ထူးဆန်းတဲ့ မားကပ်တင်း

Yin Nyine NwayJune 3, 20121min015

ဒီနေ့ညနေ ဘိုတထောင်ဘုရားကအပြန်မှာ 48 ကားလေးစီးပြီး စံရိပ်ငြိမ်ကို အပြန်
48 ကားပေါ် ထူးထူးဆန်းဆန်းလူတယောက်တက်လာပါတယ်
ထူးထူးဆန်းဆန်း လည်ပင်းမှာ ရောင်စုံမီးတွေပါတဲ့ စပီကာ 2တုံးလေးကို ဆွဲလို့
အားလုံးက ကြောင်တောင်တောင်နဲ့ ထိုလူကို ထူးဆန်းနေသလို ကြည့်နေကြပါတယ်
ခဏကြာတော့အဲဒီလူက သူ့လွယ်အိတ်ထဲက ပေါ့တေးပါး ဒီဗီဒီလေးထုတ်ပြီး
အက်ရှုှင်ကားတကားရဲ့ထွေလာလေးတခုကိုဖွင့်ပြီး ပေ်ါ့တေးပါးတီဗီလေးကို ထော်ပြီး အားလုံးမြင်အောင်ပြပါတယ်
ကောင်းတဲ့အခန်းလေးတွေကိုသာ သီးသန့်စုပြီး ပြတဲ့အတွက် တော်တော်ကြည့်ကောင်းပြီး စိတ်ဝင်စားစရာကောင်းပါတယ်
ပြီးမှ သူက ဒါဘာရုပ်ရှင်ကားပါ တခွေက်ု 300 ပါဆိုပြီးရောင်းပါတော့တယ်
ကားပေါ်ကလူတွေ လုရက်ပြီး ဝယ်ကြပါတယ်
နောက် ရောင်းပြီးတာနဲ့ နောက်တကားထပ်ပြ ပါတယ်
ဒါကိုလည်း အရင်ကအတိုင်း ဘာကားပါဆိုပြီး ပြောပြီးရောင်းပါတယ်
တော်တော်စိတ်ကူးကောင်းတဲ့ သူပါ
အဲဒီရုပ်ရှင်ကားကို လမ်းဘေးဆိုင်တွေမှာလဲရပါတယ်
ဒါပေမဲ့ ဘယ်သူကမှ စိတ်ဝင်တစား ရပ်ကြည့်မှာမဟုတ်ပါဘူး
သူကတော့ ကားပေါ်မှာ ပြလိုက်တော့ အားလုံးလည်းကြည့်ရ ကြိုက်ရင်လည်းဝယ်ကြပေါ့
သူရင်းရမှ ကားခ 200 မှာ သူပြန်ရတာ မဆိုးပါဘူး
(အလုပ်မရှိတာနဲ့ ဒီလိုလေးတောင်လုပ်ချင်လာတယ်)
ဒါလည်း သိပ်တော်တဲ့ မားကပ်တင်း တခုပဲနေမှာပါ
နောက်အဆောင်မှာ ကြော်ငြာစာရွက်လေး 2ရွက်လာကပ်ပါတယ်
အချိန်ပိုင်းအလုပ်တခုတဲ့
1ရက်ကို 4နာရီပဲ အချိန်ပေးပါတဲ့
တလကို 8သောင်းကနေ 2သိန်းအထိ ဝင်ငွေရစေမဲ့အချိ်ပိုင်း အလုပ်ပါတဲ့
ကျောင်သူတွေသာများတဲ့အဆောင်မှာ လုပ်မဲ့သူတွေတန်းစီနေပါတော့တယ်
လုပ်ဖို့အလုပ်သွားလျှောက်မှ နက်ဝေါ့မားကပ်တင်းဆင်းရမှာလို့ သိရပါတယ်
နတ်ဝေါ့ဆိုတာ
တယောက်ကနေ စပွါး လုပ်ရတြံ မားကတ်တင်းလေးပါ
တယေက်ကဖြန့်သမျှ နောက်တယောက်လိုက်လာတာနဲ့ ရှေ့တယောက်က ထိုင်စားနေရုံလေးပါ
ဒါကိုမသိတဲ့ကျောင်းသူတချို့ က နက်ဝေါ့ဆိုတာနဲ့ အင်တာနတ်နဲ့ ဈေးရောင်းရမယ်ထင်နေကြပါတယ်
ဒါလည်း….ထူးဆန်းတဲ့ မားကတ်တင်းတခုပါဘဲလား….

15 comments

  • မောင်ပေ

    June 3, 2012 at 8:44 pm

    ဂွတ်အိုင်ဒီယာဘဲဗျာ ။ သဂျီးပြောသလို ၊ သူ ့တီထွင်ကြံဆ ကြိုးစားအားထုတ် ထားမှု ကို နောက်လူတွေ လိုက်မလုပ်အောင် မှတ်ပုံတင်ထားသင့်တာကလား ။

    Reply

  • water-melon

    June 3, 2012 at 8:47 pm

    သူများတွေနဲ့ မတူအောင်လုပ်နိုင်မှဖြစ်တာ
    ကိုပေရေ
    ဘယ်လိုလဲ
    ဘယ်လိုလဲ
    ကျောက်ဝိုင်းထဲမှာ တလုပ်မတွေကျောက်ဝယ်အောင် နည်းရှိတယ် သိလား
    နှစ်ကိုယ်ကြားပြောပြမယ် အဟီ

    Reply

  • kotun winlatt

    June 3, 2012 at 9:24 pm

    ဟဲ..ဟဲ…
    ဖရဲမလည်းးးနည်းးလမ်းးးကောင်းးးဒွေရှိနေတာပါလားးးးဟယ်…
    ကြည့်ဇမ်းးးးကြည့်ဇမ်းးးးမပြောပြပဲ ဝှက်ထားးးဒယ်….။

    Reply

  • Azzurri

    June 4, 2012 at 8:03 am

    ဆေဲးလ်းစ် တက္ကနီကွေး ဒွေပါဗျာ…
    မားကတ္တင်း မဟုတ် ..မားကတ္တင်း မဟုတ်…
    :mrgreen:

    Reply

  • ကြောင်ဝတုတ်

    June 4, 2012 at 8:38 am

    အဲသဟာကို မာတီလယ်ဘယ် မာကတ္တင်းလို့များခေါ်တာကြားဖူးလားလို့ပါ ဂီဂီရေ-

    စူးစမ်းလိုသူ
    ကြောင်ဝတုတ်

    Reply

    • Azzurri

      June 4, 2012 at 8:44 am

      network လားဗျ…
      အင်း ..ဒီတေးလ်လေး သိရရင် ကောင်းမယ်ဗျာ..

      framework အရဆိုရင်တော့ ဒါဟာ mkt model
      တခုပဲဗျ … အဲ့သည့် ပစ္စည်း ဘာညာ ကိုင်ပြီး ရောင်းနေပြီ
      (ထုတ်ကုန် နဲ့ ရောင်းရငွေ) ကိုင်ရပြီ ဆိုရင်တော့
      sales ဖြစ်သွားပြီဗျ… mkt က နောက်မှာ ကြိုးကိုင်တဲ့
      မော်ဒယ် တခုပေါ့ …။

      ပန်းသီး ကျတော့ mkt က လူလုံးပြ မိတ်ဆက် ပြီး
      sales က နောက်က လိုက် တယ် ပေါ့…။
      ဂလို ဂလို..

      Reply

  • etone

    June 4, 2012 at 10:32 am

    ယဉ်ငြိမ်းရေ …
    သူ့ရဲ့ အကြံအတော်ကောင်းတယ်လို့ ပြောရမယ် …. ဈေးကွက်ကိုထိုးဖောက်ဖို့ …. ဘာသင်တန်းမှ တက်စရာမလိုပဲ …. ဖြတ်ထိုးဉာဏ်ကိုသုံးသွားတာ …. အတုယူစရာပါပဲ ။

    ဒီလောက် ..အ ကြံဉာဏ်ကောင်းတွေ ရှိပါလျှက် …. ငါတို့လူမျိုးတွေ၊ ဒုနဲ့ဒေးနဲ့ … ကမာ္ဘမကျော်သေးတာ … နာသကွာ … တောက်စ်စ်စ် 😀

    Reply

    • water-melon

      June 4, 2012 at 10:55 am

      မအီးတုံးက
      အဲလိုဝတ်ပြီး မာကတ်တင်းဆင်းမလို့လား
      အဟီ သူ့ရုပ်နဲ့ဝတ်လို့ကတော့
      မြင်ရောင်သေး

      Reply

      • etone

        June 4, 2012 at 4:51 pm

        ဟဲ့ ဖြဲမ … သေချင်ပလား … သက်သက်ရန်လာစနေတယ် … နင်တော့ စမုတ်တုံးတော့မယ်နော် … ဟွန်း 👿

        Reply

  • eipu

    June 4, 2012 at 11:05 am

    good idea

    Reply

  • Yin Nyine Nway

    June 4, 2012 at 1:07 pm

    ဟုတ်တယ်… ဒီမှာက ကျော်ပြီးညာမှပေါက်တာလေ (ခေါင်း)
    နတ်ဝေါ့မားကတ်တင်းကတော့ အားကြီး စိတ်ပျက်တယ်အေ
    နတ်ဝေါ့ကြောင့် ငွေ 2သိန်းလည်းရှုံးပြီးပြီ (အာဖာမှာပေါ့)
    ဘာ အချိန်ပိုင်းလဲ
    သင်တန်းတက်နေရတာ ဟောပြောပွဲတက်နေတာနဲ့ အချိန်ကုန်တာကို ဟွန်း

    Reply

  • manawphyulay

    June 4, 2012 at 4:59 pm

    အဲဒီမားကက်တင်းက တွေ့နေတာ ကြာပြီညီမလေးရဲ့ အရင် အမေစုအခွေတွေကို လိုက်ရောင်းတာ အတော့်ကို အလုအယက်ဝယ်ကြတယ်။ တချို့ဆို ဒီလူပြတဲ့စက်ကိုပါ လှည့်ပြီး နောက်ကနေ ဆွဲကြည့်ကြတာတောင်ပါတယ်။ အရင်းအနှီးတော့ နည်းနည်းလိုတာပေါ့။ တစ်ခါထဲ အခွေကောင်းမကောင်းပါစမ်းပြတယ်ဆိုပြီး အော်ရောင်းတာပဲ။ နောက် အိုစမာဘင်လာဒင်ခွေကောပဲ ဝယ်ကြတာများတယ်။ အမတော့ ဝယ်ဘူး ဝယ်တဲ့သူတွေကို လိုက်ကြည့်နေမိတာ… အဟိ

    Reply

  • ညလေး

    June 5, 2012 at 6:03 pm

    ဪဒီလိုတွေလဲရှိတာလားနော်……..ရွှာထဲမရောက်တာကြာတော့….
    ထူးထူးဆန်းဆန်းလေးတွေမကြားရတာကြာပေါ့…….
    အားပေးသွားပါတယ်ရှင်….

    Reply

    • Yin Nyine Nway

      June 6, 2012 at 12:20 pm

      ကျေးဇူးတင်ပါတယ်ချင့် …

      Reply

Leave a Reply

Your email address will not be published.