♥တစ်ကိုယ်ရေ အလွမ်း♥

အဆိုးဝါးဆုံး တွယ်ငြိမိသူကိုမှ

အဆိုးဝါးဆုံး ငြင်းပယ်ရက်သူ

သူ့ဆီက…………..

တုန့်ပြန်ကြင်နာမှုလောက်

ငတ်မွတ်ခုံမင်ခဲ့တာ

ဘာတစ်ခုမှ မရှိခဲ့ဘူး

အကြင်နာတရားကို ရှာဖွေရင်း

မကြင်မနာ စကားလုံးတွေပဲ

ငါ…………..

ရရှိခဲ့ပါရဲ့။

သာယာလှပတဲ့ သံစဉ်တေးသွားတွေ

ထွက်မလာမှန်းသိရက်နဲ့

အနာဂတ်ကို မှ

အလဲအထပ်….လုပ်ပြီး

သူ့ပုံရိပ်တွေ လိုက်လိုက် ကောက်မိတဲ့အထိ

ရူးသွပ်ခဲ့တဲ့ကောင်..

ချစ်ရသူရဲ့ငြင်းပယ်မှုအောက်

ညရေးတွေ ပျောက်ပျောက်နေခဲ့ရ

သူနဲ့ ပက်သက်လာရင်

အမှားအမှန် ဝေခွဲဖို့

ချို ့ယွင်းနေတဲ့

ခေါင်းခွံတစ်ခုလုံးနဲ့လူ…..

ငါဟာ……….

သူရဲ့မုန်တိုင်းဆန်တဲ့

မာယာဂယက်မှာ

ကျွန်တော့်နှလုံးသား

ခြေကုန် လက်ပန်းကျလုပြီ

ဒါကို အမှတ်မရှိတဲ့

ဝေါဟာရနဲ့

ပတ်ဝန်းကျင်က

တံဆိပ်ကပ်ကြလေရဲ့

အဲဒီအသုံးအနှုံးတွေဟာ

ကျွန်တော်နဲ့ အယဉ်ပါးဆုံးသော……..

ယဉ်ကျေးမှုတွေပါ….။

ဒီလို ခဏခဏ

ငယ်ပေါင်းများစွာ

ရင်ဘတ်ကို ဖြတ်နင်းသွားတာတောင်

သူ့ရပ်ဝန်းမှာ တဝဲလည်လည်နေတဲ့စိတ်တွေ

ပြန်ရုပ်သိမ်းဖို့ ခက်နေပြီ…

ဒီရင်ဘတ်ကြီးဟာ

သူ့အတွက် ကစားကွင်း သက်သက်ဖြစ်ခဲ့ရင်တောင်

အလွမ်းတွေဖျောက်ဖို့ အတွက်……

နာစရာဆိုတာ ရှာမိမှာမဟုတ်

ခြေကုန်အောင်ရုန်းခဲ့သမျှ

အမုန်းတွေ အထပ်ထပ်သင့်ခဲ့တာ

သစ္စာတရားတွေ ခါးကုန်လို့လား..?

နေမဝင်အချစ်တွေနဲ့

ဘဝနေဝင်ချိန်အထိ

ထိုင်စောင့်မယ့်သူလို့………….

အကြိမ်ကြိမ် ကျိန်ပြောခဲ့တာကို

ယုံတမ်းစကားပါလို့

သူကပြက်ရယ်ပြု

သူ့ရဲ့ တဖက်သက် ပိတ်ဆို့တားဆီးမှုမှာ

ကိုယ့်ယုံကြည်ချက်နဲ့ကို

အကျဉ်းကျခံနေရပြီ ..

သတ်ပုံမှားနေတဲ့

ဘဝစာမျက်နှာတွေမှာ

ကိုယ့်နာမည်ကိုတောင်

အလွတ်ကျက်မှတ်နေရတဲ့အထိ

ဘဝဟာ………….

ကြိုးပြတ်တူရိယာ… တစ်လက်လို

ဘယ်နေရာမှာ ဘာတွေ သုံးစားလို့ ရဦးမှာလဲ

နှစ်ကိုယ်ကြားရုံ

ရင်တွေဖွင့်ဖို့

တန်ပြန်သဘောတွေ

ချို့တဲ့လွန်းတာ ဘာကြောင့်လဲ ?

ဝိရောဓိ ဆန်လွန်းတဲ့

သူနဲ့ကျွန်တော့် အတွက်

ညီမျှခြင်း(=)ဆိုတာ

အိပ်မက်သက်သက်ပဲလား ..?

ဘာပဲဖြစ်ဖြစ် ကောင်မလေးရယ်

နင်နဲ့ပက်သက်တဲ့ အမှတ်တရတွေ

ငါ့ရင်နဲ့အပြည့် လွယ်ထားတုန်းပါပဲ…။

ချစ်သူ……..

  အလွမ်းလို့ရေးတော့သာလွယ်တာနော်
တကယ်တမ်းခံစားရတော့
ရင်နဲ့မဆံ့အောင်  နာကျင်စွာခံစားရပါတယ်…...                                            

တိုက်ဆိုင်မှုရှိလျှင်တောင်းပန်ပါတယ်

အရင့်ရောင်

26 comments

  • windtalker

    May 31, 2012 at 1:21 pm

    တစ်ကိုယ်ရေအလွမ်း
    အပျိုမေ သမ်း
    လိုနေအကြမ်း
    စိုပြေနမ်း…။

    Reply

    • အရင့်ရောင်

      May 31, 2012 at 1:48 pm

      windtalker @လေးရေ………….
      တစ်ကိုယ်ရေ အလွမ်းတွေနဲ့
      ပျိုမေရဲ့ အနမ်းလေးကို
      တမ်းတနေမိပါရဲ့………..

      Reply

  • Gipsy

    May 31, 2012 at 1:32 pm

    ငယ်နုစဉ်က အလွမ်းဆိုတာကြီးကို တနင့်တပိုး ခံစားခဲ့ရဘူးတယ်…
    ခုတော့လဲ အဲဒါကြီးက ဘယ်ဆီဘယ်ကမ်းရောက်နေသလဲ မသိပေါင်ဗျာ….။

    Reply

    • အရင့်ရောင်

      May 31, 2012 at 1:52 pm

      ဂျစ်ပစီ…….လေးရေ့.——–
      ဘယ်အချိန်ကပဲ လွမ်းခဲ့သည်ဖြစ်ပါစေဂျာ………
      အလွမ်းက တကယ်ပူလောင်ပါတယ်…….
      ဟီးးးးးးးးးး

      Reply

  • ဗိုက်ကလေး

    May 31, 2012 at 1:33 pm

    လက်ညှိုးရှည်သလောက် လွမ်းဂျောလဲ အင်မတန်ရှည်ပါလား..အူးလေးရ 😆
    လဂါးနောက်ဒါနော်..
    လက်မထောင်ပြီး အားပေးတွားဘာဒယ်..

    Reply

    • အရင့်ရောင်

      May 31, 2012 at 1:55 pm

      ဥူးဥူးဘိုက္ကလေး…….ရေ—-
      ဘာပဲဖြစ်ဖြစ် ကောင်မလေးရယ်

      နင်နဲ့ပက်သက်တဲ့ အမှတ်တရတွေ

      ငါ့ရင်နဲ့အပြည့် လွယ်ထားတုန်းပါပဲ…။ဟြေထားတယ်လေ

      အလွမ်းတွေနော်………ဟီးးးးးးးးး

      Reply

  • ahnyartamar

    May 31, 2012 at 1:41 pm

    အရောင်ရင့်…ဖြည်းဖြည်း…ပေါက်ကွဲထွက်ကုန်မယ်။

    Reply

    • အရင့်ရောင်

      May 31, 2012 at 1:59 pm

      ahnyartamar @ ဖြည်းဖြည်း လုပ်လို့မရတော့ဘူး……
      အညာတမာ လေး ရေ………….
      ရင်ထဲမှာ ပြည့်နေလို့
      ဟိဟိ

      Reply

  • လွမ်းတော်မူလို့ စာကိုစီတယ်
    သက်ဆိုင်သူဖတ်မိရင် ဖျားလောက်တယ်
    သနားသွားလို့……………………………………………….

    Reply

  • အရင့်ရောင်

    May 31, 2012 at 2:04 pm

    ဥူးပေါက်==========ရေ————–
    သနားမှတော့ ဖျားမလားဗျာ………
    အနားကို အပြေလာမယ် လုပ်ပါ
    ဒီရင်ခွင် ကြိုတင်စောင့်မျှော်နေပါ့မယ်လို့
    သူသိပါစေ လေးလေးပေါက်။။။။။။။။။
    ဟီးးးးးးးးးးးး

    Reply

  • Gipsy

    May 31, 2012 at 2:19 pm

    အရင့်ရောင် သို့….
    “ဘဝကို ဟာသဖြင့် မွမ်းမံသော အခါ အတော်အတန် ပျော်စရာကောင်းလာ၏။”
    သို့သော် အလွမ်းအဆွေးဖြင့် ခံစားကြည့်ပါမူ.. …
    လွမ်းဆွတ်မှု သတိရမှု တမ်းတမှု များစွာတို့ကြောင့် ….
    သဘာဝလွန် ကိစ္စဖြစ်ရပ်များ ဖြစ်လာမည်မှာ ဧကန်တည်း…..။

    Reply

    • အရင့်ရောင်

      May 31, 2012 at 2:23 pm

      ဂျစ်ပစီ—လေးရေ
      မှန်လိုက်ပါဘိနော်
      GOOD………..

      Reply

  • shwe kyi

    May 31, 2012 at 2:35 pm

    အခုမိုးလေးကလည်းရွာနေပြီဆိုတော့ ကိုအရင့်ရောင်တစ်ယောက် လွမ်းလို့ကောင်းရောပေါ့။

    Reply

    • အရင့်ရောင်

      May 31, 2012 at 2:56 pm

      shwe kyi@လေးရေ===
      မိုးက ဖွဲဖွဲလေးရွာနေရင် ပိုပီးလွမ်းရပါတယ်
      သည်းကြီးမဲကြီးရွာတော့လည်း လွမ်းရတာ ဖီးလ်…….မရှိဘူး ထည
      ခင်တဲ့
      အရင့်ရောင်

      Reply

  • Onyx

    May 31, 2012 at 3:52 pm

    အော် ကိုတစ်ယောက်ထဲများလွမ်းတွေနဲ့ ဝေ ဖြစ်နေလားလို့ အခုတော့ အဖော်ရပြီ ။
    မိုးကလဲ ဖွဲဖွဲပဲ ကျတော့ ပိုဆိုးနေတယ် …………..

    Reply

    • အရင့်ရောင်

      May 31, 2012 at 3:56 pm

      Onyx@ လေးရေ+++++++
      စန္ဒယားဦးချစ်ဆွေကတော့ အလွမ်းတွေကို စမ်းရေကမျောတယ်နော်
      ကျွန်တော်ကတော့ အလွမ်းတွေကို ပန်းအကြွေတွေလိုပဲ
      ကောက်ယူ သိမ်းထားတယ်
      အကြွေပန်းပေမယ့်
      ကောက်ယူနမ်းရှိုက်တက်လျှင်
      မွှေးပါသေးတယ်ဗျ……
      အရင့်ရောင်

      Reply

  • ညလေး

    May 31, 2012 at 4:03 pm

    ကိုအရင့်ရောင်ရဲ. အလွမ်းပန်းက မြေပေါ်ကြွေမှမွေးတဲ.ပန်း……..
    “ခေ၇”ပန်းလေးများလားနော်………..
    ရွှာထဲကအလွမ်းသမား…….
    “အနာဂတ်ကို မှ
    အလဲအထပ်….လုပ်ပြီး
    သူ့ပုံရိပ်တွေ လိုက်လိုက် ကောက်မိတဲ့အထိ”………
    ဒီစကားလုံးလေးကတော့ ရေရေလည်လည်စားတယ်……..ကိုအရင့်ရောင်ရယ်……
    လွမ်းရင်းဆက်လွမ်းနိုင်ပါစေ……….အားပေးသွားပါ၏

    Reply

    • အရင့်ရောင်

      May 31, 2012 at 4:11 pm

      ပန်းခရေလို
      နွမ်းကြွေနေလည်း
      ကို့ရင်ထဲမှာ
      သိမ်းကာထားမယ်
      အကြွေပန်းပေမယ့်
      အစဉ်လန်းလို့
      သင်းရနံ့က
      မွှေးပျံ့နေဆဲ
      ကို့ ရဲ့ရင်ထဲ
      ပန်းတွေဝေတဲ့
      ချစ်သူလေးရေ……..

      Reply

  • eipu

    May 31, 2012 at 4:13 pm

    တိုက်ဆိုင်ပေမယ့် ခွင့်လွှတ်လိုက်ပါတယ်……….

    Reply

    • အရင့်ရောင်

      May 31, 2012 at 4:16 pm

      နောက်ထပ်
      ထပ်မံပြီး တောင်းပန်လိုက်ပါ၏
      နားလည်းပေးတာကျေးဇူးပါနော်
      ခင်တဲ့
      အရင့်ရောင်

      Reply

  • etone

    June 1, 2012 at 11:39 am

    အော ် … တိုတိုရယ် … ရက်စက်လိုက်တာနော် .. အဟင့် 😥
    မနေ့ကတည်းက ပြောပါတယ် …. ။ ဂျမူးကိုမေ့လိုက်ပါလို့ … ဒီက အချစ်ကြီးရှိပါတယ်လို့ဆိုတာကို ……….. ။ 😳

    တို့မှာ ရှိတဲ့ လည်စိတွေ ၊ ခြေသလုံးမွှေးကြမ်းကြီးတွေနဲ့ အသံပြာကြီးတွေကို ပြုပြင်ပြီး … မင်းဆီကို တန်းတန်းကြီးပြေးလာခဲ့မှာပါ ။ အဟိဟိ 😆

    Reply

    • အရင့်ရောင်

      June 2, 2012 at 12:47 pm

      အပြေးလာလျှင် ခလုတ်ထိမယ်နော်
      ဟီးးးးးးးးးး

      Reply

    • အရင့်ရောင်

      June 2, 2012 at 12:48 pm

      ဖတ်လို့ကောင်းတယ်ဆိုပါလားနော်
      ကျေးဇူးတင်ပါတယ်
      မု..အပြည့်နဲ့ ရေးထားတာနော်
      ဟဲဟဲ

      Reply

  • ဓါးငမိုး

    June 1, 2012 at 1:44 pm

    တစ်ကိုယ်ရေ အလွမ်းမို့
    သူမတော့ မသိနိုင်
    ယနေ့တိုင်တော့ ငါလွမ်းဆဲ …
    အလွမ်းတောထဲက ရုန်းထွက်ဖို့လည်း ခက်ခဲ …
    အသည်းလေးရယ်
    ဖြစ်နိုင်ရင် မင်းအနမ်းလေးတွေနဲ့
    ဖြေသိမ့်ပေးလှည့်ပါလားကွယ် ….

    ခင်ဗျားကို အားကျလို့ ကျနော်လည်း သံယောင်လိုက်ပြီး စပ်ကြည့်လိုက်တာ ..
    အားပေးသွားပါတယ်ဗျာ ….

    Reply

    • အရင့်ရောင်

      June 2, 2012 at 12:50 pm

      အလွမ်းကိုတော့ အားမကျပါနဲ့နော်…………
      တကယ်ပူပြင်းလွန်းလို့ပါနော်
      ဟုတ်တယ်ဟုတ်..
      ခင်တဲ့
      အရင့်ရောင်

      Reply

Leave a Reply

Your email address will not be published.