အမြင် မတော်တာလေးတွေ(၂)

OnyxMay 8, 20121min012

ဒီတစ်ခါလဲ ပဲ တော်တော်လေးကို ဆိုးလွန်းပါတယ်ဗျာ ။ ဖြစ်ပုံက ဂလိုပါ ။ နေပြည်တော်ကို အလုပ်ကိစ္စနဲ့ သွားတာက နေ စတာ ။ ဆေးကုမ္မဏီ မှာ အလုပ်ဝင်ပြီး နေပြည်တော်ကို အလုပ်ကိစ္စနဲ့ သွားသွားနေရတာပါ ။အဲဆေးကုမ္မဏီဆိုတော့ ကား အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးရုံး (၄၇)ကို ပေါ့ဗျာ။ ဆေးဝါးတွေ လိုက်စင် လျှောက်တာ သက်တန်းတိုးတာ စတာတွေပါ ။

တစ်ရက် ဆေးဝါးစီစစ်ခ တို့Assement Fees /Registration Fees တွေကို FEC နဲ့ သွင်းရတယ် ခင်ဗျ ။အဲမှာ စတွေ့ တော့တာပဲ အမြင်မတော်တာတွေကို …..

ပိုက်ဆံတွေကို(FEC)  ဒီအတိုင်း သွားသွင်းလို့ မရဘူးတဲ့လေ ။ ဒါနဲ့ မေးကြည့်တယ် ဘာလို့တုန်းလို့ဆိုတော့ ပိုက်ဆံက နဲနဲ ဟောင်းတာနဲ့ လက်မခံတော့ဘူးတဲ့လေ ။နောက် သစ်တယ်ဆိုရင်တောင် ပိုက်ဆံပေါ်မှာ နဲနဲ စွန်းတာနဲ့ လက်မခံတော့ဘူးဆိုပဲ ။ပိုက်ဆံပဲဗျာ လက်နဲ့ကိုင်တာများနေရင်တောင် လက်ရာတွေဘာတွေ ထင်သွားတက်တာကို လက်မခံနိုင်ဘူး အသစ်နဲ့ ပြန်လဲ ပေးရပါကောလား ။အော်အော် ပြောတော့နိုင်ငံခြားပိုက်ဆံနဲ့ တန်ဖိုးတူတဲ့လေ ။တစ်ခြားနိုင်ငံက ထုတ်တာလဲ မဟုတ်ဘူး သူတို့ လူတွေထုတ်တာကို သူတို့လူတွေတောင် လက်မခံရဲ ဘူးဆိုတော့ ဘာသဘောသက်ရောက်ကုန်ပြီလဲ ရွာသူားတွေသာ စဉ်းစားကြည့်ကြပါတော့ ။အဲလိုအာမခံချက် မရှိရင်လဲ အစထဲက မထုတ်ကြနဲ့ပေါ့ သူတို့ပိုက်ဆံသူတို့ ပြန်ယူဖို့တောင် ခဲရင်းနေရင် အများပြည်သူတွေ လက်ထဲကိုတော့ ရော့အင့်ဆိုပြီး ထည့်နိုင်ကြတယ်ဆိုတော့ကား…………စဉ်းစားသာ ကြည့်ကြပါတော့ ရွာသူားအပေါင်းတို့ ။   ။

အမြင်မတော်တာလေးတွေပြောပါတယ် ။

တရားမျှတမှုကို လိုလားတဲ့…….Onyx!

12 comments

  • etone

    May 8, 2012 at 4:49 pm

    နောက်ဆို ပိုပြီးတောင် အဖြစ်သည်းဦးမယ် …. ။
    တခြားနိုင်ငံမှာတော့ မသိဘူး .. ဒီနိုင်ငံမှာ .. အစွန်းထင်းမပြောနဲ့ .. ခေါက်ရိုးကျိုးလျှင်တောင် ..ဈေးနှိမ်ပေးပါတယ် ကိုယ်တွေ့ ခံရပြီးလို့ … ။
    ဘာမဆိုင် ညာမဆိုင် FEC ဈေးက ဒေါ်လာဈေးထက်ကြီးသွားပြီ .. ဒီနေ့ rate 830 တဲ့ .. ဖီးးးးးးးးးး 👿

    Reply

  • ဗိုက်ကလေး

    May 8, 2012 at 4:58 pm

    အမာဆုံးကတော့ မြန်မာကျပ်ငွေပဲဗျ
    တိပ်ကပ်၊ကော်ကပ်၊ ပလပ်စတစ်အုပ်ထားလဲ သုံးလို ့ရတယ်လေ

    Reply

    • Davit

      May 8, 2012 at 5:33 pm

      အာဗျာ….ကိုဗိုက်ကလေးကလည်း….ကိုဗိုက်ပြောတဲ့ ပလပ်စတစ်အုပ်ထားတဲ့ ပိုက်ဆံဆိုတာကို နေရာတော်တော်များများသုံးမရတော့ဘူးဗျ…ဧကာဏ ဘုံဆိုင်မှာသုံးလို့ရခဲ့တယ်နဲ့တူပါ့….(ကိုယ်တွေ့ထင်တယ်နော်…ဟီး…)

      Reply

  • ဗိုက်ကလေး

    May 8, 2012 at 5:54 pm

    ဒီအပေါ်မှာ ဦးဗစ်ဗစ်ရဲ့ ကွန်းမန် ့တစ်ခု စပန်ထဲ ဝင်နေတယ် တဂျီးရေ
    တွေ ့မိရင် ပြန်ထုတ်ပေးပါဦး..
    တားတားကို ဘုံဆိုင်က အရက်တမားလို ့ စွတ်စွဲလို ့လားတိဘူး..
    ကောင်းတယ် ကောင်းတယ် တူတော်ကောင်းကို ပြစ်မှားချင်ဦး

    Davit

    Submitted on 2012/05/08 at 5:33 pm | In reply to ဗိုက်ကလေး.
    အာဗျာ….ကိုဗိုက်ကလေးကလည်း….ကိုဗိုက်ပြောတဲ့ ပလပ်စတစ်အုပ်ထားတဲ့ ပိုက်ဆံဆိုတာကို နေရာတော်တော်များများသုံးမရတော့ဘူးဗျ…ဧကာဏ ဘုံဆိုင်မှာသုံးလို့ရခဲ့တယ်နဲ့တူပါ့….(ကိုယ်တွေ့ထင်တယ်နော်…ဟီး…)

    Reply

  • ster

    May 8, 2012 at 5:56 pm

    FEC တင်မဟုတ်ဘူး။ ၅ ထောင် တန်ကို နဲနဲအစွန်းပါရင် ဘဏ်တွေက မယူချင်ကြဘူး။ why?

    Reply

  • Thel Nu Aye

    May 8, 2012 at 7:00 pm

    အော်ဒေါ်လာဆိုလဲနဲနဲဟောင်းရင်မယူပါဘူး။ အဲတော့မေးလိုက်တယ်လေ ဒီမှာမဝယ်ရင်ဘယ်မှာသုံးရမှာလဲ လို့။ သူကပြန်ဖြေပါတယ်။ နိုင်ငံခြားသွားတဲ့သူတွေကိုပေးလိုက်ပါ။ ဟိုမှာသုံးလို့ရတယ်တဲ့။ ရိုက်ချင်စိတ်ကိုမနဲ ချုပ်တည်းပြီးပြန်ခဲ့ရပါကြောင်း။

    Reply

  • Onyx

    May 8, 2012 at 8:35 pm

    ဟုတ်ပါ့ မအိတုံရေ ဈေကနှိမ်တာမှ ပြောမနေနဲ့တော့ ကျွန်တော့ဆို ဟိုကလက်မခံဒီမှာ ပြန်ရောင်းကော ။
    အဲ ကိုဝယ်တဲ့ သူစီကို ပြန်ရောင်းတာ တောင် ဈေးက အနှိမ်ခံရပါသေးကော။ ဒေါ်လာထက် ဈေးမြင့်လဲ
    အဲလို အာမခံချက်တွေ မရှိတော့ အလကားပါပဲ သူတို့ ထုတ်တာကို တောင် သူတို့ ပြန်ယူဖို့ လက်တွန့်နေတာ
    ဒေါ်လာဆိုရင်တောင် နိုင်ငံခြားသွားမဲ့ သူကို ပေးလိုက်လို့ ရသေးတယ် ခုဟာကတော့ လုံးဝစိတ်ပိန်ဒလယ်။
    ကိုဗိုက် ပြောသလို အခုနောက်ပိုင်းမရတော့ ဘူးနော် ဟိုနေ့က နဲနဲတိပ်ကပ်ထားတဲ့ နှစ်ရာတန်ကို
    ကားသမားတွေတောင် လက်မခံဘူးဗျ ။
    မသဲနုအေးရေ ဒေါ်လာ မပြောနဲ့ သူတို့တွေ ကိုယ်တိုင်ထုပ်တဲ့ ပိုက်ဆံကိုတောင် သူတို့ ပြန်လက်ခံဖို့ တော်တော်လေး ပြောရတာ။ster ပြောသလိုပဲ ငါးထောင်တန်တောင် နဲနဲစွန်းတာပါရင် လက်မခံဘူး ။အဲဒါကြောင့် လစာထုတ်ရင်တောင် တစ်ထောင်တန်ပဲ ပေးပါလို့ ပြောထားရတယ်။
    အော်အော် အမြင်မတော်တာတွေပြောပါတယ်နော်……………

    Reply

  • may flowers

    May 9, 2012 at 8:39 am

    ဟုတ်ပါ့ ကိုယ်လည်းတစ်ခါဖြစ်ဖူးတယ်။ ၅၀၀ဝ တန်အနွမ်းလေးတစ်ခု ရထားတုန်းကပါ။

    ဟိုဆိုင်ပေးလဲမယူ ဒီဆိုင်ဝယ်လဲမယူနဲ့ ဒုက္ခရောက်လိုက်တာလေ။ ပိုက်ပိုက်ရှိတဲ့လူတွေက

    ၅၀၀ဝ လောက်ဘာမှမဟုတ်ပေမဲ့ ကိုယ်တွေလိုအခြေခံလူတန်းစားတွေအတွက်ကတော့ ၅၀၀၀

    လဲ ၅၀၀ဝအလျောက် တန်ဖိုးရှိတာမို့ အုပ်လိုက်ကိုင်သုံးနိုင်တဲ့လူဆီမှာ တောင်းတောင်းပန်ပန်နဲ့ညှပ်

    သုံးလိုက်မှ အဆင်ပြေသွားတော့တယ်။ ဟင်းး…မောထှာ

    Reply

  • Onyx

    May 9, 2012 at 9:54 am

    ဟုတ်ပါ့ may flower ရေ 5000 တန်ဆိုတာက ကားစီးရင် တစ်ပါတ်လာက်ကို စီးရတဲ့ ပိုက်ဆံပဲကို အဲဒါကြီးက ဟိုနားလဲ သုံးမရ ဒီနားလဲ သုံးမရနဲ့ တစ်ခါက စိတ်တိုတာနဲ့ ဖျဲပလိုက်ရော (စိတ်ထဲမှာ)။
    ညီမလေးတွေကို နင်တို့ သုံးရရင်ယူလိုက်လို့ပေးလိုက်ရတယ် ။

    Reply

  • moethidasoe

    May 9, 2012 at 5:04 pm

    ဒါလေးများ ပြောနေကြသေးတယ် .. ဈေးထဲမှာ လက်ခံတယ် .. အစိုးရ ရုံးတွေ နဲ့ ကုမ္ပဏီတွေသာ လက်မခံချင်တာပါ
    တက္ကစီ စီး လက်ခံတယ် .. ဂျာနယ် ဝယ် လက်ခံတယ် .. ရတဲ့နေရာတွေ အပုံကြီး .. ဟီး ဟီး

    Reply

  • မြန်မာငွေ ၁၀၀-၂၀ဝကျပ်တန်များ ရာသက်ပန် အသုံးဝင်၏
    မှတ်ချက်။။ကပ်ရာ မပါလျှင် အတုပါ

    Reply

  • ကြောင်လေး

    May 13, 2012 at 10:29 pm

    ငါးထောင်တန် မှင်စွန်းကို သူတို့ကိုသွားသွင်းရင်သာ လက်မခံတာ။ သူတို့ ထုတ်ပေးလိုက်တဲ့အုပ်ထဲမှာတော့ပါလာတယ်။
    သုံးလို့မရဘူးဆိုတဲ့ပိုက်ဆံကို သူများဆီ လှည့်မသုံးတော့ဘူး၊ သူများဆီ ရောက်သွားရင်လည်းကိုယ့်လိုပဲ စိတ်ဆင်းရဲရဦးမှာ ကိုယ်ချင်းစာတယ်၊ အဲလိုပဲပြန်လည်နေဦးမှာဆိုတော့ တကယ်ကို ဘဏ်ရှေ့မှာတင်ဖြဲပစ်လိုက်တာ နှစ်ခါရှိပြီ။
    တစ်ထောင်တန်နဲ့ ငါးရာတန် ကိုပြောတာ
    ငါးထောင်တန်ကိုတော့ (ဟီးဟီး)

    Reply

Leave a Reply

Your email address will not be published.