ထို တစ်ည

may flowersJune 19, 20121min018

ပူအိုက်သောခံစားချက်အာရုံနဲ့ အတူကျွန်မနိုးထလာပါတယ်။ နာရီကို ကြည့်မိတော့

မနက် ၂ ရီကျော်ကျော်ရှိနေပါပြီ။ နွေရာသီရဲ့ ပူအိုက်တဲ့ခံစားချက်နဲ့အတူ အပြင်ဘက်

ကို လှမ်းကြည့်မိလိုက်တယ်။ ဒီနေ့ လပြည့်ကျော် ၂ ရက်နေ့မို့ အပြင်ဘက်မှာလကြီးက

ထိန်ထိန်သာလို့နေပါသည် ။ပူလိုက်တာ ပြောမနေပါနဲ့လေ။ အရေးထဲ မီးကလည်းထုံးစံ

အတိုင်းမလာတော့ ပန်ကာလဲဖွင့်လို့မရ ဆိုတော့ကာ ကိုယ့်အားကိုယ်ကိုးကာ မိမိပိုင်တဲ့

လက်ကိုပဲ အသုံးပြုပြီး ယက်တောင်ကိုခပ်ပြင်းပြင်းလေးခတ်နေမိတာပေါ့။ အဲပြောရင်း

ရေကငတ်လာပြန်ပြီတော်။ ရေသောက်ဖို့အိမ်အောက်ထပ်ကို ဆင်းရဦးမယ်။ညထဲကလို

ရမယ်ရ ဆိုပြီးညီမက ပေးထားတဲ့လက်နှိပ်ဓါတ်မီးလေး အားကိုးနဲ့အိမ်အောက်ထပ်ကို

ဆင်းလာခဲ့ပါတယ်။ အိမ်သားအားလုံး

အပေါ်ထပ်မှာ အိပ်ကြတာဆိုတော့ အိမ်အောက်မှာကခြောက်ခြောက်သွေ့သွေ့ပေါ့။

အေးမလားလို့ ရေခဲသေတ္တာထဲက ရေတစ်ပုလင်းထုပ်ပြီးမော့ချလိုက်မိတော့ မီးပျက်နေ

တာကြာသွားလို့ထင့် ရေနွေးတမျှပူသောရေပူတွေက လည်ချောင်းထဲကိုစီးဝင်သွားကြ

သည်။

ဒါနဲ့ ရေအိုးစဉ်ကရေလေးကိုပဲ နှစ်ခွက်လောက်ဆင့်သောက်ပြီး အိမ်အပေါ်ထပ်ကို ပြန်

တက်ရန်ပြင်လိုက်စဉ်……….

ဝုတ်…….ဝုတ်..ဝုတ်ဝူးးးးးးးးးးးးးးးးးးးးးး

ပြင်းပြင်းထန်ထန်ထိုးဟောင်နေသည့် ငကျားရဲ့အသံကိုကြားရတော့ လှေကားတစ်ပေါ်

ခြေလှမ်းရန်ပြင်နေသည့်ကျွန်မ ခဏငြိမ်ကာနားစွန့်နေလိုက်မိသည်။ ငကျားဆိုသော

ခွေးက ဒီတစ်လမ်းလုံးကမွေးထားသော လမ်းခွေးလို့ခေါ်ရင်ရနိုင်သောခွေးပါ။ ဘယ်က

ဘယ်လိုရောက်လာမှန်းမသိသော ငကျား၏မိခင်ခွေးမကြီးသည် ငကျားတို့ခွေးမောင်နှမ

ငါးကောင်အား သည်လမ်းထဲတွင်မွေးကာ အဆိုပါခွေးလေးတွေသွားနိုင်လာနိုင်အချိန်

လောက်မှာ ကိုယ့်ဘာသာပဲထွက်သွားတာလား၊ တစ်နေရာရာမှာပဲသေဆုံးသွားတာ

လား မသိပဲ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါသည်။ အဆိုပါငကျားတို့ခွေးမောင်နှမငါး

ကောင်လည်း ဒီလမ်းထဲမှာရှိတဲ့ လမ်းသူလမ်းသားတွေက ထမင်းကျန်၊ဟင်းကျန်လေး

များကျွေးကာအသက်ဆက်စေခဲ့ပေမဲ့ ငကျားနဲ့သူ့ညီမမိနက်နှစ်ကောင်သာအသက်

ရှင် ကျန်ရစ်ခဲ့ရှာပါတယ်။ ငကျားကလည်း  လမ်းသူလမ်းသားတွေအပေါ်တာဝန်ကျေရှာ

သည်။ တစ်ညလုံးမအိပ်မနေ လမ်းအတွင်းကင်းလှည့် သွားလာနေတတ်သည်။

လူစိမ်းသူစိမ်းတော့  ညဘက်ညနေဒီလမ်းကို ဖြတ်ဖို့မစဉ်းစားလေနဲ့ငကျားရဲ့အကိုက်ကို

မခံရတောင် အနဲ လေးအဟောင်တော့ခံရမှာအသေအချာပါ။ အဆိုပါငကျား၏စူးစူး

ဝါးဝါး ထိုးဟောင်နေသံကြောင့်

ကျွန်မလည်း အပေါ်ထပ်ကိုမတက်ဖြစ်တော့ပဲ တံခါးမကြီးကိုဖွင့်ကာ အပြင်သံပန်းတံခါး

မှ လမ်းမကြီးဘက်ကိုငဲ့ပြီးကြည့်မိပါတယ်။ လမ်းမကြီးဘက်  နှစ်အိမ်ကျော်ကျော်လမ်း

ဆုံအနီးမှာတော့ လရောင်နဲ့အတ ူလူလိုလိုတစ်စုံတစ်ယောက်ရပ်နေပြီး ထိုအရာကို

ကြည့်ကာ အသဲအသန်ဟောင်နေသောငကျားပါ။ ထူးဆန်းတာက အခြားသူတစ်

ယောက်ယောက်သာဆို ဟောင်ရင်းခြောက်ရင်းနဲ့အနားကိုတိုးပြီးဟောင်တတ်တဲ့ငကျား

တစ်ကောင်ဟာ ခုကြတော့အနားကမဟုတ်ပဲ နှစ်အိမ်ကျော်လောက်ဝေးတဲ့နေရာကနေ

အသဲအသန်ဟောင်နေတာပါ။ ဒါနဲ့ကျွန်မလည်း သူခိုးလား၊ ဘာလားဆိုပြီးငကျားထိုး

ဟောင်နေတဲ့ ထိုအရာကိုကြည့်နေမိရာက…………..

လရောင်နဲ့ လူတစ်ဦးပုံသဏ္ဍန်အဆိုပါအရာသည် တစ်ဖြည်းဖြည်းပို၍ ပို၍ရှည်ရှည်လာ

သလိုမို့ ငါများမျက်စိမှားတာလားဆိုတဲ့ အတွေးနဲ့သေသေချာချာကြီးကြည့်မိလိုက်ချိန်

မှာတော့………….

အထင်မှားတာ၊ အမြင်မှားတာမဟုတ်ပဲ အဆိုပါသဏ္ဍန်သည် တစ်ဖြည်းဖြည်းရှည်၍ရှည်

၍ လာရာ လရောင်အောက်တွင်အနီးအနားက အုန်းပင်နီးပါးရောက်အောင်ရှည်လာပြီး

ဆက်ပြီးလည်းပို၍ပို၍ရှည်လာတာကြောင့် …ဒါ…..ဒါ……သရဲခြောက်တာပ..သရဲ

သရဲ…….ဆိုတဲ့အသိနဲ့  ကျွန်မလည်းတစ်ကိုယ်လုံးကြက်သီးတွေထလာ ကာ

တံခါးကိုအမြန်မိတ်ကာ အိမ်အပေါ်ထပ်ကိုအပြေးတက်လာပြီး ပူလွန်းသောနွေရာ

သီကို အန်တုကာစောင်ကိုခေါင်းမြီးခြုံထားလိုက်ပါတယ်။ အကြောက်တရားဆိုတာ ကြုံ

ဘူးသူတွေမှာသာ သိကြမှာပါ။ ကျွန်မတစ်ကိုယ်လုံးပူလောင်အိုက်စပ်ပြီး ချွေးဒီးဒီးကျနေ

ပေမဲ့စောင်လိုလဲ မလှပ်ရဲပဲအဆိုပါအုန်းပင်လောက် အကောင်ကြီးများကျွန်မနားကို

ရောက်နေမလား ဆိုတဲ့စိတ်နဲ့ရင်တွေတုန်၊ ခေါင်းတွေမူးကာ တစ်ညလုံးအိပ်လို့မပျော်

နိုင်တော့ပဲ ညတာရှည်လွန်းလှတ ဲ့ထိုတစ်ည ကိုဖြင့်ကျွန်မဘဝမှာ မေ့လို့မရခဲ့တာအမှန်

ပါပဲရှင်။

 

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။

 

 

 

18 comments

  • မောင်ပေ

    June 19, 2012 at 9:55 pm

    မေပန်းလေးရေ…
    ကြင်နာစွာ အိပ်ဆေးလေး လာပေးချင်မိသကွဲ ့။
    ဟီဟိ

    Reply

  • Thel Nu Aye

    June 19, 2012 at 9:59 pm

    အောင်မယ်လေး ညကျမှဖတ်မိတော့ ကျက်သိန်းတွေတောင်ထကုန်တယ်။ မျက်စိထဲမြင်အောင်လဲရေး တတ်ပါ့ မေဖလားဝါးရေ။ တကယ့်ဖြစ်ရပ်လား။

    Reply

    • မောင်ပေ

      June 19, 2012 at 10:06 pm

      သဲလေး ဘာမှပူနဲ ့
      ဂုဏ်တော်၉ပါး ရွတ်ဖတ်ပါကွယ့်
      ကိုပေ က အခုလောလောဆယ် အဝေးမှာမို ့ရယ်ပါ

      Reply

      • Thel Nu Aye

        June 19, 2012 at 10:27 pm

        အောင်မယ်လေးကိုပေရယ် ဘယ်သူမှအလွတ်မပေးပါလား။ ပြေးပြီ။

        Reply

  • ကိုရင်စည်သူ

    June 19, 2012 at 10:32 pm

    သရဲဆိုတာ တကယ်ရှိတာပါ။ တကယ်လည်း အခြောက်ခံခဲ့ရဖူးပါတယ်။
    အခြောက်ခံရတာ မြန်မာပြည်မှာ မဟုတ်ပါဘူး။ ပြည်ပနိုင်ငံတစ်နိုင်ငံမှာပါ
    မိသားစုလိုက် ခြောက်တာပါ။ ဘုရား တရား သံဃာ ရတနာသုံးပါး
    သရဏဂုဏ် မရှိတဲ့လူဆို ကိုရင့်နေရာမှာ ဂေါက်သွားနိုင်ပါတယ်။
    ထားပါတော့…
    မေပန်းလေးရယ်… အကြောက်တရားနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ
    အကောင်းဆုံး အားကိုးရာကတော့ ရတနာသုံးပါး အပြင် လောကမှာ
    အခြားအရာမရှိပါဘူး။
    အဲ့ဒီအကြောင်းအကျယ်သိချင်ရင် ပရိတ်ကြီး ၁၁ သုတ်ထဲက
    သုတ္တန်တစ်ခုထဲမှာပါပါတယ်… ဘယ်ပရိတ်လဲဆိုတာတော့
    မေပန်းလေးကို ဉာဏ်စမ်းထားခဲ့မယ်နော့်….

    အဝိဇ္ဇာနွံထဲက ကြယ်တစ်ပွင့်
    ကိုရင်စည်သူ

    Reply

  • may flowers

    June 19, 2012 at 11:09 pm

    ဟုတ်ပါတယ် တကယ့်ဖြစ်ရပ်လေးပါ မသဲနုအေးရေ။

    ကိုပေရေ အားပေးဖတ်ရှုပေးတဲ့ အတွက်ကျေးဇူးပါနော်။

    ကိုရင်စည်သူရေ ဒီလိုအခြောက်ခံရတုန်းက ကျွန်မတော်တော်ငယ်သေးတော့ ဘုရားကိုတောင်သတိ

    မရမိတာ ဝန်ခံပါတယ်။ အဲဒီအချိန်က ကြောက်နေတာတာတစ်ခုထဲပါသိတယ်။ ခု

    အသက်အရွယ်ရလာတော့ စိတ်ထဲတစ်ခုခုကြောက်စိတ်ဖြစ်နေရင် မေဖလားကတော့

    မေတ္တာသုတ်ကိုပဲ ရွတ်တာများပါတယ် ။

    Reply

  • ကြောင်ကြီး

    June 20, 2012 at 9:44 am

    မေဖလားဝါးဂလေးဂို ဦးကြောင်ခြစ်ချင်ဒယ်ကွယ်… ကဲပေါဈမ်း..ဦးကြောင်နဲ့ အဲဒီသရဲ ဘယ်ဒူ့ကို ပိုကြောက်သလဲ… 👿

    Reply

  • ညလေး

    June 20, 2012 at 10:08 am

    မမပန်းလေးရယ်
    သရဲကိုမကြောက်လို.တော့မဟုတ်ဝူး…..မမြင်ဖူးတော့…..မြင်ဖူးချင်တယ်…
    အခြောက်သရဲတော့….ကြည်.ချင်ဝူး…….
    တွမ်ခရုဒ်လို..သရဲခန်.ချောလေးဆိုရင်တော့….အဟိဟိ
    အားပေးသွားပါတယ်မမပန်းလေးရယ်
    ထိုညမဟုတ်တဲ…သရဲခြောက်တဲ.ညကိုပေါ့…..

    Reply

  • မမ အညာသူ

    June 20, 2012 at 10:08 am

    သရဲဆိုတာကြောက်စရာမဟုတ်ဘူးဆိုတာညာသိပါတယ်……..
    ဒါပေမဲ့ညာကတော့သရဲဆိုအသေကြောက်တာ………….:P)

    Reply

    • Nyein Nyein

      June 20, 2012 at 12:52 pm

      ဪ မမညာရယ်……………….. ကြောက်စရာမဟုတ်တာ သိတယ်လည်းဆိုသေး ကြောက်တယ်လည်းဆိုတယ်။ မကြောက်နဲ့သိလား။ အဖော်ရှိတယ်။ ငြိမ်းလည်း သရဲ အရမ်းကြောက်တတ်တာ။

      Reply

  • mihninlay

    June 20, 2012 at 10:59 am

    သိပေမယ့်လဲကြောက်တာပါပဲ
    ညဆိုအဖော်မပါရင်အိမ်ပေါ်မတက်ရဲဘူး 🙂

    Reply

  • စိန်ဗိုက်ဗိုက်

    June 20, 2012 at 12:23 pm

    အုပေက ဂလန်ဂလား လန်ဘားပဲဗျာ..
    တဖြည်းဖြည်း အရပ်ရှည်လာတယ်ဆိုတော့ကား..
    အနှီသရဲဟာ အုပေပဲဖြစ်ရမယ်..

    Reply

  • may flowers

    June 20, 2012 at 12:31 pm

    ဦးကြောင်ကလဲ မေးနေရသေးတယ်..သရဲထက်ဦးကြောင်ကြီးကို ပိုကြောက်တာအသေအချာပါပဲရှင့်..။

    ညလေးရေ သရဲခြောက်တာတောင်တွန်ခရုဒ်လိုသရဲအခြောက်ခံချင်ရလားကွယ်………မမမေနဲ့ဘာလို့စိတ်

    ချင်းတူနေပါလိမ့်………ဟိ။

    Azzurri ၊ မမ အညာသူ ၊ mihninlay နဲ့ စိန်ဗိုက်ဗိုက် ရေ ဖတ်ရှုအားပေးတဲ့အတွက် ကျေးကျေးပါနော်။

    Reply

  • Nyein Nyein

    June 20, 2012 at 12:56 pm

    မမမေရေ…………… သရဲဆိုပြီးသိတော့ အသံမထွက်ဘဲ အိမ်ပေါ်ပြေးတက်တာလားဟင်။ ငြိမ်းသာဆိုရင်တော့ ငယ်သံပါအောင် အော်မှာသေချာတယ်။ တစ်ခါတုန်းကပေါ့ သရဲတကယ်အခြောက်ခံရတာတော့မဟုတ်ဘူး။ ငြိမ်းကိုဝိုင်းစကြတာ။ ပြေးတောင်မပြေးနိုင်ဘူး။ အဲဒီ့နေရာမှာတင် အော်ပြီးထိုင်ချလိုက်မိတယ်။ တကယ့်သရဲမဟုတ်ပေမယ့် တော်တော့်ကို ကြောက်ခဲ့ရတာပါ။ ဒါ့ကြောင့် ကိုယ်ချင်းစာပါတယ်လို့။

    ဒါနဲ့ သရဲက ချောတဲ့ သရဲမရှိဘူးလားမသိဘူးနော်။

    Reply

  • may flowers

    June 20, 2012 at 1:01 pm

    Nyein Nyein ရေ သူများတွေတော့မသိဘူး မမမေကတော့တကယ်အကြောက်လွန်ပြီး အသံတောင်မထွက်

    နိုင်ဘူးရယ်……….အားပေးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးပါနော်။

    Reply

  • mamanoyar

    June 20, 2012 at 1:25 pm

    အင်း အဲဒီလိုအရပ်ကြီးရှည်ရှည်လာတာ ဘာသရဲဆိုလား
    ငယ်ငယ်ကမေမေပြောတာ ကြားဖူးတယ်

    Reply

  • may flowers

    June 23, 2012 at 5:37 pm

    ဟုတ်တယ်နော် အမလဲကြားဘူးတယ် နံမည်တော့မမှတ်မိတော့ဘူး ။ ရေမသောက်ရပဲ နှစ်ပေါင်းများစွာ

    အသက်ရှင်နေရတဲ့ သနားစရာသရဲအကြီးစားတွေလို့တော့ ပြောကြတာပဲ။

    Reply

Leave a Reply

Your email address will not be published.