Drive Saver Factory Tour

saundMay 12, 20121min03


May 11, 2012 ဒီနေ ့တော့ Drive Saver Factory ဆိုတဲ့ ကုမ္မဏီကို လေ့လာရေး သွားခဲ့ ပါတယ်။ ကွန်ပျူတာကို အသုံးပြုပြီး မှတ်တမ်းတွေ ရေးသိမ်းနေရတဲ့ ယခုခေတ်မှာ ကွန်ပျူတာအပြင် စာရွက်မှတ်တမ်းကိုပါ သိမ်းရပါတယ်။ ကွန်ပျူတာက မှတ်တမ်းတွေကို disk လို ့ခေါ်တဲ့ ဓါတ်ပြားမှာ ရေးမှတ် သိမ်းဆည်းတဲ့ အခါမှာ တခါတလေ ပြန်ဖတ်လို ့မရတာ တွေ ့ဖူး ကြမှာပါ။

ဓါတ်ပြားတွေကို ပေါင်းပြီး အခွံတခုထဲမှာ ထည့်ပြီး ဓါတ်ပြား မျက်နှာတွေကို ဖတ်တဲ့ ဓါတ်စက်အပ်တွေက ဓါတ်ပြား အဝိုင်းတလျှောက်မှာ ရေးတာ ဖတ်တာ လုပ်ပါတယ်။ ဓါတ်ပြားတွေတချပ်နဲ ့တချပ်အကြားမှာ ဓါတ်စက်အပ်တွေ အတွင်းအပြင် ရွေ ့လျှား ပြီး အရစ် အလုက် ဖတ်ပါတယ်။ ဓါတ်ပြားတွေကို ရေပြင်ညီတဲ့ နေရာမှာ ထားပြီး ဖတ်ရင်တောင် စက်အပ် ရွှေ ့လျားမှု ့က လည်း ရေပြင်ညီ ဖြစ်မှ ဓါတ်ပြားတွေကို အပ်က မခြစ်မိမှာ ဖြစ်ပါတယ်။

သိမ်းထားတဲ့ စာတွေ data တွေကို ပြန်ဖတ်တဲ့အခါ ဖတ်မရတာ ဖိုင်ပျက်တာတွေ ဟာ အပ်သွားက ဓါတ်ပြားနဲ ့အပြိုင် ရေပြင်ညီမဖြစ်ဘဲ ဒီဂရီ အနည်းငယ်စောင်းတာနဲ ့ဓါတ်ပြားကို ဖျက်ဆီးတာလည်း ဖြစ်နိုင်ပါတယ်။ မမြင်နိုင်တဲ့ ဖုံဝင်မိပြီး မဖတ်နိုင်တာ ပျက်စီးတာလည်း ဖြစ်နိုင်ပါတယ်။ Harddisk ကိုယ်တိုင်က ပျက်တာလည်း ဖြစ်နိုင်သလို ဝါယာကြိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုဘဲ ပျက်ပျက် ကိုယ့်ရဲ့ အရေးကြီးတဲ့ ဖိုင်တွေ ပြန်ဖွင့်မရတာ အလွန်တန်ဖိုးကြီးပါတယ်။ ကုမ္မဏီရဲ့ အရေးကြီးတဲ့ ဒေတာတွေ ပြန်မဖတ်နိုင် တခြားမူပွားလည်း မရှိခဲ့ရင် ပျက်နေတဲ့ Harddisk ထဲက ဖတ်မရတဲ့ ဖိုင်တွေထဲက ပြန်ရနိုင်သလောက် ယူနိုင်ရင် အလွန်တန်ဖိုးရှိပါတယ်။

Drive Saver ဆိုတဲ့ကုမ္မဏီက အဲဒီလို ပျက်နေတဲ့ Harddisk ထဲက ဖိုင်တွေ တတ်နိုင် သလောက် ပြန် ဆွဲထုတ် ယူနိုင်သလောက် ယူပေးပါတယ်။

ကျမတို ့လို လူပိန်းနားလည်သလောက် သိလာတာတွေကို အကျည်းချုပ် ဝေမျှရရင်

၁. ရောက်လာတဲ့ Harddisk တွေကို ရက်စွဲ နာမည် လိပ်စာ စသဖြင့် မှတ်တမ်းယူထားပါတယ်။
၂. ရောက်လာတဲ့
Harddisk တွေဟာ ညစ်ပတ်နိုင်တာဖြစ်လို ့ (Harddisk) ကို အပြင်ပတ်လည် ကို ဓါတုဆေးနဲ ့အညစ်ကြေးစင်အောင် သန် ့စင်ပါတယ်
၃. အတွင်းပိုင်းကို သန် ့စင်ဖို ့အတွက် လေစုပ်စက်ဘီဒိုထဲ ထည့်ပြီး ဖုံတွေကို သန် ့စင်ပါတယ်။
၄.
Harddisk က ဖတ်မရရင် အတွင်းကို ပါ စစ်ရမှာ ဖြစ်လို ့ အပြင်ခွံကို ဖွင့်ပြီး အတွင်းက အပ်နေရာ မှန်မမှန် alignment စစ်ဖို ့လိုပါတယ်။ အပ်ကို သန် ့စင်ဖို ့ဓါတုဆေးရည်တွေနဲ ့ဂျီးတွေ ဖုံတွေ ဆေးကြောပါတယ်။
၅. အပ်ပြန်တပ်တာလည်း အရေးကြီးပါတယ်။ အပ်က ရေပြင်ညီအတွင်းပြင် မသွားနိုင်ရင် ဓါတ်ပြားကို ခြစ်သွားနိုင်လို ့ ဂရုစိုက်ရပါတယ်။
၆.
Harddisk က သန် ့ရှင်းသွားတာနဲ ့ ကွန်ပျူတာ နဲ ့ချိတ်ရပါတယ်။
၇. သူတို ့ကွန်ပျူတာတွေမှာ
Harddisk အများကြီးတပ်နိုင်အောင် external hard drive hub မှာ တပ်ပါတယ် (tape reader)လို ပုံစံမျိုး stack အဆင့်လိုက်ထည့်နိုင်တဲ့ စက်တွေ ဖြစ်ပေမဲ့ Harddiskတခုချင်း ကို ဖတ်မှာ ဖြစ်လို ့ Harddisk တခုဘဲ တပ်ပါတယ်
၈. သူတို ့ဆီမှာ စပါယ်ရှယ်ဆော့ဝဲနဲ ့ဖတ်ပြီး ဓါတ်ပြားမှာ ရှိတဲ့ ဒေတာdata တွေကို ဖတ်ပါတယ်။
၉. ဓါတ်ပြားတဝိုင်းမှာ အဝိုင်းတရစ်စီရှိပြီး တရစ်စီ track မှာ အပိုင်း၈ပိုင်း sector ပိုင်းဖြတ်ပါတယ်။
၁ဝ ကျမတို ့ကွန်ပျူတာမှာ ရေးသိမ်းလိုက်တဲ့ ဒေတာတွေဟာ အပိုင်းတပိုင်းစီမှာ ရေးပါတယ် ရေးရင် ဖိုင်တခုလုံးကို ရေးရင် အပိုင်းတခုမှာ မဆန် ့နိုင်လို ့တခြား အပိုင်းမှာ ရေးရပါတယ်။
၁၁. ပထမဆုံး စရေးတဲ့ hard disk ဆိုရင်တော့ ပထမ ဖိုင်အတွက် အဝိုင်းရစ်နဲ ့အပိုင်းတွေဟာ ဆက်တိုက် ရှိနိုင် ပေမဲ့။ ဖျက်လိုက် အသစ်ပြန်လိုက် ပြန်သိမ်းလိုက် လုပ်ရင် နဂိုမှာ ရေးထားတဲ့ ဆက်တိုက် ရေးမှတ်ထားတဲ့ နေရာ ထက် ပိုတာ လျော့တာ ရှိနိုင်ပါတယ်။ လျော့ခဲ့ရင် အဲဒီနေရာမှာ ဒေတာ သိမ်းလို ့ရနိုင်သလောက ်ရေးမှတ်ပါတယ်။ မူလနေရာ ပမာဏထက် များရင် ဖိုင်ရဲ့ မရေးရမသိမ်းရသေးတဲ့ စာတွေကို
Harddisk ဓါတ်ပြားရဲ့လွတ်နေတဲ့ အဝိုင်းရစ် ထဲက အပိုင်းတွေမှာ ရေးမှတ် သိမ်းရပါတယ်။

ဖျက်လိုက် ရေးလိုက် လုပ်တာ များလာရင် Harddisk ထဲက ဓါတ်ပြားမှာ သိမ်းတဲ့ ဒေတာ တွေဟာ ဓါတ်ပြားတချပ်မှာ ဟိုနေရာ ဒီနေရာ ရေးရလို ့ပြန် ့ကြဲနေပါတယ်။ အဲဒီလို ့နေရာ တွေကို ဘယ်နေရာ ဘယ်အပိုင်း ဘယ်အရစ် ဆိုတာ နံပါတ်တွေနဲ ့မှတ်ထားရပါတယ်။

ကွန်ပျုတာ က ဖတ်ပြီဆိုရင်အခုနက မှတ်ထားတဲ့ အချက်တွေကို ဒေတာဘေ့စ် Database ထဲကနေ ယူပြီး နေရာ အနံ ့က ဖတ်ပြီး ဖန်သားမျက်နှာပြင်မှာ စုစည်း တင်ပြပေးပါတယ်။

Drive Saver က တော့ အဲဒီDatabase ထဲက နေရာတွေကို လိုက်ပြီး ဖတ်ပြီး အစီစဉ် ပျက်ရင် တတ်နိုင်သလောက် ပြန်စီပေး ပါတယ်။ တချို ့ဓါတ်ပြားတွေ ပျက်စီးလို ့ဒေတာတွေ ဖတ်မရတာမျိုး ဆိုရင် ဖတ်နိုင်သလောက် တွဲစီပြီး ဖိုင်တနေရာကို ကူးပေးပါတယ်။ တကယ်လို ့သင်ခန်းစာ ၁-၅ ထဲမှာ သင်ခန်းစာ ၂ နဲ ့၄ဘဲ ပြန်ဆွဲနိုင်ပြီး ကျန်တဲ့ သင်ခန်းစာတွေ ပျက်ရင်တောင် ပျက်တဲ့ missing data မပါတဲ့ ဖတ်နိုင်သလောက် ပြန်ကူးပေးပါတယ။်

အလုပ်အပ်သူတွေကတော့ သူတို ့ဒေတာတွေ ကို Harddisk အသစ်မှာ ရေးထဲပြီး ပျက်နေတဲ့ Harddisk နဲ ့အတူ အလုပ်အပ်သူတွေကို ပြန်ပို ့ပေးပါတယ်။

ထူးခြားတာက ကွန်ပျူတာ သမားတွေ သုံးတဲ့ ဖိုင်ပျက်တာတွေကို ပြန်ရအောင် ယူပေးတဲ့ သူတွေတော့ ကွန်ပျူတာ ဘွဲ ့တွေ မရကြပါဘူး။ လက်တွေ ့ကနေ လေ့လာပြီး ကွန်ပျူတာ သမားတွေကို ပြန်ကူညီနေတယ် ဆိုပါတယ။်

(သို ့သော်လည်း သူတို ့ဖာသာ ကွန်ပျူတာ နည်းပညာတွေ ဆက်သင်ကြားနေတယ်လို ့တော့ သိရပါတယ်။) အဲဒီ
Drive Saver က ကင်မရာထဲက ပုံPhoto တွေ ဖုံးထဲက မက်စေ့ Message တွေ ကိုလည်း ပြန်ယူပေးနိုင် တယ်လို ့သိရပါတယ်။

DriveSavers, Inc.
400 Bel Marin Keys Blvd
Novato
CA 94949
1 415 381 2000

(လူပိန်းနားလည်သလောက် ရေးထားတဲ့ အတွက် အမှားပါရင် မှတ်ချက်မှာ အမှန်ပြင်ပေးသွားပါ။ ကျေးဇူးတင်နေမှာပါ။)

 

ထပ်ဖြည့်

အပေါ်က ရေးထားတာက ကုမ္မဏီက လုပ်တဲ့ နည်းတွေပါ။ ကိုယ်တိုင် hard disk ကို ဖြုတ်ခဲ့ရင် ပျက်ဖို  ့များပါတယ်။ ဒါတွေက ဖုံလုံတဲ့ အခန်းထဲမှာ လူတွေကလည်း မျက်နှာရော လက်ရော ခြေထောက်ရော အလုံဖုံးထားတဲ့ င်္အကျီဝတ်ပြီးလုပ်ရတာပါ။ ဖုံမရှိနိုင်အောင် သန် ့ရှင်းအောင် ထားတဲ့ အခန်းထဲမှာ လုပ်ရတာပါ။

တကယ်ပြောရရင် hard disk တန်ဖိုးထက် အတွင်းက ဒေတာ ကပိုတန်ဖိုးရှိတဲ့ အတွက် အဲဒီကုမ္မဏီကို အပ်ပြီး data recover လုပ်ရတာပါ။ ဈေးကလည်း မသေးပါဘူး ဒေါ်လာ ၅၀ဝ က နေ ၂၀၀ဝကျော် ရှိပါတယ်  း-)

3 comments

  • water-melon

    May 12, 2012 at 8:00 am

    ကျေးဇူးဘဲချင့်
    မှတ်သားသွားပါတယ်
    ဖြုတ်ကြည့်အုန်းမှ 😀

    Reply

  • windtalker

    May 12, 2012 at 1:34 pm

    ဆိုနီမန်မိုရီကဒ်ကတော့ ၊ သူ ့မှာပါတဲ့ ကုဒ်နဲ ့အွန်လိုင်းကို တစ်ခါတက်ထားရင် ၊ ကဒ်ပျက်လဲ ကဒ်ထဲပါတာတွေ ပြန်ရတယ် ပြောတာဘဲ ။ စမ်းတော့ မစမ်းကြည့်ရဲပါဘူး ။

    Reply

Leave a Reply

Your email address will not be published.