သိပ်ချစ်လွန်းလို့

သိပ်ချစ်လွန်းလို.ပါချစ်သူရယ်…..

ချည်နှောင်တာ မဟုတ်ပါဖူး

ခိုင်မြဲချင်လို့ပါ ……..

မွန်းကြပ်သွားရင်

တောင်းပန်ပါရစေ ……..

ချုပ်ချယ်တာ မဟုတ်ပါဖူး

စိုးရိမ်လို့ပါ …….

စိတ်အနှောင့်အယှက်ဖြစ်သွားရင်

တောင်းပန်ပါရစေ …..

မယုံကြည်တာ မဟုတ်ပါဖူး

အားငယ်လို့ပါ …..

ရိုးသားမှုကို စော်ကားသလိုဖြစ်သွားရင်

တောင်းပန်ပါရစေ …..

ရစ်တာ မဟုတ်ပါဘူး

ချစ်လို့ သဝန်တိုတာပါ …..

စိတ်ရှုပ်သွားရင်

တောင်းပန်ပါရစေ ……

မသေချာလို့ မဟုတ်ပါဖူး

အခါခါကြားချင်လို့ပါ ….

ပြောရတာ မောနေရင်

တောင်းပန်ပါရစေ ….ချစ်သူရယ်

23 comments

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 11, 2012 at 4:25 pm

    ကောင်းတယ် … good good

    Reply

  • Onyx

    May 11, 2012 at 5:37 pm

    ဝင်ဖတ်ကြည့်ရင်း ကြိုက်လို့ ကူးသွားတယ်နော် ။

    Reply

  • ထုံးဘဲဥ

    May 11, 2012 at 6:33 pm

    မင်း မချည်နှောင်ပေမယ့် မင်းအတွက်ကိုယ့်ကိုကိုယ် ချုပ်နှောင်ထားပါတယ်
    မင်း မချုပ်ချယ်ပေမယ့် ကိုယ့်ကိုကိုယ် ဖိနှိပ်ထားတာပါ
    အခါခါ ကြားချင်ရင် ရင်နှစ်ချမ်း ဗြန်းဗြန်းကွဲသွားပါစေ ချစ်သူ ထပ်တလဲလဲပြောပြပါ့မယ်
    အာဟိဟိ ……. ဝင်ရှုပ်သွားဘီ 😆
    လစ်ပြီဗျို့… ဝှီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    Reply

    • shwe kyi

      May 11, 2012 at 6:56 pm

      မှန်၏။ မိန်းကလေးအများစုကား ချစ်လွန်းလို့ပါလို့တောင်းပန်လာရင်တော့ကြိုက်သလောက်သာ
      ချုပ်ချယ် ကြိုက်မှကြိုက်။

      Reply

  • မဟာရာဇာ အံစာတုံး

    May 11, 2012 at 6:44 pm

    ဗဲဒီးဂွတ် ..
    ဒီတော်ကီတွေ ကူးထားဦးမှ .. 😀

    Reply

  • windtalker

    May 11, 2012 at 7:01 pm

    ချစ်သူတောင်းပန်
    ညှစ်သူကောင်းစံ
    ပစ်အပူအကြောင်းမှန်
    လစ်ယူသောင်းတန် ။

    Reply

  • အရင့်ရောင်ရေ. ရစ်မယ်ဆိုရင်တော့ ရစ်လုံယူလာမှပါ။
    မလွယ်ဘူးမလား။ရစ်ချက်————–ဟီးနောက်တာနော်

    Reply

  • pazflor

    May 12, 2012 at 2:15 am

    ဂွတ်တယ်ဗျာ။ ခံစားချက်တွေနဲ ့တိုက်ဆိုက်သွားပါတယ်။
    လက်မတစ်ချောင်းထောင်သွားပါတယ်ဗျ။

    Reply

  • အရင့်ရောင်

    May 12, 2012 at 10:25 am

    အချစ်အကြောင်း ရေးဖွဲ့ရလျှင်တော့
    နဲနဲရှည်မယ်ထင်တယ်ဗျ……
    စာရွက်ဆိုတဲ့ ဗလာပြင်မှာ
    ညာလက်ကို အသာတင်ပြီးတော့
    အပြမှင် တစ်စက် ကျတာနဲ့
    သေမလောက်ချစ်တယ်လို့
    ရေးလိုက်ပါတယ်…
    မင်းကိုသိပ်ချစ်လွန်းလို့ပါ….ချစ်သူ
    ဆက်လက်ဖော်ပြပါဦးမည်
    အရင့်ရောင်

    Reply

  • အရင့်ရောင်

    May 12, 2012 at 11:50 am

    ဟိန်း ဝင်း (ထားဝယ်သား) @…အားပေးမှုကိုကျေးဇူးတင်ပါတယ်….
    Onyx @…တိုက်ဆိုင်မှု ရှိတယ်ထင်ပါ့နော်………
    ထုံးဘဲဥ@…သူ့အတွက်ဆို ဘာမဆို လို့ဟြေထားပါတယ်ဗျာ………ရင်ထဲကဆန္ဒတွေပေါ့နော်…….
    shwe kyi@…ချစ်လွန်းလို့ပါ……..အဲလိုဟြေခဲ့ဖူးသည် ထင်ပါ့နော်..ဟိဟိဟိ
    မဟာရာဇာ အံစာတုံး@…တော်ကီကို ကြိုက်တာလား အံစရာ…..အဲဗျာ….အံစာ
    တော်ကီတော်ကီ နဲ့ ဟွန်း….တော်ပီ မဟြေတော့ပါဘူး……..
    windtalker@…ချစ်တဲ့သူဆို မတောင်းပန်လည်း ခွင့်လွှတ် နားလည်ပေးထားတယ်ဗျ…ဟဟဟ
    အတိသဉ္ဖာ နာဂရချစ်သူ @…ကိုက မရစ် သူက ရစ်ပဲဗျာ……
    လွယ်ဖူး…..ဟွတ်ပါ့…….နာဂရရေ့…..
    pazflor@…လက်မလေး တစ်ချောင်းထောင်လိုက်ရုံပဲလားဗျာ…….
    တိုက်ဆိုင်သွားလို့ pazflor တစ်ယောက် အပြုံးပန်း တစ်ပွင့် ပွင့်မိလိုက်သေးတယ်လို့
    ဝန်ခံလိုက်ပါလားဗျာ………ဟားဟားဟား

    Reply

    • ဆရာရေ. ဖြေးဖြေးတော့ ရစ်ပါဗျ။အရစ်မတော် ကြိုးပြတ်တတ်ပါ၏။
      လေတံခွန်တို ့နှယ်ပေါ့

      Reply

      • အရင့်ရောင်

        May 13, 2012 at 2:52 pm

        အတိသဉ္ဖာ နာဂရချစ်သူ @
        လေတံခွန်ဆိုတာ
        စက္ကူလေးက ဖြစ်လာတာမို့ ဘဝဟောင်းကိုတော့မမေ့သင့်ပါတယ်
        အခုတော့ကွယ် သမုကြော့ရယ်…………
        ဆိုတဲ့
        ကိုလွှမ်းမိုး ရဲ့ ချစ်ကြိုးမဲ့လေတံခွန် လိုပေါ့ဗျာ
        ရစ်ဘီးကြိုးလေးဖြတ်လိုက်တာပါဗျာ
        ရစ်တော့ဘူးနော်
        ချစ်လို့ပါဆို
        စိတ်ဆိုးရဘူးနော်
        တောင်းပန်တယ်ကွာ……..နော်……………နော်လို့
        ခွိခွိခွိ……….ဟိဟိဟိ…………..

        Reply

  • ညလေး

    May 12, 2012 at 4:48 pm

    ဪ………ပုလင်းသေးသေးလေးတလုံးထဲ………ရေအပြည်.ဖြည့်အဖုံးအလုံပိတ်ပြီး……
    ဓာတ်ပြားဟောင်းကြီးဖွင့်ထားတာပါလား………
    ကြောက်ပါပြီဗျို………..
    T-T

    Reply

    • အရင့်ရောင်

      May 13, 2012 at 2:36 pm

      @ညလေး
      ပုလင်းသေးသေး မဟုတ်ဘူးနော်
      မမူးမှာစိုးလို့
      ပုလင်း အကြီးကြီး မှာ ရေတွေမထည့်ပဲ
      အရက်တွေပဲ ထည့်လာပါတယ်
      ဓာတ်ပြားကတော့ မဟောင်းမသစ်
      အကြောင်းအသစ်ကဟြေပြရရင်တော့
      ဟတ်ချလောက်……….

      Reply

  • ကြောင်ကြီး

    May 12, 2012 at 10:20 pm

    တောင်းပန်ဘာရဇေ
    ကျစ်သူလေးရယ်
    ပန်းဈေးကြီးလို့ဘာ..
    သဝန်တိုဒယ်ဘဲ
    ဆိုဂျင်ဆို
    အလျင်လိုဘာမှ
    နင်မအိုဂင်ရ…။

    Reply

    • အရင့်ရောင်

      May 13, 2012 at 2:45 pm

      တောင်းပန်ပါရစေ………မရက်စက်ပါနဲ့
      အဲဒါက သီချင်းလေးဗျ နော်
      သဝန်တိုလည်း ခွင့်လွှတ်နားလည်မှုတွေနဲ့
      သူ့ကိုချစ်နေလျှက်ပါပဲဗျာ
      ဟိဟိ
      အလျှင်စလို ဘာမှ မလုပ်ရက်ပါဘူး……….ထည

      Reply

  • snow white

    May 13, 2012 at 2:32 pm

    အရမ်းကြိုက်ပါတယ် တကယ်ပြောတာ အရမ်းကိုခံစားရပါတယ် အရမ်းလည်း တိုက်ဆိုင်ပါတယ် ကောင်းလိုက်တဲ့ ကဗျာလေးချုပ်ချယ်တာမဟုတ်ပါဘူးစိုးရိမ်လို့ပါ အရမ်းကြိုက်တယ် အဲ့စာသားလေးကိုပိုခံစားရပါတယ် ။

    Reply

    • အရင့်ရောင်

      May 13, 2012 at 2:43 pm

      @snow white !
      တိုက်ဆိုင်မှု ဆိုတာ
      တစ်ချို့မှာ ထပ်တူညီလောက်အောင် တိုက်ဆိုင်တယ်ဆိုတာ
      လက်ခံပေးပါနော်
      အားပေးမှုကိုကျေးဇူး အထူးတင်ပါ၏
      အရင့်ရောင်

      Reply

  • အရင့်ရောင်

    May 14, 2012 at 12:23 pm

    သိပ်ချစ်လွန်းလို့……………….
    ဇာတ်သိမ်ပိုင်း ဆက်လက်ဖော်ပြပါမည်………..။
    စောင့်မျှော် ရင်ခုန် ဖို့ အတွက်……….
    ရွာသားတို့ရေ……………
    လက်တစ်ကမ်းလိုပါတော့တယ်
    အရင့်ရောင်

    Reply

  • etone

    May 14, 2012 at 1:43 pm

    ချစ်သူ …
    သိပ်ချစ်တာကို နားလည် …
    တအားပိုတယ်လို့ မဆိုရက်ပေမယ့်
    စိုးရိမ်စိတ်တွေ ပြည့်နှက် …
    သောကတွေထိုးနှပ်လို့
    သဝန်တိုစိတ်တွေရဲ့အဆုံး
    ပူလောင်ခြင်းတွေဖုံးတော့မယ် ။

    တကယ်ဆိုလေ ….
    သစ္စာတရားကိုအခြေပြု
    ခွင့်လွှတ်နားလည်မှုတွေနဲ့
    အခက်ခဲများကိုအံတု
    ဘာမှ မမှုနဲ့ချစ်သူရေ …
    သာယာတဲ့နေ့ရက် …
    အနာဂတ်အတွက်ပါဆိုတာ … ယုံကြည်ပါတော့နော် ။

    (ဟီးဟီး .. ကို အရင့်ရောင်ရေ …တစ်ယောက်တည်း ကောင်မလေးကိုပြောနေလို့ …. သူ့နေရာကနေပြီး … ဝင်အားဖြည့်ပေးလိုက်ပါတယ် … ။ နောက်တာ ဟုတ်ပါဘူးနော် … မှားတာချိယင် ဝံဓါမိဘာချင့် .. :mrgreen: )

    Reply

  • Khaing Khaing

    May 14, 2012 at 2:54 pm

    သိပ်ချစ်လွန်းလို.ပါချစ်သူရယ်…..
    ချည်နှောင်တာ မဟုတ်ပါဖူး
    ခိုင်မြဲချင်လို့ပါ ……..
    မွန်းကြပ်သွားရင်
    တောင်းပန်ပါရစေ ……..

    ချည်နှောင်တာမဟုတ်ပေမယ့် ယူဆောင်ချင်နေတာ င့ါနှလုံးကိုမဟုတ်လားကွယ် ……..

    ချုပ်ချယ်တာ မဟုတ်ပါဖူး
    စိုးရိမ်လို့ပါ …….
    စိတ်အနှောင့်အယှက်ဖြစ်သွားရင်
    တောင်းပန်ပါရစေ …..

    စိုးရိမ်တယ်ဆိုပြီး ရုပ်ရှင်ရုံရှေ့မှာ ထားပစ်ခဲ့ဖူးတယ်လေ ……….

    မယုံကြည်တာ မဟုတ်ပါဖူး
    အားငယ်လို့ပါ …..
    ရိုးသားမှုကို စော်ကားသလိုဖြစ်သွားရင်
    တောင်းပန်ပါရစေ …..

    ရိုးသားမှုကိုစော်ကားသလိုဖြစ်တာပေ့ါ သူများဖုန်းလိုင်းကမကောင်းပါဘူးဆို ……….

    ရစ်တာ မဟုတ်ပါဘူး
    ချစ်လို့ သဝန်တိုတာပါ …..
    စိတ်ရှုပ်သွားရင်
    တောင်းပန်ပါရစေ ……

    စိတ်ရှုပ်တယ် သူဖုန်းဆက်တော့ နားတွေပူအောင်နားထောင်လိုက်ရတယ်လေ ………

    မသေချာလို့ မဟုတ်ပါဖူး
    အခါခါကြားချင်လို့ပါ ….
    ပြောရတာ မောနေရင်
    တောင်းပန်ပါရစေ ….ချစ်သူရယ်

    မောတော့မောတာပေ့ါ ဒါပေမယ့်မမောဘူး …………..

    ကောင်းပါတယ် ကဗျာလေးက ……. အားပေးသွားပါတယ်နော် ……..

    Reply

  • အရင့်ရောင်

    May 14, 2012 at 3:01 pm

    ရေသောက်ပီး တော့မှ
    သေမလောက်ချစ်တာ မဟုတ်ဘူးနော်
    ကို့ ရင်ထဲက အလိုအလျှောက် ပေါ်ထွက်လာတာပါ
    သိပ်ချစ်လွန်းလို့ပါ
    ချစ်သူ

    Reply

Leave a Reply

Your email address will not be published.