ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ 2 (ကမ်းသာယာ)

myanmarcitizenJune 2, 20123min014

ကမ်းသာယာ ခေါ် သာယာချိုင်က အရင်တုန်းက သာခွေးချိုင် ဆိုတဲ့ရွာကလေးပါ။ လွန်ခဲ့တဲ့နှစ် ၁ရ နှစ် ကျော်လောက်က စစ်အစိုးရက အုန်းခင်းတွေကိုသိမ်းပြီး ဆောက်လုပ်ခဲ့တာပါ။ အဆောက်အဦးဆောက်တဲ့ နေရာမှာ လဲ ဂွမြို့နယ်ရွာတွေက လက်သမားတွေကို ချောဆွဲပြီး ဆောက်ခဲ့ကြတယ်။ လက်သမားတွေက ပိုက်ဆံမရတော့ ဖြစ်သလိုဆောက်တော့တာပေါ့ ဒါနဲ့ပဲ အဆောက်အဦးတွေဟာ အချိန်မတိုင်ခင် အောက်ကပုံထဲကအတိုင်း ပျက်စီးတော့တာပဲ။

၁. ကမ်းသာယာ အဝင်က ဆိုင်းပုဒ်ပါ

၂. အထိမ်းအမှတ် အရုပ်ပြောရမလားပဲ

၃. ပင်လယ်ဘက်ကနေ ထပ်ရိုက်ထားတာပါ

၄. ကမ်းသာယာကမ်းခြေရဲ့ မြောက်ဘက်ကိုရိုက်ထားတာပါ

၅. အပေါ်ကပုံ အတိုင်းပါပဲ ကျွန်းလေးကို ပြချင်လို့ပါ ဘဲကျွန်းလို့ ခေါ်ပါတယ် ဘဲတစ်ကောင်နဲ့ တူလို့ဆိုပဲ

၆. ကမ်းသာယာကမ်းခြေရဲ့ မြောက်ဘက်ကိုထပ်ရိုက်ထားတာပါ

၇. မောင်သန်းထွဋ်ဦး တို့ပြောပြောနေတဲ့ ရေမြက်တောင် ကွေ့ပါ

၈.ရေမြက်တောင်ကွေ့ကိုထပ်ရိုက်ထားတာပါ

၉.ဘန်ဂလို ရှေ့ကလျောက်လမ်းလေးပါ

၁၀. လျေက်လမ်း နောက်တစ်ပုံပါ

၁၁.ဂေဇက် ကသူငယ်ချင်းတွေကို အဲ့မှာထားမယ် 🙂

၁၂. ဒီမှာတော့ သူကြီး နဲ့ အဘဖော တို့ကိုထားမယ် (ဒီဘန်ဂလိုကအကောင်းဆုံးမို့လို့ပါ) 🙂

၁၃.ဘန်ဂလိုတွေကတော့ များသား နေလို့မရတာကခက်တယ်

၁၄.ကမ်းသာယာ ဝင်ပေါက်က စားသောက်ဆိုင်

၁၅. ဒါကတော့ ကမ်းသာယာ အနားမှာပဲ ရှိတဲ့ မော်ရွေချိုင်ပါ

၁၆. maw shwe chai ကမ်းခြေပါ

၁၇. maw shwe chai ကမ်းခြေပါ

၁၈. maw shwe chai မှာပါ

၁၉. maw shwe chai မှာပါ

၂၀.ကျောက်ဆောင် နှင့် ကမ်းခြေအလှ (maw shwe chai)

၂၁.ကျောက်ဆောင် နှင့် ကမ်းခြေအလှ (maw shwe chai)

၂၂. maw shwe chai မှာပါ

၂၃.မော်ရွေချိုင်အဝင် ကစားသောက်ဆိုင်ပါ ဒဂုံစည် ရတယ်ဗျ ကျွန်တော်တောင် ၃ ခွက်ဝင်ကစ်ခဲ့လိုက်သေးတယ် 🙂

၂၄.အဲ့စားသောက်ဆိုင်က Menu အကုန်ဝိုင်းကမြင်ရတယ်

 

၂၅. ကျေးလက်ဒေသ မဂ်လာဆောင်တစ်ခုပါ

မဂ်လာဆောင်အကြောင်းလေးတော့နဲနဲလောက်ပြောပြချင်တယ်။ အရပ်ဓလေ့ပေါ့။ မဂ်လာဆောင် ဆောင်ရင် ခုလိုမနက်ပိုင်း ၅ နာရီလောက်မှာ ဘုန်းကြီးတွေကို မဂ်လာဆွမ်းကပ်တယ်။ အဲ့ပွဲမှာတော့ မိဘအသိုင်းအဝိုင်းလောက်ပဲပါတယ်။ မဂ်လာဆွမ်း ကပ်ပြီးတော့ အဲ့နေ့ နေ့လည် ၁ နာရီလောက်ကပဲ စပြီတော့ မဂ်လာပွဲကစပါပြီ။ လော်တွေ ဖွင့်ပြီး ချက်တဲ့သူကချက် ပြုတ်တဲ့သူကပြုတ်နေကြပြီ။ မဂ်လာဆောင် အကျွေးအမွေးက ထမင်းပါ။ ဟင်းကတော့ အဓိက ဝက်သားကျွေးတာများပါတယ် ဝက်သားမစားတဲ့သူတွေအတွက်ကတော့ ကြက်သားပါ။ နောက် ငါးပိချက် တစ်ခွက်ပါတယ် ၊ နောက် အရေသောက်တစ်ခွက်ပါတယ် (အရေသောက်က တောင်ဇလဲနု ကိုချက်တာများတယ် ချဉ်ဖြုံ့ဖြုံလေးနဲ့ သောက်ကောင်းတယ်)၊ နောက် တိုစရာက ငှက်ပြောအူ ကိုပြုတ်ထားပေးတယ်။ အားလုံး ၄ မျိုးပါ။ အဝတီးလို့ရပါတယ်။ ကျွန်တော့သူငယ်ချင်းတွေဆိုလက်လန်တယ် စောက်ရမ်း ဝိုက်တဲ့ကောင်တွေ :-)။ လက်ဖွဲ့ကတော့ ပိုက်ဆံပေးတာများတယ်။ ဥပမာ ကျွန်တော့ အဖေက သူများမင်္ဂလာဆောင်မှာ ၁၀၀၀ဝ လက်ဖွဲ့ထားရင် ကျွန်တော်မင်္ဂလာဆောင်ရင် အဲ့ဒီသူက ၁၀၀၀ဝ ထက်မနဲတဲ့ ငွေကိုပြန်ဖွဲ့ရတယ် .. ဒါစည်းကမ်း (ဒါပေမဲ့ မဖွဲ့တဲ့သူလဲရှိပါတယ် 🙂  )။ အဲ့နေညနေပိုင်း ၅ နာရီလောက်ကနေစပြီး ထမင်းကျွေးပါတယ်။ အဲမေ့နေလို်က်တာ ထမင်းအပြင် ထမင်းစားခါနီး သောက်တပ်တဲ့ ယမကာလုလင်တွေအတွက် လဲ အရက်လေးလဲတိုက်သေးဗျား။ ရင်းနှီးတဲ့သူတွေနဲ့ သူငယ်ချင်းတွေကတော့ သောက်လိုက် စားလိုက် ဆိုလိုက် နဲ့တစ်ညလုံးပေါ့။ မနက်ပိုင်းရောက်တော့ ဘိသိပ် တင်မဂ်လာမြောက်ပါတယ်။ အဲ့ဒါပြီးတော့ မနက်ပိုင်းမှလာတဲ့သူတွေကို ထမင်းကျွေးပါတယ်။ မဂ်လာပွဲက နောက်တစ်ရက် ၁ နာရီလောက်မှပြီးပါတယ်။ ဝက်ကအနည်းဆုံး ၃-၄ ကောင် လောက် ကုန်တော့ အကုသိုလ်များပါတယ်ဗျာ။

အားလုံးကိုခင်တဲ့
MC

 

14 comments

  • ဗိုက်ကလေး

    June 2, 2012 at 5:12 pm

    ဝါးတီးအေြုကာင်း လာပြောနေတော့….ဗိုက်တောင် ဆာလာပကွာ
    ဒါနဲ ့
    ပုံလေးတွေ ရေလည် မိုက်တုန်းပဲဗျ
    အယူအဆလေးတွေကော ရိုက်ပြထားတာလေးတွေကို ကောင်းပါလေ့ဗျာ..

    Reply

  • Electron

    June 2, 2012 at 5:37 pm

    အနော် ချစ်ချစ်နဲ့ ဟန်းနီးမွန်းထွက်ရင် လာခဲ့မယ်ဗျို့
    တစ်ခါလောက်တော့ သွားဖူးချင်သေးတယ်
    ရွာထဲကလူတွေ စုပေါင်းပြီး ခရီးသွားရအောင်ဗျာ
    ဘယ်လိုလဲဟင်
    စားစရိတ်ကတော့ အမေရိကန် စစ်စတန်ပေါ့နော်
    အဟီ

    Reply

  • ကိုရင်မောင်

    June 2, 2012 at 5:47 pm

    ပုံတွေမိုက်တယ်ဗျို…
    မင်္ဂလာဆောင်အစားအသောက်အကြောင်းတွေ ထည့်နဲ့ဗျာ
    စားလဲမစားရဘဲသရည်ကျတာဘဲအဖတ်တင်တယ်..ဟင်း
    လူဆိုး……

    Reply

  • ဓါးငမိုး

    June 2, 2012 at 6:02 pm

    ဝက်သားတုံးကြီး လက်သီးဆုပ်လောက် …
    မအီအောင် ချဉ်ပေါင်ခံ .. ဆိုတဲ့ သီချင်းထဲကလိုပေါ့ .. 😀
    ကိုရင်လည်း အဝ ဝင်တီးခဲ့ရဲ့ မဟုတ်လား ..
    ကျုပ် သိပါတယ် ..
    အလျဉ်းသင့်ရင်တော့ အဲဒီ ကမ်းခြေကို တစ်ခေါက်လောက် သွားပြီး အပန်းဖြေရဦးမယ်ဗျို့ ..
    ပုံတွေအတွက် ကျေးဇူးပါနော့ ..

    Reply

    • myanmarcitizen

      June 5, 2012 at 3:30 pm

      သိပ်လဲမစားနိုင်ပါဘူးဗျာ အဆီများလို့ လေး ငါး ပန်းကန် လောကပါပဲ 🙂

      Reply

  • ကိုတောင်ဖက်သားရေ. အတော့်ကိုစုံလင်သွားပါပီ။ကျနော်ရောက်ဖြစ်ရင် ထပ်တင်ပေးပေါ့မယ်။
    ခုလောက်ဆိုပိုပျက်နေတော့မှာပေါ့။စိတ်မကောင်းစရာဗျာ။ဒါနဲ ့ဘန်ဂလိုတွေ အရမ်းကောင်းတော့
    အားနာစရာကြီးဗျ ဧည့်သည်တွေကို ထားရမှာ။ဟီးးးးး

    Reply

  • windtalker

    June 2, 2012 at 7:23 pm

    ကမ်းခြေပုံလေးတွေက လှပသာယာပါဘိ
    ဒဂုံစည်ဘီယာ က နာမည်သာမကြီးတာ ၊ မြန်မာဘီယာ ထက် မညံ့တာကို မြန်မာစီတီဇင် ကောင်း၂သိပါတယ် ။
    မင်ဂါဆောင်မှာ ပိုက်ဆံဖွဲ ့တယ်လို ့သိရတဲ့အတွက် ၊ အဲဒီ စစ်စတမ် ကို ဂေဇက်ကနေ ကောင်းချီးပေးလိုက်ပါတယ်ဗျား…

    Reply

    • myanmarcitizen

      June 5, 2012 at 3:26 pm

      မြန်မာတွေ၊ Tiger တွေအသာထား နယ်မှာဆိုတော့ တွေ့တာ ကစ်ရတာပဲဗျို့ 🙂

      Reply

  • may flowers

    June 2, 2012 at 8:06 pm

    ပင်လယ်ကမ်းစပ်ကလေးကသာယာ ပြီးလာလည်ချင်စရာကောင်းပေမဲ့ သူငယ်ချင်းတွေကိုထားမဲ့

    ဘန်ဂလိုကိုကြည့်မိတော့ လာလည်ချင်စိတ်တောင်ပျောက်သွားပြီ…သရဲတောင်ခြောက်မလားမသိ။

    နောက်တာနော်………..ပုံလေးတွေအရမ်းလှလို့….ကျေးဇူးပါဗျို့။

    Reply

  • htoosan

    June 2, 2012 at 8:19 pm

    1998 တုန်းက ရောက်ဖူးပြီး ကမ်းသာယာဟိုတယ် မှာ နေခဲ့ဘူးတယ် ။ အဲ့ဒီ့တုန်းကလည်း ဘယ်သူမှ မရှိဘူး ။ ဒါပေမဲ့ အဲ့ဒီ့တုန်းက ကောင်းသေးတယ် ပြောရမှာ ပေါ့နော် .. အခန်းတိုင်းမှာ satellite တစ်လုံးဆီနဲ့ .. ပြည်ကနေ ငပလီ။ ငပလီက နေ ကမ်းသာယာ ။ ကမ်းသာယာကနေ ချောင်းသာ အထိခြေရှည်ခဲ့ပြီး ကမ်းသာယာကို တိုးတက်လာလိမ့်မယ်လို့ အရမ်းမျှော်လင့်ခဲ့တယ် ။
    အဲ့ဒီ့ အချိန် ရန်ကုန်ကနေ ချောင်းသာ သွားချင်ရင် ဇက်ကူးရပြီး ကမ်းသာယာက ဇက်မကူးရဘဲ သွားချိန် အတူူတူလောက်ဖြစ် ၊ ချောင်းသာထက်လည်း အများကြီးပိုလှပြီး ရေပိုသန့်တော့ ကမ်းသာယာ တက်လာလိမ့်မယ် မျှော်လင့်ခဲ့ ပေမဲ့ တက်တက်စင်လွဲခဲ့တယ် ..
    နာဂစ်ပြီးတော့ ပိုစုတ်သွားပြီး မပြင်နိုင်တော့ဘူးလို့သိရပါတယ် ။ ကမ်းသာယာက
    ငပလီ လိုဘဲ လှတယ် ။ ခုတော့ သင်္ကြန်တွင်းလောက်ဘဲစည်တယ်လို့ ကြားတာဘဲ။

    Reply

  • mgwalone

    June 2, 2012 at 11:00 pm

    မရောက်ဘူးသေးတဲ့ နေရာက ပုံလေးတွေကြည့်ရတာ ကျေးဇူးတင်ပါတယ်။ ရေရှည်စီမံချက် မရှိပဲ ထင်သလို လုပ်ခဲ့ကြတာတွေ နှမျောစရာ ကောင်းလိုက်တာ။ ဟိုတယ်ခရီးကလည်း ပြင်ဆင်ဖို့ မရှိသေးပါလို့ လွှတ်တော်မှာ ဖြေထားတယ်။ ဒီအတိုင်းထားရင် အားလုံး ပျက်စီးကုန်မှာပါပဲ။

    Reply

  • surmi

    June 3, 2012 at 12:21 am

    နှမျောစရာကောင်းတယ် ။ဒီကမ်းခြေကြီးပျက်စီးသွားတာ …..ကြည်.ရတာ လမ်းပန်းဆက်သွယ်ရေးကြောင်.
    ထင်တယ် ။ လူဝင်လူထွက်နဲတော.အဆိုးသံသရာလည်သွားပုံရတယ် ……
    ကျုပ်အနှစ်သက်ဆုံးက တောင်တန်းတွေရယ် ကမ်းခြေတွေရယ်ဆိုတော. ဒီပုံလေးတွေကြည်.ပြီး
    ခတ်လွမ်းလွမ်းလေး တောင်ဖြစ်မိသား …………။

    Reply

  • မိုးတိမ်

    June 3, 2012 at 12:36 am

    အရမ်းလှတယ်ခင်ဗျာ။ကျေးကျေးပါ….
    ရေလာ ကူးဖြစ်အောင်ကို ကြိုးစားဦးမှာ။
    အဲ ကုလားဆိုးတွေလက်ထဲ မရောက်သွားရင်ပေါ့လေ။

    Reply

Leave a Reply

Your email address will not be published.