Barney Smith ရဲ့အနုပညာ ပြခန်း

zaylayJune 18, 20101min00

အမေရိကန် Texas မှာနေထိုင်သူ သာမာန်ပိုက်ပြင်သမားတစ်ယောက်ဖြစ်တဲ့ Barney Smith ဆိုသူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကတည်းက သူရဲ့ ကြီးကျယ်ခမ်းနား တဲ့ အိမ်သာ ထိုင်ခွက်ပေါ်မှာ အလှဆင်တဲ့ ပြတိုက်ကြီးကို စတင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ လောက်တုန်းကတော့ သမင်ချို ချိတ်ဖို့ အောက်ခံ အပြားလိုက်ရှာရကနေ သစ်သားနဲ့ လုပ်ထားတဲ့ အိမ်သာ ထိုင်ပြား ကိုတွေ့ရှိခဲ့တာကနေ ပြီးတော့ အိုင်ဒီယာ ရသွားပြီး ပြုလုပ်ခဲ့လိုက်တာ အခုဆိုရင် ၇ဝဝ ကျော်ရှိတဲ့ အိမ်သာ ထိုင်ခွက်အဖုံးပြားတွေမှာ အလှဆင်ထားသော အနုပညာ ပြတိုက်တစ်ခုရဲ့ ပိုင်ရှင်ကြီးဖြစ်နေပါပြီး။ ဒီလိုအိမ်သားပြားတွေကို အိမ်ပေါ်ယူလာပြီး လုပ်လို့ လားတော့မသိဘူး မိန်းမက အိမ်ပေါ်မှာမနေဖို့ မောင်းချတဲ့ နောက်ပိုင်း ကားဂိုထောင်တစ်ခုမှာ သူရဲ့ အိမ်သာဖုံး အနုပညာတွေကို ထိမ်းသိမ်းထားခဲ့ပါတယ်။ သူကတော့ သူရဲ့ အနုပညာအလှပေါ်မှာ ဉာဏ်ကွန့်ပြီး ဘယ်လို့ ပိုလှအောင်လုပ်ရမလဲဆိုတာ

အမြဲတမ်းစဉ်းစားလုပ်ကိုင်နေသူတစ်ယောက် ဖြစ်ပါတယ်။ အသက် (၈၉) ရှိပြီးဖြစ်တဲ့ Barney Smith ဟာ သူ့ရဲ့အနုပညာ နဲ့ အလှဆင်ထားတဲ့ အိမ်သာအဖုံးပြား တွေကို လုံးဝ ရောင်းချခြင်းမပြုပါဘူး။ သူအတွက်တော့ ထိုအဖုံး အားလုံးဟာ အလွန်ကို တန်ဖိုးရှိလှပါတယ်။ (ဟုတ်မှာပေါ့ မိန်းအိမ်ပေါ်ကမောင်းချထားတဲ့ အထိ အရင်းအနီးက ကြီးခဲ့တာကို) ။ သူ့အတွက် အလှဆင်တဲ့ ကုန်ကြမ်းတွေကိုတော့ သူ့နေတဲ့ နေရာနားက ကုမ္ပဏီတစ်ခုနဲ့ အခြားသော အလှူရှင်များမှ ပေးကမ်းထားသော ပစ္စည်းများ ဖြင့် အလှဆင်ခဲ့တာဖြစ်ပါတယ်။ အသက် ၉ဝ နားနီးနေပြီဖြစ်သော်လဲ သူ့ရဲ့ အနုပညာအလှဆင်ဖို့ အတွက် စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published.