတာလား။
နောက်ပြီး ဖိုးလမင်းဆိုတဲ့အကောင်က တကယ်တော့ နွားချေးထဲကပါတတ်တာပါ။
မြေတွင်းအောင်းပိုးတွေမှာ အဖျက်ပိုးရယ်မိတ်ဆွေပိုးရယ်ဆိုပြီးရှိတတ်ပါတယ်။
ဘာပဲဖြစ်ဖြစ်လေ ဓာတုပိုးသတ်ဆေးကိုသုံးတာတော့ ကျနော် သိပ်သဘောမတွေ့လှဘူး။
အဲဒီတော့ အကြံပေးချင်တာက အကိုစပ်ထားတဲ့ မြေဆီဩဇာတွေရဲ့အပေါ်မှာ၊ ဗေဒါ၊ ကောက်ရိုး၊ ဝါးရွက် စတဲ့ တခုခုကို (အခြောက်ကိုပေါ့နော်) တင်ပြီး မီးရှိ့လိုက်ပါ။ နောက်ပြီး မစိုက်ခင် ၃ပတ်အလိုလောက်မှာ ထုံးနဲ့ဒုတ္တာစပ်ထားတာကို ကြိုဖြန်းထားနှင့်ပါ။ ဒါက Preventive action ပါ။ မဖြစ်ခင်ကာကွယ်တာပါ။

အပင်စိုက်ပြီးနောက်ပိုင်းလည်း ခြ၊ ပုရစ်၊ ဖိုးလမင်း စတဲ့အဖျက်ပိုးတွေက လာတတ်ပါတယ်။ ဒါကိုကျတော့ ကျနော်ရေးနေတဲ့ သဘာဝစိုက်ပျိုးနည်းစာအုပ်ထဲက သဘာဝအပင်ရွက်ဖြန်းဆေးတွေကို သုံးကြည့်ပါ။ ထိရောက်မှုရှိပါလိမ့်မယ်။

ဪ ကြုံလို့ တခု အသိပေးပါရစေ။ ကြော်ငြာဝင်တာမဟုတ်ပါဘူး။
နောက်ပျိုးပင်များဝယ်ခဲ့ရင် တကယ်ထိထိရောက်ရောက် တတ်သိနားလည်တဲ့သူဆီမှာ ဝယ်ဖို့လိုတယ်ဆိုတာလေး စေတနာကောင်းနဲ့ အကြံပေးပါရစေ။
လက်ရှိကျနော်လည်း သစ်မွှေးပျိုးပင် ၁၀၀၀ဝကျော်လောက်ရှိပါတယ်။
တကယ်လို့ အကို့ရဲ့မိတ်ဆွေများ စိုက်မယ့်သူရှိခဲ့ရင် သတင်းကောင်းပါးပေးပါလို့ ပြောပါရစေ။

အခုလက်ရှိ ပျိုးပင်များကို ၁ပေ ကို ၅၀ဝကျပ် နှုန်းနဲ့ ပျိုးပင်တွေက ၂ပေကနေ ၄ပေ ဆိုဒ်အထိရှိပါတယ်။
နောက်ပြီးကျနော်ကိုယ်တိုင်ရေးထားတဲ့ သစ်မွှေးအကြောင်းစာအုပ်ကိုလည်း attached လုပ်ပြီးပို့လိုက်ပါတယ်။

4 comments

  • lynn lynn

    June 20, 2012 at 10:34 am

    ကိုဝေအောင်ရဲ့ သစ်မွှေးပို့စ်တွေကို အမြဲဖတ်ဖြစ်တယ်။ စိတ်လည်းဝင်စားတယ်။ ကိုယ်တိုင်လည်း လုပ်ကြည့်ချင်ပါတယ်။ လောလောဆယ်တော့ ပိုက်ပိုက်မရှိလို့ ဘာမှ မလုပ်နိုင်သေးဘူး။ ဗဟုသုတရလို့ အရမ်းကျေးဇူးတင်ပါတယ်။

    Reply

    • Wai Aung

      June 21, 2012 at 8:21 am

      ရပါတယ်ဗျာ
      အခုလိုအားပေးတာကိုပဲ ဝမ်းသာပါတယ်

      တကယ်လို့ မိတ်ဆွေတွေ စိုက်ချင်တဲ့သူရှိရင်လည်း ပြောပေါ့ဗျာ။

      Reply

  • မောင်ပေ

    June 20, 2012 at 1:25 pm

    ကိုဝေအောင် အစအဆုံးရေးသားပြုစုထားတဲ့ သစ်မွှေးအကြောင်းကို ပို ့စ်တစ်ခုထဲမှာ အကုန်တင်ပေးစေချင်ပါတယ် ။ ကျုပ်လဲ ကူးထားချင်လို ့ပါ ။
    လေးစားကျေးဇူးတင်စွာဖြင့်
    မောင်ပေ

    Reply

    • Wai Aung

      June 21, 2012 at 8:25 am

      ဟုတ်ကဲ့ ဖြစ်နိုင်ရင် ကိုမောင်ပေရဲ့ email address ကို ပေးစေချင်တယ်။ ကျနော် ကြိုးစားကြည့်သေးတယ်။ ပုံတွေကျတော့ မပါလာလို့ဗျာ။
      ဒါကြောင့် word file နဲ့ email ကနေတဆင့် ပို့ပေးမယ်နော်
      ခင်မင်တဲ့
      ကိုဝေအောင်

      Reply

Leave a Reply

Your email address will not be published.