ဘရွှေ ( ခေါ် ) ရွှေဘ အခြေမလှ ဖြစ်စဉ်

ထာ၀ရJune 13, 20121min013

ကျွန်တော်မောင်ဘရွှေ  ခုတလော  စိတ်အလိုမကျဖြစ် နေတာ တပတ်လောက်ရှိပြီ…

အကြောင်းကတော. နာမည်ကြောင်.ပါဘဲ အမေပေးခဲ.တဲ.ဒီ ဘရွှေ ဆိုတဲ. နာမည်ဟာ

ခုခေတ်မှာ တော်တော် တုံးတဲ.ခေတ်မမှီတော. နာမည်ဖြစ်နေတာကြောင်.ပါဘဲ…

သူငယ်ချင်းတွေရဲ.နာမည်တွေက  နေတိုးတို.   ပြေတီဦးတို.ဖြစ်နေတဲ. အချိန်မှာ ကျွန်တော.နာမည်

ဘရွှေ ဆိုတာ မိတ်ဆက်ရတာတောင် ရှက်သလိုဖြစ်နေမိတယ်…..

 

တပတ်တိတိ လေးလေးနက်နက်စဉ်းစားပြီး  နောက်ဆုံး ဆုံးဖြတ်ချက်တခုချလိုက်တယ်

ကိုယ်နာမည်ကိုပြောင်းမယ်ပေါ.  …  ခေတ်လဲမှီရမယ် လူသိလဲများရမယ် အများလဲ သဘောကျတဲ.နာမည်ဖြစ်ရမယ်

နဂိုကနာမည်နဲ.လဲဆင်ဆင် တူရမယ်ဆိုပြီး  စဉ်းစားလိုက်တာနောက်ဆုံးတော.  မောင်ဘရွှေ ဆိုတဲ.နာမည်ကို

သတင်းစာထဲကနေ မောင်ရွှေဘ ဟုပြောင်းပြီ.. လို. တလောကလုံးကို ကြေငြာလိုက်တယ်

အိမ်မှာလဲ အသိမိတ်ဆွေသူငယ်ချင်းတွေကို ဖိတ်ကြွေးပြီး အမည်ပြောင်းကင်မွန်းတပ်လုပ်ပြီး ကြေငြာလိုက်တယ်လေ..

 

ပြသနာက ခုမှစတော.တာဘဲ  အသိတွေ သူငယ်ချင်းတွေ မိတ်ဆွေ တွေက ယောင်ပြီးဘရွှေရေ… ဘရွှေရေလို.ခေါ်လို.နာမည်ပြောင်းပြီးပြီ

ရွှေဘလို.ခေါ်ပါလို. ပြောလဲ ကိုယ်အာပေါက်တာဘဲ အဖတ်တင်တယ် သူတို.ကတကယ်နုတ်ကျိုးနေတာကိုး

တခါ ရပ်ကွက်ရုံးက ကိစ္စ ရှိလို.မောင်ဘရွှေ ရေ လို.လှမ်းခေါ်တော.ခင်ဗျားတို.ဗျာ နာမည်ပြောင်းထားတာမသိဘူးလားလို.မေးတဲ.အခါ

အိမ်ထောင်စုစာရင်းမှတ်ပုံတင် ထဲမှာမောင်ဘရွှေ ဘဲတွေ.လို.ခေါ်မိတာဘာလို.ပြောတယ်

 

အဲဒါနဲ.နောက်ဆုံးမဖြစ်ချေဘူးဆိုပြီး လဝက ကိုသွားပြီး ကျွန်တော် နာမည်ပြောင်းပြီးဖြစ်လို.မှတ်ပုံ တင် ထဲကနာမည်

ကို မောင်ရွှေဘအဖြစ်ပြောင်းပေးဘို.အထောက်ထားတွေနဲ.သွားတင်ပြတာပေါ. ဦးစီးမှုးကလဲသဘောေ့ကာင်းစွာနဲ.အိုကေစာတင်ခဲ.ပါ

နောက်တပတ်နေလာဆိုပြီးပြောတယ်…. သူချိန်းတဲ.ရက် လဝကရုံးကိုသွားပြီး မှတ်ပုံတင်အသစ်ကိုသွားယူလာပြီး

ကြည်.လိုက်တော.  မောင်ဘရွှေ (ခေါ် ) မောင်ရွှေဘ လို.ရေးထားတယ်ဗျာ…..

အဲ.ဒါနဲမကြေနပ်လို.ဦးစီးမှုးဆီ သွားတွေ.ပြီး အရင်နာမည်ကိုမကြိုက်လို. နောက်နာမည်ပြောင်းတာ

ဘာဖြစ်လို.အရင်နာမည်ကပါနေရတာလဲလို.မေးတဲ.အခါကျတော. …….အတိတ်ကိုဖျောက်လို.မရဘူး ပြင်လို.မရဘူး

လို.ပြောပါတယ်  ကျွန်တော်ကလဲမခံချင်တာနဲ.ဟာဗျာခင်ဗျားတို.ကအမျိုးမျီုး ဘဲ ခု သတင်းစာတွေထဲမှာကြတော.

ဗမာ ကို မြန်မာလို.ပြောင်းလိုက်တာ ကြတော.  ဗမာနိင်ငံ (ခေါ်)  မြန်မာနိင်ငံလို.  မရေးပါလား..လို.ပြောလိုက်တော.

ဦးစီးမှုးက မျက်ထောက်နီကြီးနဲ. ဟေ.ကောင်.. မင်း…. ၅(ည)နဲ.တွေချင်လို.လားလို.အော်တာနဲ. အမြန်ပြေးလာခဲ.ရကြောင်း….

 

13 comments

  • htoosan

    June 13, 2012 at 12:34 pm

    ကြေးမုံ က ဝေဖန်စာ အကြံပြုစာတွေ ပို့လို့ရတယ် တဲ့ ။ ပို့လိုက်ပါလား ။ ၅(ည) နဲ့ ထပ်တွေ့အောင်လေ… 😀
    လက်မထောင်ခဲ့တယ်ဗျို ့ ။
    အဲဒါပေမဲ့ ကျွန်တော်က မြန်မာလို့ဘဲ သဘောကျတယ်။

    Reply

  • PaLote Tote

    June 13, 2012 at 12:58 pm

    မူရင်း ဘရွှေ ဘဲ ကြိုက်တယ် ။
    ၅(ည) နဲ့ အစဉ်ပြေပါ့မလား (စတာနော်)

    Reply

  • မွန်မွန်

    June 13, 2012 at 1:05 pm

    ဘရွှေဆိုတာ အမေပေးခဲ့တာလေ.. အမေပေးတဲ့နာမည်ဆိုတော့လည်း ဖျောက်ရခက်တာပေါ့…
    ဗမာနိုင်ငံဆိုတာကို ပေးခဲ့တာ အမေမှမဟုတ်တာ… ဗမာမှာ နိုင်ငံမရှိဘူး..လူမျိုးပဲရှိတယ်..သူတို့ရဲ့ မပီကလာပီကလာနဲ့ ခေါ်သွားတဲ့ နာမည်ကို ပြင်ရတာ တော်တော်မောနေပြီ…

    Reply

  • Davit

    June 13, 2012 at 1:30 pm

    “5ည” ဆိုများမလားပဲ………. “3ည” အိပ် 4ရက်လောက်တော့ နေကြည့်လိုက်ပါလား ကိုကြီးရွှေဘရဲ့…………….ဟီးးးးးးးးးး 😀

    Reply

  • Thel Nu Aye

    June 13, 2012 at 1:55 pm

    မြန်မာနိုင်ငံ ဗမာလူမျိုး အင် လျှောက်လွှာဖြည့်ရင် တော်တော်သတိထားဖြည့်ရတာ။ ဟုတ်ပါ့ မတော် ၅(ည) နဲ့တွေ့မှ ဒိုးရတော့မယ်အချစ်ရေ နှုတ်ဆက်ခဲ့ပါတယ် ဖြစ်နေအုံးမယ်။

    Reply

  • ထာဝရ

    June 13, 2012 at 3:38 pm

    မြန်မာ ဘဲဖြစ်ဖြစ် ဗမာ ဘဲဖြစ်ဖြစ် ပါဗျာ ကန်.ကွက်စရာမရှိပါဘူး
    အများသဘောပါဘဲ ဒါပေမယ်. အစိုးရသတင်းစာတွေဟာ
    ပြည်တွင်းမှာ အလုပ်သမားအရေးတွေ လယ်သမားအရေးတွေ
    နောက်ဆုံးရခိုင်အရေးခင်တွေနဲ.ပြည်သူတွေပူလောင်နေတာကို
    အားလုံးဝိုင်းပြီးအေးချမ်းအောင်လုပ်ရမယ်.အချိန်မှာ ဒီမြန်မာ နဲ.ဗမာဆိုတဲ.အခေါ်ဝေါ်
    ကိုဗန်းပြပြီးဒေါ်အောင်ဆန်းစုကြည်ကို အကျပ်ကိုင်ချင်တဲ.သဘောပြတာဟာ
    အောက်တန်းကျတဲ.စိတ်ဓါတ်လို.ပြောချင်တာပါ သရော်ချင်တာပါ
    တကယ်ဆိုသတင်းစာတွေကတောင်ဂုတ် အကြောင်းရေးတာမှာ
    ဘုန်းကြီးခေါင်းခေါက်ပြီးမှ ဆောရီးလို.ပြောသလိုဘဲ( ပြင်ဆင်ဖတ်ရှု.ရန်ဆိုတာ)
    အဲ.ဒါကိုအကြောင်းပြုပြီး ရန်ကုန်မွတ်ဆလင်တွကဆန္တပြ
    အဲဒီမှာ ရခိုင်မှာရှိ.တဲ. ရိုဟင်ဂျာတွေက အမြတ်ထုတ်သွားတာဘဲ….ကျွန်တော.အမြင်ကိုပြောတာပါ
    တကယ်ဆိုဒီအချိန်မှာ အားလုံးသောအင်အားစုတွေဟာ စည်းလုံးစွာနဲ.
    မြန်မာပြည်ကိုတွန်းတင်ရမယ်.အချိန်ပါဗျာ…..
    အခုလဲ တကယ်လို.များ ဒေါ်အောင်ဆန်းစုကြည်က နော်ဝေးမှာ
    ဆုယူနေတဲ.အချိန် ရခိုင်မှာ ကျွန်တော်တို.ရဲဘော်တွေက သနတ်ကိုထောင်မပစ်တော.ဘူးတဲ.တဲ.ပြစ်တယ်ကွာဆို….လာလျှှင်…..

    Reply

  • Khin Kha

    June 13, 2012 at 3:41 pm

    ၅(ည) ဆိုပြီးစခန်းကခေါ်သွားတာ ၅-ည မကဘူး ၅-လ လောက် အချုပ်ထဲနေခဲ့ရတာတွေ ရှိခဲ့ဘူးတယ်နော်။ ဟိုးရှေးရှေးတုံးကပေါ့ကွာ———။
    ဦးဘရွှေ အဲ ဦးရွှေဘရေ။

    Reply

  • hein latt

    June 13, 2012 at 3:48 pm

    အဲ………တချို.ကျတော့….ခဏလောက်လိုက်ခဲ.ပါ.. လို.ခေါ်သွားတာ
    ပြန်ကိုပေါ်မလာတော့ဘူး…ကိုယ်တွေ.နော်…ကိုယ်တွေ.။

    Reply

  • etone

    June 13, 2012 at 4:15 pm

    ဘရွှေကနေ ..ရွှေဘပြောင်းဖို့သာ လွယ်တာကို ခက်အောင်သက်သက်လုပ်နေတာပါ … ။
    သူများတွေများ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် ဖောင်ဖြည့်စရာမလိုဘူး NRC တန်းရနေတာ …ပြောရင်းတောင် အချဉ်ပေါက်လာတယ် ……. ။

    သရော်စာက … တကယ်မိုက်တယ် ….. ။

    Reply

  • moethidasoe

    June 13, 2012 at 5:16 pm

    နောက်ဆုံးတော့ ရွှေလေး က သုဝဏ္ဏ ဓနုံ ဖြစ်တဲ့ လူလိုပေါ့ လေးစိတ် နဲ့ တစ်တင်းလို ပေါ့ ..

    ကိုဘရွှေက ဦးအောင်မောင်း (ခ) အလီ တို့ ဘာညာတွေကို စောင်းရေးချင်တာလား ..
    ဟဲ ဟဲ .. ၅(ည)

    Reply

  • သားဦး၊မြေးဦး

    June 13, 2012 at 7:27 pm

    အင် ခေါ်သွားတုန်းကတော့(၅)ညပါဘဲ။ဒါပေမယ့် (၆၅)နဲ ့ညား အဲလေ. ယောင်လို ့
    အပြင်ရောက်နေကြပီနော်

    Reply

  • Pitbull

    June 13, 2012 at 7:41 pm

    သမီးလဲ Pitbull ကို Pullbit လို့ပြောင်းရင် ၅ညလောက် နေရမလားမသိ။ မတန်သေးပါဘူးဟယ် ဒီအတိုင်းထားတာ ကောင်းပါတယ်
    အားပေးသွားပါတယ် ကိုဘကိုရွှေ(ခ)ကိုရွှေကိုဘရေ………………

    Reply

  • မောင်ပေ

    June 13, 2012 at 9:22 pm

    အားပေးတယ်ဗျာ ။ သတင်းတွေကြားထဲမှာ ပြုံးစရာ သရော်စာကောင်းလေး တစ်ပုဒ်ကို ဖတ်လိုက်ရလို ့
    ဘုံ
    မောင်ပေ (သို ့မဟုတ်) မေပေါင် (သို ့မဟုတ်) ပေမောင်

    Reply

Leave a Reply

Your email address will not be published.