ပိတောက်တစ်ခိုင်…

Ma EiMay 2, 20121min013

ပိတောက်တစ်ခိုင်…

 

ဒီနေ့ ပိတောက်ပန်းတွေပွင့်တယ်လေ…

ရုံးအလာလမ်းတစ်လျှောက်မှာရှိသမျှ ပိတောက်ပင်တွေပွင့်နေကြတယ်…

ရုံးရောက်တော့လဲ ပိတောက်ပန်းတွေဝေလို့ …

 

ရုုံးက ကလေးတစ်ယောက်က ဟိုဘက် Hotel နောက်မှာပွင့်နေတဲ့ ပိတောက်ပင်ကနေခူးပြီး

လိုက်ဝေပေးလို့  ပိတောက်တစ်ခိုင် ရပါတယ်…အခိုင်လိုက်လဲ ဓါတ်ပုံရိုက် ပန်းအိုးလေးထိုးပြီးလဲဓါတ်ပုံရိက် ပိတောက်ပန်းအလှလေးမျှဝေလိုက်ပါတယ်…

ထူးဆန်းစွာ အပွင့်တစ်ခက်မှာ အသီးကလေးတစ်လုံးပါလာပါတယ်…

ပထမအကြိမ်အပွင့်ရဲ့ အသီးလေးဖြစ်မှာပါ…

1.ပိတောက်ပန်းတစ်ခိုင်

 

2.ပိတောက်ခိုင်

 

3.အပွင့် နဲ့ အသီး
4. ပန်းအိုးလေးနဲ့ အလှဆင်ထားတယ်...

 

ပိတောက်ပန်းကို ပန်ဘို့ထက် ရနံ့လေးကို ပိုချစ်ပါတယ်…

ပွင့်ဖတ်တွေ ကြွေကျနေတဲ့ မြေပြင်လေးကိုလဲ ချစ်တယ်…

 

ဟိုးအရင်က ထိုင်ခဲ့ဘူးတဲ့ ဗိုလ်အောင်ကျော်လမ်းပိတောက်ပင်အောက်က လက်ဘက်ရည်ဆိုင်ကလေးသတိရမိတယ်…

 

ပိတောက်ပွင့်ချိန်…

လေပြေအေးအေး ပန်းရနံ့မွှေး

ပွင့်ဖတ်လေးတွေကြွေကျ

သူ့စကားတွေကလဲချိုမြ

ခုတော့လဲအမှတ်တရ…

 

 

ခင်တဲ့

မအိ

13 comments

  • Khaing Khaing

    May 2, 2012 at 4:50 pm

    မမအိ ပိတောက်တစ်ခိုင်ဆိုတော့ အခိုင်ရဲ့ပိတောက်ပေ့ါနော် …….. လှလိုက်တာ မနက်ကလည်း မေမေက ဘုရားပန်းကပ်သေးတယ် ပိတောက်ပန်းတွေကို အခုတောင် အနံလေးရသွားသလိုပဲ ………

    Reply

  • Mon Kit

    May 2, 2012 at 4:52 pm

    ပိတောက်တစ်ခက်… ချစ်သက်လက်ဆောင်…
    ဘယ်သူများ ပေးလိမ့်မလဲနော်……. 🙁

    ပိတောက်ခက်လေးတွေကို ချစ်ကြည်နူးစွာ ကြည့်ရှုခံစားသွားပါသည်….

    Reply

  • ဆူး

    May 2, 2012 at 4:56 pm

    ဒီနေ့ ပိတောက်ပွင့်တယ်။ မနေ့ကလည်း ရန်ကုန်မှာ မိုးရွာတယ် ထင်တယ်။
    ဦးထွန်းလွင်ကို မတိုင်ပင်ပဲ ရွာတဲ့ မိုးလားတော့ မသိဘူး။
    မိုးရွာနိုင်တယ် သတင်း မကြားမိတာလား မဖတ်မိတာလားတော့ မသိဘူး။
    အလှူက အပြန် မိုးရွာတော့ အပူ အရမ်း သက်သာတာတော့ အမှန်ပဲ။

    Reply

  • etone

    May 2, 2012 at 5:03 pm

    အန်တီအိရေ မနက်က စောစောစီးစီး လမ်းက သန့်ရှင်းရေးလုပ်နေတဲ့ အဒေါ်ကြီးတစ်ယောက်တွေ့သမျှ လူ ၊ တောင်းသမျှ လူကို ပန်းတွေ ဝေနေတယ် …. သမီးတော့ ကြည့်ပြီး ပီတိဖြစ်မိခဲ့ပါတယ် …. ပန်းတွေကို သဘောကျပေမယ့် ..ကိုယ်တိုင်ကျတော့ ပန်းပန်လေ့မရှိတော့ … ပန်ချင်သူတွေ လက်ထဲ ၊ အလှပန်းအိုး ၊ ဘုရားပန်းအိုးထိုးချင်သူတွေ လက်ထဲရောက်တာပဲကောင်းပါတယ်တွေးပြီး .. ဝင်မတောင်းခဲ့တော့ဘူး … ဟီး 🙂

    Reply

  • marblecommet

    May 2, 2012 at 7:37 pm

    အန်တီအိရေ့…
    မနေ့က မိုးတွေ ရွာတော့
    ဒီမနက် ရန်ကုန်မှာ
    ပိတောက်တွေ လှိုင်နေအောင်ပွင့်ကြတယ်
    ပိတောက်ရိပ်အောက်က လမ်းလျှောက်ရတာလည်း
    ရနံ့တွေက သင်းထုံနေတယ်
    ဒီအချိန်မှာ ပိတောက်ပို့လေးတစ်လာတော့
    ဝမ်းသာအားရ အားပေးသွားပါတယ်နော့…

    Reply

  • windtalker

    May 2, 2012 at 9:15 pm

    အော် ပန်းလေးတွေ မြင်တော့ အိမ်မှာကျန်ခဲ့တဲ့ ကျုပ်မိန်းမ ကို သွားသတိရမိတယ် ။ သူက ပိတောက်ပန်းဆို အရမ်းကြိုက် ။ ဆိုင်ဆိုင်မဆိုင်ဆိုင် သဂျီးဆီမှ ၁ဝ ယူရင်း အားပေးသွားပါ၏။

    Reply

  • ရောင်ခြည်ခ

    May 3, 2012 at 9:02 am

    မအိရေ.. ပိတောက်တွေအရမ်းလှတယ်နော်၊ ကျနော်လည်း ပိတောက်ရနံ့ကို အရမ်းကြိုက်တာ၊ မျှဝေပေးလို့ကျေးဇူးပါနော်..

    Reply

  • laypai

    May 3, 2012 at 11:53 am

    ထူးထူး ဆန်းဆန်း ပိတောက် တခက်မှာ ပါတဲ့ အသီးလေး ကို အတွေး ပွား သွားပါ သည်။

    Reply

  • Tin Tin

    May 3, 2012 at 5:25 pm

    မအိရေ….
    ပိတောက်တစ်ခိုင် ဆိုတာနဲ့ဘဲ ဝမ်းသာအားရ ဖွင့်ကြည့် လိုက်ပါတယ်…
    ပိတောက်ခက်လေးက အရမ်းလှပြီး တစ်ခိုင်ထဲနဲ့ကို အပွင့်တွေကခဲနေတာဘဲ….
    ကျမကလေ ပန်းကိုရော ရနံ့ကိုရော အရမ်းကြိုက်တာ…ပုံလေးတင်ပေးတာ ကျေးဇူးပဲနော်…

    Reply

  • Ma Ei

    May 10, 2012 at 9:43 am

    ပိတောက်တစ်ခိုင် ချစ်သူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်…
    2 ရက်နေ့မှာ ပိတောက်တစ်ခိုင်ရတာနဲ့ ဝမ်းသာပြီး Post တင်လိုက်ပါတယ်…
    4 ရက်နေ့ ခရီးသွားဘို့ပြင်နေ ရုံးမှာလဲ အလုပ်များနေတာကြောင့်Comment အပြန်နောက်ကျသွားတာကိုတောင်းပန်ပါတယ်နော်…
    မနေ့ကမနက်ကမှပြန်ရောက်ပြီး ရုံးတန်းတက် စောင့်နေတဲ့အလုပ်တွေ ရှင်းနေရလို့
    ညနေမှဘဲ MG ကိုဝင်ရေးဖြစ်ပါတော့တယ်…
    Khaing Khaing
    Mon Kit
    ဆူး
    etone
    marblecommet
    ရောင်ခြည်ခ
    windtalker
    laypai
    Tin Tin
    အားလုံး ကျေးဇူးပါနော်…

    Reply

  • ကျနော်ကတော့ ထူးထူးခြားခြား ရန်ကုန်ရောက်တဲ့အချိန်နဲ့ပိတောက်ပွင့်ချိန်လာတိုက်တော့
    ရန်ကုန်ပိတောက်တွေကို မန်းလေးသားက အားပါးတရ ရိုက်လိုက်ပါတယ်.
    ကင်မရာနဲ့ပါ။
    မအိ
    ကဗျာဆန်ုလိုက်လေခြင်း……………………

    Reply

  • Ma Ei

    May 10, 2012 at 12:48 pm

    ကိုပေါက်က ပိတောက်တစ်ပင်လုံးအပွင့်တွေတင်ထားတဲ့အချိန်မှာ…
    ကျမက ပိတောက်တစ်ခိုင်လောက်ရလို့ ဝမ်းသာအားရတင်ဖြစ်တာပါ…
    နောက်ထပ်ရှိသေးတယ်…
    တောင်ကြီး စူဠာမုနိ၊ရပ်တော်မူဘုရားကြီး၊မွေတော်ကက္ကူ၊ ထမ့်စမ်းဂူ ၊အင်းလေး ဖောင်တော်ဦး၊
    ရွှေအင်းတိန် ၊ပင်းတယရွှေဥမင်၊ မြင်းမထိဂူ ၊ကလော နှီးဘုရား စသည်ဖြင့်
    အပန်းဖြေ ခရီးသွားခဲ့တဲ့ ခရီးစဉ် ဓါတ်ပုံလေးတွေလဲ တင်ချင်ပါသေးတယ်…
    ကိုပေါက်နောက်ကပေါ့…

    Reply

  • မအိရေ
    ကျနော်ဒီတစ်ခေါက် မြင်းမထိကို ဆိုင်ကယ်နဲ့သွားခဲ့တာဗျ။
    တောင်ကြီးက စူဠာမုဏိတော့တင်ပြီးပြီ ပင်းဒယ ကျန်သေးတယ် မြင်းမထိကျန်သေးတယ်။
    မြင်းမထိကို ဆိုင်ကယ်နဲ့သွားတော့ လမ်းမှာ ရပ်ရပ်ပြီးရိုက်တဲ့ပုံတကယ်လှတယ် တင်ပေးမယ်။
    မအိအရင်တင်လိုက် နောက်မှ ကျနော်က ထုံးစံအတိုင်း မအိနောက်ကလိုက်ခြင်းဆိုတင်မယ်လေ.
    ကောင်းမှကောင်း……………………..
    နှီးဘုရားရောက်ပြီး မဝင်ခဲ့ရဘူး ကလောမှာ။
    ထန်စမ်းနဲ့မြွေတော် မရောက်ဘူးသေးဘူးဗျာ.
    သွားချင်တယ်………………….

    Reply

Leave a Reply

Your email address will not be published.