တစိမ့်စိမ့်တွေး တဖြေးဖြေးရီရအောင်

Yin Nyine NwayMay 6, 20121min08

ကိုချာတူး (ရွာထဲက ချာတူးလန်မဟုတ်) တယောက် သူငယ်ချင်းတွေနဲ့ တောထဲသွားကြတယ်
တောထဲရောက်တော့ သူတို့ကို တောတွင်း အသားစားလူရိုင်းတွေဖမ်းမိသွားကြတယ်
သူတို့ကို ခေါင်းဆောင်က တောထဲမှာ ကြိုက်တဲ့ အသီး 3လုံးသွားခူးခိုင်းတယ်
ကိုချာတူးသူငယ်ချင်း2ယောက်မှာ တယောက်က
ငါ လိမ္မော်သီး ခူးလာရင်တော့ ခေါင်းဆောင်ကြီးက ကြိုက်မှာပဲတဲ့
သူက ချိုပြီး အရေရွန်းတယ်ဆိုပြီး
3လုံးခူးလာတယ်
နောက်တယောက်ကတော့ ဆီဖြူသီးဆို ရေနဲ့သောက်ရင်းစားရင် ချိုမှာ ဆိုတော့ ခေါင်းဆောင်ကြီးကြိုက်မှာသေချာတယ်ဆိုပြီး 3လုံးခူးလာတယ်
နောက် သူတို့ 2ယောက် ခေါင်းဆောင်ကြီးဆီလဲရောက်ကော …ခေါင်းဆောင်က
နင်တို့ခူးလာတဲ့ အသီး3လုံးကို ကိုယ့်ဖင်ထဲ ကိုယ် ထည့်ပြရမယ်လို့ ပြောလိုက်တယ်
တကယ်လို့ ထည့်ရင်းမျက်နှာပြောင်းရင် အသံထွက်ရင် သတ်စားမယ်လို့ပြောလိုက်တယ်
ပထမတယောက်က လိမ္မော်သီးဆိုတော့ ထည့်လို့မရဖြစ်နေတယ်
နောက်တယောက်က ဆီးဖြူသီး 2လုံးဝင်သွားပြီးတဲ့နောက်မှာ
တအားအော်ရီတယ်
ဒါနဲ့ပဲ သူတို့2ယောက်အသတ်ခံရတယ်
နောက် ကိုချာတူးရောက်လာတယ်
သူလည်းမထည့်နိုင်လို့ အသတ်ခံရတယ်
သမလွန်ဘဝမှာ သူတို့သုံးယောက် ပြန်ဆုံကြတယ်
ပထမသူငယ်ချင်းက ဒုတိယ သူငယ်ချင်းကိုမေးတယ်
ငါက လိမ္မော်သီးမလို့ ထည့်မရတာထား
နင်က ဘာလို့ ရီရတာတုန်း လို့မေးတော့
ငါ ဆီးဖြူသီး 3လုံးမကဘူး 10လုံးလည်း ထည့်နိုင်တယ်တဲ့
ကိုချာတူး သယ်လာတဲ့ အသီးကို မြင်ပြီး ရီတာလို့ပြောတယ်
ကိုချာတူး ဘာအသီးခူးလာလဲသိလား. !!!!!!!!!!!!!!!!!!
ဒူးရင်းသီး 3လုံးကို မနီုင်မနင် မလာတယ်

(….. စီးတီးမတ် ရောက်လို့ ဒူးရင်းသီးမြင်တိုင်း ….ဒီဟာသလေးကို သတိရလို့ပါ )

8 comments

  • ဗိုက်ကလေး

    May 6, 2012 at 7:13 pm

    ဟားဗျာ..
    ကျုပ်ဘော်ဒါ အူးပေဆို ဗူးသီးဆယ်လုံးလောက်တော့ အသာလေးပဲလို ့ပြောတယ်ဗျ..
    ဒါကြောင့် သူအသတ်မခံရပဲ ဘောလုံးပွဲမှာ ဘောကောက်လုပ်နေနိုင်တာဆိုပဲ
    ကောက်ထားတဲ့ဘောတွေ ပိုက်မထားပဲ ဘယ်ထဲ ထည့်ထားတယ်ဆိုကလားပဲဗျာ..
    သေချာတော့ မန်းလေးရောက်မှ မေးခဲ့ပါဦးမယ်ဗျာ..
    လေးစားလျက်
    အူးဗိုက်
    😆

    Reply

  • windtalker

    May 6, 2012 at 7:43 pm

    ရင်ငြိမ်းလေးရေ ၊ ကိုပေ့ ဘောကို အငှားပိုက်ပေးနေတဲ့သူကတော့ အပေါ်က တစ်ယောက်ပါဘဲကွယ် ။ သူ ့ခဗျာ ပိုက်ပါရစေ ဆိုပြီး ဇွတ် ဒူးဖက်မတတ်ပြောလာပြန်တော့ ၊မိတ်ဆွေရင်းတွေလဲ ဖြစ်ပြန်ဆိုတော့ က ၊ မကောင်းတတ်ဘူးလေ ၊ သိတယ်မို ့လား ။
    ဟီဟိ …

    Reply

  • ကြောင်ကြီး

    May 7, 2012 at 8:08 am

    ချာတူးဂို
    စာမရူးနဲ့
    ပြာလူးသွားမယ်၊
    ဟွာဖူးမှာ
    နှာဘူးလိုက်တာ
    အာဆူးခံရဒယ်၊
    ကြာဖူးရယ်
    လာဦးလို့
    အဝှာမမြူးရဲဒေါ့ပါ။ 🙄

    Reply

  • Thel Nu Aye

    May 7, 2012 at 10:57 am

    မနေ့ကအပြင်သွားတယ်။ ရှေ့မှာဒူးရင်းသီးကားကြီးတွေ့တယ်။ ဒူးရင်းသီးတွေအပြည့်ပဲ။ ထူးထူးဆန်းဆန်း ပုံပြင်ကိုသတိမရပဲနွေးသီးကိုပဲသတိယသွားတယ်။ ဟီဟိ။

    Reply

  • etone

    May 7, 2012 at 11:19 am

    ကိုချာတူးလို့ ဆိုကတည်းက … မချာတူး မဟုတ်မှန်း ၊ ရွာထဲက သဂျီးသမော်ဒီး ချာတူးလေးမဟုတ်မှန်း အော်တော်မစ်တစ် နားလည်ပါတယ် ယဉ်ငြိမ်းရေ .. :mrgreen:

    ပို့စ်နဲ့ မဆီမဆိုင် ချာတူးကို မတွေ့ခင်က အထိ … မောင်ချာတူးလို့ပဲ ထင်ခဲ့တာ …. ပထမဆုံးအကြိမ်ကိုပေါက်လာလို့ ဆုံကြတုန်းက … ချာတူးလမ်းမတွေ့လို့ ဖုန်းလှမ်းဆက်တဲ့အခါ …. ညီမလေးခေါ်ရမလို မောင်လေးခေါ်ရမလို ဖြစ်ခဲ့ဖူးတယ် … နောက်မှ …မေးတော့ .. မိန်းကလေးမှန်း သိတော့တယ် .. ။

    ချာတူအကြောင်းပြောရင်း … အာဖျံကွီးကိုတောင် သတိရမိပါရဲ့ .. သူတို့ နှစ်ယောက်က တွဲလျှက် ဂေဇက်ထဲဝင်ခဲ့ကြတာပါ ။

    Reply

  • moe minthar

    May 7, 2012 at 7:10 pm

    ရင်ငြိမ်းနွေရေ……..
    တကယ် ့ကိုရီခဲ ့ရပါတယ်…..ဘာလို ့လည်းဆိုတော ့ကိုယ်လည်း…ဒူးရင်းသီးကိုကြိုက်ခဲ ့မိတယ်လေ….
    ဒါပေမဲ ့…ချာတူးလို ့တော ့မဟုတ်ရပေါင်……..
    ချစ်ခြင်းမေတ္တာဖြင် ့

    Reply

  • အလင်းဆက်

    May 7, 2012 at 8:26 pm

    မိုးမင်းသားက ဒူးရင်းသီး ကြိုက်တယ်.တဲ ့ ။ ရင်ငြိမ်းရေ…

    Reply

  • Yin Nyine Nway

    May 8, 2012 at 7:12 pm

    ဟီး…ရင်ငြိမ်းလည်းကြိုက်တယ်
    စားတိုင်းလည်း ဒီဟာသကိုသတိ်ရတယ်

    Reply

Leave a Reply

Your email address will not be published.