မိန်းခလေးများသတိ

ShwemannmayJune 19, 20101min03

ဖော်ဝါဒ်မေးကရတာလေးကို ပြန်လည်မျှဝေပါတယ်။

လမ်းဘေးရောက်သွားမှ ဘဝပျက်တာမဟုတ်ပါဘူး။လူမသိလဲ သိမ်းငယ်သွားတာ၊အမြဲ အားငယ်သွားတာ၊စိုးတထိတ်ထိတ်ဖြစ်နေရတာတွေက ဘဝပျက်မတက်ပါဘဲ၊နောက်တွေ့လာမဲ့ အိမ်ထောင်ဘက်ပေါ် လိပ်ပြာလုံနိုင်မလား? တော်တော်များများကြားနေရတာပါ ချစ်ကြပြီဆို ကောင်းလေးတော်တော်များများဘာ လို့များသူတို့ မိန်းခလေးတွေကို တည်းခိုခန်းခေါ်ကြတာလဲ၊မနေ့က သူငယ်ချင်းတစ်ယောက် အကြောင်းကြားလိုက် တယ်ရင်ထဲလုံးဝမကောင်းဘူး၊သူကောင်လေးနဲ့ တွဲတယ်တဲ့ နောက်တော့ တည်းခိုခန်းခေါ်တယ် သူလိုက်သွားတယ် (သူမကောင်းတာပါ) အခုပြတ်စာပေးတယ်တဲ့ ၊အတွေ့လဲမခံတော့ဘူး၊ဘာကြောင့် လဲ၊ ပြောပြပြီးငိုလိုက်တာအရမ်းဘဲ……. ဘာလို့ ကိုယ်တာဝန်မယူနိုင်ရင်ဘာကြောင့်ခေါ်သလဲ၊ဘယ်အပျိုမိန်းကလေးမှ ယောကျ်းတယောက်နဲ့ အိပ်ခြင်းအရသာဆိုတာသိဘူးတဲ့လူမရှိပါဘူး ၊သူချစ်သူစိတ်ချမ်းသာဖို့၊ နှစ်ယောက်ဆိုတဲ့ ဘဝကိုလိုချင်လို့ဘဲပေါ့၊နောက်တခု သူ့ဆီမှာဘဲအမြဲ ရှိနေချင်တဲ့စိတ်နဲ့ပါဘဲ၊ဒါပေမယ့် တော်တော်များများထားသွားကြတယ်နော် ကိုယ်ချင်းစာစိတ်လေးမွေးလို့ တွေးကြည့်ပါလား ငါ့ အစ်မ ၊ ညီမ ၊ အဓိက အမေပေါ့ သူတို့တာ ဒီနေရာမှာဆိုရင်ကော အဓိကတော့ ကိုယ်တာဝန်မယူရင် ခြေကော လက်ကောမကျော်တာအကောင်းပါဘဲ။ အဓိကကျတဲ့ သူငယ်ချင်းကိုပြောပြလိုက်တယ်။ လောကမှာ ကိုယ်ချင်းဘယ်လောက်ဘဲစာစာ ခံစားနေတက်သူထက် ဘယ်သူမှအပူတွေမများနိုင်ပါဘူး နောက်တကြိမ်ဆိုတာ မရှိအောင်နေထိုင်ပါပြီး ကိုယ့်ဘဝအတွက် အကောင်းဆုံးကြိုးစားပါလို့ဘဲပြော နိုင်တယ်၊ စာအုပ်တအုပ်ဖတ်ဖူးတယ် မြန်မာ မိန်းခလေးတွေက လက်မထပ်ဘဲနဲ့မအိုရဘူးတဲ့။မြန်မာမိန်းခလေးတွေမှာ မင်္ဂလာ (၁၂)ပါးရှိတယ် လက်ထပ်ထိမ်းမြားခြင်းလဲ မင်္ဂလာတပါးပါ ဒါကြောင့် ဘာလို့များ ကိုယ့်ဘဝရဲ့ ကျက်သရေကို ဘာမဟုတ်တဲ့ တည်းခိုခန်းတခုမှာ မိနစ်ပိုင်းလေးပျက်စီးဆုံးရှုးစေတာလဲ ပြီးတော့ရောပျော်ရပါလား ။လူမသိအောင် အိပ်ခဲ့မိတော့ လူမသိအောင်ဘဲ ဗိုက်ကြီးလို့ရမှာပေါ့ ဘယ်လိုလုပ်ကျမလဲ၊ဘယ်သူကိုမှ မမှားစေချင်ဘူး မိန်းခလေးဆိုတာ မှန်တချပ်ပါဘဲ ကွဲရှမခံနိုင်ပါဘူး ကွဲကျခဲ့လို့ ဆက်လို့ရရင်တောင် အက်ကြောင်းနဲ့ပါ၊ဘယ်သူဘဲဖြစ်ဖြစ်ပါ တွေးကြည့်ပြီးမှ ကိုယ်လမ်းကိုယ်လျှေက် ပါ၊ P.S – ဘယ်သူမှမရည်ရွယ်ပါဘူး ကိုယ်တိုင်မဟုတ်တောင် ရင်ထဲမကောင်းတာတော့အမှန်ဘဲ ကိုယ့်ရဲ့ ညီ၊ညီမ၊တူ၊တူမများ ပြန်ပြော လို့ရနိုင်အောင်ပါ။ဘယ်တော့မှ ရေမှာ အရုပ်မရေးမိဘာစေနဲ့၊တနေ့ ဆိုတာ နောက်မှရောက်လာမှာ တနေ့ ဆိုတာကိုမျှော်ပြီး မယုံကြည်မိပါစေနဲ့။ကိုယ်လုပ်ခဲ့တာကို တာဝန်မယူသည့် ယောက်ျားများ တစ်ယောက်ကြောင့် အရွယ်ကောင်း မိန်းခလေးများပန်းကောင်း အညွှန့်ကျိုးဘဝမှ ကင်းဝေးကျပါစေ။

3 comments

  • banban

    June 19, 2010 at 5:36 am

    ခေတ်ကိုကအဲ့လိုတွေများနေတယ်၊ အတုမခိုးသင့်တာတွေကိုပဲ အတုခိုးနေတယ်၊ ဒါတွေက ဆက်ရှိနေအုန်းမှာပဲ

    Reply

  • aye aye

    June 20, 2010 at 1:29 pm

    right; a fool girl they will 4llow

    Reply

  • HayMonChan

    September 9, 2010 at 7:19 pm

    အားလုံးလိုက်နာသင့်တဲ့စကားလေးပါ

    Reply

Leave a Reply

Your email address will not be published.