Village Master Office အရာရှိ ဦးကြောင်၏ ကျားပျံချက်

ရခိုင်အရေးနဲ့ ပတ်သက်ပီး သမဒရုံး အရာရှိတဦးရဲ့ ဖေ့ဘွတ်ပေါ်ဂနေ ပြန်ကြားချက်ကို ဧရာဝတီဘလော့ဂ်မှာ တင်ပေးတာဂို ဂလိုဖတ်ရဒယ်။ “ရိုဟင်ဂျာ အကြမ်းဖက်သမားများ လက်နက်များနဲ့ မြန်မာနိုင်ငံနယ်နမိတ်ထဲ ဝင်ရောက်လာပြီလို့ ဆိုပါတယ်။ …. … .. …….. ဤအတွက်တော့ လူသားချင်း စာနာထောက်ထားမှုတွေ၊ လူ့အခွင့်အရေးတွေ လာမပြောစေလိုပါ။ ရွှေပြည်အေး တရားတွေ၊ မေတ္တာရှင်ကြီးလိုလိုလာပြီး ဆရာကြီး မလုပ်ကြစေလိုပါ။ အသံကောင်း မဟစ်ကြ စေလိုပါ။ …. … … (အားလုံးကို ဆိုလိုပါသည်။) နိုင်ငံရေး ပါတီများ၊ လွှတ်တော်အမတ်များ၊ Civil Society များ၊ အမြဲတမ်း အတိုက်အခံလုပ်နေရမှ ကျေနပ်နိုင်သော၊ သမ္မတကြီးနှင့် အစိုးရအပေါ် မကောင်းပြောရမှ စာရင်း အိပ်ပျော်ကြသူများ အားလုံးကို တိုက်ရိုက်ရည်ညွှန်း ပြောကြားခြင်း ဖြစ်ပါသည်။” http://blog.irrawaddy.org/2012/06/blog-post_1522.html
သူဃ သမဒဂျီးကျွေးတဲ့ ဝက်သုံးထပ်သားတုံးဂျီးကိုက်ပီး အဲလိုအော်ဒေါ့ ကျုပ်ကလည်း သဂျီးဆင်ဒဲ့ သုံးမရ အင်ဂုလိပွိုင့် အားကိုးနဲ့ ပြန်ဆဲမယ်။ အင်တာနက်ခေတ်မှာ သမဒဂျီးအားကိုးနဲ့ လူမိုက်လာမလုပ်နဲ့ ငါးစာဖြစ်သွားမယ်..။ သဂျီးရုံး အညှာသိတဦးရဲ့ တုံ့ပြန်ချက်လို့ ဖတ်ပေးဂျဗာ။ သမဒဂျီး ထိုင်းခရီးစဉ် မသွားဖြစ်ရာမှာ ပထမတော့ အာရှပစိဖိတ်စီးပွားရေးဖိုရမ် အစည်းအဝေးတက်ဖို့ ငြင်းတယ်။ နောက်တော့ ထိုင်းဝံကျီးခြုပ် ဖိတ်ကြားတဲ့ နိုင်ငံဒေါ်အလည်အပတ် ခရီးစဉ်ကိုပါဖျက်တယ်။ အကြောင်းပြတော့ အလုပ်သမားအရေးကိစ္စ၊ လျှပ်စစ်မီးမလုံလောက်မှု ပြသနာ စတဲ့အရေးတွေကြောင့်ဖြစ်တယ်။ တိုင်းပြည် ငြိမ်ဝပ်ပိပြားဖို့ သူရှိနေပေးရဒယ်ပေါ့ဗျာ..။ မကြာဗာဘူး ရခိုင်မှာ လူမျိုးရေး အဓိကရုဏ်း တသီတတန်းကြီး ဖြစ်လာတယ်။ သမဒဂျီး ဘုန်းဒေါ်သိပ်ကြီးပီး နမိတ်ကြိုဖတ်သလို ဖြစ်သွားဒါများလား သို့ပေမဲ့ မင်္ဂလာသတင်း မဟုတ်လို့ ရွှေနှုတ်က လေပုပ်ထွက်တယ်လို့ ပြောဂျင်ဒယ်။
သမဒယုံး အရှာရိဆိုဒဲ့ပုဂ္ဂိုလ်..ခင်ဗျား သမဒဂျီးနဲ့တွေ့ရင် မေးလိုက်စမ်းဘာ..သူ့သမီးကို ကြောင်ကြီး ရပ်ကွက်လူဂျီး (ရဝတဥက္ကဌ၊ ရာအိမ်မှူး၊ ဆယ်အိမ်ခေါင်း)တွေနဲ့ လာတောင်းရင် သဘောတူမလားလို့။ ကြောင်ကြီးမှာ ခရက်ဒက်ကတ် တထောဂျီးရှိဒယ်နော..။ သမဒဂျီးသားမက်ကြောင်ကြီး 😎

8 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 9, 2012 at 11:48 am

    သံမဒဂျီးဂို ကလဖန်ထိုးတယ်လို့ဆိုလိုသလား ကိုကြောင်ဂျီး
    ဒါဆိုရင်
    ကလဘဲဟင်းဂို ကလဘုံပုံကြွေးပြီး ( ကလထိုင်မှာထိုင်ဘာဇေ )
    ဒီအကြောင်းတွေ ကလင်တန်ဂို သဒင်းပို့ဘာ

    Reply

  • မောင်ပေ

    June 9, 2012 at 12:06 pm

    အခုလောလောဆယ် ဖြစ်နေတဲ့ ရခိုင်အရေး ကို ၃သပ်ပြပါဦး အူးကြောင်

    Reply

  • စိန်ဗိုက်ဗိုက်

    June 9, 2012 at 12:09 pm

    သမဒဂျီးမှာ..သမီးမရှိဘူး..သားပဲရှိတယ်တဲ့
    အဲဒီသားတောင် မာမီပုက ချိန်ထားတယ်ပြောတယ်.
    ကလထီးကော ကလမကော ဘယ်ကောင်မှ ထပ်ဝင်မလာအောင် နာရီဝက်ခရီးလောက်သာ ကြာတဲ့ ခိုးဝင်နေကြ ခွေးတိုးပေါက်ကို
    ရာသက်ပန် ပိတ်သင့်ပါတယ်..

    Reply

  • အလင်းဆက်

    June 9, 2012 at 7:40 pm

    ဟိုက်…
    ဦးကြောင်တို ့ကတော့..လုပ်…ချ..လိုက်…ပြန်…ပြီ….

    Reply

  • အရီး Khin Latt

    June 9, 2012 at 10:23 pm

    ဒီမှာလာပြီး သမီးတောင်း နေ။
    ဟိုမှာ ရှာရာဗိုပါ က ဖိုင်နယ် တက်ပြန်ပြီ။
    တော်ကြာ စိတ်ထိခိုက်ပြီး ရှုံးသွားဦးမယ်။
    မသိဘူးလား။
    နံပါတ် (၂၁) ကိုတောင် မှ မနိုင်ရင် အဲဒါ ရှင့်ကြောင့် ဘဲ ကကြောင်။ 👿 🙂

    Reply

  • Thanlwinoo

    June 9, 2012 at 11:30 pm

    အခု ရခိုင်မှာဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဦးကြောင်ကိုယ်စား ၃သပ်ကြည့်ရရင်.. နှစ်ပေါင်းများစွာကြာအောင် ရခိုင်ပြည်နယ်မှာ ဥပဒေစိုးမိုးမှုကောင်းမွန်အောင် မဆောင်ရွက်ခဲ့လို့၊ လူဝင်မှုပြဿနာကို မဖြေရှင်းခဲ့လို့ နိုင်ငံနဲ့ တိုင်းရင်းသားရခိုင်လူမျိုးများအတွက် အန္တရာယ်ယမ်းအိုးတစ်ခု ဖြစ်ပေါ်စေခဲ့ပါတယ်…။

    ဒီယမ်းအိုးပေါ်မှာ ပုံမှန်မဟုတ်တဲ့မီးပွားတွေလွင့်စင်ခဲ့ပြီး မြန်မြန်ထက်ထက် မငြိမ်းနိုင်ခဲ့တာကြောင့် ပေါက်ကွဲတဲ့အခြေအနေတွေဖြစ်ပေါ်ခဲ့ကာ ရခိုင်တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ရတာ ရင်နင့်စိတ်မကောင်းစရာပါ..။

    လက်ရှိအခြေအနေမှာ ပြည်ပအန္တရာယ်ပါလာပြီမို့ လုံလောက်တဲ့အင်အားသုံးပြီး အချိန်မဆွဲဘဲ အမြန်ဆုံးဖြေရှင်းစေချင်ပါတယ်…။ ပြီးရင် တရားဥပဒေစိုးမိုးအောင် ထိန်းသိမ်းပေးစေလိုပါတယ်..။

    သဘာဝသယံဇာတ ကြွယ်ဝတဲ့ ရခိုင်ပြည်နယ်ကို မတည်မငြိမ်ဖြစ်အောင် Social Unrest ဖြစ်ပေါ်အောင် ဖန်တီးနေသူများ၊ နောက်ကွယ်က တိတ်တဆိတ်အားပေးလှုံ့ဆော်နေသူများ၊ ပုံမှန်အုပ်ချုပ်ရေး မဟုတ်အောင် တွန်းပို့နေသူများကို တားဆီးဖော်ထုတ်အရေးယူဖို့ နိုင်ငံတော်သမ္မတကြီး၊ လွှတ်တော်ဥက္ကဌကြီးနဲ့ တာဝန်ရှိသူများကို တိုက်တွန်းပါတယ်..။

    ရခိုင်ပြည်နယ်ကို နောက်ထပ်ကချင်ပြည်နယ်လို မဖြစ်အောင် ဝိုင်းဝန်းကာကွယ်ကြပါ..။

    မကြာသေးခင်က နေပြည်တော်-ရန်ကုန် Express ကားကို ခဲနဲ့ပေါက်ခံရပါတယ်..။ ရခိုင်ကမီးစကို တစ်နိုင်ငံလုံးကို ချဲ့ချင်နေသူများရဲ့ အန္တရာယ်ကိုလည်း သတိရှိကြပါ..။

    လူအနည်းငယ်ကလွဲရင် မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးဘာသာမရွေး အေးချမ်းစွာ တိုးတက်ပြောင်းလဲမှုကို လိုလားတယ်၊ နောက်ပြန်လှည့်တာကို မလိုလားကြပါဘူး…။ အမိမြန်မာပြည်ကြီးကြုံတွေ့နေရတဲ့ပြဿနာကို အေးချမ်းအောင်မြင်စွာဖြေရှင်းနိုင်ပါစေလို့ ဆန္ဒပြုပါတယ်..။
    ………………………………………………………………………………………………………………………………
    PS
    ရိုဟင်ဂျာဆိုတဲ့ပြဿနာဟာ မကြာခင်မှာ ကုလသမဂ္ဂကို ရောက်တော့မှာမို့လို့ မိမိတို့ဘက်က တရားသဖြင့် ချေပနိုင်အောင် သေသေချာချာ ပြင်ဆင်ထားသင့်ပါတယ်..။ သူရို့နောက်ကွယ်ကအင်အားကလည်း မသေးတာမို့ သံတမန်နည်းအရ ပူးပေါင်းကာကွယ်သင့်ပါတယ်…။ (ဥပမာ အမေရိကန်အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို Terrorist တွေရဲ့ Safe Haven ဖြစ်မှာကို လိုလားမှာမဟုတ်သလို တရုတ်ကလည်း ခွဲထွက်သမားတွေကို ထောက်ခံမှာမဟုတ်ပါဘူး…။)

    Reply

  • Thanlwinoo

    June 9, 2012 at 11:42 pm

    Congratulations!
    (for World No.1 & French Open Champion)
    🙂 🙂 🙂

    Reply

  • pooch

    June 10, 2012 at 12:50 am

    ရခိုင်ဘက်တင် မဟုတ်ဖူး မန္တလေး လူဝင်မှု ကိုလည်း ထိန်းဖို့ လိုတယ်။ အခု ဗမာစကား မတတ်တဲ့ အသားဖြူတဲ့သူတွေကလည်း တဖြည်းဖြည်းချင်းကို စိမ့်နေပြီ။ ပြောတော့ကြတော့လည်း မကြိုက်ကြဘူး။ ကိုယ့်စည်းရိုး ကိုယ် ပြန်ခွေနေတဲ့သူတွေကြောင့် ဒီလိုတွေ ဖြစ်လာတာ။ ဝင်ထွက်နေတာများ တံခါးမရှိ ဓားမရှိ။

    Reply

Leave a Reply

Your email address will not be published.