ပြင်ဦးလွင်မှာ သရဲအခြောက် ခံရတဲ့ အကြောင်း ပြောပြတဲ့ ပြေတီဦး

lamin layJune 13, 20121min018

12 JUN 2012 | BY POPULAR NEWS
ပြေတီဦး ကပြင်ဦးလွင်မှာ ဒါရိုက်တာဝိုင်း၊ ချစ်သုဝေ တို့နဲ့ရိုက်နေတဲ့ ‘ဘော်ဘော်’ ဆိုတဲ့ ဗီဒီယိုဇာတ်ကားမှာ တော်တော် ဆိုးတဲ့ခပ် ပြောင်ပြောင် လူတစ်ယောက် အဖြစ်သရုပ် ဆောင်နေပြီး အပြင်မှာ ခပ်ပြောင်ပြောင်နေ တတ်တဲ့ပြေတီဦးက ဇာတ်ကားထဲက လူထက် ပိုပြောင်တယ် လို့ပြောပါတယ်။ လတ်တလော အထက် မြန်မာပြည် မှာထွက်ထားတဲ့ ‘မပြောင်းလဲသော ဆက်နွယ်မှု’ကားမှာ မိုးဟေကိုက ပြေတီဦးအမေအဖြစ် သရုပ်ဆောင်ထား သလို၊ ပြေတီဦးကမိုးဟေကို ကိုကန်တော့တဲ့ အခန်းလည်း ပါတာမို့ အဲဒီကား အကြောင်း မေးတော့..
”အဲဒီကား ရိုက်တုန်းကတော့ မိုးဟေကို ကို ကျွန်တော့် အမေ လုပ်ရ မယ်ပြောတော့ မိုးဟေကို အော်နေတာတော့ အမှတ်တရပဲ” လို့ ပြောပါ တယ်။ ပြေတီဦး က ဇွန်လ၉ ရက်မှာ တော့ ရန်ကုန်ကိုပြန်မှာ ဖြစ်ပြီး၊ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ၊ဒါရိုက်တာကျော်ဇောလင်း တို့နဲ့ဗီဒီယို ၁ကားစီ ရိုက်ပြီးစင်ကာပူ(သို့မဟုတ်) ဘန်ကောက်ကို သွားမယ်လို့ သိရပါတယ်။ ခရီးစဉ်နဲ့ ပတ်သက်ပြီး ”ရှောပင်းလည်းပါ တယ်။ဆေးစစ်ဖို့လည်း ပါတယ်။ အူဝဲမွေးနေ့ တုန်းက လက်ဆောင်ဝယ်ပေး မယ်ပြောပြီး မဝယ်ပေးဖြစ်သေးတာ အဲဒီကတိရှိတာ ကြောင့်ဒီကနေ ပြန်တာ နဲ့ပြန်ဆပ်တဲ့ သဘောပေါ့။ သမီးတော့မပါဘူး။ ငယ်သေးလို့လေ။ လက်ဆောင် ကပြောတဲ့အတိုင်း ၁ခုပဲဖြစ်မလား မသိသေးပါဘူး။ အခြေ အနေပေါ် မူတည်တာ ပေါ့”လို့ပြောပါတယ်။
ဒါရိုက်တာ မောင်မျိုးမင်း ရိုက်တဲ့ ‘မိုင်တိုင်၂၆’ကားမှာပြေတီဦး သရဲအခြောက်ခံရတဲ့ တကယ့် အဖြစ်အပျက်ကို ထည့်ရိုက်ထားတယ်လို့ပြောပါတယ်။ အဲဒါ လေးပြန်ပြောပါဦး ဆိုတော့”အဲဒီ အဖြစ်အပျက်က နှစ်တွေ တော်တော်ကြာပြီ။၁ဝနှစ် လောက်ကို ရှိပြီထင် တယ်။ ဒါရိုက်တာက ညိုမင်းလွင်၊ မင်းသားက မင်းမော်ကွန်း၊ မင်းသမီးက အူဝဲကားနာမည်က ‘ရင်ကွဲ ဘီလူး’တဲ့။သူတို့က ရွိုင်ရယ်ပတ်ဗျူးမှာတည်း ကြတာ။ညကျတော့ ကျွန်တော်ရယ်၊ ညိုမင်းလွင်ရယ် ၊နေလင်းရယ် သုံးယောက် သူတို့ဆီကို ဆိုင်ကယ်တစ်စီးနဲ့ သွားကြတာ။အဲဒီမှာ စားကြ၊သောက်ကြ၊ သီချင်းဆိုကြနဲ့ပေါ့။ ပြီးတော့ ဓာတ်ပုံရိုက်ကြတော့ မင်းမော်ကွန်းရယ်၊ သူ့မိန်းမရယ်၊ အူဝဲ၊ ကျွန်တော်၊ညိုမင်းလွင်၊ နေလင်းတို့ ၆ယောက် ဓာတ်ပုံရိုက်တာ ဘေးနားမှာ အငွေ့ကလူ ပုံစံမျိုးနဲ့ တစ်ယောက်က ပိုပိုနေတယ်။ပြီးတော့ ပူဖောင်းလို အလုံး ကြီးတွေပေါ်ပေါ်နေတယ်။ အဲဒါနဲ့ အူဝဲက လည်း သူအိပ်တော့မယ်။ မင်းမော်ကွန်းကလည်း သူလည်း အိပ်တော့ မယ် ဆိုပြီး လစ်ရော၊ ၁ယောက်ပိုနေတော့ အားလုံးမျက်နှာတွေ ပျက်ပြီးပြန်ပြေးကြရော။
အပြန်မှာ ညိုမင်းလွင်က ပြေကြီးရယ် အကြောက်ပြေအောင် သီချင်းဆိုစမ်းပါ ဆိုတာနဲ့ ကျွန်တော်လည်း ‘ဟိုရှေ့က ခင်ပျိုရယ် ရုပ်အဆင်း က ချောလှတယ် တောအရပ်မှာ မနေနဲ့ကွယ်မြို့ ကိုလာ မောင်ခေါ်မယ်’ လည်းဆိုရော ကျွန် တာ်တို့ နောက်ကို စူပါမင်းလိုပဲ ဆံပင်ရှည် ကြီးနဲ့ ကြည့်ပြီး ဆိုင်ကယ်ဘေးကနေလိုက် လာတာ ၃ယောက်စလုံးမြင် တယ်။ အဲဒါနဲ့ ဆိုင်ကယ် မမှောက်အောင် အတင်းမောင်းခိုင်းပြီး ဟိုတယ် ရောက်မှပဲ လွတ်တော့တယ်။ တအားချမ်း တဲ့ အချိန်မှာ ၃ယောက်ဇောချွေးပြန်ခဲ့ရတဲ့ အဖြစ်ပေါ့ဗျာ”လို့ပြောပြခဲ့ပါတယ်။
နေကွန်းထင်

18 comments

  • Azzurri

    June 13, 2012 at 1:53 pm

    ဟာကွာ …အဲ့သရဲ က တခါတည်း အဲ့ကတည်းက ဝိဉာဌ် နှုတ်ရမှာ …
    ဂုဒေါ့ … ဂုဒေါ့ …..
    ချဉ်ထှာ …
    အိုဘယ့် ..သရဲရယ်…

    :mrgreen:

    Reply

  • water-melon

    June 13, 2012 at 2:14 pm

    သရဲမလား အဟီ
    ချောလားဟင်
    စိတ်ဝင်စားပါ၏

    Reply

  • etone

    June 13, 2012 at 2:34 pm

    အဲ့ဒီသရဲ ဓါတ်ပုံလေးများ … အင်တာနက်မှာ မပျံ့ဘူးလားဟင် … ။ 😆
    လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကိစ္စ အစစ်မှန်သာဆို ….. အဲ့ဒီအချိန်ကတည်းက ပြေတီဦး နာမည်ကြီးနေလောက်ပြီ …….. ။ပြေတီဦး နာမည်ကြီးတာ … ဒီသုံးလေးနှစ်အတွင်းပါ … ။
    သရုပ်ဆောင်ထဲ အခြေချကာစ ပရိတ်သတ်သတိထားမိတာက .. မြန်မာစာ ၊ မြန်မာစကားဆိုတဲ့ ပညာပေး ဇာတ်လမ်းလေးကြောင့်ပါပဲ …… ။ နာမည်ကြီးချင်လို့ … အိပ်ယာဝင်ပုံပြင်တွေ ထပ်ပြောပြန်တာလား မသိဘူး အဟိ ။ 😀

    Reply

    • water-melon

      June 13, 2012 at 2:48 pm

      အန်တီ အီးတုံး ချင့်
      အိပ်ယာထပုံပြင်ရောရှိလားဟင်

      Reply

      • etone

        June 13, 2012 at 3:13 pm

        အင်း …. ဖြဲမ … အိပ်ယာထပုံပြင်လည်းရှိတယ် … ။ နင်မနိုးသော အိပ်ခြင်းက ထလာတဲ့အခါ…. ပြောပြမယ် ။ 😛

        Reply

  • may flowers

    June 13, 2012 at 2:53 pm

    တကယ်သာ အဲလိုအခြောက်ခံရရင်တော့ ကြောက်စရာကြီးနော်……….ကိုယ်တွေသာဒီလို

    ခြောက်ခံထိရင်တော့………..အောင်မလေး..တွေးတောင်မတွေးရဲဘူး။

    အာဂ သတ္တိရှင်….

    မေဖလားဝါး။

    Reply

    • ကြောင်ဝတုတ်

      June 13, 2012 at 4:02 pm

      အဂသတ္တိရှင်ဆိုပါလား… နွယ်ပင်ရေ……….
      ဝှီး………….လစ်ပြီ

      ကြောင်ဝတုတ်

      Reply

  • pooch

    June 13, 2012 at 2:53 pm

    လောလောဆယ် တော့ ပြေတီဦး စစ်တွေမှာ အလှူငွေ သွားလှူနေတယ်တဲ့။
    ဝိုင်းရော ဦးဇော်ဇော်တို့ရော ။
    သာဓုခေါ်ပါတယ်။ ခုလိုချိန်မှာ အကူအညီပေးကြတာတွေကို။

    တို့ရွာအလှူလည်း အမြန်ဆုံး သွားလှူနိုင်ပါစေလို့ပါ။

    Reply

  • Khaing Khaing

    June 13, 2012 at 2:57 pm

    အော် အဲဒီအဖြစ်လေးကိုယူပြီး မိုင်တိုင် ၂၆ ကိုရိုက်တာလား ဒါဆို Devil ဆိုတဲ့ကားလေးကလည်း မိုင်တိုင် ၂၆ ထဲကအဖြစ်ကလေးနဲ့တူနေသလိုပဲနော် ……. ကောင်လေးကကားလွန်ခဲ့တဲ့နှစ်အနည်းငယ်က ကားတိုက်မှုဖြစ်ခဲ့တယ် ကောင်လေးအပါအဝင်ဓာတ်လှေခါးမှာပိတ်မိပြီး လူတွေလည်းသေ အဲဒီအချိန်မှာ ကားတိုက်မှုဖြစ်ခဲ့တာကို ကောင်လေးကဝန်ခံတယ် ……… ကူးချနေကြတာလားသိတော့ဘူး …… သိတော့ ဘူးကွာ ….. ဒါ့ပုံတွေမှာ အငွေ့လူပုံစံပေါ်နေတာတွေ ပူဖောင်းတွေပေါ်တာမျိုးက ရွာထဲကဒ့ါပုံဆရာတွေသိ တယ် အဲဒါတွေက အမှန်မဟုတ်ဘူး သိတို့လည်းပျင်းရင် သူတို့ကင်မလားထဲမှာသူတို့ပုံတွေကို သရဲအရိပ် ပေါ်အောင်လုပ်ပီး ဆော့နေကြတယ်လေ ……..

    Reply

  • hein latt

    June 13, 2012 at 3:22 pm

    အင်း….ပြင်ဦးလွင်မှာ..သရဲအခြောက်ခံရတယ်ဆိုတော့….
    သရဲအစိုတွေကောမခံရဖူးလားဟင်….
    ပြေတီဦးလိုကောင်နဲ.တွေ.ရင်တော့ ..သရဲအစိုပါခံရမှာသေချာလောက်ဒယ်……..။

    Reply

  • စိန်ဗိုက်ဗိုက်

    June 13, 2012 at 4:00 pm

    ပြီတီအူးတော့ အခြောက်ခံဖူးသွားဘီ…
    အုပေပဲ ကျန်ဒေ့ါဒယ်…

    Reply

    • မောင်ပေ

      June 13, 2012 at 9:48 pm

      ဦးပေ က အခြောက်ချ တာကွဲ ့…
      ထမင်းစားတဲ့အခါ ပြောပါတယ် ။ ဆီမပါ အနှစ်မပါ နဲ ့
      ဆားနဲ ့ငရုတ်သီးကိုက်ပြီး အခြောက်ချနေရပါတယ်ကွဲ ့
      စကားမစပ် (ခ) စကားငရုတ်ချို … ဟက်ပီဘက်ဒေး က ဘာသောက်ရမှာလဲ ကွဲ ့

      Reply

  • manawphyulay

    June 13, 2012 at 4:08 pm

    အင်း အဲလိုသတင်းမျိုး ဟိုနေ့ကတောင် အေရှပလာဇာဟိုတယ်မှာ ထွက်သေးတယ်။ ညဘက်ကြီး ဓာတ်ပုံရိုက်တာ ဓာတ်ပုံထဲမှာ မိန်းကလေးတစ်ယောက်ပုံ ပေါ်ပေါ်နေတယ်တဲ့ ။ ချိန်လိုက်တိုင်း ပေါ်နေတာတဲ့လေ… ဒီလိုသာ တကယ်ဆို သူတို့လည်း တကယ်ရိုက်ရဲမှာမဟုတ်ပါဘူး။

    Reply

  • Pitbull

    June 13, 2012 at 5:59 pm

    သများတို့ အခြောက်ခံရတုန်းမှ ပိုတောင်ဆိုးသေး….
    ဖြစ်ဖြစ်ခြင်း ဘယ်လိုနေရမှန်း မသိဘူး တလ နှစ်လလောက်အထိ ပြန်တွေးတိုင်း ကြက်သီးထတယ်။
    အခုတော့ ကြာသွားပီ ဆိုတော့ ရိုးသွားပါဘီ…. 🙂

    Reply

  • မိုး မင်းသား

    June 13, 2012 at 7:39 pm

    ပြေတီဦးက

    ပိုပိုသာသာအားပေးတာရောမဖြစ်နုှိင်ဘူးလား…….ဟင်

    ရီချင်လို ့ပါ…ဖရဲမရယ်……အဲလေ သရဲမရယ်……….

    Reply

  • သားဦး၊မြေးဦး

    June 13, 2012 at 7:55 pm

    ဆိုင်ကယ်ဘေးကနေတောင် လိုက်လာပြီးမှ ဘာလို ့ဟိုတယ်မှာ ဝင်မအိပ်ပါလိမ့်။
    ဟီးးးးးကြောက်လိုက်ထှာနော်

    Reply

  • ကိုရင်စည်သူ

    June 13, 2012 at 9:25 pm

    ပြေတီက သရဲမနောက်က လိုက်ပြီး နောက် ၁ဝ နှစ်ကြာတော့
    အောင်မြင်တဲ့ မင်းသားလည်းဖြစ် အိန်ဒရာလေးနဲ့လည်း ရ…
    ကိုရင်လည်း သရဲ မိသားစုလိုက် အခြောက်ခံရဖူးတော့
    နောက် ၁ဝနှစ်ကြာရင် ဘာဖြစ်ဦးမယ် ထင်လဲ… ရွာသူားတို့ရေ… 🙄 🙄

    Reply

  • ငပွကြီး

    June 13, 2012 at 9:35 pm

    sssddd

    Reply

Leave a Reply

Your email address will not be published.