ဒီကနေ့ကစပြီးဈေးမဝယ်တော့ပြီ

gwa toeJune 15, 20121min016

– [သီတဂူ ဆရာတော် ဘုရားကြီးက ပြောဘူးတယ် ဘုန်းကြီးကျောင်းဆောက်ဘို့ ဆောက်လုပ်ရေးမစ္စည်;တွေ လိုလို့ ကုလားဆိုင်မှာ ဆရာတော် ကြီးတပည့်တွေကသွားဝယ်တယ် ကုလားဆိုင်ကဈေးသက်သာလို့ပါ ဆိုပြီးဝယ်လာတယ် သူတပည် တွေကို ဘယ်လိုပြောလဲဆိုတော့ ကုလားဆိုင်က တကျပ် အမြတ်တင် ရောင်းတယ် မြန်မာဆိုင်က တဆယ် တင် ရောင်းတယ် ဒါပေမယ့် မြန်မာဆိင်ကဘဲဝယ်ပါပြောတယ် ကုလားဆိုင်က တကျပ်က သူတို့ အမျိုးဘာသာထဲသူတို့ လူမျိုး ကြီးထွားလာဘို့ကို ရောက်တယ် မြန်မာဆိုင်က အမြတ်က ဘုန်းကြီးကျေင်းတွေ သာသနိက အဆောက် အဦးတွေ ကို ရောက်တယ် ဒါကြောင့် ကုလာဆိုင်ကို လုံဝ အားမပေးဘို့ မိန် တော်မူတယ် ]

16 comments

  • မောင်ပေ

    June 15, 2012 at 10:10 pm

    ဖတ်ရှူမှတ်သားသွားပါတယ်နော် ။ ကိုဂွတိုး

    Reply

  • gwa toe

    June 15, 2012 at 10:13 pm

    သီ တဂူဆရာတော်ကြီးနေရာတွင်း မင်းကွန်း ဆရာတော် ကြီးအဖြစ်ဖတ်ရှု ပါရန်

    Reply

  • သားဦး၊မြေးဦး

    June 15, 2012 at 10:18 pm

    ဈေးမဝယ်တော့ဘူး ဆိုလို ့ ကိုဂွတို ကိုယ်တိုင်မဝယ်ဘဲ မိန်းမဝယ်ခိုင်းမလားလို ့ ဝင်ဖတ်မိတာ။
    မင်းကွန်းဆရာတော်. ကြီး၏မိန် ့မှာချက်ပါလား

    Reply

  • ကိုရင်မောင်

    June 16, 2012 at 3:27 am

    ဟဲ..ဂွေးတို့..မှာလို့ မှာလို့ ဂွတို နင့်ရွှေပန်းဆူးစူးနေအုံးမယ်…….ဟဲဟဲ

    Reply

  • kai

    June 16, 2012 at 3:37 am

    “ဂွပ်ကနဲ့”မိတာပဲ..
    ကျုပ်အကြိမ်၁ထောင်လောက်ပြောခဲ့တဲ့…. စနစ်ကြောင့်မဟုတ်ပါဘူးဆိုတာ.. :mrgreen:

    ဆိုတော့..
    ဓါတ်ဆီလည်း မသုံးကြနဲ့နော်…
    မစ်ဒယ်အိစ်က ကုလားတွေထုတ်ပြီးရောင်းနေတာ.. 🙂

    Reply

  • gwa toe

    June 16, 2012 at 6:41 am

    က်ုရင်မောင်ကလဲဗျာ ဆူးမကြောက်လို့ ဆူးပင်ကိုတောင် သေးနဲ့ ပန်းနေသေးတာကို ဒါတောင်တနေ့က ဆူးစူးသွားလို့ ဇာကနာနဲ့ နုတ်လိုက်၈သေးတယ် ရှုးနော် သူများတွေသိကုန်လေ့မယ် ပြန်မပြောနဲ့ နော်

    Reply

  • etone

    June 16, 2012 at 8:28 am

    အင်း .. ကိုဂွတိုရေ …ကျွန်မလည်း .. အဲ့ဒီစိတ်ကူးမျိုးရှိနေလို့ .. အခုတလော ဒံပေါက်တို့ ဆာတေးတို့တောင် ဝယ်မစားဖြစ်တော့ဘူး …. ။ သူများတွေကိုတော့ …. ဘယ်ဆိုင်မှာဝယ်ပါ ၊ ဘယ်မှာမဝယ်နဲ့လို့ မပြောပေမယ့် … တယောက်တည်းတော့ ကုလားဆိုင်မှာမဝယ်ဖို့ … လက်ခံကျင့်သုံးနေမိတယ် ။ 🙄

    Reply

  • MTY

    June 16, 2012 at 8:49 am

    ဒီကိစ္စမှာတော့ မင်းကွန်း ဆရာတော်ကြီးရဲ့မိန့်နှာချက်ကိုအငြင်းမပွားလိုသော်လဲ
    မိန့်မှာတဲ့ အချိန်၊နေရာ၊အခြေအနေ ရယ်တော့ရှိလိမ်အုံးမှာပါ။ ပါလဲပါထားပါတယ်။

    ” မြန်မာဆိုင်က အမြတ်က ဘုန်းကြီးကျေင်းတွေ သာသနိက အဆောက် အဦးတွေ ကို ရောက်တယ်။”

    ကမာ္ဘစစ်ကြီးတွေမှာဂျာမန်တွေ၊ဂျပန်တွေကိုတိုက်ခဲ့တာလူမျီုးကိုတိုက်တာမှမဟုတ်တာ။
    သတ်နေတာမှမဟုတ်တာ ယနေ့ကမာ္ဘ့ရွာစနစ်ကြီးထဲမှာလူမျီုးရေးတွေ ရှေ့တန်းတင်လွန်းရင်
    ဘာဖြစ်မယ် ညာဖြစ်မယ်မပြောလိုပါ။ အခြေအနေ အချိန်အခါ နဲ့တော့လိုက်လျောညီစွာနေထိုင်
    သင့်တယ်လို့ထင်မြင်မိပါတယ်။

    Reply

  • intro

    June 16, 2012 at 9:31 am

    အယူသည်းတာတော့ မဟုတ်ပါဘူး… အတတ်နိုင်ဆုံးတော့ ကိုယ့်လူမျိုးအချင်းချင်းကို အားပေးတာ များပါတယ်… လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် မြန်မာဆိုင်ပဲ ထိုင်တယ်… တစ်ခြားရွေးစရာ မရှိတော့မှ ကုလားဆိုင်တို့၊ တရုတ်ဆိုင်တို့ ထိုင်ဖြစ်ပါတယ်… ကျန်တဲ့နေရာမှာလဲ အတူတူပါပဲ… (ရည်ရွယ်ချက်ကတော့ တစ်ခုပါပဲ၊ လူမျိုးခြားကို မုန်းလို့ မဟုတ်ပါဘူး၊ ကိုယ့်လူမျိုးတွေကို ပိုပြီး တိုးတက်စေချင်လို့ တတ်နိုင်သလောက် အားပေးကူညီတာပါ)

    Reply

  • gwa toe

    June 16, 2012 at 9:38 am

    ရည်ညွန်း ချက် စာအုပ် မျိုး ပျောက်မှာ စိုး ကြောက်မိပါတယ်ကပါ မနေ့က သူငယ်ချင်းတယောက်က ဖေ့ဘွတ် ထဲမှာတင်ထားတာကို တွေ့လို့ သဘောကျတာနဲ့ ဆက်တင် ပေးလိုက်တာပါ လူတော်လူတတ်ကြီးလဲမဟုတ်ပါဘူး mty ကိုလဲ ခုလို ပြောပေးတဲ့အတွက် အထူး ကျေးဇူးတင်ပါတယ်

    Reply

  • ဆူး

    June 16, 2012 at 9:53 am

    ငယ်ငယ်က ကြားဖူးတယ်။ အိမ်နားက မူဆလင်မိသားစုတွေ ပြောပြောနေတာ.. သူတို့ တနှစ်တနှစ် ရှာလို့ ရတဲ့ ပိုက်ဆံ ရဲ့ ရာနှုန်းနဲ့ တွက်ပြီး ပြန်လှူရပါတယ်။ ဒီနှစ် ရှာလို့ ရတာထက် နောင်နှစ် ပိုရှာရရင် ပိုလှူရတယ် တွက်ချက်ပြီး လှူတာလို့လည်း သိရပါတယ်။ သူတို့ လည်း အလှူ အတန်း နဲ့ မပြတ် ရှိနေတယ်လို့ ပြောလို့ ရပါတယ်။
    ချမ်းသာတဲ့ နိုင်ငံကြီးတွေမှာတော့ အလှူ အတန်းတွေ များတော့ ဗလီ အချင်းချင်း ထောက်ပံ့မှုတွေ အဆင့်ဆင့် ရှိပါလိမ့်မယ်။
    ဆင်းရဲတဲ့ နိုင်ငံတွေကတော့ သူတို့ က အလှူခံ အဆင့်ဖြစ်လိမ့်မယ် ယူဆတယ်။
    အဲဒီလိုနဲ့ လူမျိုးဆိုတာထက် ဘာသာဆိုတာ ပို အလေးထားတဲ့ စနစ်ကြီး ရင်ထဲ အသည်းထဲမှာ သံမှိုစွဲ နေတာ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

    ဗုဒ္ဓဘာသာဝင်တွေ မှာလည်း အလှူအတန်းတွေ ရှိတတ်ကြပါတယ်။ သို့သော် ကမာ္ဘနဲ့ချီပြီး စည်းလုံးမှု မရှိလေတော့.. သူတို့လောက် ထိရောက်မှု မမြန်ဘူး ယူဆတယ်။ အမှန်တော့ သူများ ကို စည်းလုံးလို့ ပြောနေမဲ့ အစား ကိုယ့်တိုင် အသိတရား ရပြီး စည်းလုံးသင့်တယ်။

    Reply

  • လူလေးစားခံရသောပုဂ္ဂိုလ်များရဲ့ မိန့်မှာချက်တွေ ဟောကြားတာတွေကိုယူသုံးရင်
    ကိုယ်လိုတဲ့စကားလုံးလေးလောက်ဘဲ ညွန်းဆိုကြတာ က အမြင်မှားစရာတွေဖြစ်နိုင်တယ်လို့ယူဆပါတယ်။
    အခုရေးထားတဲ့စာကြောင်းလေးကို တော့ ကျနော်မဖတ်ဘူးသေးပါဘူး။
    (စာဖတ်အား လေ့လာအားနည်းတာကြောင့်လည်းဖြစ်နိုင်ပါတယ်)။
    ဒါပေမယ့်မင်းကွန်းဆရာတော်လိုဆရာတော်မျိုးက ဒီလိုစကားမျိုး မိန့်ကြားပါမလားလို့ တွေးမိပါတယ်။
    ဘယ်အချိန်က ဘယ်နေရာမှာ ဘယ်စာအုပ်ထဲက ဆိုတာလေးနဲ့ပြောရင် ပိုပြီး အနှစ်သာရနဲ့ပြည့်စုံမယ်လို့ ယုံကြည်မိပါတယ်.
    ကဲ ရှာပြီးတင်ကြပါအုံး

    Reply

    • myanmarcitizen

      June 16, 2012 at 2:51 pm

      ကျွန်တော်လဲကိုပေါက်အဆိုကိုထောက်ခံပါတယ်။ ကျွန်တော်လဲ အဲ့လိုမျိုးမတွေ့ဘူးသေးဘူး။ သီတဂူ၊မင်းကွန်း ဆရာတော်ကြီးတို့ဆိုတာ တကယ် အဓိပတိ ပုဂိုလ်တွေပါ သူတို့နာမည်ကို သုံးရင် သေချာတိကျပြီး အကိုးအကားလေးပါမှသင့်တော်မယ်လို့ထင်မိပါတယ်။ ကျွန်တော့ အကြံပြုချက်ပါ။

      Reply

  • ahnyartamar

    June 16, 2012 at 10:13 am

    လိုအပ်နေတဲ့အရာကို ရောင်းသူ၊ ဝယ်သူအဆင်ပြေရင်တော့ မြန်မာဆိုင်ဖြစ်ဖြစ်၊ ကုလားဆိုင်ဖြစ်ဖြစ်၊ တရုတ်ဆိုင်ဖြစ်ဖြစ် ဝယ်ရမှာပဲ။

    မြန်မာဆိုင်က အမြတ်က ဘုန်းကြီးကျေင်းတွေ သာသနိက အဆောက် အဦးတွေ ကို ရောက်တယ်

    ငွေ ၁ဝ တောင်အမြတ်တင်ထားမှတော့ မလှူရင်လည်း ပိုက်ဆံထားဖို့အတွက် နေရာအခက်အခဲဖြစ်နေမှာပေါ့။

    Reply

  • cum min

    June 16, 2012 at 10:43 am

    that right..gwa toe

    Reply

  • မဂွတ် ထော်

    July 18, 2012 at 10:51 am

    စာသားတော့ အတော်မိုက်တယ်ဗျာ

    Reply

Leave a Reply

Your email address will not be published.