ကြေကွဲနှလုံးသား

ကြေကွဲနှလုံးသား

မိုးရိပ်ဆင်
တိုးတိတ်ရင်ခွင်
မင်းပုံရိပ်တွေထင်လာတိုင်း
ဒီလူမှာ အရူးတစ်ပိုင်း …..

အအေးဓာတ်
အနွေးဓာတ်မဲ့တဲ့ ရင်ခွင်
သူ့အငွေ့အသက်
ပြေးထွက်သွားခဲ့ အဝေးဆုံး
ပြန်ရနိုင်ဦးမလား ……

နေကပူ
ဖြေမရသူ
အပြင်မှာ တောက်ပပေမယ့်
ကောက်မရ
အောက်ကျနေတာ ငါ့ရဲ့စိတ် …….

သဘာဝ
ငါရလိုက်တဲ့ အမုန်းများ
အရှုံးများ သစ်လွင်
ဟိုတုန်းကဆိုတာ
ငါ့မှတ်ဉာဏ်ပေါ်မှာပဲ
အရုပ်ထင်ခဲ့ ……

နွေကမ္ဘာ
မဖြေသာဘူး ချစ်သူ
မင်းပေးခဲ့တဲ့ ရက်စက်မှု
ငါ့ကို ရူးသွပ်စေခဲ့ ……..

မှောင်မိုက်ညဉ့်
အသံကုန်အော်ဟစ်
မင်းကို အရမ်းချစ်တယ် …..
ဘယ်သူမှမကြား
မင်း လျစ်လျူရှုထားတဲ့
ရင်ထဲက ..
ကြေကွဲနှလုံးသားနဲ့ …………. ။

မောင်ရွာ

8 comments

  • Electron

    June 2, 2012 at 6:49 pm

    အသည်းကွဲနေပါတယ်ဆိုမှ
    အဟင့် နိုချင်လာပြီ
    ကူူးသွားတယ်တောင်မရေ

    ရွာထဲက ကဗျာဆရာကြီးများ အားလုံးအား လေးစားလျက်

    Reply

  • windtalker

    June 2, 2012 at 7:19 pm

    ကြေကွဲနှလုံးသား
    မေသဲပုန်းသွား
    လေဝဲဖုံးထား
    နေထဲပြုံးမရ….။

    Reply

  • aye.kk

    June 2, 2012 at 9:05 pm

    ပုဇွန်ဆိတ်လေး..
    သေးငယ်ငယ်..
    ပင်လယ်ကြီးက..
    အလွန်ကျယ်ကျယ်..
    ကူးတတ်လှတယ်..။
    အချစ်ဆိုတဲ့..
    မေတ္တာနယ်ပယ်..
    ကျယ်ပြောလှတယ်..
    တန်ဘိုးဆိုတာ
    ထားတတ်ပါမှ..
    လွမ်းရတဲ့ဘဝကဝေးနိုင်ကြမယ်..။။

    Reply

  • shwe kyi

    June 3, 2012 at 1:17 am

    သူကြင်မှ ကိုယ်ကြင်လို့ မပြောလိုတော့ပါဘူး။
    အချစ်ဆိုတာကို စားသုံးဘူးမှတော့
    အလွမ်းကိုလည်း စမ်းကြည့်ရမှာပဲလေ။
    ဝေဒနာကို အဖြေမရှာပဲ
    အသေအချာသာ ရူးကြည့်လိုက်ပါ အဲဒါဂွတ်တယ် 🙂

    စတာပါနော် တကယ်တော့မရူးပါစေနဲ့နော်
    ဓါးနဲ့ခုတ်မှာကြောက်လို့

    Reply

  • ဗိုက်ကလေး

    June 3, 2012 at 10:10 am

    အောင်မာ..အောင်မာ..
    ဓါးငမျောက်က ကြေကွဲနှလုံးသားလေး ဘာလေးနဲ ့..
    နင့်နှလုံးသားက ကြေကွဲနေမှတော့ နင့်ချစ်ချစ်က လျစ်လျူ ရှုပြီပေါ့ဟဲ့ တောင်မရဲ့

    Reply

  • ဓါးငမိုး

    June 3, 2012 at 12:56 pm

    ကျွန်ုပ်၏ အသည်းကွဲ ပေါက်ကွဲသံစဉ်များအား
    လာရောက် ရှုစား၊ အားပေးကြပါကုန်သော ..
    ဗြဲသီး၊ ကိုနာဂ၊ ကိုပေ၊ အမအေး၊ မရွှေကြည်နှင့် ငဗိုက်တို့အား ..
    အထူး ကျေးဇူးတင်ရှိပါကြောင်း …

    ဓါးတွေကိုချစ်တဲ့
    ဓါးငမိုး

    Reply

  • marblecommet

    June 3, 2012 at 7:17 pm

    ချင့်ရဲ့
    ဇဂါးလုံးဒွေက သိမ်မွေ့
    ညင်သာသလောက်….
    ဒါးဂျီး တစ်ဝင့်ဝင့်နဲ့
    လွှားလွှား….လွှားလွှားလုပ်နေမှဒေ့ါ
    ဘယ်သူက ချင့်ကို ချစ်ရဲဒေ့ါမှာလဲ
    သိုင်းဆြာဂျီးချင့်

    Reply

Leave a Reply

Your email address will not be published.