အများပိုင်ကုမ္ပဏီတွေ ဖွဲ့ပြီ။

Ma MaJune 9, 20121min024

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အခါမှာ တိုင်းရင်းသားစီးပွားရေးတွေ ခိုင်မာနေဖို့ လိုပါတယ်။

တစ်ဦးချင်း တစ်ယောက်ချင်းအားထက် စုပေါင်းအားက ပိုကြီးမားပါတယ်။

အခုအခါမှာ တူရာတူရာ စုပေါင်းလို့ အများပိုင်ကုမ္ပဏီတွေ ဖွဲ့စည်းနေပါပြီ။

စိတ်ပါဝင်စားသူများ အစုရှယ်ယာ ဝယ်ယူထည့်ဝင်နိုင်အောင် သတင်းပေးလိုက်ပါတယ်။





24 comments

  • ဦးဦးပါလေရာ

    June 10, 2012 at 1:12 am

    အများပိုင်ကုမ္ပဏီတွေကို ကြိုဆိုပါတယ်။
    အခုနမူနာပြတဲ့ ကုမ္ပဏီဆိုလဲ ပဲ အထူးပြုဆိုတော့ ပဲဈေးကွက်ကို သင့်တင့်အောင်ထိန်းနိုင်ကောင်းရဲ့လို့ မျှော်လင့်မိပါတယ်။
    မြန်မာနိုင်ငံရဲ့ ပဲဈေးကွက်ကို ကောင်းကောင်းထိန်းနိုင်ဘို့ဆိုရင် လည်ပတ်ငွေ သိန်းပေါင်း တသန်းလောက် ရှိသင့်တယ်ထင်မိတယ်။ အဲဒါ တယောက်ထဲ တစုထဲနဲ့ မဖြစ်နို်င်ပါဘူး…။

    ပြောစရာရှိတာကတော့
    အများပိုင်ကုမ္ပဏီဆိုတာ ပွင့်လင်းမြင်သာမှု့ အထူးရှိဘို့လိုပါတယ်။
    အစကတည်းက ရှယ်ယာတွေမရောင်းခင်ကတည်းက အစွမ်းကုန်ပွင့်လင်းမြင်သာရမှာပါ။
    အဲဒါလေးတော့….။

    Reply

    • nature

      June 10, 2012 at 7:27 am

      ပဲဈေးကွက်ကအခြေအနေမကောင်းတော့ ပဲအထူးပြုအများပိုင်ကုပ္မဏီဆိုရင်တော့ မြတ်ဖု့ိနေနေသာသာ မပြုတ်ရင် ကံကောင်းလို့ပဲပြောချင်ပါတယ်။

      အများပိုင်ကုပ္မဏီလုပ်မယ်ဆိုရင်အကျိုးအမြတ်ကောင်းတဲ့ရေအားလျှပ်စစ်လိုမျိုးအတွက်ဖွဲ့ရင် ပိုအကျိုးရှိမယ်ထင်ပါတယ်။ စစချင်းဖွဲ့တဲ့အများပိုင်ကုပ္မဏီ အကျိုးအမြတ်ကောင်းမှသာ လူအများရဲ့ ယုံကြည်မှုနဲ့ စိတ်ဝင်စားမှုပိုမိုတိုးပွားလာမှာပါ။ စစချင်းကုပ္မဏီက ခွက်ခွက်လန်အောင် ရှုံးရင်တော့ ဈေးဦးကျိုးသလိုမျိုး လူအများရဲ့စိတ်ဝင်စားမှုနဲပါးသွားပြီး အောင်မြင်မှု မရနိုင်ပါဘူး။ အခုကတော့စဖွဲ့ချိန်မှာ စိတ်ဝင်စားသူထက်အခြေအနေ စောင့်ကြည့်နေတဲ့သူတွေ ပိုများမယ်ထင်ပါတယ်။

      ဦးဆောင်သူရဲ့အတွေ့အကြုံ၊ ဗဟုသုတ နဲ့ စိတ်ကောင်းစေတနာ မှန်ကန်မျှတမှု အတွေးအခေါ် တွေက လည်းအဖွဲ့အစည်းရဲ့ အောင်မြင်မှုအတွက်အရေးပါပါတယ်။ ဂွင်ရပြီဆိုပြီး လာထည့်တာမျိုးဆိုရင်တော့ ရေရှည်မှာ အောင်မြင်မှုရဖို့ခဲယဉ်းပါလိမ့်မယ်။

      Reply

  • padonmar

    June 10, 2012 at 1:17 am

    အဲဒီပွင့်လင်းမြင်သာကိုဘဲ စိတ်ပူတာ။
    This country မှာက မုန့်ဝေမှာဆို တိုးတိုးတိတ်တိတ်၊ဒုတ်ဝေမှာဆိုမှ အားလုံးကို အသိပေးဆိုတဲ့ ရှေးသရောအခါက အကျင့်တွေ ခဝါချခဲ့သင့်ပါပြီ။

    Reply

    • ဆူး

      June 21, 2012 at 11:27 am

      ဒုတ်တော့ မလိုချင်ဘူး မုန့်တော့ လိုချင်တယ်။
      ဒီပုံစံ ဆိုရင် နောက်ပိုင်း သေးငယ်တဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပျောက်ပြီး ရုပ်ရှင်တွေထဲကလို ဥက္ကဌကြီး ဆိုရင် အားလုံး ဖိန့်ဖိန့်တုန်တဲ့ ခေတ်ကို ရောက်တော့မယ် ထင်တယ်။
      ဒီတခါ အဲဒီ အကြောင်း ဆွေးနွေးကြရအောင်.. သေးငယ်တဲ့ ရင်းနှီးမြုပ်နှံသူတွေကို ကာကွယ်ဖို့ အတွက် ဦးနှောက်စားပြီး ရေးကြဖို့ ဖိတ်ခေါ်ပါတယ်။ သမီးကတော့ ဖတ်မယ်နော်။

      Reply

  • pooch

    June 10, 2012 at 1:23 am

    အဲ့ဒီ ပွင့်လင်းမြင်သာမှုမရှိလို့လဲ ကျမတို့ ရှိပြီးသား ဆိုင်ရာ အဖွဲ့ အစည်းကို အားကိုးလို့ မရခဲ့တာ ဒေါ်ဒေါ်ရေ။ ဘာမဆို သူတို့ လူချည်း ကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့။
    ခုနောက်ပိုင်းတော့ မသိဘူး။ စနစ်ပြောင်းလို့ အစစအရာရာ ပြောင်းလဲ ပွင့်လင်းလာပါစေလို့ပဲ ။

    Reply

  • မောင်ပေ

    June 10, 2012 at 1:42 am

    စနစ်က ပြောင်းလဲပြ လက်တွေ့ အကောင်အထည် ဖော်ပြနေပါပြီ။လိုအပ်ချက်ရှိသမျှ ကို အပြုသဘောနဲ့ ဝေဖန်ထောက့်ပကြရမှာ good citizen ပါ

    Reply

  • kai

    June 10, 2012 at 2:57 am

    ငွေရှင်တွေမှာ.. ငွေရင်းနှီးမြုတ်နှံဖို့နေရာရှိတာနဲ့..ငွေတွေနေရာရွေ့တာမို့.. မြန်မာပြည်ရဲ့.. သာမန်ထက်မြင့်နေတဲ့.. အိမ်မြေဈေးတွေ ထိုးကျပါလိမ့်မယ်..
    အစိုးရက ဘယ်လိုပြင်ဆင်ထားသလည်း.. သိချင်သား..

    သူဌေး(ငွေရှင်)ဆိုတောက.. သူ့ငွေမဆုံးရအောင် လုပ်တာမှာကျွမ်းကျင်ပြီးသား..
    ကြားထဲက.. အလယ်လတ်တန်းစားတွေ ထိကုန်တတ်တာမို့ပါ…

    ဘာပဲဖြစ်ဖြစ်..
    အခုလိုအများပိုင်ကုမ္ပဏီတွေထွက်လာတာ ကြိုဆိုပါတယ်..
    ယူအက်စ်ကနေရော.. လှမ်းပြီး မြုတ်နှံလို့..ရလားဟင်င်င်…

    Reply

    • Foreign Resident

      June 10, 2012 at 5:40 am

      ” မြန်မာပြည်ရဲ့.. သာမန်ထက်မြင့်နေတဲ့.. အိမ်မြေဈေးတွေ ထိုးကျပါလိမ့်မယ် ”

      အဟင့် သားသားမှာ ပိုင်ဆိုင်မှု ဆိုလို့ ဒါလေးတစ်ခုပဲရှိတာ ။
      အိမ်မြေဈေးတွေသာ ထိုးကျရင်တော့ ၊
      သားသားတော့ မွဲပါပြီ ။ အဟင့် ။

      Reply

      • မောင်ပေ

        June 10, 2012 at 2:00 pm

        ၂ရက်လောက်နေရင် ၊ ဒီနေ ့ခေတ်စားနေတဲ့ မြေကွက်နေရာ နဲ ့ဈေးအနေအထား ကို ပို ့စ်တစ်ခု အဖြစ် တင်ပေးပါမယ် ။

        Reply

  • MaMa

    June 10, 2012 at 11:09 am

    @kai
    မြန်မာနိုင်ငံသား မည်သူမဆို အစုရှယ်ယာ ထည့်ဝင်လို့ ရပါတယ်။
    စာအုပ်အနီလေး ကိုင်ထားရင်ပေ့ါ။ 🙂

    လုပ်ငန်းကဏ္ဍအလိုက် ပေါ်လာမယ့် အများပိုင်ကုမ္ပဏီတွေ အများကြီး ရှိပါတယ်။
    အဓိကက ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်တဲ့လမ်းကြောင်းပေါ်မှာ ရှိမယ်၊
    သီလသမာဓိနဲ့ ပြည့်စုံတဲ့သူတွေ ဦးဆောင်မယ်၊
    ကုမ္ပဏီစည်းမျဉ်းစည်းကမ်းတွေဟာ ပွင့်လင်းမြင်သာမှုရှိမယ် ဆိုရင်
    အဲဒီလုပ်ငန်းမှာ အစုရှယ်ယာ ထည့်ဝင်ဖို့ စဉ်းစားသင့်ပါတယ်။

    နိုင်ငံတကာက ဝင်လာမယ့် လုပ်ငန်းကြီးတွေနဲ့ ပခုံးချင်းယှဉ်ပြီး လုပ်ကိုင်နိုင်ကြဖို့အတွက်
    ဦးဆောင်သူတွေ အနေနဲ့လည်း ကိုယ့်အိတ်ထဲထည့်ဖို့ဆိုတဲ့ ကျဉ်းမြောင်းတဲ့ သေးသိမ်တဲ့ အသိစိတ်ဓာတ် တွေကို ပြုပြင်ပြောင်းလဲသင့်ပါပြီ။

    အမှန်တကယ် နာယကဂုဏ်နဲ့ ပြည့်စုံသူတွေ ဦးဆောင်မယ်ဆိုရင် တစ်ဦးချင်းတစ်ယောက်ချင်းအားထက် အများအားနဲ့ စုပေါင်းထားတဲ့ အများပိုင်ကုမ္ပဏီတွေမှာ ပါဝင်သင့်တယ် ထင်ပါတယ်။

    Reply

  • ကြောင်ကြီး

    June 10, 2012 at 11:15 am

    ဈေးကွက်စီးပွားရေးစနစ် အစောပိုင်းမှာ ဖက်စပ်ရှယ်ရာများ ခေတ်စားလိုက်တယ်။ အဦးပိုင်း ရှယ်ရာများဝယ်ပီး ဈေးအမြင့်ဆုံးနဲ့ ရောင်းသွားနိုင်သူများ ပွပေါက်တိုးဒယ်။ ကျန်လူများ ပိုက်ဘောမိကျန်ဒယ်။ သန်လျင်ခြံမြေဈေးကွက် ပေါက်ကွဲမှုဖြစ်စဉ် အနီးစပ်ဆုံးရှိဒယ်။ အခုလည်း စွန့်ချင်သူများ ရှယ်ရာများဝယ်ထားပါ၊ ဈေးတက်ဆုံးအချိန်မှာ ရောင်းနိုင်ဖို့ကြိုးစားပါ။ ဘယ်အချိန် ဈေးအမြင့်ဆုံးဆိုဒါ သိနိုင်မလဲ။ efficient market hypothesis EMH ဆိုတဲ့ ဈေးကွက်သတင်းအချက်အလက်ပေါ်မူတည်ပီး ရှယ်ရာဈေးနှုန်း အတက်အကျ သီအိုရီ သုံးမျိုးရှိဒယ်။ ပထမတမျိုးက weak form – သူက ပြီးခဲ့တဲ့ ဈေးနှုန်းအတက်ကျ၊ အရောင်းအဝယ် ပမာဏရဲ့ သက်ရောက်မှုကို လက်မခံဘူး။ ဒုတိယ semi strong form က အများပြည်သူကို ထုတ်ပြန်တဲ့ သတင်းအချက်အလက်များရဲ ့ လွှမ်းမိုးမှုကို လက်မခံဘူး၊ နောက်ဆုံးအမျိုးအစား strong form က အများပြည်သူနဲ့ဆိုင်တဲ့ အချက်အလက်ရော၊ လျှို့ဝှက်အတွင်းစည်း သတင်းအချက်အလက်များရဲ့ ဈေးနှုန်းအပေါ် သက်ရောက်မှုကို လက်မခံဘူး။ အတွေ့အကြုံ ကြွယ်ဝပြီး နည်းပညာ အရမ်းတိုးတက်နေတဲ့ အနောက်နိုင်ငံများရဲ့ ရှယ်ရာဈေးကွက်များမှာတောင် သီအိုရီသုံးခုစလုံး အပြည့်အဝ မမှန်ဘူး။ အထက်ပါ သီအိုရီသုံးခုစလုံးသည် သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းမှုရဲ့ အရေးပါပုံကို ညွှန်းဆိုဒယ်။ အများပိုင်လို့ နာမည်တပ်လိုက်ခထဲဂ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ စည်းမျဉ်းဥပဒေ လေးစားလိုက်နာမှု စတာတွေ ရှိရမယ်။ စာရင်းအင်း ထုတ်ပြန်မှု သိပ်အရေးကြီးတယ်။ အဲဒီအချက်အလက်များအပေါ်မူတည်ပြီးမှ ဝယ်သင့်မဝယ်သင့် ဆုံးဖြတ်ရမှာကိုး..။ မြန်မာပြည်မှာ ကနဦးဈေးကွက်ဖွင့်မယ်ဆိုရင် အတော်လေး ရှုပ်ထွေးမှုများ ဖြစ်ပီးမှ အများပြည်သူ အကျိုးခံစားခွင့်ရမယ်လို့ ထင်တယ်။ တိုင်းပြည်တပြည် တိုးတက်ဖို့ဆိုရင် အများပြည်သူနဲ့ဆိုင်တဲ့ ရှယ်ရာဈေးကွက် ရှိကိုရှိရမယ်။ ချမ်းသာပါဒယ်ဆိုတဲ့ အနောက်နိုင်ငံများရဲ့ အစိုးရများတောင် တကယ်တမ်း ပရောဂျက်အကြီးကြီးများ လုပ်တော့မယ်ဆိုရင် ဝေါစထရိဘဏ္ဍာရေးဈေးကွက်ဆင်း ပိုက်ဆံရှာရဒယ်။ မြန်မာပြည်မှာလည်း အိပ်နေတဲ့ အများပြည်သူများရဲ့ငွေတွေကို သမာသမတ်ကျတဲ့ နည်းလမ်းနဲ့ ဖော်ထုတ်နိုင်ပါစေလို့ ဆုတောင်းပါဒယ်။။

    Reply

    • MaMa

      June 10, 2012 at 9:21 pm

      အခုလို ပြည်ု့ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောဆိုပေးတဲ့အတွက် ကက်ချုပ်ကြီး ကို ကျေးဇူးတင်ပါတယ်။
      အများပိုင်ကုမ္ပဏီတွေ အောင်မြင်စေချင်တယ်။
      ကိုယ်တိုင်လည်း ပါဝင်ချင်တယ်။
      ဒါပေမယ့် မယုံမရဲလည်း ဖြစ်နေသေးတယ်။

      Reply

      • surmi

        June 11, 2012 at 1:29 am

        အန်တီ မမ
        ခံရတာများပြီထင်တယ် ….တကယ်တော.လဲအများပိုင်လုပ်မှ အောင်မြင်နိုင်မှာပါ ။
        တခုရှိတာပေါ. …အခွင်.ရေးရသူတွေ သိပ်အခွင်.ရေးမယူဖို.လဲလိုတာပေါ. ။
        ဘာဘဲဖြစ်ဖြစ် အဲဒီလိုအချိန်မျိုးမှာ တစ်ဦးထဲလုပ်လို. မဖြစ်နိုင် လေတော. …..
        ရှိတာလေးပေါင်နှံပြီး ရှယ်ယာဝယ်ရဦးမှာပေါ.လေ ………….။

        Reply

  • တညင်သား

    June 10, 2012 at 9:27 pm

    အများပိုင်ကုမ္ပဏီတွေ အောင်မြင်စေချင်တယ်။
    ကိုယ်တိုင်လည်း ပါဝင်ချင်တယ်။

    ဆိုတော့ ထောင်မြင်ရင် ရာကိုစွန့်ပါ … အထမ်းသမားလိုလဲ ခေါ်ပါ ..:)

    မှတ်ချက်… ပေါ့ပါးသော ငရုတ်သီး အိပ်မှားသာ………

    Reply

  • အရီး Khin Latt

    June 10, 2012 at 9:40 pm

    မမရေ
    ပြောတော့သာ စီးပွါးရေးဘွဲ့ရ။
    တစ်ခွန်းမှ ဝင်မဆွေးနွေး နိုင်တဲ့ ဘဝ။
    ဆရာတွေ ညံ့လို့ မဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင် က အသုံးမကျခဲ့လို့ပါ။ 🙁

    ဘာဘဲ ဖြစ်ဖြစ် ပိုပြီး ပွင့်လင်းလာမဲ့ လုပ်ပိုင်ခွင့် တွေ၊ တိကျ တဲ့ ဥပဒေ နဲ့ ခိုင်မာတဲ့ မူဝါဒတွေ ရှိလာပါစေ ဆုတောင်းပါတယ်။
    ဒါဆို တကယ်ကြိုးစားပြီး အရည်အချင်းရှိသူတွေ အတွက် အခွင့်ကောင်းပါဘဲ။

    Reply

  • ဦးဦးပါလေရာ

    June 10, 2012 at 10:22 pm

    ကိုကြောင်ကြီး ရေးလာတော့ မနေသာပြန်ဘူး….
    သူက မှတ်သားစရာ အင်တာနေရှင်နယ် ဂျင်နရယ်နောလိတ်များမိန့်ကြားတော့…
    ကျုပ်ကလဲ ကျုပ်တို့ဇာတိချက်မြှုတ်မွေးရပ်မြေရဲ့ အင်တာနယ်ပရက်တီကယ် အပလို့ချ်လေးနဲနဲ……

    အခုတလော အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းပြီး ရှယ်ယာရောင်းကြတယ်။
    ဘဏ် တချို့၊ လုပ်ငန်းစုကြီးတချို့၊ ကုမ္ပဏီတခုလားနှစ်ခုလားပဲ…
    အဲတော့ ဘယ်ရှယ်ယာဝယ်ရင်ကောင်းမလဲ ဆိုတာကို
    လုပ်ငန်းရဲ့ သက်တမ်းတလျှောက် နာမည်ကောင်းတွေ
    ငါးနှစ်ဆက်တိုက် ရှုံးမြတ်စာရင်းတွေ
    သုံးနှစ်ဆက်တိုက် အက်ဆက်တန်ဘိုးတက်နှုံးတွေ
    အဲဒါတွေ ကိုကြည့်ပြီးဝယ်ကြတယ်ထင်သလား….
    နိုး…. နိုး….
    ဒီလိုတွက်တာ…
    (ဟေ့… ဟိုကုမ္ပဏီက အစိုးရတပိုင်းပါတာ ။ ဆုံးဘို့မရှိဘူး…။ တန်ဘိုးလျှော့/အလကားရထားတဲ့ မြေတွေ အဆောက်အအုံတွေများတယ်။ အဲဒီရုံးချုပ်နေရာတခုထဲတင် အဆောက်အအုံမပါပဲတောင် သိန်း- တသိန်းခွဲလောက်တန်တာ။ ဦးပိုင်လဲ တမတ်ပါတော့ လုပ်ပိုင်ခွင့်တွေလဲ သေချာတယ်။ ….+ + +)

    အဲလို… အဲလို….

    Reply

    • ကြောင်ကြီး

      June 11, 2012 at 10:58 am

      ဘယ်လိုတွက်တွက်ပါ ဦးပါလေရာဂျီး…. ပိုင်ဆိုင်မှုနဲ့ ပေးရန်ရှိ ခြားနားချက် အသားတင် ပိုင်ဆိုင်မှုတန်ဖိုး၊ အနာဂတ် ဖြစ်နိုင်ချေ အမြတ်အစွန်း၊ လက်ရှိပိုင်ဆိုင်မှု တန်ဖိုးအလားအလာ၊ အုပ်ချုပ်စီမံခန့်ခွဲသူများ အရည်အချင်း စတာတွေကို စုပေါင်းတွက်ချက် ရမှာပါပဲ။ (ယေဘူယျအများစု လုပ်တာကိုပြောတာပါ၊ အဲဒါတွေနောက် မလိုက်ဘဲ ရင်းနှီးမြှုပ်နှံသူအကောင်ဂျီးများရဲ့ လှုပ်ရှားမှု၊ ဈေးကွက် အနေအထားလိုက်ပီး ကစားတာလည်းရှိပါဒယ်)။ အရေးကြီးတာ သတင်းအချက်အလက်ကို တဦးတဖွဲ့မှ လက်ဝါးကြီးအုပ် မထားဖို့၊ လက်သင့်ရာ စားတော်ခေါ် ပရောဂျက်ချ မပေးဖို့၊ စစ်မှန်တဲ့ ပြိုင်ဆိုင်မှုရှိတဲ့ ဈေးကွက်သဘော သဘာဝရှိဖို့ ဖြစ်ပါဒယ်။ နို့မို့ရင် လက်ရှိအကောင်ဂျီးတွေပဲ ဈေးကွက်ကို ဆက်လက် အုပ်စီးထားပီး တချိန်ပြိုလဲတဲ့အခါ အများပြည်သူပိုင်ဆိုင်မှုသို ပြောင်းလဲထားပီးဖြစ်တာမို့ တိုင်းပြည်စီးပွားရေးကို အကြီးအကျယ် ဒုက္ခပေးနိုင်ပါဒယ်။ တောင်ကိုရီးယာမှာ အဲသလိုပဲ ဖြစ်ခဲ့ဒယ်။

      Reply

  • SkyHeart WinKo

    June 11, 2012 at 12:16 am

    ဒို့ဗမာတွေ အလိမ်ခံရတော့မယ်
    (Sky Heart TRAVEL & TOURS)

    Reply

  • blackchaw

    June 11, 2012 at 8:27 am

    တိတ်တိတ်ဆိတ်ဆိတ်လေး ဖတ်သွားပြီး
    တိတ်တိတ်ဆိတ်ဆိတ်လေး ပြန်ထွက်သွားပါတယ် မမရေ။
    🙂

    Reply

  • Azzurri

    June 12, 2012 at 11:36 am

    ဇဂါးမစပ် …သများတို့လို ချစ်သွေးကြွ ဒွေ အတွက်ရော..
    အဖွဲ့အစည်းလေး ဘာလေး ဖွဲ့ပြီး ကူညီ ထောက်ပံ့ဖို့
    အစီအစဉ် ဒွေ မရေးဆွဲကြသေးဝူးလားဟင်င်င်င်
    😀

    Reply

    • ဦးဦးပါလေရာ

      June 12, 2012 at 11:40 am

      ကျုပ်မှာတော့ အဖိုးက အမှတ်တရသိမ်းထားတဲ့
      ဒုတိယကမ္ဘာစစ်က သံခမောက်ကောင်းကောင်းတလုံးရှိတယ် ဂီ..ရေ
      😀

      Reply

      • MaMa

        June 12, 2012 at 2:20 pm

        မောင်ဂီကို အင်တိုက်အားတိုက် ကူညီချင်ပါသော်လည်း လက်နက်ကရိယာက မလုံလောက်။
        ဒါပေမယ့် ကာဗာကောင်းကောင်းရှိတဲ့ ဦးပါလေရာကတော့ တာဝန်ယူနိုင်လောက်တယ်။ 😆

        Reply

  • mamanoyar

    June 21, 2012 at 9:48 am

    ကျေးဇူးပါ မမရေ

    Reply

  • awra-cho

    June 21, 2012 at 12:51 pm

    ချစ် သွေးကြွ တွေအတွက် ၆၉ အားတိုးဆေးထုတ်မယ်လေ။ ပါကြအုံးမလား

    Reply

Leave a Reply

Your email address will not be published.