မန ္တလေးမှာ ကမ ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အခမ်းအနား ကျင်းပ

DaveMay 3, 20121min01

ကမ ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားကို မန ္တလေး မြို့ ၂ရလမ်း ၆၄-၆၅လမ်းကြားရှိ Green Elephant စားသောက်ဆိုင်တွင် ယနေ့ မေ (၃)ရက် နံနက် (၉)နာရီမှာ ကျင်းပသည်။

ထိုအခမ်းအနားကို မန ္တလေးရှိ စာနယ်ဇင်းလွတ်လပ်ခွင့် အရေး လှုပ်ရှားသူများစုစည်းထားသော freepressmyanmar အဖွဲ့က စည်းရုံး ကျင်းပခြင်းဖြစ်သည်။ အခမ်းအနားဖွင့်လှစ်ပြီးနောက် စာနယ်ဇင်း လုပ်ငန်းခွင်အတွင်း အမှန်တရားအတွက် အသက်ပေးစွန့်သွားခဲ့ကြသော
ကမ ္ဘာ တစ်ဝန်းလုံးမှ စာနယ်ဇင်းသမားများကို အောက်မေ့ဂုဏ်ပြုသောအားဖြင့် တစ်မိနစ်မျှငြိမ်သက်စွာ ဂါရဝပြုကြသည်။

ဆရာသင့်နော်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး တက်ရောက်ချီးမြှင့်ကြသော ပရိသတ်များထဲမှ ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာ မောင်သစ်လွင်လူထု၊ ဆရာညီစေမင်း၊ ဆရာညီပုလေး၊ဆရာသိုက်ထွန်းသက်၊ဆရာညိုထွန်းလူ တို့က စာနယ်ဇင်းလွတ်လပ်ခွင့် အပေါ်ထားရှိသော သဘောထးအမြင်များနှင့် အတွေ့အကြုံများကို ပြောကြားကြသည်။ အထူး အစီအစဉ်အဖြစ် ရန်ကုန်မြို့မှ ဆရာကြီး ဟံသာဝတီဦးဝင်းတင် ပေးပို့သည့် ဗီဒီယိုကို ပရိုဂျက်တာဖြင့် ပြသသည်။ ဦးဝင်းတင်က အမှန်တရားဖက်တွင် ရပ်တည်ရသော စာနယ်ဇင်းသမားများကို စွဲဆောင်တတ်သည့် အမှားတရားများကို သတိပြုဖို့လိုအပ်ကြောင်း အလေးအနက်ထားကာ ပြောကြားသွားသည်။

ရန်ကုန်မြို့တွင် အလားတူအခမ်းအနားတစ်ရပ်ကို ယူနက်စကိုနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည်။ မန ္တလေးတွင် ကျင်းပသော အခမ်းအနားမှာမူ ဒေသခံစာနယ်ဇင်းဆရာ၊ကဗျာဆရာ၊စာရေး ဆရာများက လွတ်လပ်သော စာနယ်ဇင်းလွတ်လပ်ခွင့် အရေး လှုပ်ရှားသူများနှင့် အတူ အနှောင်အဖွဲ့ကင်းစွာ စစ်မှန်သော စာနယ်ဇင်းလွတ်လပ်ခွင့်အကျိုးအတွက် ရည်မျှော်လျက် ညီညွတ်မှုကိုပြသ သောအားဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

One comment

  • htet way

    May 3, 2012 at 6:33 pm

    စာနယ်ဇင်းလွတ်လပ်ခွင့်ကို တကယ်လိုချင်ပါတယ်
    ခု နယ်မြို့တွေမှာက လုံးဝမပြောင်းသေးဘူး
    ခုလို အခန်းအနားတွေကို ကြိုဆို ကြောင်း

    Reply

Leave a Reply

Your email address will not be published.