လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ထိုင်းနိုင်ငံခရီးစဉ်(၂)…

ဒေါ်အောင်ဆန်းစုကြည်ဘန်ကောက်လေဆိပ်သို့ရောက်ရှိစဉ်...
ဒေါ်အောင်ဆန်းစုကြည်ဘန်ကောက်လေဆိပ်သို့ရောက်ရှိစဉ်…

 

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၂၄)နှစ်တာအတွင်း ပထမဦးဆုံးခရီးစဉ်အဖြစ် ထိုင်နိုင်ငံဘန်ကောက်မြို့သို့ ရောက်ရှိလာခဲ့ပါတယ်။

သူရဲ့လုံခြုံရေးအတွက် ထိုင်းအထူးရဲတပ်ဖွဲ့မှ တာဝန်ယူထားပါတယ်။မဟာချိုင်ရှိ မြန်မာနိုင်ငံသား အလုပ်သမားများကိုလည်း အားမငယ်ကြဖို့၊စည်းကမ်းရှိကြဖို့မှာကြားသွားပါတယ်။လုံခြုံရေးကိုတော့ အထူးဂရိုက်ဖို့လိုအပ်ပါလိမ့်မည်။။ဇွန်လ(၁)နေ့တွင်ကျင်းပပြုလုပ်မည့် ကမ္ဘာ့စီပွါးရေးညီလာခံမှာ မိန့်ခွန်းပြောကြားမှာလည်းဖြစ်ပါတယ်။ထိုင်းပြည်သူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပထမဦးဆုံးပြည်ပခရီးစဉ်ဟာ ထိုင်းနိုင်ငံဖြစ်တဲ့အတွက် ဂုဏ်ယူဝမ်းသာပါကြောင်းနဲ့ ထိုင်းနိုင်ငံသာမကပဲ ဒေသတွင်းအရေးကြီးတဲ့ ခရီးစဉ်ဖြစ်ကြောင်းကို ထိုင်းနိုင်ငံရဲ့ အထက်လွတ်တော်အမတ်ဟောင်းဖြစ်တဲ့ ခရိုင်ဆက်က ပြောကြားသွားပါတယ်။

ဇွန်လ(၂)နေ့မှာ မယ်လ ဒုက္ခသည် စခန်းသို့သွားရောက်မှာဖြစ်ကြောင်းလည်းသိရပါတယ်။။။

ဓါတ်ပုံများကို…MyanmarCelebrity.com မှ ရရှိပါသည်။

13 comments

  • အရီး Khin Latt

    May 30, 2012 at 9:08 pm

    ကျေးဇူးပါဘဲ မောင်သုညရေ။ 🙂

    ကြည့်ရတာ တကယ် တလေးတစား နဲ့ ရှိလို့ ကို လုံခြုံရေး ကို အတော်လေး ဂရုစိုက်ပေးနေပုံဘဲ။
    တစ်ခြား နိုင်ငံ တွေ က ဒေါ်အောင်ဆန်းစုကြည် ကို ဒီလောက်ကြည်ညိုတာ အလကား တော့ မဟုတ်ဘူး ဆိုတာ သိသင့်တယ်။
    နှစ်ရှည် အကျဉ်းချခံထားရလို့ နာမည်ကြီးတာ ထက် အဲဒီမတိုင်ခင် အရင်တုန်းက ကထဲ က သူ့မှာ အရည်အသွေး အပြည့်ရှိတာကို သူတို့ သိထားလို့ပါ။
    တကဲ့ကို ဂုဏ်ယူလေးစားပါတယ်။

    ဒါထက် – ဒီလင့် ထဲက မှတ်ချက် နံပါတ် ၆ ကို ကြည့်။
    ဒေါ်အောင်ဆန်းစုကြည် ရှေ့က ကိုယ်ရံတော် လုပ်ပေးနေတဲ့ ယိုးဒယားမလေး ကို အတော် မိုက်သကွဲ့။ 😉
    http://www.weeklyeleven.com/index.php?option=com_content&view=article&id=13849:-world-economic-forum-on-east-asia-2012-&catid=42:2009-11-10-07-36-59&Itemid=112

    Reply

    • kai

      May 31, 2012 at 4:16 am

      လေနဲ့ချည်း..မဖြောင့်နေကြနဲ့..အမောင်လူပျိုတို့..
      အဆက်အသွယ်လေးရှာ.. အိးမေးလ်လေးတောင်း..
      လှုပ်ရှားကြပါ..ဆြာတို့..။

      .. မဉ္ဖူသက နတ်ပန်းမဟုတ်တာ.. သေချာတယ်..
      ခူးလိုက်..ခူးလိုက်.. 🙂

      Reply

      • အရီး Khin Latt

        May 31, 2012 at 4:59 am

        တောက်(စ်) (၃ကြိမ်မြောက်ပါ “ဂဂ” ရေ)
        သူကြီး တို့နဲ့များ ကွာပါ့ရှင်။

        “ခူးလိုက်..ခူးလိုက်..” တဲ့။
        သွား မြှောက်ပေးနေ။
        ဟိုက ဗျင်းလွှတ် လိုက်မဲ့ ရုပ်လေး။

        မြန်မာပြည် ထဲမှာလဲ ဒေါ်အောင်ဆန်းစုကြည် အတွက် အဲဒါမျိုးလေး တစ်ယောက်လောက် အနီးကပ်ခန့် ထားပေးချင်ပါရဲ့။
        ဟယ်လာရီ လာတုန်းက လဲ သူ့ဘော်ဒီဂတ် အမျိုးသမီး တစ်ယောက် မျက်နှာ တင်းတင်းနဲ့။
        အတော်မိုက်သဗျား။ 🙂

        Reply

  • Ch@vez

    May 31, 2012 at 6:36 am

    အယ် ..
    တားတားတို့ အရွယ်ဝတ်ကလေးပဲ …
    ဒါပေသိ …ယပက်လက် ဆိုတော့ ကြောက်ကြောက်
    ဖြတ်ဖောက်ချုပ်လား မသိ…ဘာလားမသိ….
    မရွှေထား စဉ်းစားမယ် ဆိုရင်တော့ …
    မိတ်အင် ချိုင်းနားဘဲ ကောင်းဘာဒယ်အေ…

    အိုဘယ့် ..
    ကန်တိုနိစ့် ….

    Reply

  • Nga Pein

    May 31, 2012 at 9:44 am

    အားပေးပါတယ်..ဒေါ်စုကို..
    ဒေါ်စုကဒီလိုပဲ အတိုက်ခံပါတီနေနဲ ့ပဲလုပ်..ပြီးတော့ဦးသိန်းစိန်က..နိုင်ငံကိုအုပ်ချုပ်ရင်အကောင်းဆုံးပဲ..
    ဦးသိန်းစိန်က အုပ်ချုပ်ရေးမှာအတွေ ့ကြုံတော်တော်ရှိတယ်..
    အန်အယ်ဒီကသဘာရင့်တဲ့အန်ကယ်ကြီးတွေကိုလည်းတော်တော်လေးစားပါတယ်..ဒါပေမဲ့ ဇေယာသော်လိုလူငယ်ကိုတော့ hip hop ,R&B သီချင်းတွေမှာထူးချွင်ပေမဲ့.. နိုင်ငံရေးမှာတော့ သူ ့ကို confidence မရှိဘူး..ဘာ့ကြောင့်လဲဆိုတော့..နိုင်ငံရေးဟာ..show ပွဲမဟုတ်ဘူး..အတွေ ့ကြုံမရှိလို ့ decision ချမှားသွားရင်. အပြစ်မဲ့ပြည်သူတွေ ဒုက္ခရောက်ကြမှာ..ပြီတော့..

    God bless ASSK
    God bless President U Thein Sein,, I like both of you.. Keep working ~

    Reply

    • ကြောင်ကြီး

      May 31, 2012 at 10:40 am

      ခါးမှာဗျောက်ချိတ် အမိန့်ပေးတိုင်း အုပ်ချုပ်တတ်တယ် ထင်နေလား.. အဲလိုဆို ငါလည်း ဘောင်းဘီချွတ်ပြပီး လူတဂါကို ခိုင်းစားမယ်…။ သောက်ရူး…. 😡

      Reply

      • Nga Pein

        May 31, 2012 at 12:04 pm

        ကြောင်ကြီး..ခင်ဗျားစိတ်ထဲအတိုင်း..ပြောသလောက်အုပ်ချုုပ်ရလွယ်တယ်လို ့ထင်လား..
        ဦးသိန်းစိန်နဲ ့ဒေါ်စု ကိုယ်စီကိုယ်စီမှာ. သာမာန်လူထက်ဆွမ်းတဲ့အချက်တွေရှိတယ်..
        ခင်ဗျားစိတ်ထဲမှာ..ဦးသိန်းစိန်မဟုတ်ဘဲ ..ဘယ်သူအုပ်ချုပ်ရင်မြန်မာနိုင်ငံစီးပွားရေချက်ချင်းကြီးကောင်းလာမယ်လို ့ထင်လဲ ?? အိုဘားမားကိုပဲလာလုပ်ခိုင်းကြည့်အုန်း..ချက်ချင်းဖြစ်နိုင်ရဲ့လား..??
        နိုင်ငံတနိုင်ငံတိုးတက်ဖို ့ဆိုတာ..ညချင်းပေါက်..လုပ်လို ့မရဘူးလို ့ထင်ပါတယ်.. အယ်သူ ့ကိုမဆို အချိန်ပေးသင့်ပါတယ်..

        Reply

  • etone

    May 31, 2012 at 10:30 am

    ဘယ်သူ့စေခိုင်းချက်မှ မပါပဲ ကိုယ့်ဆန္ဒနဲ့ကိုယ် ထွက်ကြို နှုတ်ဆက်ကြတဲ့ … ဓါတ်ပုံတွေ တွေ့ရတာ အရမ်းအားရတာပါပဲ ။ အဲ့ဒါကမှ လူထုရဲ့ ခေါင်းဆောင်ဆိုတာ … ဘယ်သူလဲလို့ …ထင်ထင်ရှားရှားဖြစ်စေပါတယ် …. ။ 🙂

    Reply

  • kyeemite

    May 31, 2012 at 1:26 pm

    မြန်မာကွ

    အရှေ့တောင်အာရှ မှာ ကိုယ့်နိုင်ငံသားတွေသာမက၊ နိုင်ငံခြားသား တွေရော၊ နိုင်ငံတကာ ခေါင်းဆောင်တွေ၊ ကျောင်းသားတွေ၊ celebrity တွေရော လေးစားရတယ့် အသိအမှတ်ပြုရတယ့် အမျိုးသမီး ခေါင်းဆောင် ဟာ မြန်မာမှပဲရှိပါတယ်။
    မျက်နှာပန်း အရမ်းလှပါတယ်။

    သူများမန့်ထားတာလေးကြိုက်လွန်းလို့….ကိုယ်ရင်ထဲကခံစားချက်နဲ့လဲ
    တထပ်တည်းကျလို့ပါ..

    Reply

  • Fond belief Land

    May 31, 2012 at 7:29 pm

    ဟေ့ဟေ့..ဦးသိန်းစိန်၊…ဒေါ်စုရော..မအုပ်ချုပ်နဲ့ဒီဂေဇက်မှာသင့်တော်တဲ့
    လူရှိတယ်…နိုင်ငံခြားအတွေ့အကြုံလဲရှိ..စာရေးတာရော…စကားပြောတာရော
    သိတ်ပြီးအချီုးမပြေတဲ့..ဘောင်းဘီချွတ်ပြပီး လူတဂါကို ခိုင်းစားရဲတဲ့..သောက်ရူး
    ကြောင်ကြီးဆိုတဲ့ကကောင်ကိုအုပ်ချုပ်ခိုင်းလိုက်…ဗမာပြည်သာမကဘူး..သူ့အမေကိုရိရင်
    ကားနေတဲ့(အမေရိကား)ကသူ့နေအိမ်ပါချီးတောထဲနစ်အောင်လုက်ပြလိမ့်မယ်။

    Reply

  • မောင်သုည

    May 31, 2012 at 9:19 pm

    မြန်မာလူမျိုးများပီသစွာ၊ကွန်မန်းများကို ယဉ်ကျေးသိမ်မွှေ့စွာ ရေးသားပေးပါရန်အထူးမေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား….
    ဘယ်သူ့ကိုမှ ရည်ရွယ်ခြင်းမဟုတ်ပါ၊။။။

    Reply

  • Nga Pein

    June 1, 2012 at 2:49 pm

    သို ့..မောင်သုည **okay, ကြိုးစားပါ့မယ်..

    Reply

Leave a Reply

Your email address will not be published.