ညီမလေးရီတာကတော့ ရယ်နေမှာ

သူရႆဝါJune 18, 20121min011

ညီမလေးရီတာကတော့ ရယ်နေမှာ

– သူရဿဝါ –

ကိစ္စအထွေအထူးမှမရှိတာ .. ကြယ်တွေကိုငေးနေပေါ့ ညီမလေးရီတာကပြောတယ်

တယ်လီဖုန်းအဆက်အသွယ် အဖြတ်အတောက် အပိတ်အဆို့

မိုဘိုင်းလ်စာပို့စနစ်ဟာ ရူးနေပြီ ကိုယ်ဒီနေ့မပျော်ဘူး ညီမလေးရီတာ

ပို့လိုက်တယ် ကိုယ့်ဆီပြန်ရောက်လာတယ် ပေါ့ပေါ့ပါးပါးပဲ

ညီမလေးရီတာ ရယ်နေမှာ ကိုယ့်ကြေကွဲမှုဟာပင့်ကူမျှင်တွေလို လွယ်လွယ်ကူကူ ပြတ်ကျသွားမှာ

ထပျံသွားတဲ့ ခိုအုပ်ထဲ .. ကိုယ်ကအလန့်တကြား လိမ္မော်ရောင်

Chat Box ထဲက ထွက်ကျလာတဲ့ အထီးကျန်ပိုးမွှားတွေ ကိုယ့်လက်ဖျံရိုးထဲ တရွရွှ

ကိုယ်က ကိုယ့်လက်မောင်းသွေးကိုယ် ပြန်ဖောက်ထုတ်ပြီး တဆစ်ဆစ်နာကျင်နေတဲ့ လိမ္မော်ရောင်အစိုင်အခဲ

အထီးကျန်အစိုင်အခဲဟာ ဝတ်ကျေတန်းကျေစနေနေ့ထဲမှာ

ကိုယ် စိတ်ပျက်လက်ပျက်အိပ်နေလိုက်တယ် ကိုယ် ဘာမှမမြင်ရဘဲလျှောက်သွားနေတယ်

ဟာသပဲ သိပ်ရယ်ရမှာပဲ ကိုယ်သိပါတယ် ညီမလေးရီတာကတော့ ရယ်နေမှာ ပေါ့ပေါ့ပါးပါး ကြုံရင်ပြောတာပေါ့

ကိုယ် တိတ်ဆိတ်သွားတယ် ညီမလေးရီတာဟာ မျက်လှည့်ဆရာပဲ

နေအပူကိုအမှောင်ချတယ် ပတ်ဝန်းကျင်ကိုအမှောင်ချတယ် ကိုယ်တွေးနေတာကိုအမှောင်ချတယ်

သူ့ကိုယ်သူလည်း အမှောင်ချတယ် ပြီးတော့ … စနေနေ့တစ်နေ့လုံးကို ဖျောက်ပစ်လိုက်တယ်

ညီမလေးရီတာ ကိုယ့်ကိုပြုံးပြလိုက်သလား ကိုယ်ခေါင်းငုံ့ချလိုက်သလား အရောင်တွေက ကိုယ့်ကိုလှောင်ပြီးကြည့်နေကြသလား ကိုယ့်ရှေ့ကနေပျောက်ကွယ်သွားပြီလား ကိုယ်ဟာစိတ်ဦးတည့်ရာ

မရယ်ပါနဲ့ ညီမလေးရီတာ ကိုယ်သွားမှာပါ ကိုယ်ဝမ်းနည်းနေလို့ပါ

ညီမလေးရီတာ ကိုယ့်နောက်ကျောမှာရှိနေတယ် ကိုယ်ပြန်ခဲ့တယ်

ရယ်သံတွေရယ် ကိုယ်ရယ် ညီမလေးရီတာရယ် ခရီးကတစ်လမ်းတည်း

ကိုယ်ပြောပြနေကျရယ်စရာတွေနဲ့ ကိုယ့်ကိုတစ်တန်းထဲထားပြီး ညီမလေးရီတာရယ်နေမှာ

ကိစ္စအထွေအထူးမရှိပါဘူး လမ်းကြုံလို့တွေ့တာ ညီမလေးရီတာကတော့

ပေါ့ပေါ့ပါးပါးရယ်နေမှာ …. ခရီးသွားဟန်လွှဲ ။ ။

၁၈ – ဇွန် – ၂၀၁၂

11 comments

  • Davit

    June 18, 2012 at 5:26 pm

    ဖက်တော့ဖက်တာပဲ…… နားလည်လိုက်ဝူး………
    ငါကိုက ညံ့ပါတယ်အေ……….. 🙄

    Reply

  • Thel Nu Aye

    June 18, 2012 at 6:17 pm

    မရီပါဘူး မရီပါဘူး။ ပြုံးရုံလေးပါပဲ။ ဟဲဟဲ ဝင်ရှုပ်ကြည့်တာ။

    Reply

  • ဘဲဥ

    June 18, 2012 at 6:57 pm

    အဟီး ဝင်ဖတ်သွားရင်းနဲ့ သဂျီးပေးဒဲ့ တစ်ဆယ် ယူသွားပါဂျောင်း

    Reply

  • htet way

    June 18, 2012 at 7:03 pm

    ရယ်စရာမဂ္ဂဇင်းမှာ ကိုယ့်ဆရာ ကဗျာ ရွေးစာရင်းမှာတွေ့လိုက်တယ်
    အခုကဗျာကို ဝင်ရောက်ခံစား ခဲ့ပါတယ် အနာဂါတ်ကောင်းကင်မှာလည်း
    တင်ထားတာတွေ့ရပါတယ်
    မရယ်ပါနဲ့ ညီမလေးရီတာ ကိုယ်သွားမှာပါ ကိုယ်ဝမ်းနည်းနေလို့ပါ
    ညီမလေးရီတာ ကိုယ့်နောက်ကျောမှာရှိနေတယ် ကိုယ်ပြန်ခဲ့တယ်
    ရယ်သံတွေရယ် ကိုယ်ရယ် ညီမလေးရီတာရယ် ခရီးကတစ်လမ်းတည်း
    အလွမ်းကိုဖေါ်ကြူးတာ ထိမိပါတယ် ။
    ထပျံသွားတဲ့ ခိုအုပ်ထဲ .. ကိုယ်ကအလန့်တကြား လိမ္မော်ရောင်
    Chat Box ထဲက ထွက်ကျလာတဲ့ အထီးကျန်ပိုးမွှားတွေ ကိုယ့်လက်ဖျံရိုးထဲ တရွရွှ
    အထီးကျန်မူထက် ခံစားချက်ကို ဥပေက္ခာပြုလိုက်တာ ပေါ့ပေါ့ပါးပါး ။ဆရာရေ အချစ်ခြင်းမတူရင်တော့ ..
    ဟာသပဲ သိပ်ရယ်ရမှာပဲ ကိုယ်သိပါတယ်
    ညီမလေးရီတာကတော့ ရယ်နေမှာ ပေါ့ပေါ့ပါးပါး
    ခံရခက်တဲ့ စကားမြှား တစ်စင်းပါ ကိုယ့်ဆရာ….ဘာတဲ့
    ကိုယ်ပြောပြနေကျရယ်စရာတွေနဲ့ ကိုယ့်ကိုတစ်တန်းထဲထားပြီး ညီမလေးရီတာရယ်နေမှာ
    ကျွန်တော် ဖတ်ရှု့အားပေးခဲ့ပါတယ် ဆရာခင်ဗျား ။ ကျွန်တော် မရေးနိုင်တဲ့ပုံ သဏ္ဍာန်နဲ့ အကြောင်း
    အရာပါ။
    လေးလေးစားစား ဖတ်ခဲ့ပါတယ်။

    Reply

  • မောင်ပေ

    June 18, 2012 at 7:20 pm

    ညီမလေးရီတာနဲ ့ကိုယ်ရယ်တာနဲ ့တိုက်ဆိုင်တဲ့အချိန်
    ကိုယ်တို ့ပြန်တွေ ့ကြမှာပါ…
    အားပေးပါတယ် ခင်ဗျ ။

    Reply

  • metallic

    June 18, 2012 at 8:20 pm

    စနေနေ့ကိုဖျောက်ပစ်တာမဟုတ်ဘူး
    ခဏငှားထားတာပါတဲ့

    Reply

    • Azzurri

      June 18, 2012 at 8:22 pm

      CR7 ကို ဂျက်စပဲရိုး ဝတ်စုံနဲ့
      လိမ္မော်သီးခွဲစားနေတဲ့ပုံ မြင်ယောင်ကြည့်ပါဆို…
      ဟီဟိ….

      အော် …
      တချို့
      ဂလက်ဆီ တလုံး တောင် ကျကွဲဆိုလား…

      ဒက်ဂလောက် …ဒက်ဂလောက်…

      Reply

  • ကိုရင်စည်သူ

    June 18, 2012 at 9:09 pm

    ကို အသားဝါ အမြဲအားပေးနေလျက်ပါဗျ…
    မတူညီတဲ့ အနုပညာအရေးအသား အတွေးအခေါ်တွေ
    ဆရာလေးဆီမှာ ရှိပါတယ်…
    ရွာထဲလည်း မကြာမကြာ လာပေးဖို့
    ဖိတ်ခေါ်ပါတယ်နော့… 🙂

    Reply

  • ညလေး

    June 18, 2012 at 10:13 pm

    လည်သွားတယ်…….မူးသွားတယ်……..
    ရူးတော့မယ်…….ရီတယ်…..ရီတယ်……
    တကယ့်အတွေးအခေါ်ဆြာသမား……ချီးကျူးပါတယ်…..
    ရွှေဉာဏ်ရှင်တို.ရယ်..

    Reply

  • may flowers

    June 18, 2012 at 10:40 pm

    ဖတ်တော့ ဖတ်ကြည့်ပေမဲ့ နားလယ်ဘူး..ဒီတော့………….ဘာပြောရမလဲမသိဘူး။

    Reply

  • Moe Z

    June 19, 2012 at 8:55 am

    ရီတာက ရယ်နေပေမယ့် သူ့ရင်ထဲမှာတစ်ခုခုတော့ရှိနေမှာပါ
    အပေါ်ယံကိုကြည့်ပြီးကောက်ချက်မချပါနဲ့ဗျာ ..
    “Don’t judge a book by it’s cover” တဲ့ … 😛

    Reply

Leave a Reply

Your email address will not be published.