မဖဲဝါရဲ့ ဒေါသ

may flowersJune 8, 20121min08

ကဲ..ခုပြောမဲ့အကြောင်းလေးကလည်း တကယ့်အဖြစ်အပျက်ကို ပြန်ပြောပြမဲ့ ဖြစ်ရပ်

မှန်ဆန်းကြယ်အကြောင်းလေးပါပဲ။ ဒါကတော့ ကျွန်မအကိုဝမ်းကွဲ ကိုကြီးကျော်ရဲ့အ

ကြောင်းလေးပါ။ ကိုကြီးကျော်ရဲ့ အဖွားနဲ့ကျွန်မရဲ့အဖိုးက မောင်နှမအရင်းတွေမို့  ကိုကြီး

ကျော်ကလည်း ကျွန်မတို့နဲ့ဆို ဝမ်းကွဲမောင်နှမတော်ကြပါတယ်။ ဝမ်းကွဲသာဆိုပေမဲ့ အ

မျိုးချစ်တတ်တဲ့ ကျွန်မတို့တွေကတော့ တကယ့်မောင်နှမတွေလို စည်းလုံးချစ်ခင်ကြပါ

တယ်။

ကိုကြီးကျော်တို့မှာ ညီမမရှိပဲ ညီအကိုချည်း ငါးယောက်တောင်မို့ ဝမ်းကွဲညီမတွေကို ပို

ချစ်တာထင်ပါတယ်။ ကိုကြီးကျော်ရဲ့အဖေဟာ ကိုကြီးကျော်အသက်၂ဝ အရွယ် ကိုကြီး

ကျော်ရဲ့ညီအငယ်ဆုံးလေး ဆယ်နှစ်သားလောက်မှာရုတ်တရက် ဦးနှောက်သွေးကြော

ပြတ်ပြီး  ဆုံးရှာပါတယ်။ အဖေရှိစဉ်က မပူမပင် မကြောင့်မကျနေခဲ့ရပေမဲ့ ကိုကြီးကျော်

ရဲ့အဖေ ဆုံးသွားချိန်မှာတော့ ကိုကြီးကျော်ဟာ အကိုကြီး အဖအရာအနေနဲ့  ကိုကြီး

ကျော်  ရဲ့အဖေလုပ်သွားခဲ့တဲ့ သစ်ကုန်သည်အလုပ်ကိုဆက်ပြီး လုပ်ကိုင်ရရှာပါတယ်။

ဒါပေမဲ့ ငယ်ရွယ်တဲ့သူလည်းဖြစ်ပြန် အလုပ်ကိုလည်းမကျွမ်းကျင်တာကြောင့် လုပ်ငန်း

ဟာအဆင်မပြေခဲ့ရှာပဲ အရှုံးတွေနဲ့သာဆက်တိုက်ရင်ဆိုင်ခဲ့ရရှာပါတယ်။

 

တစ်နေ့ကိုကြီးကျော်တို့ သူငယ်ချင်းနှစ်ယောက်သစ်ကိစ္စနဲ့  ရွာတစ်ရွာကိုခရီးထွက်ကြပါ

တယ်။ အဲဒီရွာက ပြန်လာတော့အတော်လေးကို မိုးကချုပ်နေပါပြီ။  အလုပ်ကိစ္စလည်း

စကားပြောကြရင်း  လူငယ်ပီပီအရက်လေးပါသောက်နေကြတာဆိုတော့ကာ အပြန်မှာ

မိုး ချုပ်သွားတာမဆန်းလှပါဘူး။ အဲဒါနဲ့ သူငယ်ချင်းနှစ်ယောက်တော်တော်ထွေထွေ

လေး ဖြစ်နေကြတာကတစ်ကြောင်း၊ လကလည်းမသာတဲ့ လမိုက်ညဖြစ်တာကတစ်

ကြောင်း ၊ ကြောင့်အသွားတုန်းက နင်းပြီး စီးသွားခဲ့ကြတဲ့ စီးတော်ယာဉ်

စက်ဘီးလေးကိုတောင် ပြန်မနင်းလာနိုင်တော့တာကြောင့် သူတို့အသိအိမ်မှာပဲ

ခဏအပ်ထားခဲ့ကြပြီး သူငယ်ချင်းနှစ်ယောက် တစ်ယောက်ပုခုံးတစ်ယောက်ဖက်ကာ

သိုင်းကွက်နင်းပြီး   ပြန်လာခဲ့ကြပါတယ်။

 

အဲလိုနဲ့  သူတို့မြို့ကိုအဝင်နားလောက်က သင်္ချု ိင်းနားကို ရောက်လာကြပါတယ်။ ဒီမှာ

တင် ကိုကြီးကျော်ရဲ့သူငယ်ချင်း  ကကိုကြီးကျော်ကို

”ဟေ့ကောင်…ကျော်ကျော်……….မင်း..သချင်္ု ိင်းတွေမှာ…မဖဲဝါစောင့်တယ်ဆိုတာယုံ

လား”

” ငါ ..လည်း  ..ဘယ်သိမှာလည်းကွ…မင်းကလည်း”

လို့  ကိုကြီးကျော်က ပြန်ပြောပါတယ်။ ဒီတော့ ကိုကြီးကျော်ရဲ့ သူငယ်ချင်းက

”ငါတို့..ခုတလော..ဘာလုပ်လုပ်…အဆင်မပြေဘူးကွာ…မဖဲဝါတကယ်ရှိရင်

သူ့ကိုအကူအညီ…တောင်းကြည့်ရအောင်ကွာ….ကျော်ကျော်”

” အေး…………..လုပ်လိုက်လေကွာ…ကြာသလားလို့”

ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက် မူးမူးနဲ့ သချင်္ု ိင်းအတွင်းဘက်နားလောက်ကို ဝင်ခဲ့ကြပြီး

”မဖဲဝါ…မဖဲဝါ………ခင်များတကယ်ရှိမယ်ဆိုရင်…ကျွန်တော်တို့…နှစ်ယောက်ကို..ကူညီ

ပေးပါဗျာ…ကျွန်တော်တို့…ဒီတစ်ခေါက်…သစ်ပို့တဲ့အခါ…လိုက်ပြီး…စောင့်လျှောက်ပေး

ပါ…….အဆင်ပြေရင်….မဖဲဝါကို  ….အရက်အကောင်းစား  တစ်ပုလင်းနဲ့…..ကြက်တစ်

ကောင် …..ဆက်ပါ့မယ်”

အော်ကြပါတော့တယ်။ ဒီလိုအော်ပြီး  ပြန်လည်းထွက်လာရော သချင်္ု ိင်းဘက်ဆီက

လေတွေ တစ်ဝေါဝေါတိုက်လာပါတော့တယ်။ ကိုကြီးကျော်တို့ သူငယ်ချင်းနှစ်ယောက်

လည်း ကြက်သီးမွှေးတွေချက်ချင်းထလာတော့ မှတစ်ယောက်မျက်နှာတစ်ယောက်

ကြည့်လိုက်မိပြီး  မပြေးရုံမယ် ခက်သွက်သွက်လေးလှမ်းပြီ  ပြန်လာခဲ့ကြပါတယ်။

 

 

8 comments

  • မောင်ပေ

    June 8, 2012 at 10:53 pm

    အင်းးးး အရက်တစ်ပုလင်းရဲ့ အပေးအယူ ကိတ်စ ကိုဆက် စောင့်ဖတ်ရသာပ။

    Reply

  • သားဦး၊မြေးဦး

    June 8, 2012 at 10:59 pm

    ဒါဆို ဆက်စောင့်ဖတ်ရအုံးမှာပေါ့။လေတွေ တိုက်လာပြီးရင် မိုးရွာတော့မှာပေါ့။
    ဪ. ဟီးးးးးးနောက်တာပါဗျာ

    Reply

  • မိုးတိမ်

    June 9, 2012 at 1:55 am

    အားကြိုက်ပြီ
    ဝါသနာတူတွေ့ဘီ
    ဆက်ရေး ဆက်ရေး အားပေးနေတယ်

    Reply

  • ကြောင်ကြီး

    June 9, 2012 at 11:34 am

    may flower ကို မြန်မာမှုပြုရင် မဖဲဝါလို့ အသံထွက်တယ်…။ ကြောက်ကြောက်ပါ…

    Reply

  • may flowers

    June 9, 2012 at 11:38 am

    ဟုတ်မှာ ခုလဲမေဖလားဝါး( မဖဲဝါ) တကယ်ဒေါသထွက်နေတယ် ဦးကြောင်ကြီးရေ။

    Reply

    • Mလုလင်

      June 11, 2012 at 12:11 pm

      ဘာသူကများ .. မေလေး ကိုဒေါသထွက် အောင် လုပ်သလဲ .. မောင်ကြီး လုလင် ကိုပြောပါကွယ်။

      Reply

  • mayjuly

    June 9, 2012 at 12:35 pm

    အဲပီးပီလား ဆက်ရေးတော့ဘူးလား
    လေတဝေါဝေါ တိုက်တာက ဘာကြောင့်ပါလဲ …
    သိချင်စမ်းပါဘိ … 😀
    နောက်ထှာနော် ..အားပေးနေပါတယ်ညီမရေ …

    Reply

  • ei lay

    June 28, 2012 at 5:19 pm

    really kyi lar kyauk sayar kyi naw ……..kaung par tal sister yae…Thank naw

    Reply

Leave a Reply

Your email address will not be published.