ကမ္ဘာ့စီးပွါးရေးဖိုရမ်ဒေသဆိုင်ရာညီလာခံနဲ့ အမေစု

VictoryJune 1, 20121min03

ဆွစ်ဇာလန်နိုင်ငံဒါးဗို့စ်မြို့မှာနှစ်ပါတ်လည်ညီလာခံတွေကိုကျင်းပလေ့ရှိလို့ ဒါးဗို့စ်ဖိုရမ်လို့လဲ ခေါ်ကြတ

ဲ့ ကမ္ဘာ့စီးပွါးရေးဖိုရမ်ရဲ့ (ရီဂျင်နယ်)ဒေသဆိုင်ရာညီလာခံတခုကိုအာရှဒေသဆိုင်ရာညီလာခံအဖြစ် မေ ၃၀

 ရက်ကနေ ဇွန်၁ ရက်နေ့အထိ ဘန်ကောက်မြို့က ရှန်ဂရီလာဟော်တယ်မှာ

Association of South East Asian Nations (ASEAN) ရဲ့ (အော်ဂနိုက်ဇာ) အစီအစဉ်နဲ့ကျင်းပခဲ့တာပါ။

 English ပြောတာကို နားမလည်ရင် နားထောင်လို့ရအောင်(ဘာသာပြန်နားကျပ်ကနေ) ဘာသာပြန်ပေးတဲ့

ဘာသာစကား၃မျိုးရှိပါတယ်။Thai, Japanese, Mandarin(တရုတ်)ဘာသာတွေပါ။

 SessionA, SessionB, SessionC ဆိုပြီးအဓိက ကဏ္ဍကြီး ၃မျိုး ခွဲပြီးဆွေးနွေးကြပါတယ်။

ကဏ္ဍကြီး ၃မျိုး (သို့)ခေါင်းစဉ်ကြီး ၃မျိုးရဲ့အောက်မှာမှ ခေါင်းစဉ်ငယ်လေးတွေနဲ့မိမိဆွေးနွေးလိုရာ

ကိုသက်ဆိုင် ရာခေါင်းစဉ်အရတင်ပြဆွေးနွေးကြရပါတယ်။

SessionA,ရဲ့ Rethinking RegionalModels for a New Global Context

ဆိုတဲ့ခေါင်းစဉ်ကြီးရဲ့အောက်မှာ ဇွန် ၁ရက် ရက်စွဲနဲ့ အချိန်က 17.30 – 18.00 – မှာ

The Promise and Future of Myanmar :

What does Myanmar’s recent reform mean for the region and the world?

ဆိုတဲ့ ဆွေးနွေးချက်လေးတွေ့ရပါတယ်။

 SessionB ရဲ့ခေါင်းစဉ်ကြီးကတော့ Responding to a Region@Risk ဖြစ်ပြီး

SessionC ရဲ့ ခေါင်းစဉ်ကြီးက Realizing Regional Connectivity ပါ။

corruptionလာဘ်စားမှု၊အဂတိလိုက်စားမှု inequality စီးပွါးရေး၊လူမှုရေးမညီမျှမှု protectism

ကိုယ်ကျိုးစီးပွါးကာကွယ်ရေးမူဝါဒများဆိုင်ရာ ဆိုပြီး အဓိကထားဆွေးနွေးပါတယ်။ အမျိုးသမီးရေးရာ၊

အင်ဖရာစထရက်ချာ၊စွမ်းအင်၊နဲ့ တိုးရစ်ဇင် တိုးတက်ရေးလဲပါပါတယ်။ ဒါးဗို့စ်ဖိုရမ်ဟာ စီးပွါးရေးဖိုရမ်လို့

ဆိုပေမဲ့ နိုင်ငံရေးဆိုင်ရာအချက်များကိုအထူးတလည်ဆွေးနွေးလေ့ရှိပါတယ်။ ဒါ့ကြောင့်နိုင်ငံတကာက

 ခေါင်းဆောင်ဟောင်း/သစ် တော်တော်များများတက်လေ့ပါတယ်။ သည်ပွဲကိုအမေစုတက်တာဟာ

 အရမ်းကိုမှန်ကန်တဲ့ ရွေးချယ်မှုလို့လက်ခံပါတယ်။ နိုင်ငံတကာရေးရာတွေကိုမျက်ချေပြတ်နေရင်တောင်မှ

၃/၄ ရက် အဲဒီဆီမီနာကိုတက်လိုက်ရင် အပ်တူဒိတ်ဖြစ်သွား လောက်အောင် ဗဟုသုတကြွယ်ဝသူ၊

ပညာပြည့်သူများရဲ့ စုဝေးမှုပါ။ သတင်းမှာတွေ့ရတဲ့ အမေစုရဲ့ပြောစကားတွေကိုလဲနားထောင်လိုက်ရ ပါတယ်။

 အမေစုက ခုလိုပြောပါတယ်။(အဓိကအချက်တချို့သာရှင်းပြပါရစေ)

 မြန်မာနိုင်ငံမှာရင်းနှီးမြုပ်နှံမှုဆိုင်ရာမှာဥပဒေရေးရာတွေကောင်းအောင်ပြောင်းလဲမှုတွေလိုပါသေးတယ်။

လာဘ်စားမှု၊အဂတိလိုက်စားမှုတွေကိုပိုမိုဖြစ်စေနိုင်တဲ့ အခွင့်ထူးခံလူတန်းစားတွေပိုမိုအခွင့်ထူးခံဖြစ်စေနိုင်တဲ့

ဆင်းရဲချမ်းသာကွာခြားချက်တွေပိုမိုဖြစ်စေနိုင်တဲ့ ရင်းနှီးမြုပ်နှံမှုမျိုးတွေမလိုချင်ပါဘူးတဲ့။

နောက်တချက်ကတော့အလုပ်လက်မဲ့လူငယ်တွေဟာမျှော်လင့်ချက်မဲ့နေကြပါတယ်။ အရက်နဲ့

လောင်းကစားတွေနဲ့အချိန်ကုန်နေရတာမျိုးမဖြစ်သင့်ပါဘူး။ ပညာရေးနဲ့ရဲ့အနေအထားတခုအနေနဲ့

လက်တွေ့အသုံးချပညာရပ်တွေvocational training လုပ်ပေးဖို့ အထူးလိုပါတယ်။

လို့ပြောဆိုသွားတာတွေ့ရပါတယ်။

 ————————

အဲဒီဖိုရမ်မှာလဲ အထူးဧည့်သည်တယောက်လိုထင်ထင်ရှားရှားကြီးဖြစ်နေတာကတော့သိသာလှပါတယ်။

ဖိုရမ်တည်ထောင်သူ (ဂျာမန်လူမျိုး)မစ္စတာရွှပ်နဲ့ တဦးချင်း ဒီဘိတ်(ဆွေးနွေးမှု)ကိုသီးသန့်လုပ်ပေးတာကို

လဲတွေ့ ရပါတယ်။

————————-

နောက်တချက်ကသည်လိုဖိုရမ်မျိုးကိုမြန်မာပြည်မှာလဲ မကြာမီကျင်းပမယ်ဆိုတဲ့ ပရဲဆီးဒဲန်ရဲ့ကတိ

ိစကားကိုကြားလိုက်ရလို့အရမ်းဝမ်းသာမိပါတယ်။ နိုင်ငံတကာဆက်ဆံရေးနဲ့

ကုန်သွယ်ရေးကိုပိုမိုပွင့်လင်းခြင်းဟာတိုင်းပြည်ကိုတိုးတက်စေကြောင်းတရုတ်၊ဗီယက်နမ် တို့က

လက်တွေ့ပြခဲ့ပြီမဟုတ်ပါလား။ အေဒီဘီဘဏ်နဲ့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ကလူကြီးတွေ

အထူးဂရုပြုကြတဲ့ဒီလိုပွဲမျိုးကနေတိုင်းပြည်အတွက် လိုအပ်တဲ့စီမံကိန်းတွေ၊ အကူအညီတွေ၊

တရားဝင်ထောက်ပံ့မှုတွေနဲ့ကာလရှည်ချေးငွေတွေရရှိခံစားခဲ့ရတာပါ။ အာဖရိက၊

လက်တင်အမေရိကနိုင်ငံတွေဒီဖိုရမ်ကို၊အရမ်းလုပ်ကြတာပါ။ မက္ကစီကိုနိုင်ငံက ၁၉၉၄

မှာနက်ဖတာဆိုပြီးအမေရိကန်နဲ့ကနေဒါကိုပေါင်းပြီးတိုးတက်လာခဲ့တာဟာဒီဖိုရမ်ရဲ့ အကျိုးသတ်ရောက

်မှူကလဲ အကြောင်းတခုပါဘဲ။ မြန်မာဟာခုချိန်မှာ အနှုတ်တန်ဖိုးသာရှိတာပါ။

အနှုတ်တန်ဖိုးရှိသူဟာအပေါင်းတန်ဖိုး ရှိလာဖို့ပေါင်းရမှာပါ။

ပေါင်းတယ်ဆိုတဲ့နေရာမှာ နိုင်ငံတကာနဲ့ပေါင်းရင်း ကိုယ်အချင်းချင်းလဲအချင်းများလို့ဘာအကျိုးမှမရှိနိုင်ပါဘူး။

 ဒါကြောင့်အမေစုက အားလုံးနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုတာပါ။

အမှန်တရားဟာကောင်းပါတယ် မေတ္တာတရားကအမှန်တရားထက်ပိုပြီးအသုံးဝင်တတ်ပါတယ်။

3 comments

  • blackchaw

    July 9, 2012 at 8:16 am

    အမှန်တရားဟာကောင်းပါတယ်
    မေတ္တာတရားကအမှန်တရားထက်ပိုပြီးအသုံးဝင်တတ်ပါတယ်။

    ပြန်ရှာဖတ်သွားပါတယ် ကိုဗစ်ထရီရေ့။
    ဒီပို့စ်ထဲ တစ်ခုတည်းသော ကွန်းမန့်ပိုင်ရှင် မောင်သန်းထွဋ်ဦး ကိုလည်း
    လေးစားသွားပါတယ် ဆိုတဲ့ အကြောင်း…။

    Reply

  • Victory

    July 9, 2012 at 3:23 pm

    ကျေးဇူးတင်သလို
    စွမ်းပါပေရဲ့ ဗျာ လို့လဲ ပြောပါရစေ ကိုဘလက်ချောခင်ဗျာ။
    ကျနော့ရဲ့ ပို့စ်တွေက ကိုဘလက်ချောရဲ့ ဖော်ထုတ်မှုနဲ့ သတိထားလာမိသွားစေတာက
    တော့ လက်တွေ့အံ့ဘွယ်ပါဘဲ။
    ကိုဘလက်ချောနှင့်တကွ ပို့စ်အဟောင်းပြန်မန့်သူများအားလုံးကိုကျေးဇူးအထူးတင်ပါသည်ခင်ဗျား။

    Reply

Leave a Reply

Your email address will not be published.