အနှိုင်းမဲ့ ဂုဏ်အင် ကျေးဇူးရှင်

မိဘေမတ္တာ

ယိုစီးချွေးထွက်

သားအတွက်မို ့

ဘယ်လောက်ကြမ်းကြမ်း

မည်သို ့ပမ်းလဲ

မနွမ်းပေဘူး

သားဦးရယ်လို ့

ချိုချိုသာသာ

သာသောလမင်း

သင်းသောပန်းနှယ်

ခွန်းနှုတ်ဆို၏ ။

မိဘမေတ္တာ

စေတနာကား

ပမာသမုဒ်

ဆောင်ကာထုတ်၍

ပေထက်အက္ခရာ

ခြယ်သပါလဲ

ဂုဏ်ရည်များက

ဆုံးအံ့မထင်

ကျေးဇူးရှင်သို့

ပမာယူကာ

ဆိုကြပါလည်း

မိဘ ဟူသည်

နှိုင်းတုမမီ

ဂိုဏ်းဝင်အနန ္တ

ကြီးမြတ်လှသည့်

မိဘဂုဏ်အင်

မွေးသည့်မိခင်

ကျွေးဖခင်ကို

ဒီနေရာမှ

ရိုသေလေးမြတ်

ကန်တော့ပန်း

ဆက်လိုက်ပါ၏

အနန ္တဂိုဏ်းဝင်

ဖေဖေ မေမေ

ချစ်တဲ့သား

အရင့်ရောင်……………….

10 comments

  • Khaing Khaing

    June 7, 2012 at 4:56 pm

    ကဗျာထဲကမိဘကျေးဇူးတွေကို တရေးရေးမြင်ပြီး မိဘကိုအမြဲကျေးဇူးဆပ်နိုင်သူဖြစ်ပါစေလို့ …..

    Reply

    • အရင့်ရောင်

      June 7, 2012 at 5:04 pm

      Khaing Khaing @ ရေ
      မိဘမေတ္တာ ဆိုတာကို
      အရင့်ရောင် တို့လို ငယ်ရွယ်တဲ့သားသမီတွေ
      အများကြီးသိထားသင့်တယ်တင်လို့ပါ
      ဖေဖေ က ဟြေဖူးတယ်
      မင်းတို့ မသိသေးဘူးတဲ့……
      မင်းတို့က မိဘ နေရာရောက်မှ
      မိဘ တန်ဖိုးကို သိမှာတဲ့
      အရင့်ရောင် ကတော့
      မိဘ နေရာ မရခင်ကတည်းက သိလိုက်ရပီလေ……….
      ဘယ်လိုမှ ဆက်၍မကုန်တဲ့
      မိဘကျေးဇူး မြင့်မိုရ်ဦး
      တဲ့လေ………
      ခင်တဲ့
      အရင့်ရောင်

      Reply

  • ahnyartamar

    June 7, 2012 at 6:16 pm

    အနှိုင်းမဲ့ မိဘကျေးဇူးတွေကို ဘယ်လိုမှ ဆပ်၍မကုန်ပေမယ့် နဲနဲလေးပဲဖြစ်ဖြစ်ကျေအောင် ကြိုးစား၍ ဆပ်နေပါကြောင်း အရင့်ရောင်ရေ…..ကောင်းသောကဗျာလေးတပုဒ်ပါ။

    Reply

    • အရင့်ရောင်

      June 8, 2012 at 1:44 pm

      ဦးဦး အညာတမာ ရေ
      ညီလေး လည်း ကြိုးစားနေပါတယ်

      Reply

  • မောင်ပေ

    June 7, 2012 at 6:57 pm

    မိဘကျေးဇူး အထူးသိတတ်သော
    အရင့်ရောင်လေး တစ်ယောက်
    ယနေ ့မှ စရွေ ့
    ရည်းစားချစ် စီးပွားဖြစ် လမ်းသွားရင်း ပိုင်ရှင်မပေါ်တဲ့ ရွှေထုပ်ကြီးကောက်ရ ပါစေဗျား

    Reply

    • အရင့်ရောင်

      June 8, 2012 at 1:46 pm

      မောင်ပေ @ ရေ——
      ပေးသောဆုနဲ့ တစ်လုံး တစ်ပါဒ ပြည့်စုံရပါလို၏ နော်
      ခင်တဲ့
      အရင့်ရောင်

      Reply

  • aye.kk

    June 8, 2012 at 7:25 am

    သားဦးဖွားမြင်တဲ့အချိန်..
    သားမျက်နှာမြင်လိုက်ရတဲ့ခဏ..
    နာကျင်ခံစားခြင်းဝေဒနာဟာ..
    ယူပစ်သလိုကင်းစင်သွားခဲ့ရပါတယ်…။
    အရင့်ရောင်ရေ…
    ကဗျာလေးကိုခံစားသွားပါတယ်။။

    Reply

    • အရင့်ရောင်

      June 8, 2012 at 1:51 pm

      aye.kk@
      ရောဂါ ဘယ တွေတောင်
      ယူပစ်သလို ပျောက်ကင်းစေတဲ့
      သား သမီး အပေါ် ဘယ်လောက်အထိချစ်တယ် ဆိုတာ
      သိသာပါတယ်နော်
      မိဘ ကျေးဇူး ဆပ်လို့တော့မကုန်နိုင်ပါဘူး
      တာဝန်သိ နားလည်တဲ့ သား သမီး ဖြစ်နေလျှင်
      မိဘတွေ ပီတိဖြစ်ရမှာသေချာပါတယ်
      ခင်တဲ့
      အရင့်ရောင်

      Reply

  • shwe kyi

    June 8, 2012 at 10:37 am

    ကိုအရင့်ရောင် မိဘကျေးဇူးကို သိပြီး ဆပ်နိုင်တဲ့သူဖြစ်ပါစေ။
    ရွှေကြည်ကိုယ်တိုင်လည်း မိဘကျေးဇူးဆပ်နိုင်တဲ့သူဖြစ်လိုပါ၏။

    Reply

    • အရင့်ရောင်

      June 8, 2012 at 1:53 pm

      shwe kyi @
      ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ………
      ရွှေကြည်ကိုယ်တိုင်လည်း မိဘ ကျေးဇူး ပေးဆပ်နိုင်သူဖြစ်ပါစေနော်…….
      ခင်တဲ့
      အရင့်ရောင်

      Reply

Leave a Reply

Your email address will not be published.