ဟန်းဆက်တစ်ခုကို ၁၀ဝ ကျပ်နဲ့ ရောင်း

studentMay 5, 20121min014

မန္တလေး မေ ၅
မန္တလေးက တယ်လီဖုန်းပစ္စည်းရောင်းတဲ့ ဆိုင်တစ်ဆိုင်က ကျပ် ၁၀ဝ တန်လက်ကိုင်ဖုန်း ရောင်းပေးတာကြောင့် ဆိုင်လာ ဈေးဝယ်သူများ များပြားလွန်းကာ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပြီး ယာဉ်ထိန်းရဲက လမ်းရှင်းပေးရသည်အထိ ဖြစ်ခဲ့ပါတယ်။
တန်ဖိုးနဲ ဖုန်းတွေ မျှော်နေကြတဲ့ ပြည်သူတွေအကြိုက် ကျပ်၅၀၀ဝ တန်ဆင်းကဒ်တွေ မပေါ်လာသေးပေမယ့် မန္တလေးမြို့၊ ၇၈ လမ်း၊ ၃ရ လမ်းနဲ့ ၃၈ လမ်းကြားက အသစ်ဖွင့်တဲ့ Good Mobile ဖုန်းဆိုင်က ဟန်းဆက်တစ်ခုကို ၁၀ဝ ကျပ်နဲ့ ရောင်းပေးလို့ ဝယ်ယူလိုသူတွေ များပျားလွန်းကာ ဆိုင်ရှေ့ လမ်းပေါ်မှာ ယာဉ်နှစ်ထပ်၊ သုံးထပ်ပိတ်ဆို့ရပ်ကာ အားပေးကြသည် အထိအားပေးတာ တွေ့ရပါတယ်။

14 comments

  • water-melon

    May 5, 2012 at 4:33 pm

    သိရသလောက်တော့
    ၃ လုံးထဲရောင်းပေးတာဆို
    မနေ့က သတင်းစာထဲတောင်ပါသေးတယ်
    အဟိ

    Reply

  • ဗိုက်ကလေး

    May 5, 2012 at 4:43 pm

    တော်တော်နောက်တယ်….
    အိုင်ဒီယာကတော့ လန်ထွက်နေဒါဘဲ အဟေး..အဟေး..
    ပြောင်စပ်စပ်နဲ ့ စော်ဂါးတာလား ဂစားတာလား..
    ဘာပဲဖစ်ဖစ် နာမည်တော့ ကြီးသွားသဟ

    Reply

  • windtalker

    May 5, 2012 at 7:15 pm

    ဟုတ်ပဗျား ။ ဘယ်သူတွေ ကံထူးသွားလဲတော့ မသိရသေးဘူးဗျ ။ ဆိုင်က ၁ဝနာရီမှာဖွင့်ရောင်းမယ့်ဟာ ကို ၉နာရီလောက်ကတဲက လူတန်းကြီးလူအုပ်ကြီး နဲ ့လမ်းပိတ်သွားသတဲ့ဗျ ။ သူ က စလိုက်တဲ့အခါ ကျန်တဲ့ ဆိုင်တွေပါ လိုက်လုပ်ကြမှာမို ့၊ အင်မတန်ကောင်းတဲ့ အစီအစဉ်တစ်ခုပါဘဲ ။

    Reply

    • ဗိုက်ကလေး

      May 5, 2012 at 7:19 pm

      အူးလေးကော
      အားကျပြီး ကျောက်စိမ်းတစ်တုံး တစ်ရာနဲ ့ ပေးမို ့လားဂျ

      Reply

  • ကျောက်စိမ်းတုံးသာ ပေးမယ်ဆိုရင်ဖြင့် သံတွဲ ့ကနေ ရရာစီး၍
    အပြေးလာပါမည်။အိုင်ဒီယာကောင်းသဗျ။တန်ဖိုးနည်းဖုန်းဆိုတာ
    က အဲဒါမှပေါ့။

    Reply

  • ရွာစားကျော်

    May 5, 2012 at 9:31 pm

    တစ်ရာတန် တရုတ်စက် တစ်ရက်တည်း စုတ်မယ့် ဟာတွေနေမှာ..
    တကယ်ဆိုရင်တော့ ကောင်းပါ့..

    Reply

  • မဟာရာဇာ အံစာတုံး

    May 5, 2012 at 9:35 pm

    ကံစမ်းမဲ ဆိုရင်
    လူတွေ သိပ်ပြီး စိတ်မပါတော့တာကို သိလို့ ..
    နည်းစနစ် ပြောင်းပြီး ..
    ကံစမ်းမဲ ဖောက်မယ့်ဟာတွေကို
    တစ်လုံးတစ်ရာ ဆိုပြီး လုပ်ချလိုက်တာနဲ့ တူတယ် ..
    ဘာပဲဖြစ်ဖြစ် အိုင်ဒီယာကတော့ တော်တော်လန်းတယ် ..
    တစ်ခါတည်း ဆိုင်ပါ နာမည်ကြီးပဲ … 😀

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 6, 2012 at 12:50 am

    ဘုရားပေးပေးကျမ်းပေးပေးပါဗျာ
    ဟန်းဆက်ဆိုတာ ဘာကိုခေါ်သဒုံးဗျာ ဒဂယ်မသိလို့ဘာ
    ကျုပ်တို့ရွာမှာတော့
    ဘာလို့ခေါ်သဒုံး မိုဘိုင်ဆိုလား အဲ့ဒါကို ကိုယ်ကြိုက်တဲ့ပစ္စည်း ကိုယ်တတ်နိုင်တဲ့ဈေးနဲ့ဝယ်
    ပြီးရင် SIM Card ( နံဘတ် ) တစ်ခုကောက်ထည့်လိုက် ကြိုက်သလောက်ဆက်
    အမှန်အကန်သမားတွေကတော့ နံပါတ် တစ်ခုတည်းသုံးသပေါ့
    ကျုပ်လို ရေမြောကမ်းတင်ကောင်ကတော့ နံပါတ်တွေအောလပုံဘဲ
    တစ်ခါတစ်လေ တစ်လတည်းမှာ နံပါတ် နှစ်ခုလဲတယ်
    တစ်ခါတစ်လေဆို ဖုံးထည်းမှာ SIM Card လုံးဝမထည့်ထားဘူး
    ဖုံးရှိတယ် နံပါတ်မသုံးဘူး သီချင်းနားထောင်တယ် ဘာညာကွိကွ MP4 တွေကြည့်တယ်
    အဲ့သည်လောက် အဆင့်အတန်းမြင့်ဒါ 😀
    ဘာဒုန်းဗျ ဟန်းဆက်ဆိုဒါ

    Reply

  • Thel Nu Aye

    May 6, 2012 at 12:51 am

    သုံးလုံးထဲကတော့နဲတာပေါ့။ အနဲဆုံး လာစောင့်တဲ့သူတွေရဲ့ဝီရိယကိုထောက်ထားသောအားဖြင့် ၁ဝ လုံးတော့ဖြစ်သင့်တာပေါ့။

    Reply

  • ဆူး

    May 6, 2012 at 10:32 am

    တကယ် ပေးတာဆိုတော့ ကောင်းတာပေါ့။
    စိတ်ကူးကတော့ တော်တော် ကောင်းတယ်နော်။
    အခုတောင် ဖေ့ဘွတ်မှာ စူပါက တနေ့ တသိန်း ကံစမ်းမဲ ပေးနေတယ်။
    ဘာစည်းကမ်းချက်နဲ့ ပေးလဲတော့ မသိ..

    Reply

  • bo bo

    May 6, 2012 at 11:16 am

    ဟုတ်ပါ့မလားဗျာနောက်နေတာလား

    Reply

  • captainamerica

    May 6, 2012 at 2:25 pm

    ကိုဂီကို မေးကြည့်ရမယ် သူကမာကတ်တာ ဆိုတော့ အခုအကွက်က ဘယ်လို
    အကွက်မျိုးလဲဆိုတာ ဒီလူကြီးတော့သိမှာဘဲ။။။

    Reply

  • Inz@ghi

    May 6, 2012 at 3:19 pm

    အပေါ်မှာလည်း ပါသွားပြီပဲဗျာ…
    ဘာတဲ့ ၃လုံးတည်း တဲ့….
    ဟုတ်ကဲ့ ..တလုံး ၃သောင်းတန် တဲ့ ဟန်းဆက် ၃လုံး ဆိုပါစို့…
    အဲ့ ..ကုန်ကျစရိတ် ၁သိန်းအောက်ပဲရှိတယ်….

    ငွေ ၁သိန်း နဲ့ မြန်ပြည်တခွင် ပြဲပြဲစင် အောင် လူသိများ သွားတယ်မဟုတ်လားဗျာ…

    Viral marketing ကို သုံးသွားတာပါ… SNS တွေ CJ တွေ ခေတ် ဆိုတော့
    ပိုထိရောက်သွားသပေါ့ဗျာ….

    Reply

Leave a Reply

Your email address will not be published.